Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, May 25, 2012

အဆင်ပြေ ဆုံး huawei c8650 root လုပ်နည်း


အရင်ဒေါင်း ထားနော် 
ဒီမှာဒေါင်းပါ

Recovery အရင် ခေါ် ရပါမယ် ။
ဖုန်းကို အရင်ပိတ်လိုက်ပါ ။ပြီးရင် Volume - ( အသံ လျော့ ခလုပ် )  + Power ခလုပ် ကို တွဲ ပြီး ဖိနိုပ် ထားပါ ။ စက်ဖွင့် လာပြီး လိုဂို မှာရပ်နေတဲ့ အထိ ဖိနိုပ်ထားပါ် ။
ပြီး ရင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက် ပါ ။ အဲ့ ထဲ မှာ C8650  Recovery  v2.1  နဲ့  update.zip  နှစ်ဖိုင် ထွက်လာပါမယ် ။
 အဲ့ ထဲ က C8650  Recovery  v2.1 ကိုဖွင့် ထားပါ။ပြီး ရင်  USB ကြိုးနဲ့ ကွန်ပြူတာ နဲ့ ဖုန်း ကို ချိတ်လိုက် ပါ  ။
ပြီးရင် စောစော က ဖွင့် ထားတဲ့  C8650  Recovery  v2.1 မှာ Enter ခေါက်ပေးလိုက် ပါ သူဘာသာ လုပ် ပြီး စက်ပိတ်သွားပါမယ် ။ခဏ နေ လို့ ထိ မပိတ် ရင် တော့ ဓာတ်ခဲ ထုတ် ပြီး ၅ စကန့် လောက် စောင့် ပြီးဓာတ်ခဲပြန်ထည့် ပါ ။
ပြီးရင် ဖြည်ထားတဲ့ ဖိုင် ထဲ က update.zip ကို မဖြည် ပဲ Memory card အသစ် သို့မဟုတ် အဟောင်းကို Formet ချ ပြီး မှ ကဒ် ထဲ ကို ကူးထည့် လိုက် ပါ ။ပြီးရင် Volume + ( အသံ ချဲ့ ခလုပ် )  + Power ကိုဖိနိုပ်ထားပါ ။ Recovery menu တက်လာ ပါမယ် ။
အဲ့ မှာ အပေါ် အောက် ရွှေ့ ဖို့ ကို Volume + & volume - နဲ့ လုပ်ပါတယ် ။ဝင် ဖို့ ကိုတော့ power ခလုပ် နဲ့ ၀င်ပါတယ် ။
တရုတ်စာတွေထဲ မှာ English လို update.zip ဆို တာလေး မြင်ရပါမယ် အဲ့ ထဲ ၀င်လိုက် ပါ ။ပြီး ရင် ဖုန်း ရဲ့ Touch ပေါ်
က back key (နောက် ဆုတ် တဲ့ ခလုပ်) ဘေး က မှန်ဘီလူးပုံလေး   ကို နိုပ် လိုက် ရင်  ကိုယ် ထည့် ထားတဲ့ update.zip ကို ထပ်တွေ့ ရပါမယ် ။အဲ့ ဒါကို power ခလုပ် နဲ့ ရွှေး ပေးလိုက် ပါ ။သူဘာ သူ root ဖြည်ပြီး စက် ပြန် တက် လာ ပါ မယ် ။
မတက် လာ ရင် တော့ ကိုဘာ ကို ဓာတ်ခဲ ထုတ် ပြီးပြန်ထည့် ဖွင့် လိုက် ပါ။ ပွင့် လာ ရင် super user ဆို တဲ့ အရိုးခေါင်းပုံ application ကို တွေ့ ရပါမယ် ။
အဲ့ ဒါဆို root ဖြည်လို့ ပြီးပါပြီ ။

မြန်မာဖောင့် သွင်းဖို့
ဒီမှာကြည့်ပါ

6 comments:

  1. c8800 ကိုလုပ်တာ ကွန်ပျူတာနဲ. ချိတ်တဲ့အချိန် ကွန်ပျူတာကမသိဘူးဖြစ်နေတယ်...အဲဒီ RECOVERY V2.1 က c8800 ကိုအလုပ်မလုပ်လို. လား။ enter ခေါက်လဲမထူးဘူး..စက်ကပိတ်မသွားဘူး။

    ReplyDelete
    Replies
    1. ကိုက် ပါ တယ် ။ driver မသိ လို့ ပါ . 91 pc suit for android ..exe နဲ့ ချိတ် ပြီး driver download လုပ် ပါ . ကွန်ပြု တာ ဆိုင် ရာ ဖုန်း ဆော့ဝ် ထဲ မှာ ရှိ ပါတယ် .

      Delete
  2. download မရတော့ပါ။site ညွှန်းပေးကြပါ

    ReplyDelete
    Replies
    1. ဒေါင်းလို့ ရပါတယ် ။ ကွန်နက်ရှင်ကြောင့် နေ မှာ ပါ ။

      Delete
  3. ကျွန်တော့် c8650က recovery ခေါ်မရတော့လို့ပါ logo မှာရပ်နေပြီး screen ကဖြူဖွေးသွားပါတယ် BATTERYဖြုတ်လိုက်မှ ပြန်တက်ပါတယ် အခုထိသုံးလို့ရနေပေမယ့် recovery ခေါ်မရလို့ root တောင်မလုပ်နိုင်ပါဘူး ကူညီပေးပါဗျာ

    ReplyDelete
    Replies
    1. အရင် သွင်း ထား တဲ့ recovery error သို့ မဟုတ် သွင်းတာ အဆင်မပြေ တာဖြစ် နိုင်ပါတယ် ။ဒီ နည်း အတိုင်းသာ သေ ချာ ပြန်လုပ် ကြည့် ပါ ကျွှန်တော် တော်တော် များများ စမ်းပြီး အဆင်ပြေ မှ တင်ထားပေးတာ ဖြစ်ပါတယ်။

      Delete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.