Home
Labels
- China Tablet Firmware
- HTC Fireware များ
- Huawei Fireware များ
- I phone Jaibreak
- I phone Fireware များ
- Lenovo Firmware များ
- Nokia
- Samsung ဖုန်း Fireware များ
- Sony Ericsson ဖုန်း Fireware များ
- Sony Xperia Firmware
- i Mobile Firmware များ
- တရုတ်ဖုန်း Firmware များ
- နည်းလမ်း
- ဖုန်း ဆိုင်ရာ ကွန်ပြူ တာ ဆော့ဝ်
- ဗဟုသုတ
- သတင်း
- မြန်မာဖောင့် ထည့် နည်း

Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....
Root လုပ်နည်းများ
- Acer root လုပ်နည်း
- Alcatel root လုပ်နည်း
- Android ဖုန်း root လုပ်နည်း
- HTC ဖုန်း root လုပ်နည်း
- Huawei ဖုန်း root လုပ်နည်း
- LG ဖုန်း root လုပ်နည်း
- Lenovo root လုပ်နည်း
- Motorola ဖုန်း root လုပ်နည်း
- Root Tool များ
- Samsung ဖုန်း root လုပ်နည်း
- Sony Ericsson ဖုန်း root လုပ် နည်း
- ZTE root လုပ်နည်း
- i mobile ဖုန်း root လုပ်နည်း များ
- မြန်မာဖောင့် ထည့် နည်း

Tuesday, December 13, 2011
LG Doubleplay
Samsung Galaxy SCH-i509
HTC Radar 4G
Samsung Focus Flash
ဂျီအက်စ်အမ်ဖုန်းများအတွက် အင်တာနက်စနစ် ပြန်လည်လျှောက်ထားနိုင်ပြီဟုဆို
Android Location & Security Function အသုံးပြုနည်း
Android Location & Security Function အသုံးပြုနည်း
ဒါကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Location & Security ဆိုတဲ့စနစ်ကို ဘယ်လိုအသုံးပြုလို့ရနိုင်တယ်ဆိုတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ Security စနစ်တွေကို စုစည်းထားတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ဖုန်းရဲ့လုံခြုံရေးစနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပေမယ့် အသုံးပြုသူတွေအနေနဲ့တော့ ဂရုစိုက်သင့်၊ သတိပြုသင့်တဲ့နေရာတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ အသုံးပြုတဲ့သူတွေအနေနဲ့ ဒီစနစ်တွေကို အကောင်းဆုံးအသုံးချမယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ ဒီစနစ်ကိုတော့ Android OS ဖုန်းတွေရဲ့ Setting ထဲမှာ မြင်တွေ့နိုင်ပါတယ်။ Setting ထဲမှာရှိနေတဲ့ Location & Security ဆိုတဲ့ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ Use Wireless Network, Use GPS Satellites, Use Quick GPS, Set Up Screen Lock, Set Up UIM Card lock, Visible Passwords, Install From SD Card, Set Password, Clear Storage အစရှိတဲ့စနစ်တွေကို ထပ်ဆင့်ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ ဒီစနစ်ထဲမှာ ထပ်မံအသုံးပြုနိုင်မယ့်စနစ်တွေဖြစ်ပြီး အဲဒီထဲက အချို့စနစ်တွေဟာဆိုရင်တော့ ဂရုစိုက်ပြီးသုံးရမယ့်စနစ်တွေ ပါဝင်နေပါတယ်။ ဒီစနစ်တွေအားလုံးဟာ Android OS စနစ်သုံးဖုန်းတိုင်းမှာ ပါဝင်နေတာလားဆိုရင်တော့ မဟုတ်ပါဘူးလို့ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေမှာ Version ကိုလိုက်ပြီး ဖုန်းတွင်းစနစ်တွေ ကွဲပြားမှုရှိနေတဲ့အတွက်ကြောင့်ပါပဲ။ ဖုန်းတိုင်းမှာတော့ အပေါ်မှာဖော်ပြခဲ့တဲ့စနစ်တွေအားလုံးကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါကပျမ်းမျှအနေနဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Location & Security စနစ်တွေထဲက Use Wireless Network ဆိုတဲ့အကြောင်းကိုပြောပြပါမယ်။ ဒါကတော့ ဖုန်းထဲမှာ ၀ါယာလက်အင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့စနစ်ပါပဲ။ WiFi စနစ်လိုပါပဲ။ ဒီစနစ်က GPS စနစ်အသုံးပြုတဲ့အခါမှာ Map တွေကို အွန်လိုင်းကနေ ရယူအသုံးပြုနိုင်ဖို့ဆိုရင် ဒီစနစ်ကိုအသုံးပြုရပါလိမ့်မယ်။ Use GPS Satellites ဆိုတာကတော့ GPS လမ်းညွှန်မြေပုံပြစနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Set Up Screen Lock ဆိုတာကတော့ ဖုန်းရဲ့ Touch Screen ကို Lock ပြုလုပ်တဲ့စနစ်တစ်ခုဖြစ်ပြီး ကိုယ့်ဖုန်းရဲ့ဖုန်းတွင်းစနစ်တွေထဲကို တစ်စုံတစ်ယောက်က အလွယ်တကူဝင်ရောက်အသုံးမပြုနိုင်အောင် ကာကွယ်ထားနိုင်တဲ့စနစ်လည်း ဖြစ်ပါတယ်။ ဒီစနစ်ကိုဖွင့်လိုက်တယ်ဆိုရင်တော့ အထဲမှာ Non, Pattern, PIN, Password ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Non ဆိုတာကတော့ ဖုန်းရဲ့ Screen ကိုလုံခြုံရေးအတွက် ဘာစနစ်ကိုမှ အသုံးမပြုထားဘူးလို့ဆိုလိုပါတယ်။ ဒီလိုမျိုး ဘာစနစ်မှအသုံးမပြုထားဘူးဆိုရင်တောင် Android ရဲ့ Slide Unlock စနစ်လေးကတော့ရှိနေအုံးမှာပါ။ Pattern Lock ဆိုတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာ Pattern Lock စနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Screen ပေါ်မှာပြသထားတဲ့ အစက်လေးတွေပေါ်မှာ လက်နဲ့မျဉ်းကြောင်းလေးတွေဆွဲပြီးမှတ်သားတဲ့ Password စနစ်မျိုးဖြစ်ပါတယ်။ Pattern Lock ကိုအသုံးပြုမယ်ဆိုရင်လည်း သတိပြုရမှာက ကိုယ်ဆွဲခဲ့တဲ့နေရာနဲ့ပုံစံကို မှတ်သားထားဖို့လိုအပ်ပါတယ်။ စတင်ဆွဲတဲ့မျဉ်းကြောင်းဟာ မှားယွင်းနေခဲ့ရင် ဖုန်းကို လုံးဝဖွင့်လို့ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ PIN ဆိုတာပါပဲ။ ဒါကတော့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဖုန်းတိုင်းဖုန်းတိုင်းမှာ PIN စနစ်ကို ဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစနစ်ဟာ ဖုန်းထဲမှာထည့်သွင်းအသုံးပြုထားတဲ့ Sim Card, RUIM Card တွေကို Lock ချတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်ဒီစနစ်ကို မှားယွင်းအသုံးပြုမိတာမျိုးဆိုရင် ကိုယ့်ဖုန်းထဲက Card က Lock ကျသွားပါလိမ့်မယ်။ PIN Lock စနစ်ကို အသုံးပြုတဲ့နေရာမှာတော့ Pattern စနစ်နဲ့အသုံးပြုလို့မရပဲ ဂဏန်းတွေနဲ့ပဲ ရိုက်နှိပ်မှတ်သားနိုင်ပါတယ်။ ကိုယ်ရိုက်နှိပ်ထားတဲ့ ဂဏန်းတွေကိုလည်း သေချာမှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကိုဖွင့်လိုက်တိုင်းမှာ PIN Lock Code နံပါတ်တွေကို တောင်းနေမှာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ၉ ကြိမ် ရိုက် ခွင့် ရှိ ပေ မယ့် ၃ ကြိမ် သာ မိမိ ချ ထား သော နံပတ် ဖြစ် ပြီး ကျန် ၆ ကြိမ် မှာ Puk Lock ဖြစ်ပါတယ် ။ Puk ကုဒ် ကို တော့ အရင် ထွက်တဲ့ ဖုန်း တွေ က တော့ ဆက်သွယ် ရေး ကို သွား ရမှာ ဖြစ် ပြီး ယခု နောက် ပိုင်း ထွက် တန်ဖိုး နည်းဖုန်း တွေ မှာ တော့ SIM ကဒ် ချိုး ချိန် က ဘေး က ကဒ် မှာ Pin code and puk code ပါ ပါရှိ ပါတယ် ။ အဲ့ Puk ကို ထည့် သွင်း ရမှာပါ ။ အကယ် လို့ ၉ ကြိမ် ပြည့် သွား ရင် SIM card မှာ လုံးဝ ပျက်သွား မှာ ဖြစ်ပါတယ် ။ ထို့ ကြောင့် Pin Lock ကို လုံးဝ မချ ပါနဲ့ လို့ ပြော ချင်ပါတယ် ။
Password Lock ကတော့ ဂဏာန်း နံပတ် ရိုက် ထည့် ရတာ ဖြစ်ပြီး မှား သွင်း ပါ က အလွန်ဆုံး ဖုန်း ဆော့ဝ် ရေး လျှင် ပြန် ကောင်း နိုင် တဲ့ အတွက် Password or Pattern Lock ကို သာ အသုံး ပြု သင့် ပါတယ် ။
Clear Storage or Factory reset က တော့ ဖုန်း ရဲ့ စက်ရုံ ထုတ် အတိုင်း ပြန် ပြီး ဖြစ် အောင် Restart ချ ပေး တာ ဖြစ်ပါတယ် ။ မိမိ သို့ တစ်ယောက်ယောက် မှား နိုပ် မိ လို့ သုံးရတာ အဆင်မပြေ လျှင် ထို စနစ် ကို အသုံး ပြု ပြီးပြန် လည် ကောင်း မွန် အောင်ပြုလုပ် နိုင်ပါတယ် ။ သို့ သော် သွင်းထား သမျှ အကုန် ပျက် ပြီး အသစ် လို ဖြစ် သွား စေ မည့် အတွက် Data တွေ Backup ဆွဲ ထား ပြိး မှလုပ် သင့် ပါတယ် ။ Root နှင့် မြန်မာဖောင့် ကို တော့ မပျက် စေ ပါဘူး ။
အဆင်ပြေ ပါစေ ...
https://www.facebook.com/MobileHouseServiceCentre
ဆက်ဖတ်ရန်>>>

CDMA 450 စနစ်အတွက် Android OS ဖုန်း ၀င်ရောက်လာတော့မည်ဟုဆို
သန္ဓေသား၏ ချက်ကြိုး နှင့် တူသော ဖုန်းအားသွင်း သည့် ကိရိယာ ထွက်ပေါ် လာ
HTC ရဲ့ Desire mobile ဖုန်း အသစ် ၂ မျိုး
Desire HD က ဖျော်ဖြေရေးအတွက် အဓိက ရည်ရွယ်ထားပြီး ၄ ဒသမ ၃ လက်မ screen (800 x 480 pixel) ပါဝင်ပြီး အသံအတွက် Dolby Mobile နဲ့ SRS virtual sound လုပ်ဆောင်ချက် ပါဝင်ပါတယ်။ processor က 1 GHz Qualcomm 8255 Snapdragon processor ဖြစ်ပြီး ကင်မရာ ကတော့ 8 mega pixel, dual flash ပါ။ 720p high definition video တွေကို ရိုက်ကူး ပေးနိုင်ပါတယ်။
Desire Z ကတော့ ပါးပါးလပ်လပ် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး QWERTY keyboard ပါဝင်ပါတယ်။ ၃ ဒသမ ၇ လက်မ screen (800 x 480 pixel) ဖြစ်ပြီး processor က 800 MHz Qualcomm 7230 processor ပါ။ ကင်မရာ ကတော့ 5 mega pixel ဖြစ်ပြီး 720p high definition video တွေ ရိုက်ကူး ပေးနိုင်ပါတယ်။
ဖုန်း ၂ မျိုးလုံးမှာ HTC Fast Boot လုပ်ဆောင်ချက် အသစ် ပါဝင်ပြီး အဲဒီလုပ်ဆောင် ချက် အသစ်ကြောင့် ဖုန်းခေါ်တာ၊ အီးမေး စစ်တာ တွေကို ဖုန်း လုံးဝ တက်တဲ့အထိ စောင့်စရာမလိုပဲ လုပ်ဆောင် နိုင်တယ်လို့ သိရ ပါတယ်။ ဈေးနှုန်း တွေတော့ အတိအကျ မသိရသေးပါဘူး။
ဖုန်း ကြိုတင် ငွေဖြည့်ကတ်ရှိ ခဲခြစ် ပျက်စီးပါက ကတ်အသစ် ပြန်လည် လဲလှယ်ပေးရန် စီစဉ်
''ခဲခြစ်နံပါတ် ပျက်တာ ကြုံဖူးတယ်၊ တစ်ခါက နံပါတ် ပါသွားလို့ မနည်း ပြန်ကပ်ပြီး သုံးရတယ်၊ တစ်ခါကျတော့ ခဲပြားက တအား ကပ်သွားလို့ ဓားနဲ့ ခွာရတယ်။ လက်နဲ့ လုံးဝ ခွာလို့ မရတော့ဘူး၊ နောက်ဆုံး ကတ်ပျက် သွားတယ်။ လဲမရဘူး ဆိုလို့ ပိုက်ဆံ အဆုံးခံလိုက် ရတယ်။
အမှန်တော့ ဒါမျိုး လုံးဝ မဖြစ်သင့် ပါဘူး၊ အလွယ်တကူ ခဲခြစ် ခွာလို့ ရအောင် လုပ်ပေးထားသင့် ပါတယ်'' ဟု CDMA 800 သုံးစွဲသူ တစ်ဦးက ပြောသည်။ ''ကတ်အရည်အသွေး ကောင်းကောင်းတော့ ထုတ်ထားပါတယ်။ ဒါမျိုး ပျက်စီးတယ် ဆိုတာ သုံးစွဲသူရဲ့ အားနည်းချက်လည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကတ်အသစ်နဲ့ ပြန်လဲ ပေးဖို့ စီစဉ် ထားပါတယ်'' ဟု ယင်းက ပြောသည်။ Prepaid ကတ်များကို Elite Tech ကုမ္ပဏီမှ တစ်ဦးတည်း ထုတ်လုပ်နေပြီး၊ ကတ်များမှာ ကျပ် ၁ဝဝဝဝ၊ ကျပ်၂ဝဝဝဝ၊ ကျပ် ၃ဝဝဝဝ တို့ဖြစ်ကြောင်း သိရသည်။
