Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, April 30, 2013

Android ဖုန်း ၀ယ် မယ့် သူများ အ၀ယ်မ မှားရအောင် ဖတ်ဖြစ်အောင် ဖတ်ကြပါ

Android ဖုန်း ၀ယ် မည့် သူများ အ၀ယ် မမှား ရအောင် Mobile House မှ မန်ဘာ များ အတွက် Mobile House Admin ကိုရဲရင့်အောင် မှ ရေးပေး လိုက် ပါတယ် ။

ဖုန်း တစ် လုံး ၀ယ် ပြီး အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ၀ယ်ပြီး တဲ့ အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ ဟန်း ၊ နဲ့ စိတ်ညစ် ရတာ တွေ များ ပါတယ် ။ အဲ့ တော့ ကိုယ်ပေး တဲ့ ဈေး နဲ့ ရသင့် သလောက် မရ တာမျိုး တွေ ကြုံနေ ကြရပါတယ် ။

အကြောင်းတစ်ခုခု ကြောင့် ဖုန်း ပျက် ခဲ့ ပြီ ဆိုလျှင် ပြင် ဖို့ အတွက် လဲ ကြို မစဉ်းစား ပဲ ၀ယ် ကြတာကြောင့် ပျက် တဲ့ ချိန်ကြ မှ ပြင်မရ လို့ ဒုက္ခ ရောက် ကြတဲ့ သူတွေ လဲ မနည်း ပါဘူး ။

အဲ့ တော့ Android ဖုန်း တစ်လုံး ၀ယ်မည် ဆို ရင် ဘာတွေ ကြည့် သင့် လဲ ??

1. CPU speed
Brand များဖြစ် တဲ့ Sony , Samsung , HTC ,Huawei ,LG ,Moto စတာ တွေ က တော့ အချို့ ဆိုင်တွေ မှာ မေး နိုင်ပါတယ် ။ဆိုင်တိုင်း တော့ မသိကြဘူး ပေါ့ ဗျာ ။ အဲ့ တော့ ကိုယ် ၀ယ် ဖို့ ဆုံးဖြစ် ပြီး ရင်
Brand ထဲ က ဆို ရင် ဆိုင် မသွားခင် အရင် အောက်ကပေးထားတဲ့ လင့် မှာ ၀င် ရောက် ပြီး မိမိ ဖုန်း ရဲ့ အသေးစိတ် အချက် လက် တွေ နဲ့ CPU speed ကို လေ့ လာနိုင်ပါတယ် ။
အနိမ့် ဆုံး ၀ယ်ယူ သင့် သည့် CPU speed က တော့ 800 ဖြစ်ပါတယ် ။ များလေ ကောင်းလေ ပဲ ပေါ့ ။
CPU speed 800အောက် နည်း လျှင် ဂိမ်း များ ဆော့ မရခြင်း၊ ထစ်ခြင်း များ ။ဖုန်း သုံး လျှင် လေးခြင်း ၊ဟန်း ခြင်း များ ဖြစ် ပါတယ် ။ တရုတ်ဖုန်း များ မှာ တော့ application တစ်ခု သွင်းပြီး မှ ကြည့် ရှု နိုင်မည် ဖြစ် သည် ။ဆိုင် တွေ က တရုတ်ဖုန်း တော့ မသိတာ များပါတယ် ။တကယ် လို့ ကြိုက်ပြီ ၀ယ်မယ် သေချာ ပြီ ဆိုလျှင် CPU speed မေးပါ မသိ လျှင်  ဒီဆော့ဝ် ဒါ က CPU speed စစ်တဲ့ ဆော့ဝ် ပါ http://www.mediafire.com/?2ijq1s62ljbp3qy သွင်းပြီး စစ် ကြည့် လိုက်ပါ ။ များသော အားဖြင့် ဈေး နည်း လျှင် CPU speed နည်းတက်ပါတယ် ။တရုတ် ဖုန်း တွေ ကတော့ တချို့ ဟာ က ဟန်ပြ ပဲ  ပါတာတွေ ရှိပါတယ် ။ ဘယ်ဖုန်း ဖြစ်ဖြစ် သုံးတာကြာ လျှင် တော့ CPU speed ကျ လာပါတယ် ။ Brand နဲ့ တရုတ် ဖုန်း မှာ ကွာ တာက တော့ China ဖုန်း တွေ က ၆လ လောက် အတွင်း မှ CPU speed ကျ သွားပါတယ် ။
ဥပမာ -၀ယ် ချိန်က ၈၀၀ ဆိုပါတော့ ၆ လ အတွင်း 670 ,560 စသဖြင့် ကျ သွားတက် ပါတယ် ။


