Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, August 31, 2013

မိမိဖုန်းထဲက Contact List တွေကိုမပျောက်ပျက်အောင်ဘယ်လိုသိမ်းကြလဲ?

မိမိဖုန်းထဲက Contact List တွေကိုမပျောက်ပျက်အောင်ဘယ်လိုသိမ်းကြလဲ?

 
ကမ္ဘာပေါ်မှာနှမျောစရာအကောင်းဆုံးကတော့ မိမိဖုန်းထဲက Contact List
တွေပျောက်ဆုံးသွားခြင်းပဲဖြစ်မယ်ထင်တယ် ... :D

တကယ်တော့ ...
မိမိဖုန်းထဲကရှိတဲ့လိပ်စာတွေဆိုတာတော်ရုံနဲ့ ပြန်စုလို့မလွယ်လှပါဘူး
ဖုန်းနဲ့အလုပ်လုပ်ပြီးဆက်သွယ်ရသူများသူတွေအဖို့ကတော့ဖုန်းလိပ်စာ
ဆိုတာတန်ဖိုးမဖြတ်နိုင်အောင်ပါပဲ .. ဒီတော့ မိမိရဲ့ဖုန်းလိပ်စာတွေကို
ဘယ်လိုစိတ်ချရအောင်သိမ်းထားမလဲဆိုတဲ့မေးခွန်းထွက်လာလိမ့်မယ်
ထင်တယ် ...

အခုကျွန်တော်ပြောပြပေးမဲ့ကတော့ ကိုယ်လိပ်စာတွေမပျောက်ပျက်
အောင်စိတ်ချရတဲ့သိမ်းဆည်းနည်းပဲဖြစ်ပါတယ်။ Contact List တွေကို
သိမ်းဖို့ဆိုရင် နည်းလမ်းမျိုးစုံနဲ့သိမ်းထားလို့ရနိုင်မှာဖြစ်ပြီးဒါကိုတစ်နည်း
အားဖြင့် Backup လုပ်တယ်လို့ခေါ်မှာပေါ့၊ ဒါဆိုရင် ကျွန်တော်တို့တွေ
များသောအားဖြင့် Contact List တွေကို ဘယ်လို BackUp လုပ်လေ့
ရှိလဲ ??
1.SD card
2. Sim
3. Online 
သုံးမျိုး စလုံးကောင်းပါတယ် ။ အများ ကြီး မမှတ် တဲ့ သု ၂၀၀ မကျော် တဲ့ သူ အနေ နဲ့ ဆို Sim ထဲ မှတ် ထား ပြီး မှ Ph ထဲ ကို ကူး သုံး ပါ ။ Sd ထဲ ကို ပြီး မှ Backup ပြန်ဆွဲ လိုက်ပါ ။

User တောာ်တော်များများဟာ SD Card ထဲကို Backup လုပ်လေ့ရှိပါတယ်
ဒါကစိတ်ချရလားဆိုတော့ SD Card မပျက်ခင်အထိတော့စိတ်ချရပါတယ်။
ဒါမဲ့ SD Card ဆိုတာအပျက်အများဆုံးဖြစ်တတ်သလို SD Card ရောဖုန်းရော
ပျက်သွားတာမျိုးလဲကြုံဖူးကြမှာပါ ... ဒီနည်းကအလုပ်မဖြစ်ဘူးလို့တော့မဆိုလို
ချင်ပါဘူး ဒါလည်းအဆင်ပြေတဲ့နည်းတစ်ခုပါပဲ ၊ ဒါမဲ့ စိတ်ချရမှု့ရာခိုင်နှုန်းက
တော့အတော်နည်းပါတယ်။ ဥပမာ ကိုယ်ဖုန်းပျောက်သွားတဲ့အခါမျိုး ရေစိုပြီး
ပျက်သွားတဲ့အခါမျိုးမှာဆို ဘယ်လိုလုပ်မလဲဆိုတဲ့ Safe ဖြစ်နိုင်မဲ့အပိုင်းကို
ပြောချင်တာပါ။ ဆိုတော့ .. ဘယ်လိုနည်းကစိတ်အချရဆုံးဖြစ်မလဲဆိုရင်
Online မှာသိမ်းထားတာစိတ်အချရဆုံးပါပဲ .. Online မှာဘယ်လိုသိမ်းမလဲ
ဆိုတာကတော့ နည်းလမ်းများစွာရှိပါတယ်။ များသောအားဖြင့်အဲလို Service
တွေက Account တစ်ခုဖွင့်ရတယ် အဲဒီ Account ထဲမှာသိမ်းထားတယ်
ဖုန်းပျက်လို့ပဲဖြစ်ဖြစ်ပျောက်လို့ပဲဖြစ်ဖြစ် တစ်ခြားဖုန်းမှာ အဲဒီ Account ကို
ပြန်ပြီးတော့ Sign In ၀င်လိုက်ရင် Contact List တွေက မိနစ်ပိုင်းအတွင်းမှာ
ကိုယ်ဖုန်းထဲကိုပြန်လည်ရောက်ရှိလာစေမှာဖြစ်ပါတယ်။ သဘောကတော့
ဖုန်းထဲမှာသိမ်းထားခြင်းမဟုတ်ဘဲ အွန်လိုင်း Account ထဲမှာသိမ်းထားခြင်း
ဖြစ်တဲ့အတွက် အဲဒီ Account Password မမေ့ဘူးဆိုရင် ကျွန်တော်တို့
Contact List တွေက အင်တာနက် ကွန်နက်ရှင်သာရှိမယ်ဆိုရင် အချိန်မရွေး
နေရာမရွေး ဖုန်းတစ်လုံးထဲကိုပြန်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