Java Games 240x320 touch screen (2011)

ဖုန်းတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ games အမျိုးအစားကလည်း 200 နီးပါးလောက်ရှိပါတယ်။ ကိုယ်ဖုန်းနဲ့ လိုက်ဖက်မယ့် ဂိမ်းက တစ်ရာနီးပါးလောက်ရှိမှာပါ။ ကျွန်တော်လက်တွေ့ Phone တွေမှာ ထည့်ပြီး စမ်းပြီးပါပြီး။ 57.MB ပဲရှိပါတယ်။ TRUE TOUCH ဖိုင့်နဲ့JAM TOUCH ထဲမှာ ကိုယ်ကစားချင်တဲ့ ဂိမ်းဖိုင့်တွေကို copy ကူပြီး ဖုန်း Memory Cards ထဲ New folder တစ်ခု တည်ဆောင်ပြီး paste ချလိုက်ပါ။ ပြီးရင် အဲဒီဖိုင့်ကို သွားပြီး ကိုယ်ကစားချင်တဲ့ ဂိမ်းဖိုင့်ကို install လုပ် open လုပ် Run ပြီးကစားရုံပါပဲ။ အလိုရှိသူများ အောက်မှ အဆင်ပြေတဲ့ လင့်ကနေ downloads ဆွဲလိုက်ကြပါ။
download from mobile house
ကျပ်သုံးသောင်းဝန်းကျင် အရစ်ကျ ပေးသွင်း၍ ကျပ်ငါးသိန်းတန်ဖုန်းများ ဝယ်ယူနိုင်
ယခု သီတင်းပတ်အတွင်း ပုဂ္ဂလိက
တယ်လီဖုန်းနှင့် ဆက်စပ် ပစ္စည်း အရောင်းဆိုင် များတွင် ကျပ် ငါးသိန်းတန်
မိုဘိုင်းဖုန်းများကို အရစ်ကျ ငွေပေး ချေစနစ် အမျိုးမျိုးဖြင့်
ရောင်းချပေးလျက်ရှိကြောင်း
သိရသည်။ သင်္ဃန်းကျွန်း မြို့နယ် ရှိ ပုဂ္ဂလိက တယ်လီဖုန်း အရောင်း
ဆိုင်တစ်ခုတွင် ငါးသိန်းတန် မိုဘိုင်းဖုန်း တစ်လုံး ဝယ်ယူမည်ဆိုပါက လက်ငင်း
ကျပ်နှစ်သိန်းခွဲ တိတိ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို တစ်လ
ကျပ်တစ်သိန်းနှုန်းဖြင့် လေး လတိတိ အရစ်ကျ ပေးသွင်းရမည် ဖြစ်ကြောင်း
တယ်လီဖုန်းဝယ်ယူရန် သွားရောက် မေးမြန်းခဲ့သူ တစ်ဦးက Venus News သို့
ပြောသည်။
ဆက်ဖတ်ရန်>>>
သူတို့ဆိုင်မှာ ငါးသိန်းတန်
ဖုန်းဝယ်မယ်ဆိုရင် ပိုက်ဆံနှစ် သိန်းငါးသောင်း အရင်စပေါ်တင် ရမယ်။
ဟန်းဆက်ကတော့ ကိုယ့် ဖာသာ ကြိုက်တဲ့အမျိုးအစားနဲ့ ကြိုက်တဲ့ဈေးနှုန်းနဲ့
ဝယ်နိုင်ပြီး တယ်။ ပြီးတော့ကျန်တဲ့ငွေကို တစ် လ တစ်သိန်းနှုန်းနဲ့လေးလအရစ်
ကျ ခွဲသွင်းရမယ်လို့ ပြောပါတယ် ဟု ပညာရေးဝန်ထမ်းအမျိုးသမီး
တစ်ဦးကရှင်းပြသည်။
အဆိုပါ ပုဂ္ဂလိကတယ်လီဖုန်း
အရောင်းဆိုင်တွင် ကျပ်ငါးသိန်း တန် ဖုန်းကို အရစ်ကျဝယ်ယူမည် ဆိုပါက
တယ်လီဖုန်းတစ်လုံးလျှင် ကျပ်ခြောက်သိန်း ငါးသောင်းကျော် ကျသင့်မည်ဖြစ်ပြီး
အခြားစာရွက် စာတမ်းနှင့် အထောက်အထားတင် ပြရန်မလိုကြောင်း ဟန်းဆက်ကို လည်း
မည်သည့်ဆိုင်တွင်မဆို ဝယ်ယူ အသုံးပြုနိုင်ကြောင်း အဆို ပါ အမျိုးသမီးက
ရှင်းလင်းပြော ကြားသည်။
အချို့ တယ်လီဖုန်း အရောင်း
ဆိုင်များတွင်မူ ကျပ်ငါးသိန်းတန် မိုဘိုင်းဖုန်း ဝယ်ယူမည်ဆိုပါက
၎င်းတို့ဆိုင်မှ ကျပ်တစ်သိန်းတန် ဟန်းဆက် အမျိုးအစားကို အနည်း ဆုံးဝယ်ယူအား
ပေးရမည်ဖြစ်ပြီး ကနဦး ကျပ် တစ်သိန်းကိုးသောင်း ခြောက်သောင်းကျပ် ပေးသွင်းရ
မည်ဖြစ်သည်။ ကျန်ငွေကို တစ်နှစ် အတွင်းလစဉ် အရစ်ကျစနစ်ဖြင့်
ပေးချေရမည်ဖြစ်သည်။
မိုဘိုင်းဖုန်း ဝယ်မယ်ဆိုရင် သူတို့ဆိုင်က
ဟန်းဆက်ကိုပဲ ဝယ်ရမယ်။ ကျပ်တစ်သိန်းတန် ဟန်း ဆက်ဝယ်မယ်ဆိုရင် ကျပ်တစ်
သိန်း ကိုးသောင်းခြောက်ထောင် ကျပ်အရင်သွင်းရမယ်။ ဒီတော့ ဟန်းဆက်ဖိုး
ကျပ်တစ်သိန်းနဲ့ မိုဘိုင်းဖုန်းတန်ဖိုးကျပ် ငါးသိန်း ပေါင်းတော့
ကျပ်ခြောက်သိန်းထဲက တစ်သိန်းကိုးသောင်းခြောက် ထောင်နုတ်လိုက်တော့ ကျပ်လေး
သိန်းလေးထောင်ကျန်တယ်။ အဲ့ဒီ ကျန်ငွေကို တစ်နှစ်အရစ်ကျ ဘဏ် မှာ
ပေးသွင်းတယ်၊
တစ်လကို ကျပ် သုံးသောင်းဝန်းကျင်လောက်
သွင်း ရမှာပေါ့ဟု သွားရောက် စုံစမ်းခဲ့သူ တစ်ဦးက ပြောသည်။ အဆိုပါ
မိုဘိုင်းဖုန်း အရောင်း ဆိုင်ကြီး များတွင် ကျပ်ငါးသိန်း တန် ဖုန်းများကို
အရစ်ကျငွေပေး ချေစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ၄င်းတယ်လီဖုန်းအရောင်းဆိုင်ကြီး
များနှင့် ချိတ်ဆက်ထားသည့် ပုဂ္ဂ လိကဘဏ်တွင် ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားသူ
တစ်ဦး၏ တာဝန် ယူကြောင်း ထောက်ခံချက်၊ တယ် လီဖုန်းဝယ်ယူလိုသူ၏ ရပ်ကွက်
ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ များ လိုအပ်မည်ဖြစ်ကြောင်း သိရ သည်။
ဘာပဲပြောပြော လူလတ် တန်းစားတွေအတွက်တော့
အဆင် ပြေနိုင်တဲ့ အစီအစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့လို ပွဲစားတွေအတွက်
တယ်လီဖုန်းက မရှိမဖြစ် လိုအပ် တော့ အရင်က တစ်လ သုံးလေး သောင်းပေးပြီး
ငှားရမ်းသုံးစွဲရ တယ်။ အခုလိုအရစ်ကျရောင်း တော့ ခြိုးခြံချွေတာပြီး
ကိုယ်ပိုင် ဝယ်နိုင်တာပေါ့။ ဒါပေမယ့် ဒီထက် ပိုပြီးတော့ ဈေးနှုန်းသက်သာအောင်
အဆင် ပြေလွယ်ကူအောင် ဝယ်ယူ ခွင့်ပေးရင် ပြည်သူလူထုတွေ ပိုပြီး
အဆင်ပြေနိုင်ပါလိမ့်မယ်ဟု အိမ်ခြံ မြေ ပွဲစားတစ်ဦးက ပြောသည်။
Signal Shield အသုံးပြု၍ GSM, CDMA 450/800 MHz ဖုန်းလိုင်းများ ဖြတ်တောက်နိုင်
