Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, November 19, 2012

Font changer မသုံး သင့် (အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်းလမ်း( )

Root လုပ် ပြီး မြန်မာ ဖောင့် ထည့် တဲ့ အချိန် မှာ ရွေး စရာ နည်း တွေ အများ ကြီး ရှိ ပါတယ် ။
TypeFresh ,  AndExplore , MMAS Font changer ,root explorer , Font changer .... စသဖြင့် ပေါ့ ။
အခု နောက် ပိုင်း MMAS Font Changer အသုံး များ ကြ တယ် ။သူ့ အားနည်း ချက် က ၂ ခု ပဲ ရှိ တယ်
 ၁။ တချို့ ဖုန်း တွေ မှာ china font ပျောက်တယ် ။
၂။ တခါ လေ ဖောင့် သွင်း ပြီး သား ကို ထပ် သွင်း ရင် software ကြောင်ပြီး စက် မတက် တော့ တာမျိုး ။
china font မသုံး ဘူး ဆိုရင် အဆင် ပြေ ပါတယ် ။သတိ ထားရ မှာ က ဖောင့် သွင်း ပြီးတာ နဲ့ အဲ့ apk ကို uninstall လုပ် လိုက် ပါ ။

နောက် ထပ် အသုံး များ တာ က Font changer.apk ပါ ။သူ ကတော့ တော်တော် များ များ ကို software ကြောင်ပြီး စက် မတက် တော့ တာမျိုး ဖြစ် စေ ပါတယ် ။
အဲ့ ကောင် တော့ လုံးဝ မသုံးသင့် ပါဘူး ။

ကျွှန်တော် အကြိုက် ဆုံး အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်း ကတော့ Root Explorer
နဲ့ ထည့် တာပါ ။

၁။ တရုတ် ဖောင့် လဲ ရတယ် ။
၂။ အဲ့ ဟာ နဲ့ ထည့် လို့ ဖုန်း တစ် လုံး မှ ဘာ မှ မဖြစ် ဖူး သေး ဘူး ။

အားလုံး ကို လဲ အဲ့ နည်း နဲ့ သုံး ကြ ပါ လို့ တိုက် တွန်း ချင် ပါတယ် ။

ဖုန်းကိုRoot လုပ်ထားဖို့တော့လိုပါတယ်
update အနေ နဲ့ China Font မပျောက် တဲ့ Font နဲ့ ပြန် ရေးထား တာ ပါ ။

ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ
Click here to download 

Click here to download 

zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
back ခလုပ် နဲ့ မထွက် နဲ့ အပေါ် ဆုံးမှာ ဖိုင်  အလွတ် ရှိ တယ် အဲ့ ဖိုင် ကို နိုပ်ပြီး ထွက် ပါ ။မဟုတ် ရင် copy ပျက် သွား ပါမယ် ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ညာဖက် အပေါ် မှာ(Mount R/W ) ကိုနိုပ်ပါ

R/o ပြောင်း သွားရင် ရပါပြီ ။မပြောင်း ရင် Root Exploer က root access မရလို့ ပါ ။





menu နိုပ်ပါ အခုဆိုရင်တော့ Paste ကိုနိုပ်လို့ ရပါပြီ ။
နိုပ်လိုက်ရင် Warning ဆိုပီး ရှိပီးသားလို့ လာပြပါလိမ့်မယ် overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပီဖြစ်ပါတယ် ( တချို့ စက်တွေကတော့ စက်ကို ReBoot လုပ်ပြီးမှ အလုပ်လုပ်ပါတယ်)
keyborad သွင်းဖို့ အတွက်ကတော့ အောက်ကလင့်မှာ keyboard ကို အရင်ဒေါင်းပါ
MyanDroid Soft Keyborad
FrozenKeyboard

ဒေါင်းပြိးတော့ install လုပ်လိုက်ပါ ။
install ပြီးရင်တော့  Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard or FrozenKeyboard  ကို select (အမှန်ခြစ်) ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာMyDroid Soft Keyboard or FrozenKeyboard  ကို ရွေးလိုက်ပါ။
အခုဆိုရင်တော့ အားလုံးသုံးလို့ ရပါပြီ။။
ကြိုက်တာ သုံး လို့ရအောင် နှစ် မျိုးထည့် ပေးထားပါတယ် ကျွှန်တော် တော့ FrozenKeyboard ပိုကြိုက် ပါတယ် ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ..


18 comments:

  1. အစ်ကို permission ပေးစရာလိုသေးလားခင်ဗျ..

    ReplyDelete
    Replies
    1. ၀င်ဝင် ချင်း root access တောင်းတာ ပဲ ပေးရပါမယ် ။ကျန် တာ မလိုပါဘူး ။

      Delete
    2. ဖြေပေးတဲ့အတွက် ကျေးဇူးပါအစ်ကို..