ဒီတော့ .. ဘယ်လိုသိမ်းကြမလဲ? Account ဘယ်လိုဖွင့်ကြမလဲ? ဘယ် Service
ကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းတွေထပ်မေးစရာပါ ... ကျွန်တော်အတွက်က
တော့အလွယ်ကူဆုံးနဲ့စိတ်အချရဆုံးဖြစ်တဲ့ Google Service ကိုပဲညွှန်းချင်ပါတယ်
တစ်ခြားတစ်ခြားသော serivce တွေရှိနေတယ်ဆိုပေမဲ့ မိမိတို့နေ့စဉ်နေ့တိုင်းသုံးနေ
တဲ့ Gmail, GTalk တွေနဲ့တွဲရက်ဖြစ်နေတဲ့ Google service ကိုရွေးချယ်လိုက်ရင်
အသုံးပြုရတာလဲ Account အများကြီးဟိုတစ်ခုဒီတစ်ခုလိုက်မမှတ်ရတဲ့အပြင်
လွယ်ကူစေမှာလဲဖြစ်ပါတယ်။

Google Server မှာ Contact List တွေဘယ်လိုသိမ်းမလဲ ??
Gmail သုံးဖူးနေသူတွေအတွက်ဆိုရင်တော့ ဒီပို(စ်)ကဖတ်ရတာပိုလွယ်ပါလိမ့်မယ်
Gmail ကိုမသုံးဖူးထားသေးဘူးဆိုရင်တော့ နည်းနည်းတော့နားလည်ရခက်ပါမယ်
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်စလုံးကိုမျှတအောင်ကြိုးစားပြီးရှင်းပြပါ့မယ်။

လိုတာကတစ်ခုပါပဲ ၊ မိမိမှာ ကိုယ်ပိုင် Google Account တစ်ခုရှိရပါမယ်
Google Account ဆိုတာကတော့ Google ကနေပေးထားတဲ့ Free Service ဖြစ်ပြီး
အဲဒီ Account ရှိခြင်းအားဖြင့် Gmail သုံးလို့ရမယ် ၊ GTalk ပြောလို့ရမယ် ၊ Youtue
account ကိုဖွင့်စရာမလိုဘဲ Google Password နဲ့တန်းဝင်နိုင်မယ် Map ကိုသုံးလို့
ရမယ် Google Play Store မှာ Application တွေ Download လုပ်နိုင်မယ် Blog ရေး
နိုင်မယ် Cleandar ကိုသုံးလို့ရမယ် ကိုယ်ရဲ့ Data တွေကို Store လုပ်ထားလို့ရမယ်
(Google Service အကြောင်းအားအကျယ်ဖွင့်ပြီးနောက် Post တစ်ခုတွင်ပြန်ရှင်းပေးပါမည်)