အဆိုပါ Signal Shield ကို ဖုန်း
အသုံးပြုခွင့်မရှိသော အစည်းအဝေး ခန်းများ၊ ဖုန်းသံကြောင့် အနှောင့်
အယှက်ဖြစ်နိုင်သော ဘုရားဝတ်ပြု ခန်းကျယ်ကြီးများ၊ လုံခြုံရေးကိစ္စ
ရပ်များတွင် အဓိကအသုံးပြုသည်။
အသုံးပြုရာတွင် အင်တာနာတိုင်
တောက်နိုင်သောကြောင့် လွယ်ကူစွာ အသုံးပြုနိုင်သည်။ USB port
ပါဝင်သောကြောင့် ကွန်ပျူတာဖြင့် အားသွင်းနိုင်ခြင်း၊ သာမန်ပလပ်
ခေါင်းတို့အပြင် ကားစီးကရက်မီး ညှိသောနေရာတွင်လည်းအားသွင်း
အသုံးပြုနိုင်သည်ဟု သိရသည်။
ပေနှစ်ဆယ် ပတ်လည် သုံးနိုင်သော Signal
Shield ကို ကျပ် ခုနစ် သောင်းခွဲ၊ ပေ ၅၀ ပတ်လည်သုံး သော Signal Shield ကို
ကျပ်တစ် သိန်းဟု သတ်မှတ်ထားပြီး အသုံး ပြုလိုသူများအနေဖြင့် ဖုန်း- ၂၄၆၆၆၉
သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်ဟု သတင်းရရှိ သည်။
i-Phone 4 ကi-Phone 4s ထက် ပိုမိုအရောင်းသွက်
နိုင်ငံတကာ Apple ဈေး ကွက်တွင်လည်းiPhone
4s ၏ ဘက်ထရီပြသနာနှင့် ပတ်သက်၍ အငြင်းပွားမှု များရှိနေပြီး ပြည်တွင်း
တွင်အသုံးပြုနေကြသော iPhone 4s များတွင် ဘက်ထရီကြာရှည်ခံ မှု
ပြဿနာမရှိကြောင်း iPhone 4s user များမှ သိရသည်။ iPhone 4s ၏ ဘက်ထရီပြ
သနာများနှင့်ပတ်သက်၍ I-NORA Apple ပစ္စည်းအရောင်းဆိုင်မှ ကို ထက်မြက်အောင်က
"နိုင်ငံတကာ မှာ အငြင်းပွားမှု ဖြစ်နေတဲ့ iPhone4sဘက်ထရီကြာရှည်မခံ တဲ့
ပြဿနာကို ကျွန်တော်အမြင် ကတော့ နိုင်ငံတကာမှာက i- Phone
နဲ့အသုံးပြုလို့ရတဲ့ Application ကိုသုံးဖို့ပို အခွင့်သာ တယ်လေ။
ပြည်တွင်းမှာကတော့ နိုင်ငံတကာ iPhone userတွေ လောက် Applicationတွေကို
အသုံးပြုဖို့ အခွင့်အရေးနည်းနေ သေးတယ်ဆိုတော့ နိုင်ငံတကာမှာ လောက်
အချိန်ပြည့်အသုံးပြုနေ ကြတာနည်းပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ iPhone4sတွေ
ဘက်ထရီမခံတာက နေ့စဉ်ရက် ဆက်အသုံးပြုတာများတာနဲ့လည်း သက်ဆိုင်မယ်ထင်ပါတယ်။
ပြည် တွင်းမှာ အသုံးပြုချိန်နည်းတဲ့အ တွက် ဘက်ထရီပြဿနာမရှိတာ
လို့လည်းမြင်ပါတယ်။ iPhone4 တွေစပြီးထွက်တဲ့အချိန်တုန်းကလည်း
ဘက်ထရီပြသနာတက်ဖူးပါတယ်။ ခုတော့ iPhone 4sပြဿနာကို
ဖြေရှင်းပေးနိုင်ဖို့အတွက် Apple ကiOs 5.0.1 ကိုထပ်ပြီး တီထွင်
ပေးထားတယ်လို့ သိရပါတယ်"ဟု ဆိုသည်။ iPhone 4s များသည် ပြည်
တွင်းဈေးကွက်အတွင်းသို့ အောက် တိုဘာလ စတင်ဝင်ရောက်လာခဲ့ ခြင်းဖြစ်ပြီး
Apple မှဈေးကွက် စတင်တင်သွင်းသည့်နေ့နှင့် တစ် ပတ်အကြာတွင်
ပြည်တွင်းသို့တင် သွင်းနိုင်ခဲ့သည်ဟု Apple ပစ္စည်း အရောင်းဆိုင်အချို့မှ
သိရသည်။ လက်ရှိအချိန်တွင်Appleဈေး ကွက်အတွင်း iPhone4s များဈေး
နှုန်းကျဆင်းလာပြီး iPhone4s 64GBပေါက်ဈေးမှာ ရှစ်သိန်းရှစ်
သောင်းဝန်းကျင်ရှိသည်ဟုသိရသည်။
GSM နှင့် CDMA 800 ၂ မျိုးသုံးနိုင်သည့် Samsung Galaxy S SCH-i809
GSM နှင့် CDMA 800နှစ်မျိုး
သုံးနိုင်သည့် Samsung Galaxy S SCH-i809 handset ဈေးကွက်အတွင်း
ဝင်ရောက်လာကြောင်း သိရသည်။
ဖုန်း၏ operating system မှာ Android 2.2.1 ကို အသုံးပြုထားပြီး Display
size မှာ 4.2" ရှိသည်။ multitouch စနစ်ဖြစ်သောကြောင့် မည်သည့်
လက်ချောင်းနှင့်မဆို ထိတွေ့ အ သုံးပြုနိုင်သည်။
ဖုန်းတွင်း မှတ်ဥာဏ်ပိုင်းအနေ ဖြင့်4GB
ပါဝင်ပြီး external memory ကို 32GB အထိ တိုးချဲ့ကတ်စိုက် နိုင်သည်။ ကင်မရာ
megapixels မှာ ၅ ဖြစ်သောကြောင့် ဓာတ်ပုံကောင်း မွန်စွာ ရိုက်ကူးနိုင်သည်။
အခြား သော unction များအနေဖြင့် MP3, MP4 သုံးနိုင်ခြင်း၊ video ရိုက်ကူး
အတွက် Bluetooth စနစ်များ၊ တာ ဝါတိုင်တစ်ဆင့်GPS ပြန်လွှင့်ပေး သော A-GPS
စနစ်များစသည်ဖြင့် စုံလင်စွာ အသုံးပြုနိုင်သည်။
အင်တာနက် အသုံးပြုရန် အတွက်
မိုဒမ်ပါဝင်သောကြောင့် CDMA ကွန်ရက်တွင် သုံးနိုင်သည့် EVDO စနစ်၊GSM
တွင်သုံးသည့် EDGE စနစ်နှစ်မျိုးလုံးဖြင့် သုံးနိုင် ကြောင်း သိရသည်။
အဆိုပါဖုန်းမှာ လိုင်းဆွဲအား အထူးကောင်းမွန်ပြီး ဈေးနှုန်းမှာ ကျပ် ၎
သိန်းဝန်းကျင် ရှိသည်။ စိတ်ဝင်စားသူများ၊ ဝယ်ယူ အသုံး ပြုလိုသူများအနေဖြင့်
ဖုန်း ဝ၁-၂၅၀၉၀၅ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။
iPhone ဘက်ထရီ သက်တမ်းရှည်ဖို့
ဒီလိုနဲ့ iPhone 4S ကို အထင်ကြီးလို့
မဆုံးသေးခင်မှာဘဲ ပြဿနာတစ်ခု စတင် တက်ပါတော့တယ်။ iPhone 4S ရဲ့ ဘက်ထ
ရီသက်တမ်းဟာ အခြား iPhone အမျိုးအ စားတွေနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်း၊ ၁၅
ရာခိုင် နှုန်းလောက်ပဲ သက်တမ်းရှည်တယ်တို့၊ ဘာ အမှားအယွင်းမှမရှိဘဲနဲ့
Standby time ဟာ အဆမတန်လျော့ကျနေတယ်တို့နဲ့ သူ့ရဲ့
စွမ်းအင်ထောက်ပံ့သုံးစွဲမှုစနစ် အားနည်း ပုံကို အွန်လိုင်းစာမျက်နှာတွေမှာ
အလုအ ယက်ဖော်ပြကြပါတယ်။ Apple ကတော့ ဒါကို iOS 5 ရဲ့ စွမ်းအင်
သုံးစွဲမှုစနစ် ပိုများတဲ့အတွက်ကြောင့် ဖြစ် ရတယ်လို့ပြောခဲ့ပြီး iPhone 4S