2. Internal storage

Internal storage က လဲ Android ဖုန်း တစ်လုံး အတွက် အရမ်း ရေးပါပါတယ် ။ အများ စု က မန်မိုရီ 8Gb ပါတယ် တို့ ၊ sd card 8Gb ဆိုဒ် လို့ ရတယ် ဆို တာ နဲ့ လုံလောက် ပြီ မှတ်နေ ကြပါတယ် ။
တကယ် က Internal storage နှင့်Phone stoage or Memory storage နှင့် sd card storage ဆို ပြီး ၃ မျိုးပါတက်ပါတယ် ။များသော အားဖြင့် Internal storage နှင့် sd card storage နှစ်မျိုး တော့ ပါပါတယ် ။
အဓိက စစ်ရမှာ က internal storage ပါ ။ တခြား ဟာ တွေ က အရေး မကြီး ပါဘူး ။
Game တွေ သွင်း ရင် sd storage  ထဲ သွင်းသွင်း Phone stoage or Memory storage ထဲ  သွင်းသွင်း Internal ထဲ မှာ တော့ run ဖို့ အတွက်  ၃ပုံ ပုံ ၁ ပုံ လောက် တော့ နေရာ ယူပါတယ် ။
ဥပမာ - 3Mb game တစ်ခု ဆိုပါ တော့ sd ထဲကို သွင်း တယ် သို့ ပေ မဲ့ Internal storage ထဲ မှာ 1 Mb Run နေ တာ ကို တွေ့ ရပါမယ် ။

Internal storage စစ်ဆေး နည်း

2.3.x version တွေ မှာ
settings - SD card and Phone storage သို့ Phone storage သို့ storage ထဲဝင်ပါ ။ အထဲ မှာ sd card နှင့် Internal Phone Storage ဆို တာပါပါတယ် ။Internal storage ဆို တာကို ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို ကြည့် ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။
 
 4.0.x , 4.1 , 4.1.2 version တွေ မှာ
 settings - storage ထဲဝင်ပါ ။ အထဲ မှာ sd card နှင့် Internal Phone Storage နဲ့ အချို့ ဖုန်း တွေ မှာ Phone storage or Memory Storage ဆိုပါပါတယ် ။Internal storage ဆို တာကို ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို ကြည့် ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။


3. ဈေးနှုန်း

ဈေး က တော့ များလား နည်း လား ဆိုတာ ထက် မိမိ ၀ယ်ယူ မည့် ဆိုင် က service ဘယ်လောက်ပြန် ပေး နိုင်လဲ ကြည့် ပါ ။ ဥပမာ - ၁ နှစ် အာမခံ မရတောင် ၃ ရက်အာမခံ တော့ ပေး ရပါမယ် ။ ၃ ရက် အတွင်း ချို့ ယွင်းချက် တစ်ခုခု တွေ့ ရင်ပြန်လည် လဲလှယ် နိုင် စေ ရန် အတွက် ပါ။ ကျွှန်တော် တို့ လဲ အာမခံ ၁ နှစ် မပေး ပါဘူး ။ဘာလို့ လဲ ဆိုတော့ ကျွှန်တော် တို့ ရတဲ့ အမြတ်က တစ်လုံး မှ ၂ ထောင် ၃ ထောင် မြတ် တာဖြစ် တဲ့ အတွက် အာမခံ ပေးဖို့ ဆို တာ မလွယ် ပါဘူး ။ ယခု ဆိုင် အများ စု ပေး နေတဲ့ အာမခံ ဆို တာ ကြုံ ဖူးသူ တိုင်း သိပါတယ် ။နည်းနည်း ပါးပါး လောက် ပျက်တာ လောက် ပဲ တာဝန် ယူပါတယ် ။ကျန် တာ က User false ပါ ပဲ ။ အဲ့ တော့ အာမခံ ပေးသည် ဖြစ် စေ မပေး သည်ဖြစ် စေ ၃ ရက် တော့ အာမခံ တောင်း ပါ ။ ပြီးတော့ မိမိ ၀ယ် မည့် ဖုန်း က ဥပမာ samsung galaxy Y ဆိုပါတော့ 90000 လောက်ပေး ရတဲ့ ချိန်မှာ ရတဲ့ ဖန်ရှင် တွေ ။ ကင်မရာ 3 Mag , internal storage 512 , cpu 800 စသဖြင့် ပေါ့ တခြား ဖုန်း နဲ့ နှိုင်း ယှဉ် ကြည့် ပါ ။ ဥပမာ huawei မှာ 90000 ၀န်း ကျင် မှာ ကင်မရာ 5 Mag ရချင်ရမယ် , internal 1Gb ရရင်ရမယ် ,cpu ၁၀၀၀ ဖြစ်ချင် ဖြစ်မယ် ။ အဲ့ လို မျိုး ချိန်ကြည့် ပါ ။ပြီး မှ နှစ်သက် ရာ ကို ၀ယ်ယူ ပါ ။