Google Account ရှိပြီ မိမိဖုန်းထဲကို Sign In လဲဝင်ထားပြီးပြီဆိုရင် Android ရဲ့
ှSetting ထဲမှာ Account & Sync ဆိုတဲ့ထဲကိုဝင်လိုက်ပါ JellyBean တွေမှာကတော့
Sign In ၀င်ထားရင် Setting ထဲမှာ Google ဆိုပြီးပေါ်နေပါမယ် အဲဒီထဲကိုတဆင့်
ဝင်ပါ ပြီးရင် မိမိAccount အမည်ကိုတွေ့လျှင်နှိပ်ပြီးထပ်ဝင်ပါ .. အထဲရောက်လျှင်
Google ရဲ့ Service တွေကိုတွေ့ရမယ်ဖြစ်ပြီး အကုန်လုံးကို Click လျောက်ပေးထား
မယ်ဆိုရင်တော့ Online သုံးရင်အမြဲ Sync လုပ်ပြီးလေးနေပါလိမ့်မယ် Gmail နဲ့
Contact ကိုပဲ Click ပေးထားပြီး Contact ကိုတစ်ချက်နှိပ်လိုက်ရင် Syncronize
စတင်လုပ်ပါပြီး အဲအချိန်မှာ အင်တာနက်ဖွင့်ပေးထားဖို့တော့လိုပါတယ် ၊ သဘောက
မိမိထဲမှာရှိတဲ့ Contact တွေကို Google Account ထဲက Contact ထဲမှာသွားသိမ်းပေး
ထားသလို Gmail ထဲမှာရှိတဲ့ Contact တွေလဲကိုယ်ဖုန်းရဲ့ Contact List ထဲကိုရောက်
လာမှာဖြစ်ပါတယ်။ စမ်းသပ်ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်

(အသုံးဝင်မယ်ထင်ရင် မိမိသူငယ်ချင်းများကို Share လုပ်ခြင်းဖြင့်ကူညီပါ)




အဆင်ပြေနိုင်ပါစေ
M.Min ( From androidnewss )
ဆက်ဖတ်ရန်>>>

Wednesday, August 28, 2013

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ

အဓိက က တော့ Firmware နဲ့ ဂိမ်းကြီးကြီး ဒေါင်း ချင်တဲ့ သူတွေ အတွက် အသုံး ၀င်မှာပါ ။


    ခုအာက်ကကျွန်တော်ပေးတဲ့ Link  လေး မှာ Sign Up လုတ်လိုက်ပါ

    
    http://trunkize.com

    
  Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ ရတဲ့လင့်များကတော့

    

    hotfile.com

    Extabit.com

    Rapidshare.com

    netload.in

    uploaded.net

  တို့ပါ

  ညာဘတ် အပေါ် ဆုံးနားမှာရှိတဲ့ Sign Up ကိုနှိပ်လိုက်ရင်

    နောက် PAge တခုမှာ  Connect with Facebook ဆို တဲ့ BOX လေးတွေပါလိမ့်မယ်

    အဲ့ဒီအချိန်မှာကိုရဲ့ Facebook accont လေးကို ဖွင့်ထားရင်ပိုကောင်းပါတယ်

    

    Connect to Facebook ကိုနှိပ်လိုက်ပါ။ပီးရင် facebook ထဲရောက်သွားပြီးတာ့ Goto App   စိုတဲ့  Box လေးကို  ထပ် နှိပ်လိုက်ပါ

    Fiile Link ထဲ့လို့ရတဲ့ Page တခု ပေါ်လာပါလိပ်မယ် အဲ့ဒီမှာ Download လုတ်ချင်တဲ့ File Link ကို  Copy/Paste လုပ်ပြီးထည့်လိုက်ရင် အောက်မှာ Add File  ဆိုတာတွေပါလိပ်မယ်

    အဲ့ဒါလေးကိုနှိတ်လိုက်ပါ။ Download လုပ်လို့ရမဲ့ Link  ကို ပြန်ပေးပါလိတ်မယ် စဆွဲလို့ရပါပြီ။ 

    Resume ရပါတယ် Free Stroage 2GB  ထိ ရပါ တယ် Support ပေးတဲ့ link တွေကတော့

    

    hotfile.com

    Extabit.com

    Rapidshare.com

    netload.in

    uploaded.net

     တို့ပါ

        အဲ့ဒီမှာကိုတင်လိုက်တဲ့ Link ကိုသူများ ကို ပြန်ပြီး  Share  လို့ သူများက လာဆွဲရင်  တခါကို 120 MB Quota  ထက်ပေးပါတယ် ( Example 2Gb + 120 MB) စမ်းကြည့်ကျပေါ့ဗျာ ။