သက်သက် ကြောင့်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒီအ တွက် သင်ဟာ iPhone 4S ကို
အသုံးပြုနေ တာပဲဖြစ်ဖြစ်၊ အရင် iPhone အမျိုးအစား တွေပေါ် iOS5 ကို update
လုပ်ထားတာပဲ ဖြစ်ဖြစ်၊ ဘက်ထရီသက်တမ်းကို ကြာရှည် ခံအောင်
ဘယ်လိုပြုလုပ်ရမလဲဆိုတာက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါပြီ။ ဒါကြောင့်မို့ iPhone
ရဲ့ ဘက်ထရီကို ကြာရှည်အသုံးပြု လို့ရမယ့် နည်းလမ်းတွေကို စုဆောင်းမိ
သလောက် ဖော်ပြပေးလိုက်ပါတယ်။
(၁) Time Zones ကို ပိတ်ပစ်ပါ
စွမ်းအင်သုံးစွဲမှုကို အလွန်အကျွံဖြစ်
စေတဲ့ GPS Radio ဝန်ဆောင်မှုဟာ iOS 5 မှာပါဝင်ခဲ့ပြီး Time Zone ကို
Auto-adjust ဖြစ်စေဖို့ ထည့်သွင်း ပေးထားတာပါ။ ဒါပေမဲ့ Time Zone ဆိုတာ
Date & Time Section မဟုတ်တဲ့ အတွက် အသုံးပြုသူတွေ အတွက်လည်း
သိပ်အရေးမပါပါဘူး။ ဒါ ကြောင့် ပိတ်ထားတာ အကောင်းဆုံး ဖြစ်မှာပါ။ Off
လုပ်ဖို့ အတွက်ကတော့ Settings > Location Services > System Services
> Setting Time Zone ကို အဆင့်ဆင့် သွားရမှာပါ။ အဲဒီမှာ လွယ်လွယ်ကူကူ
ပိတ်ထားလိုက်ရုံပါပဲ။
(၂) Location Services ကို Deisable လုပ်ပါ
ပုံမှန်ပြုလုပ်နေကျလုပ်ငန်းစဉ်တစ်ခုပါပဲ။
စမတ်ဖုန်းမှ မဟုတ်ပါဘူး။ Tablet တွေ မှာလည်း ဒီလိုမျိုးဝန်ဆောင်မှုတွေကို
ဘက်ထရီသက်တမ်းကြာစေချင်ရင် ပိတ်ထား Disable) ရမှာပါ။ ဒါပေမဲ့ GPS
စနစ်လိုအပ်တဲ့ အချိန်မှာတော့ ပြန်ပြီးဖွင့် ပေးဖို့မမေ့ပါနဲ့။ ပြန်ပြီး
enable လုပ်ရမှာပါ။ ဒီမြေပုံပြဝန်ဆောင်မှုဟာ ဂရပ်ဖစ်ပိုင်းကို
အသုံးပြုဖော်ပြ တာဖြစ်လို့ စွမ်းအင် အသုံးကြမ်းတာဖြစ်သလို သူ့အလိုလို
အလုပ်လုပ်နေ ချိန်မှာလည်း သုံးစွဲမှုကြီးပါတယ်။
(၃) သတိပေးမူတွေကို ကန့်သတ်ပါ
Notification လို့ခေါ်တဲ့ သတိပေးမှုတွေဟာ
ဘက်ထရီအသုံးချမှုလွန်ကဲတယ်ဆိုတာ ဟိုးအရင် iOS ဗားရှင်းတွေထဲက
နားလည်ကြပြီးသားပါ။ ဒီအတွက် သတိပေးမှုတွေကို off လုပ်ပစ်ပြီး အသုံး ပြုရင်
အခြားဘက်ထရီ အသုံးပြုမှုကြီးတဲ့ Wi-Fi တို့၊ Bluetooth တို့နဲ့ GPS တွေကို
Enable လုပ်ထားမယ် ဆိုရင်တောင် Stand-by Time ကို ရက်အတော်ကြာ
ထားနိုင်တယ်ဆိုတာ အသေအချာပါပဲ။ iOS 5 မှာတော့ သတိပေးမှုစနစ်ကို
ပုံစံတစ်မျိုး နဲ့ ဖန်တီးထားပါတယ်။ Android OS ရဲ့စတိုင် Pulldown bar နဲ့
ကြည့်ရတဲ့ သတိပေးမှုများစွာကို ပူး ပေါင်းပေးထားတာပါ။ ဒါပေမဲ့ Apple က
Setting Menu မှာ Global Notification တွေကို လုံးဝပိတ်ပစ်နိုင်တဲ့ Feature
ထည့်သွင်းမပေးထားတော့ App တစ်ခုချင်းစီ ကို ပိတ်ပေးရမှာဖြစ်ပါတယ်။
ီလိုလုပ်ဖို့အတွက် Setting > Notification > ရဲ့ အောက် Phone,
Message , Reminder ဆိုတဲ့ Catagory တွေ၊ Walgreens, Zillow နဲ့ အခြား App
တွေနဲ့ အပေါ်ပိုင်းမှာရှိတဲ့ Toggle Notification Center တွေကို
ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ပိတ်ပစ်နိုင်ပါတယ်။ သတိပေးမှုစနစ် မသုံးလေလေ Seandby
Time ပိုကြာလေလေဆိုတာကို မမေ့ပါနဲ့။
(၄) Email ကို ပုံမှန်စစ်ဆေးပါ
စမတ်ဖုန်းနဲ့ အင်တာနက်အသုံးပြုသူတွေအ
တွက်တော့ အီးမေးလ်တွေက ဘက်ထရီသက်တမ်းတို အောင်ပြုလုပ်လို့ သတိထားသင့်ပါတယ်။
တချို့ Account နဲ့ ပတ်သက်တဲ့ update တွေနဲ့ အခြား Feature တွေနဲ့
အီးမေးလ်ဝန်ဆောင်မှု ကြောင့် ကိုယ်မဖတ်ရဘဲ စွမ်းအင်အ သုံးပြုမှု ပိုစေပါတယ်။
အီးမေးလ်ဝန် ဆောင်မှု မဟုတ်ပါဘူး။ လူမှုကွန်ရက် တွေ အသုံးပြုတဲ့အခါမှာလည်း
Manual Update လုပ်ပေးတာ ပိုပြီးအဆင်ပြေစေ ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းနဲ့
အင်တာ နက်အသုံးပြုသူတွေအတွက်တော့ ဘာမှ စဉ်းစားစရာမလိုပါဘူး။
(၅) Software Update လိုအပ်တယ်
လက်ရှိအချိန်မှာတော့ iOS 5.0 ဆိုတာ
အရမ်းကိုအသစ်လို့ပြောလို့ရတဲ့ OS Software ပါပဲ။ ဒါပေမဲ့ Apple က iOS 5.0.1
ကို ဆော့ဖ်ဝဲဖန်တီးသူတွေထံ ပေး အပ်လိုက်ပြီးဖြစ်သလို ဒီ update ဖိုင်တွေ က
ဘက်ထရီသက်တမ်း တိုတောင်းမှု တွေကို အဖတ်ဆယ်ပေးမှာလည်း ဖြစ်ပါ တယ်။
ဒါကြောင့်မို့ iOS 5.0 ကို အသုံးပြု ထားတယ်ဆိုရင် 5.0.1 ကို update
လုပ်ပြီး အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ iTunes ကနေ update
လုပ်တာတို့၊USB ကြိုးကိုအသုံးပြုပြီး update လုပ်တာတို့ အပြင် iPhone
ကနေတစ်ဆင့် လုပ်နိုင် တဲ့နည်းလမ်းက Setting>General>Software update
ဖြစ်ပါတယ်။
(၆) နည်းဟောင်းလေးတွေလည်း အသုံးချပါ
နောက်ဆုံးပြောချင်တဲ့ အကြောင်း အရာကတော့
အရင်ကသိနှင့်ပြီး သား ဘက်ထရီသက်တမ်း ကြာရှည်ခံရေး နည်းလမ်းဟောင်းတွေကို
ပြန်ပြီးပြု လုပ်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ တောက်ပမှုကို
လျှော့ချတာတို့၊ Wi-Fi နဲ့ Bluetooth Connection တို့ကို Disable
လုပ်ထားတာတို့နဲ့ အခြားအခြားနည်းလမ်းလေးတွေပါ။ လက်တွေ့စမ်း သပ်မှုအရ
