ဒီတစ်ပတ် Gadget ကဏ္ဍလေးအတွက်
ဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့ Brand တံဆိပ် များထဲမှ အရည်အသွေး လည်းကောင်း၊
ဈေးနှုန်းလည်း သင့်တော်တဲ့ ဖုန်းလေးများကို မိတ်ဆက်ပေး လိုက်ပါတယ်။
Samsung GalaxyY
Samsung GalaxyY (GT-S5360) ဟာ ၃ လက်မ အရွယ် Touch Screen
နဲ့ဖြစ်လို့ အခြေခံ Touch ဖုန်းတစ်လုံးရဲ့ Screen အရွယ် အစား ဖြစ်ပါတယ်။
2GB မှာ RAM 290 MB ပါဝင်ပြီး ကင်မရာ
အရည်အသွေးက 2 MP ရှိပါတယ်။ Android 2.3.6
ပါ။ Stand by အနေနဲ့ နာရီပေါင်း ၈၅ဝ အထိ ခံနိုင်ပြီး စကားပြောချိန် ၁၇
နာရီကျော် ခံပါတယ်။ ၉၅ဝဝဝ ဝန်းကျင်နဲ့ဝယ်ယူနိုင်ပါတယ်။
HTC Desire C
HTC Brandထဲက 178 $ နဲ့ ဝယ်ယူနိုင်ပြီး
၁၈ လ Warranty ပေးထားတဲ့ ဖုန်းပါ။ ၃.၅ Touch Screen 4GB,RAM 512 MB တို့
ပါဝင်ပါတယ်။ ကင်မရာ ရုပ်ထွက် 5MP ရှိတာကြောင့် ရုပ်ထွက် မဆိုးဘူးလို့
ဆိုရမှာပါ။ Android 4.0.3 ဖြစ်တာကြောင့် Android version လည်း မြင့်ပါတယ်။
Sony ထဲမှ Xperia E
Sony Xperia ထဲက ဆင်းကတ် နှစ်ကတ်
သုံးနိုင်တဲ့ Xperia E ဟာ ၃.၅ လက်မ ထိတွေ့ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။
4GB,RAM 512 MB ပါဝင်ပြီး ကင်မရာ အရည်အသွေးက 3.15 MP ပါ။ Android 4.0.4
ဖြစ်ပြီး ဈေးနှုန်း တစ်သိန်းခွဲခန့် ရှိပါတယ်။
LG ၏ Optimus LS
Optimus LS ဟာ ၄ လက်မ Touch Screen ရှိတဲ့
Android ဖုန်းကောင်း တစ်လုံးပါ။ သူသည် လည်း
ဈေးနှုန်း တစ်သိန်းခွဲ ကျော်ခန့်ရှိပါတယ်။ 4 GB,RAM 512, ကင်မရာ
5MP,Android 4.0.3,1500 mA ဘက်ထရီ စတဲ့ အချက်အလက်များ ပါဝင်တဲ့ ဖုန်းကောင်း
တစ်လုံးပါ။
ခရစ်ဒစ် myawady.com.mm