Download Helper Group မှ ကူးယူဖော်ပြပါသည်။

ပင် လည် ဘူး သား (myokowin)
ဆက်ဖတ်ရန်>>>

Tuesday, August 27, 2013

ဖုန်းတောင်းဆက်တဲ့သူတွေနောက်တောင်းမဆက်ရဲအောင်စွမ်းတဲ့ Hide It pro

ဖုန်းတောင်းဆက်တဲ့အခါမပေးဆက်ပြန်ရင်လဲမကောင်း၊ပေးဆက်ပြန်တော့လဲ PCO ဖုန်းလိုလူတွေ့တိုင်း
ဖုန်းဘီလ်ကျန်သေးလားကစတော့တာပဲဆိုတော့၊ဘယ်လိုလုပ်ရမယ်မသိဖြစ်ပီးဖုန်းကိုစိတ်ကုန်နေသူတွေ
အတွက်......

အားသာချက်
သူ့အားသာချက်ကတော့Passwords ကိုမသိရင်ဖုန်းပိုင်ရှင်တောင်ဝင်လို့မရဘူးဗျ။နောက်ပီးအင်တာနက်
ပါPass words ခံလို့ရတရ်လေ၊မသုံးစေချင်တဲ့Massage,App ကအစအကုန်ဖွက်ထားလို့ရသဗျ။
လိုအပ်ချက်
Wifile ဒါမှမဟုတ်အင်တာနက်ချိတ်ထားဖို့လိုမယ်။(Install လုပ်နေတုန်းခဏလေးလိုတာပါ) Play store
ကနေလိုအပ်တဲ့ addon လုပ်ဖို့ပါ။
Install လုပ်ပုံအဆင့်ဆင့်( addon လုပ်ရန်)
Download  http://d-h.st/DLu မှ Apk ရယူပီး Install လုပ်ပါ။

 Audio Manager လိုဂိုလေးကိုခဏလောက်ဖိထားရမှာပါ။

Password ကိုသေသေချာချာမှတ်ပီးပေးရပါမယ်။ဘာလို့လဲဆိုတော့ Sitting ကိုဖွက်ထားမိရင်ဘယ်လိုမှ
ကျော်လို့မရအောင်လုံခြုံလို့ပါပဲ။စိတ်ကြိုက် password ပေးပီးရင်တော့...
Internet ချိတ်ထားရပါတော့မယ်။ playstore ကနေ addon လုပ်ဖို့လိုလာပါပီ။ Get Plugin[Free] ကို
ပုံမှာပါတဲ့အတိုင်းရွေးလိုက်ပါက.. playstore ထဲက Link တစ်ခုကိုအလိုလိုပြပေးပါမယ်။ဒေါင်းလိုက်ရုံပါပဲ။
 ကျွန်တော်ပြောသလိုအဆင့်ဆင့်လုပ်ရင် Install လုပ်တဲ့အဆင့်ပြီးပါပြီ။
 အသုံပြုပုံ
Lock Apps ကိုရွေးလိုက်ပါ။
ပုံမှာဖော်ပြထားသလိုပေါ်လာရင် All Apps ကိုရွေးပြီး ဖွက်ချင်တဲ့ ဟာကိုရွေးလိုက်ရုံပါပဲ။
(ဥပမာ- Phone,Sitting )
သိပ်စိတ်မချလို့ဘာတွေများဖွက်မိသလဲပြန်ကြည့်ချင်ရင် Locked Apps ကိုပြန်စစ်ကြည့်လို့ရပါတရ်။
ခွင့်မပြုပဲဖုန်းဆက်တဲ့သူဘာဖြစ်မလဲ
ဖုန်းလာဆက်လိုက်ရင် အခုဖော်ပြထားတဲ့ပုံတက်လာမှာပါ။ကိုယ်တိုင်ဆက်ချင်ရင်တော့... Report ကိုရွေး
ပီး password ရိုက်ပီး Send ပေးပြီးဖုန်းပြောရမယ်။ Setting ပေးထားရင်လဲခုဏလိုပါပဲ။ပျက်သွားပီလို့သာ
ပြောလိုက်ဘယ်တော့မှတောင်းမဆက်တော့ဘူး။