ပြောရမယ်ဆိုရင်တော့ မျက်နှာပြင်တောက်ပမှုကိုလျှော့ချခြင်းက တကယ်
အကျိုးရှိပါတယ်။ အခုအတိုင်းအတာလောက် နားလည်သွားပြီဆိုရင်တော့ iPhone ရဲ့
ဘက်ထရီသက် တမ်းကို ဆွဲဆန့်နိုင်ဖို့ ဗဟုသုတတွေရရှိသွားပြီလို့
ပြောချင်ပါတယ်။ iOS 5.0.1 ဟာ အသုံးပြုသူတွေရဲ့လက်ထဲကို လတ်တလောအခြေအနေမှာ
ရောက်မလာသေးပေမယ့် အမြန်ဆုံးပဲ အသုံးပြုခွင့်ရတော့မှာပါ။ အဲဒီလိုပဲ
အခုဖော်ပြပေးတဲ့ အခြားနည်းလမ်းတွေကိုလည်း စနစ်တကျအသုံးပြု ရင်း
ပျော်ရွှင်စွာ iPhone အသုံးပြုနိုင်ကြပါစေလို့ တင်ဆက်ပေးလိုက်ရခြင်းပါပဲ။
ZTE Light TAB V9E အသစ်ဈေးကွက် ထဲသို့ ဝင်ရောက်
ZTE ကုမ္ပဏီမှ ထုတ်လုပ် သည့် CDMA 800MHz
အသုံးပြု သူများအတွက် ဒီဇိုင်း လှပပြီး အရည် အသွေး ကောင်းမွန်သည့် ZTE Ligh
Tab V9E အသစ် ဈေးကွက်ထဲသို့ ဝင်ရောက် လာကြောင်း ZTE ကုမ္ပဏီမှ သိရသည်။
အဆိုပါ ZTE Ligh Tab V9E မှာ CDMA 800MHz တွင်အသုံးပြုနိုင်သည့်အပြင် EVDO
3.1 MHz ဖြင့် အင်တာနက်ချိတ် ဆက် အသုံးပြုနိုင်ပြီး wi-fi စနစ်ပါ
ရှိသည့်အတွက် အင်တာနက်အ သုံးပြုသူများ အတွက် ပိုမိုအဆင်
ပြေလွယ်ကူစေနိုင်သည်။ လူ ကြိုက်များ သည့် Android 2.2 ဗားရှင်းပါဝင်ပြီး
Touch Screen အမျိုးအစားဖြစ်သည့် အတွက်ကြောင့် လူကြိုက်များနိုင်ပြီး
ကျယ်ပြန့် သည့် ဖုန်းမျက်နှာပြင် ပါရှိသည်။ Camera မှ 3.2 ပါဝင်ပြီး ရှေ့
နောက် ၂မျိုး အသုံးပြုနိုင်သည်။ ဖုန်းအတွင်း မှတ်Óာဏ်မှာ 32 GB ပါဝင်ပြီး
micro SD ကတ်ဖြင့် ထပ်မြင့်အသုံးပြုနိုင်သည်။ Bluetooth စနစ်
ပါဝင်သည့်အတွက် ကြောင့် မိမိကြိုက်နှစ် သက်ရာသီ ချင်းများနှင့် Application
များကို အပြန်အလှန်ပေးပို့နိုင်ပြီး Mp3, Mp4 များကို နားထောင်နိုင်သည်။
ZTE Light Tab V9E ၏ ဈေးနှုန်း မှာ အမေရိကန် ဒေါ်လာ ၂၀ဝ ဝန်း ကျင်ရှိပြီး
ဆက်သွယ် ဝယ်ယူချင် သူများ အနေဖြင့် ဖုန်း-ဝ၁-၅၄၆ ၂၀၅ သို့ဆက်သွယ်
မေးမြန်းနိုင်ပါ သည်။
တန်ဖိုးနည်း ဖုန်းများအတွက် ဘီလ် သတ်မှတ်ချက် ယခုနှုန်း အတိုင်းသာဖြစ်
အများပြည်သူများ သုံးစွဲနိုင်စေရန်
ချထားပေး မည်ဖြစ်သော တန်ဖိုး နည်းဖုန်း များတွင် ဖုန်းခေါ်ဆိုခ ဘီလ်သတ်မှတ်
ချက်မှာ ယခုနှုန်းထား အတိုင်း သာဖြစ်ပြီး တိုးမြှင့် ကောက်ခံသွားရန် အစီအစဉ်
မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ တာဝန်ရှိ
သူတစ်ဦးက ပြောသည်။ အဆိုပါ တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ
အထွက်တစ်မိနစ် လျှပ် ကျပ် ၁၀ဝ၊ ကျပ် ၈၀ အစရှိသဖြင့် ပြင်ပတွင် သတင်းများ
ထွက်ပေါ် နေသော် လည်း ယင်းကဲ့သို့ နှုန်းထားတိုးမြှင့် ကောက်ခံသွားရန်
အစီအစဉ် မရှိဘဲ ယခုနှုန်းထားဖြစ်သော ကျပ် ၅၀ သာ ကောက်ခံသွားမည်ဖြစ်သည် ဟု
အဆိုပါ တာဝန်ရှိသူက အတည်ပြု ပြောကြား သည်။ ၎င်းက “ဈေးနှုန်းက အခုလက်ရှိ ကောက်ခံ
နေတဲ့ ရိုးရိုး GSM ဖုန်းတွေအတိုင်းပါပဲ။ ၅၀ ပဲကောက်မှာပါ။ တိုးကောက်ဖို့
လုံးဝအစီအစဉ် မရှိပါဘူး။
ဒီနှုန်းထားတွေ အတိုင်းပဲကောက်မှာပါ” ဟု
ပြောသည်။ လာမည့် နှစ်ဖေဖော်ဝါရီ လတွင် စတင်ချ ထားပေးမည့် ယင်းတန်ဖိုး
နည်းဖုန်းများမှာ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန်
ချထားပေးသော ဖုန်းများဖြစ်ပြီး သန်းသုံးဆယ် စီမံကိန်း၏ ပထမအဆင့် လေးသန်း
စီမံကိန်း အတွက် စတင်ချထားပေးမည့် ဖုန်းများဖြစ်သည်။ သုံးစွဲသူတစ်ဦးကလည်း
“ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ချထားပေးမယ်ဆိုတာ ကောင်းပါ တယ်။
ခေါ်ဆိုခတွေကိုလည်း အခုဈေး နှုန်း အတိုင်းပဲ ကောက်မယ် ဆိုရင်
ပိုအဆင်ပြေပါတယ်။ ဒီဈေးနှုန်းက သုံးစွဲသူတွေအတွက် အဆင်ပြေတယ်ဆိုနိုင်ပါတယ်။
ဒီထက်များမယ်ဆို ရင်တော့ သိပ် အဆင်မပြေ နိုင်တော့ပါဘူး” ဟု
သူ၏ထင်မြင်ချက်ကို ပြောသည်။
ဆမ်ဆောင်း၏ ဂလက်ဇီနုတ် စမတ်ဖုန်း သစ်
ဆမ်ဆောင်း၏ ဂလက်ဇီနုတ် စမတ်ဖုန်း သစ် တောင်ကိုရီးယားတွင် စတင် ဖြန့်ချိ
ကမ္ဘာ့ ဒုတိယ အကြီးဆုံး မိုဘိုင်းဖုန်း
ထုတ်လုပ်သည့် ကုမ္ပဏီ ဆမ်ဆောင်း သည် ကုမ္ပဏီ ၏ နောက်ဆုံး ထုတ် စမတ်ဖုန်း
မော်ဒယ်သစ် ဂလက်ဇီနုတ် ကို
တောင်ကိုရီးယား နိုင်ငံတွင် စတင် ဖြန့်ချိ လိုက်ကြောင်း သိရသည်။
ယင်းမော်ဒယ်သစ် စမတ်ဖုန်းကို စက်တင်ဘာလ က ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည့်
အိုင် အက်ဖ်အေ ၂၀၁၁ ပြပွဲ၌ မိတ်ဆက် ပြသ ခဲ့ခြင်း ဖြစ်သည်။
ယင်း ဖုန်းသည် ဆမ်ဆောင်းမှ ထုတ်လုပ်သော
ဂလက်ဆီ စမတ်ဖုန်း များတွင် နောက်ဆုံးပေါ် မျိုးဆက်ဖြစ်ပြီး သင်ပုန်း
ကွန်ပျူတာတစ်လုံး ၏ စွမ်းဆောင်ရည်နှင့် ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည် ကို
ပေါင်းစည်းထားခြင်း ဖြစ်သည်။ ဂလက်ဇီနုတ်သည် အထူ ၉ ဒသမ ၆၅ မီလီမီတာသာရှိပြီး
အလေးချိန် ၁၈၂ ဂရမ်နှင့် အယ်လ် အီးဒီ ဖန်သား မျက်နှာပြင် ၅ ဒသမ ၃ လက်မ
အကျယ်ရှိ သည်။
ထို မျက်နှာပြင်တွင် ပုံဆွဲ ရန်၊