      Delete
  2. ကျနော့် samsung tab 2 10.1 /model no GT-P5110 ကိုအဲဒီအတိုင်း MM ဖောင့်သွင်းလိုက်တာ တရုတ်စာတွေပျောက်ကုန်လို့ အကိုရေ။။ကူညီပါဦးဗျာ

    ReplyDelete
  3. root exploer နဲ့ သွင်း တဲ့ နည်း ကို တ်ာတော် များများ စမ်းပြီး ပါပြီ ။မပျောက် ပါ ဘူး ။font မှား လို့ ဖြစ် ပါ မယ် ။font က 3.7 Mb ဆိုဒ် ရှိ ပါတယ် ။ တခြား က ဒေါင်း ထား တာ နဲ့ ဆို မရ ပါ ဘူး သေ ချာ ပြန် စမ်းပါ ။

    ReplyDelete
  4. စမ်းပြီးပြီအကိုရ၊ FACTORY RESET လဲချပြီးပြီ။တရုတ်စာပြန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲ အကို။ကူညီပါဦးဗျာ။

    ReplyDelete
  5. တစ်ခုခု ညှိနေလို့နေ မှာ ပါ ။firmware ပြန်ရေးလိုက်ပါ

    ReplyDelete
  6. အဲဒါဘယ်လိုရေးရမှာလဲ အကိုရ။ပြောပြပေးပါဦး

    ReplyDelete
  7. အစ်ကိုရေ ကော်ပီ မပေးလို့ဗျလုပ်ပါဦး sd card က r/w ဗျ system ထဲရောက်သွားပြီးရင် r/o ပြောင်းသွားရော သူ့ကိုကြည့်လို့ပဲရမယ်လို့ပြောပါတယ် အစ်ကိုပြောသလို r/o & r/w ချိန်းဖို့နေရာလည်း G510 huawei မှာမတွေ့လို့ပါ

    ReplyDelete
  8. ၀င်ဝင် ခြင်း root access တောင်းလား မတောင်း ရင် root မရ သေးလို့ ပါ ။

    ReplyDelete
  9. Sony xperia P lt22i ပါ မြန်မာဖောင့်သွင်းလိုက်တာ select languageနေရာက ဂျပန်နဲ့ တရုတ်စာတွေက အတုံးတွေဖြစ်ကုန်ပါတယ် ဆိုင်ကိုပြန်ပြောတော့မြန်မာဖောင့်ကိုပြန်ဖြုတ်မှရမယ်တဲ့ japan chine seက သုံးနေတာဆိုတော့မရှိလို့ မရပါဘူး အကြံပေးပါအုန်း ဆိုင်ကနေ ကီးဘုတ်ကို နားလည်မှု့လွဲပြီးဂျပန် နဲ့ တရုတ်ကီးဘုတ်ကိုထပ်ထည့်ပေးလိုက်ပါတယ် စာမရိုက်ရတာ ပြသနာမဟုတ်ပါဘူး ဖတ်လို့ မရတာက ပြသနာပါ

    ReplyDelete
    Replies
    1. sony xperia p lt22i 6.1.1.b.1.54 ပါ rootလုပ်နည်းလေးသိချင်ပါတယ် root ကြည်လိုက်တာလဲ အတော့်ကို စုံနေပီ.........

      Delete
  10. အကို ရေ xperia p lt22i 6.1.1.b.1.54 ပါ root ချင်လို့ပါ

    ReplyDelete
  11. Root Explorer နဲ့ လုံးဝအဆင်မပြေတဲ့ error ရှိတတ်လား အကို....ကျနော် c 8600 က လုံးဝ သွင်းမရလို့ပါ......

    ReplyDelete
  12. မရှိပါဘူး ။ခုတင် ပေး ထားတဲ့ root explorer သွင်းမရရင် တခြား ဗားရှင်း သွင်း ကြည့် ပါ ။

    ReplyDelete
  13. အကိုရေ အားလုံးတော့ပြေမယ် ထင်တယ် ကျနော်က iQ5 တလုံးဝယ်ပြီး ကိုယ့်ဘာသာကိုထည့်ကြည့်တာ ပြေဘူးဗျ ဘယ်လိုဖြစ်လဲဆိုတော့ ဇော်ဂျီအမည်ဆိုတဲ့ဖိုင်ကို ကော်ပီ ကူးပြီ မယ်နူး ထဲမှာ ပေ့(စ်)ရမယ်ဆိုတာကို လုံးနားမလည်ဘူးအကိုရေ အခုတော့ ကျနော် ဖုံး RO လဲရပြီ ကီးဘုတ်လဲတွေ့နေရပြီ
    စာရိုက်ရင်မမြင်ဘူး ဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲအကို ပြောပြပါဦးအကို










ိ

    ReplyDelete
    Replies
    1. ဒီမှာ ရေးထား တဲ့ အတိုင်း သေချာ ဖတ်လုပ် ပါ ။ ခင်ဗျား ပြော တာ တွေ ဒီမှာ မရေးထားပါဘူး ။ ဘာ ဇော်ဂျီ မှ မကူး ခိုင်းပါဘူး ။droidsanfallback ပါ ။ မီနုးထဲ လဲ မကူးခိုင်း ပါဘူး ။ system အောက် က font ထဲ ကူး ပါ ။ တကယ် လို့ ဒီလောက် ရှင်းရှင်းလေး ရေး ထား တာ နား မလည် ရင် ဆိုင် မှာ သွား ထည့် လိုက်ပါ ။

      Delete
  14. ကျေးဇူးတင်ပါတယ်အကို ကျနော် ကိုတော့ခွင့်လွတ်ပါ ကျနော်က ပြည်တွင်းမှာမဟုတ်လို့ပါအကို ဆိုင်ဆိုတာကလဲ ထိုင်းတွင်းတောတွင်းတနေရာမှာဆိုတော့ အခက်အခဲကြောင့်ပါအကို အခု ပြောပြတဲ့အတွက် တသက်စာမေ့မရအောင်ပါပဲ

    ReplyDelete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.