4. ပြုပြင် လို့ ရမရ

ဒါ လဲ အရေး ပါပါတယ် ။ဖုန်း ကိုင် ပြီ ဆို မှ တော့ ပျက် မှာ ပါပဲ ။ ပျက် ရင် ပြင် မရ ရင် ဘာ လုပ် မလဲ 3,4 သောင်းတန် က ထား ပြင် လဲ မတန် ဘူး ။ ၁ သိန်း ကျော် တွေ ဆို   တော့  ၂၀၀၀၀ လောက် ထိ ပြင် လို့ သင့် သေးပါတယ် ။အဲ့ တော့ ပြင် ဖို့ အတွက် အပိုပစ္စည်းလာမလာ ၊ ဆော့ဝ် ပိုင်း ဆို လဲ ရေးရမရ စ တာ တွေ ကို ဆိုင် မှ မ၀ယ် ခင် မေး ပါ ။အချို့ ဆိုင် တွေ က ရောင်းရပြီး ရော မလိမ့် တပတ် ပြောတက်ပါတယ် ။ဒီမှာ ရလား မရ ရင် ကော ဆို ပြီးသေချာ မေးပါ ။၅သောင်း အောက် ၀ယ် မယ် ဆို ရင် တော့ ၁၀၀၀၀ အောက် ပျက် တာ လောက် ပဲ ပြင်သင့် တဲ့ အတွက် အပို ပစ္စည်း မလာလဲ ကိစ္စ မရှိပါဘူး ။ Touch ဖြစ်ဖြစ် LCD ဖြစ်ဖြစ် တရုတ် Android ဖုန်း က လာ ရင် ၁၅၀၀၀ နှင့် အထက် ဈေး ရှိပါတယ် ။


5. အထွေထွေ

အထွေထွေ ဆိုတာ ကတော့ Wifi ,bluetooth , 3G internet , လိုင်းကောင်းမကောင်း စသဖြင့် ပေါ့ ။ ဒါ တွေက တော့  သိပ်တော့ အရေး မပါပါဘူး ။ စစ် ချင် ရင် တော့ စစ် ကြည့် ပါ ။

ကဲ Android ဖုန်း သုံး မည့် Mobile House မန်ဘာ များ ၊ မိတ်ဆွေ များ ဒါ လေး တွေ ကို စစ်ဆေး ပြီး ၀ယ် ယူသင့် ပါတယ် ။















ဆက်ဖတ်ရန်>>>

Monday, April 29, 2013

ဖုန်းချစ်သူများ အတွက် ဈေးသင့် မိုဘိုင်းလ် အမျိုးအစားများ

ဒီတစ်ပတ် Gadget ကဏ္ဍလေးအတွက် ဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့ Brand တံဆိပ် များထဲမှ အရည်အသွေး လည်းကောင်း၊ ဈေးနှုန်းလည်း သင့်တော်တဲ့ ဖုန်းလေးများကို မိတ်ဆက်ပေး လိုက်ပါတယ်။
Samsung GalaxyY
Samsung GalaxyY (GT-S5360) ဟာ ၃ လက်မ အရွယ် Touch Screen နဲ့ဖြစ်လို့ အခြေခံ Touch ဖုန်းတစ်လုံးရဲ့ Screen  အရွယ် အစား ဖြစ်ပါတယ်။
2GB မှာ RAM 290 MB ပါဝင်ပြီး ကင်မရာ
အရည်အသွေးက 2 MP ရှိပါတယ်။ Android 2.3.6 ပါ။ Stand by အနေနဲ့ နာရီပေါင်း ၈၅ဝ အထိ ခံနိုင်ပြီး စကားပြောချိန် ၁၇ နာရီကျော် ခံပါတယ်။ ၉၅ဝဝဝ ဝန်းကျင်နဲ့ဝယ်ယူနိုင်ပါတယ်။

