SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber
identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး
ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား
သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။
တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ
အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့
ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက်
စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter,
Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း
ဆိုပြီး ဖြစ်လာပါတယ်။
ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ
ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း
အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့
မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း
သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။
အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့်
ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications
(GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program
သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး
အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။
SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။
H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ်
H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ်
H3 - ပိုမိုကောင်းမွန်သော ကွန်ရက်
H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ်
Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော
လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊
အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့်
ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့
သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့
အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး
လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့
ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက်
အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။
SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM
အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့
စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့်
နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။
SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို
သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ
ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။
ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ်
လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။
SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း
နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့ 
အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။
Service Provider
များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား
လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊
နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍
SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း
တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။
GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။
ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer
လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE
လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed
ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။
2G က မလုံခြုံပါဘူး။
2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ
ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က
Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ
ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။
thanks to
အောင်ခမ်း (TSJ team)
ဆက်ဖတ်ရန်>>>