post by jakejonhope
trtech-mm


ဆက်ဖတ်ရန်>>>

C8813 Step 2 Fail error ရှင်း နည်း

Step 2 Fail error for C8813

C8813 ကို system update ပေးလို့ update လုပ်လိုက်တဲ့အခါ SIM Card မဖတ်တော့တာတွေ

ဖြစ်နေကြပါတယ်။

အဲဒီအချိန်ကျရင် Firmware ပြန်တင်ကြရပါတယ်။

Firmware ပြန်တင်ရင်လည်း Step 2 မှာ update fail ဖြစ်နေတာတွေဖြစ်တက်ကြပါတယ်။

ကျတော်လည်း update fail ဖြစ်လို့လိုက်ရှာရင်း အဆင်ပြေတာလေးတွေ့လို့ပြန်လည်

မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့ပါ..................


 zip file အားရယူပါ။

http://d-h.st/2Y0


ရလာတဲ့ zip file လေးကိုဖြည်လိုက်ပြီး ရလာတဲ့ file ထဲက dload folder လေးကို

SD Card ထဲထည့်လိုက်ပါ။

ြဲပီးရင်တော့ Phone ထဲထည့်ပြီး volume up + volume down + power လေးနဲ့ dload လေးကို

install လုပ်ပေးလိုက်ပါ။

ပြီးရင်တော့ Firmware လေးပြန်တင်လို့ရပါပြီ။



From   24sevennn.blogspot.com
ဆက်ဖတ်ရန်>>>

Monday, August 26, 2013

ကားပြုပြင် Android App

jas

ကားပြုပြင်

ဗားရှင်း - ၂.ဝ
ဖိုင် အရွယ်အစား - ၅.၂၈ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
 
JAS ကားပြုပြင် ထိန်းသိမ်းခြင်းဟာ ကားဘယ်လို ပြုပြင်ခြင်းကို အသေးစိတ်ဖော်ပြ ပေးထားပါတယ်။ ကိုယ်ပိုင်ကားရှိသူတိုင်း ကူးယူသင့်သော အသုံးချပရိုဂရမ်ဖြစ်ပါတယ်။
 
Download
http://www.mediafire.com/?r7dcabrxll5b18r
 
 
ဆက်ဖတ်ရန်>>>

အိမ်မှုရေးရာအဖြာဖြာ Android App

jas

အိမ်မှုရေးရာအဖြာဖြာ

ဗားရှင်း - ၁.၁
ဖိုင် အရွယ်အစား - ၃.၃၃ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - အန်းဒရိုက် ၂.၂ နှင့် အထက်
 
အိမ်မှုရေးရာအဖြာဖြာ အသုံးချပရိုဂရမ် ဟာ အိမ်တစ်အိမ်တွင် မရှိမဖြစ် အသုံးဝင်သော အသုံးချပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ အိမ်တွင်းသန့်ရှင်းမှုများ၊ ပရိဘောဂများ၊ မုန့် လုပ်ပုံများ၊ အသီးဖျော်ပုံများ၊ အသုပ်သုပ်ပုံများ နှင့် ဟင်းချက်ပုံများ ပါဝင်ပါတယ်။
 
 Download
http://www.mediafire.com/?1u11grduqprg98x
 
ဆက်ဖတ်ရန်>>>

ဒုံးပျံကော်ပီ Android App

jas

ဒုံးပျံကော်ပီ

ဗားရှင်း - ၁.၁
ဖိုင် အရွယ်အစား - ၇.၅၄မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂နှင့်အထက်
 
ဖုန်းအတွင်းမှ ဖိုင်များပြောင်းလဲသော အသုံးချပရိုဂရမ်ဖြစ်ပါတယ်။ - ဝိုင်ဖိုင်အေပီ အခမဲ့, ၂ဂျီ / ၃ဂျီ အခမဲ့, ဖုန်းလိုင်းကတ် အခမဲ့, - ပို့ ခြင်း နှင့် လက်ခံခြင်းမှာ ၃ဂျီထက် ၁၀ဆ ပိုမြန်ပါတယ်။ အမြန်နှုန်း တစ်စက္ကန့်လျှင် ၂မီဂါဘိုက် ရှိပါတယ်။ - ဖိုင်အမျိုးအစား အသီးသီးကို လက်ခံပါတယ်။ ဖိုင်အစုအဝေး လိုက်ပြောင်းလဲ ခြင်းကို လက်ခံပါတယ်။ အုပ်စုဖွဲ့၍ မျှဝေခြင်းကို ရောလက်ခံပါတယ်။ - အသုံးပြုရန်လွယ်ကူသော အသုံးချပရိုဂရမ် ဖြစ်ပါတယ်။Zapya မြန်မာ ဗားရှင်း ဖြစ်လို့ Zapya ကိုဖျက်ပြီး မှ သွင်းလို့ ရပါမယ်။
Download
 http://www.mediafire.com/?1rf7twvkxd1gx1i