ဆေးခြယ်ရန်အတွက် ဒစ်ဂျစ်တယ် ခဲတံ တစ်ချောင်းလည်း ပူးတွဲပါဝင်သည်။
ဆမ်ဆောင်းသည် ယခုဖုန်း အပြင် ဂလက်ဇီနက်ဇပ် ဟုခေါ်သည့် ကမ္ဘာ့ပထမဆုံး Android
OS ၏ နောက်ဆုံးထွက် အိုက် စကရင်ဆင်းဒဝစ်ခ်ျ OS ကိုအသုံး ပြုထားသည်။
ယင်းဖုန်းနှစ်မျိုး စလုံးတွင် အသုံးပြုသူ၏ မျက်နှာ ပုံသွင်ဖြင့် ဖုန်းကို
အဖွင့်၊ အပိတ် လုပ်နိုင်သော Facial Recognition နည်းပညာ ပါဝင်သည်။
မိုဘိုင်းလ်ဖုန်းဖြင့် နောက်ဆုံးရသတင်းများ ဖတ်ရှုနိုင်
မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် နောက်ဆုံးရ သတင်းများ ဖတ်ရှု နိုင်မည့်
SMSစနစ်ကို E.Trade Myanmar ကုမ္ပဏီမှစတင်ဆောင် ရွက်နေကြောင်း
အဆိုပါကုမ္ပဏီမှ သိရသည်။ မိမိ၏ ကိုယ်ပိုင်ဖုန်းနံပါတ်ပေး ပို့ရုံဖြင့်
နိုင်ငံတကာ သတင်းများနှင့် ပြည်တွင်း၊ပြည်ပ သတင်းများ နည်းပညာသတင်းများ၊
မိုဘိုင်းလ် သတင်းများကို နေ့စဉ် ဖတ်ရှု နိုင်ရန်အတွက်eTm Short News မှ
ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း eTm မှ မားကတ်တင်း မန်နေဂျာ မမေသော်က
ပြောသည်။ အဆိုပါ Short News SMS messageသည် ပြည်တွင်းပြည်
ပတွင်ဖြစ်ပေါ်လျက်ရှိသော သ တင်းများကို SMSစနစ်ဖြင့် message ပေးပို့သည့်
စနစ်ဖြစ် သည်။ အဆိုပါ SMSကို ထည့် သွင်းချင်သူများအနေဖြင့် မိမိကိုယ်
ပိုင်ဟန်းဖုန်းနံပါတ်ကို ပေးရမည် ဖြစ်ပြီး တစ်လလျှင် ၃,၅၀ဝ ဖြင့် ၃လစာ
၁၀,ဝ၀ဝ ကျပ်ကို ပေး ဆောင်ရမည်ဖြစ်သည်။ သတင်းများကို မိုဘိုင်းလ် များသို့
နေ့စဉ်နေ့တိုင်း မနက် (၁၀) နာရီအရောက် SMS ပို့ပေးမည်ဖြစ်ပြီး တနင်္ဂနွေနှင့်
အ ခြားသောရုံးပိတ်ရက်များတွင် သ တင်းမရရှိနိုင်ကြောင်း သိရသည်။
သတင်းများမှာ တစ်ခါပို့လျှင် ၁၀ ပုဒ်ပါရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘာ သာဖြင့်
ပေးပို့မည်ဖြစ်သည်။
eTm မှ တာဝန်ရှိသူတစ်ဦး က "အစ်မတို့ဒီ SMS massage ကို လုပ်တာတော့မကြာသေးပါ ဘူး။ ဒါပေမဲ့ စိတ်ဝင်စားတဲ့ လူ တော့များပါတယ်။ အခုဆိုရင် အစ်မတို့ပို့ပေးရတာ အရေအ တွက် ၅၀ဝ ကျော်လောက်တော့ ရှိပါတယ်။ အခုတော့ အင်္ဂလိပ်လို ပဲ ပို့ပေးနေရတယ်။ အင်္ဂလိပ်စာ နဲ့က ဟန်းဆက်တိုင်းအဆင်ပြေ တယ်။ မြန်မာစာဖောင့်နဲ့ကြတော့ ကွန်ပျူတာလိုပဲ ကိုက်ညီမှုမရှိတဲ့ မြန်မာစာဖောင့်ဆိုရင် အဆင်မပြေ ဘူး။ သတင်းက တစ်ခါပို့ရင် (၁၀) ပုဒ်တော့ပါတယ်။ နိုင်ငံတကာ သတင်းတွေရော၊ ပြည်တွင်းပြည် ပ သတင်းတွေရော အကုန်လုံး ပါတယ်။ အထည့်များတာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စာဖတ် တဲ့ လူငယ်တွေတော့ အထည့်များ ပါတယ်။ အစ်မတို့ဘက်က ဒီSMS message ကို နမူနာစမ်းသုံးခွင့် (၃)ရက် ပေးထားတယ်။ စမ်းသပ် လို့ရတယ်၊ စမ်းသုံးပြီးမှ မကြိုက် ရင်လည်း ရပါတယ်" ဟုပြော သည်။ ဆက်သွယ်ချင်သူများအနေ ဖြင့် ဖုန်း ဝ၁-၆၅၂၂၈၃ သို့ ဆက် သွယ်မေးမြန်းနိုင်ပါသည်။ နအမေိန မှ ဝန်ဆောင်မှုပေးသော လုပ်ငန်း များမှာ ရွှေနှင့်ငွေကြေး ဈေးကွက် လယ်ယာထွက်ကုန်ဈေးနှုန်းများ၊ စားသုံးဆီဈေးနှုန်းများ၊ ရန်ကုန် မန္တလေးနှင့် နိုင်ငံတကာမှ ရေနံ၊ ဓာတ်ဆီ၊ လောင်စာဆီ ဈေးနှုန်း များနှင့် ဘောလုံးပွဲစဉ်များ၏ ခန့် မှန်းရလဒ်နှင့် ပွဲပြီးရလဒ်စသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

တချို့ ဆို့ မှာတင်ထား တဲ့ မိုဘိုင်းဖုန်း လျှို့ဝှက်ချက် ဆိုတာနဲ့ ပတ်သတ်ပြီး
မြန်မာနိုင်ငံ မှာရှိတဲ့ လူအများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့အသုံးဝင်မှု
လျှို့ဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေပါတယ်။ ကိုင်နေတဲ့
လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera,
မြန်မာနိုင်ငံမှာ ရှိတဲ့လူ အများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု
လျှို့ဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။
ကိုင်နေတဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများ ပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက်အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာ ရန် Keypad ကို Locked လုပထားရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအရေး ပေါ် ဖုန်းနံပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲမှာရှိရင် ဒီနံပါတ်ကို နှိပလိုက်တာနဲ့ ဖုန်းဟာအနီးဆုံးဆက် သွယ်မှုကွန်ရက်ကို အလိုအလျောကရှာမှာဖြစ်ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ ခလုတ်တွေကို ပိတထားရင်တောင် နှိပ်လို့ရနေမှာဖြစ်ပါ တယ်။ ( မြန်မာနိုင်ငံ မပါ )