 
ဆက်ဖတ်ရန်>>>

အင်္ဂလိပ်သဒ္ဒါ Android App

jas

အင်္ဂလိပ်သဒ္ဒါ

ဗားရှင်း - ၅.ဝ
ဖိုင် အရွယ်အစား - ၁.၁၄ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၃ နှင့်အထက်
 
အင်္ဂလိပ်သဒ္ဒါကို မှန်ကန်စွာ ရေးသားနိုင်ရန် အင်္ဂလိပ်သဒ္ဒါ အဆင့်ကို ပြန်စစ်ဆေးနိုင်ပါတယ်။
 Download
http://www.mediafire.com/?4abc6q4k8lsq6mk
 
 
ဆက်ဖတ်ရန်>>>

အသုံးစရိတ်တွက်မယ် Android app

jas

အသုံးစရိတ်တွက်မယ်

ဗားရှင်း - ၂.၃
ဖိုင် အရွယ်အစား - ၈၉၇ကီလိုဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၃ နှင့် အထက်
 
လစဉ် ၀င်ငွေ၊ ထွက်ငွေ နှင့် လက်ကျန်ငွေများကို အလွယ်တကူ တွက်ချက်၍ သိရှိနိုင်ပါတယ်။ အသုံးပြုရလွယ်ကူ၍ လက်ကျန်ငွေများကို သိရှိနိုင်သောကြောင့် လူတိုင်းအတွက် အသုံးဝင်သော အသုံးချပရိုဂရမ် ဖြစ်ပါတယ်။
 Download
 http://www.mediafire.com/?aa678qoa8d7f56a
 
ဆက်ဖတ်ရန်>>>

အော်တိုစာအုပ်လေး Android App

jas

အော်တိုစာအုပ်လေး

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၄.၈၇ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
 
အကြောင်းအရာ - သူငယ်ချင်းများ၏ ကိုယ်ရေး အချက်အလက်များ၊ ကြိုက်နှစ်သက်မှုများကို အလွယ်တကူ သိမ်းထားနိုင်တယ်။ ထို့အပြင် သိမ်းထားသော အကြောင်းအရာ များကို အလွယ်တကူ ရှာဖွေနိုင်တယ်။ ဤအသုံးချပရိုဂရမ်ဟာ လူကြီးလူငယ် အားလုံးအတွက် သင့်တော်သော အသုံးချပရိုဂရမ် ဖြစ်တယ်။
Download
http://www.mediafire.com/?9lydeznnibljyh7
 
 
ဆက်ဖတ်ရန်>>>

ဟင်းချက်နည်း Android App

jas

ဟင်းချက်အသစ်

ဗားရှင်း - အစန ၁.၃
ဖိုင် အရွယ်အစား - ၈.၇၇ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်

ဟင်းချက်ခြင်းသဥ၁် ဟင်းချက်ပုံစံ အသစ်များ၊ မုန့်လုပ်ပုံစံ အသစ်များ၊ အသုပ်လုပ်နဥ၁်းများကို ပေးသော အသုံးချပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ ပါဝင်ပစ္စဥ၁်းများ၊ ပြင်ဆင်နဥ၁်းများ၊ ပြုလုပ်နဥ၁်းများကို ပုံများဖြင့် ဖော်ပြထားသောကြောင့် အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုအသုံးချပရိုဂရမ်ဟာ ဗားရှင်း အသစ်ဖြစ်ပါတယ်။ ယခု ဗားရှင်းတွင် တုန်ခါမှုများ၊ အသံများကဲ့သို့သော လုပ်ဆောင်မှုများကိုလဲ ခံစားရမှာဖြစ်ပါတယ်။ နောက်ပိုင်းတွင် ဗားရှင်းအသစ်များ ထွက်ဖို့ရှိပါတယ်။ 
 Download
http://www.mediafire.com/?a214t3scpcul5m1
 
ဆက်ဖတ်ရန်>>>