(၂) ဘက်ထရီအရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီ ဆိုရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ်သုံးဖို့ချန်ထား တဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစလို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကို တွေ့ရမှာဖြစ်ပါ တယ်။နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံး အတွက် ဘက်ထရီအားကို အလအလျောက်အား ပြန်ဖြည့်မှာဖြစ်ပါ တယ်။ ဒီနည်းဟာ လူအများစု အတွက် အသုံးဝင်စေမယ့် အချကတစ်ချက်ဖြစ်ပါတယ်။ ဖုန်းတော်တော် များများစမ်းပြီး ပြီ မရ ပါ ။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်းစနစ် တပ်ဆငထားတဲ့ကားအသုံးပြုသူတွေအတွကကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပသော့တစ်ချောင်း အိမ်မှာကျန်ရှိနေ ခြင်းဖြစ်ပေါ်ကြုံလာပါက မိုဘိုင်း ဖုန်းတစ်လုံးရှိရုံနဲ့ အဆင်ပြေတာကတွေ့ရမှာပါ။အသုံးပြုပုံကတော့ အိမ်မှာရှိတဲ့လူတစ်ယောက် ဖုန်းကမိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစဖက်လူနဲ့ အဆက်အသွယ်ရရင် အိမက လူကို ကားသော့ဖွင့်တဲ့ခလုတ် ကို ဖုန်းအနားကပ်ပြီးနှိပ်ခိုင်းလိုက်ရုံ နဲ့ ကားတံခါးပွင့်သွားမှာဖြစ်ပါ တယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနား မှာ ထားရှိရမှာဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိဘဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်းအခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျ ပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံ ရခြင်း အစရှိတဲ့အကြောင်းတစ်ခုခု ကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရ နိုင်တော့ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီးပစ်လို့ရပါတယ်။ ပထမဦး ဆုံးအနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါမှာ ဂဏန်း ၁၅ လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့ သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်း တွေကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံး သွားတဲ့နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဖုန်းဆက်ပြီး ကုတ် နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါ တယ်။ တကယ်လို့ ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာဖြစ် လို့ မိမိဖုန်းထဲက ဖုန်းနံပါတ်စာရင်း တွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ဟုတ်လောက်ပါတယ် ခက်တာ ဘယ်မှာတိုင်ရမလဲ မသိတာပဲ ။
(၅) Nokia ရဲ့ဖုန်းကုတ် နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိ ကြပါဘူး။ ဒါပေမယ့် Nokia ဖုန်း အသုံးပြုမယ့်သူတွေအတွက် ကုတ် နံပါတ်တွေကို ဖော်ပြပေးလိုက်ပါ တယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့် မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကိုပိုပြီးရှင်းလင်းပြတ်သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။ ဖုန်း မှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကိုကြည့်မယ်ဆို ရင်တော့ *#0000# ကိုနှိပ်ပြီးကြည့် နိုင်ပါတယ်။ Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ် ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့် နိုင်ပါတယ်။
ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ ဖုန်းLifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါ တယ်။ မှတ်သားထားသော ဖုန်း နံပါတ်များကို ချေဖျက်ချင်ပါက *#3925538# ကို နှိပ်ပြီးဖျက်နိုင် ပါတယ်။Series 60 ဖုန်းတွေ အတွက်တော့ *#7370925538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ် နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းပြန် တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်း ပြန်ပွင့်သွားမှာဖြစ်ပါတယ်။

ဖုန်း အတွက် လျှို့ဝှက် sms
ဖုန်း အတွက် လျှို့ဝှက် sms
New Password: နှစ်သက်ရာ ဂဏန်း၊ အက္ခရာ
Comfirm Password: ပြန်ရေး
Name: (နှစ်သက်ရာ)
City: (နှစ်သက်ရာ)
Zip Code: (အဆင်အပြေဆုံးကတော့ သုည ၆လုံးပါ) ၀၀၀၀၀၀
အဲဒီအဆင့်တွေ ပြီးရင် New message၊ Inbox၊ Offers၊ News၊ Sent၊ Drafts၊ Settings စသည်ဖြင့် ပေါ်လာလိမ့်မည်။ ရေးလို့ ပို့လို့ ရဖို့ နောက်တစ်ဆင့်က REGISTER လုပ်ရန်လိုပါတယ်။ New Message: ကို နှိပ်ပါ။ ပြီးရင် ဘာမှရေးစရာမလိုပါ Send ကို နှိပ်လိုက်ပါ။ ဖုန်းထဲက SMS တစ်ခါပို့စရာ ပိုက်ဆံ ရှိမှ REGISTER ကိစ္စပြီးမြောက်မှာ ဖြစ်တယ်။ နောက် Message ရေးရန် အကွက်ထဲမှာ စာရေးလို့ ရပြီဆိုတာနဲ့ စသုံးလို့ ရပါပြီ။ Version အမျိုးမျိုးရှိပေမယ့် ကောင်းမယ်ထင်တဲ့ ဒီ Version လေးကိုပဲ တင်ပေးလိုက်ပါတယ်။ အောက်က အဆင်ပြေမယ့် လင့်မှာ ဒေါင်း ယူနိုင်ပါတယ်။ ဒီဆောဝဲလေးအကြောင်း ပိုသိချင်တယ်ဆိုရင်တော့ www.autrien.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ touch screen ဖုန်းများအတွက် ဆော့ဝဲကိုလည်း အဲဒီမှာ ရယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ 189.53 KB
jar ဖုန်းအတွက်ပါ
Direct Download
MediaFire