HTC Desire C
HTC Brandထဲက 178 $  နဲ့ ဝယ်ယူနိုင်ပြီး ၁၈ လ Warranty ပေးထားတဲ့ ဖုန်းပါ။ ၃.၅ Touch Screen 4GB,RAM 512 MB တို့ ပါဝင်ပါတယ်။ ကင်မရာ ရုပ်ထွက် 5MP ရှိတာကြောင့် ရုပ်ထွက် မဆိုးဘူးလို့ ဆိုရမှာပါ။ Android 4.0.3 ဖြစ်တာကြောင့် Android version လည်း မြင့်ပါတယ်။

Sony ထဲမှ  Xperia E
Sony Xperia ထဲက ဆင်းကတ် နှစ်ကတ် သုံးနိုင်တဲ့ Xperia E ဟာ ၃.၅ လက်မ ထိတွေ့ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ 4GB,RAM 512 MB ပါဝင်ပြီး ကင်မရာ အရည်အသွေးက 3.15 MP ပါ။ Android 4.0.4 ဖြစ်ပြီး  ဈေးနှုန်း တစ်သိန်းခွဲခန့် ရှိပါတယ်။

LG ၏ Optimus LS
Optimus LS ဟာ ၄ လက်မ Touch Screen ရှိတဲ့ Android ဖုန်းကောင်း တစ်လုံးပါ။ သူသည် လည်း ဈေးနှုန်း တစ်သိန်းခွဲ ကျော်ခန့်ရှိပါတယ်။ 4 GB,RAM 512, ကင်မရာ 5MP,Android 4.0.3,1500 mA ဘက်ထရီ စတဲ့ အချက်အလက်များ ပါဝင်တဲ့ ဖုန်းကောင်း တစ်လုံးပါ။

ခရစ်ဒစ် myawady.com.mm
ဆက်ဖတ်ရန်>>>

Cdma 800 1500 တန် ဖုန်း များ Internet လိုင်း လျောက် နိုင်ပြီ

ယခုထွက် Cdma 800 1500 တန် ဖုန်း များ Internet လိုင်း လျောက် နိုင်ပါပြီ။

 ဈေးနှုန်း ၁၅၀၀၀ ။
 ကြာချိန် ၁ပတ်


ဆက်ဖတ်ရန်>>>

LG Optimus L5 E610/E612/E615/E617 Root လုပ်နည်း


လိုအပ်ချက်:

1). အားအပြည့်သွင်းထားသော LG Optimus L5 E610/E612/E615/E617.
2). My Root Package (အောက်မှာပေးထားပါတယ်)
3). “IS11LG_SystemBackupTest.signed.apk”

(အောက်မှာပေးထားပါတယ်)
  4). LG USB Drivers




Installation:



1). File Manager မပါရင် “ASTRO FILE MANAGER” ကို သွင်းလိုက်ပါ။
  2.“System Settings” >> “Developer Options” >> “Enable USB Debugging”.







3).  “System Settings” >> “Security”” >> “Enable Unknown Sources”.
အကိုလဲ အမှန်ချစ်ပေးပါ.





4).
root package  ထံမှာပါတဲ့ “IS11LG_SystemBackupTest.signed.apk” ကို သွင်းပါ။



5). sd ကဒ်ထဲ ထည့်ထားရင် file manager ထဲ ကနေသွာသွင်းလိုက်ပါ.
6).ပြီးရင်  “Charge Only Mode”မှပြန်ထားပါ ။



7). သွင်းပြီး ရင် အဲ့ application ကိုဖွင့်လိုက်ပါ  “Hello World”လို့ တက်လာပါမယ် ။အဲ့ ဒါ ဆို ဖုန်း ကို restart ချလိုက်ပါ ။


8). အားလုံးပြန်တက် လာရင် ကြိုးထိုးလိုက်ပါ ။ပြီးရင် ဒေါင်းထားတဲ့ folder ထဲက “root.bat”ကို ဖွင့်လိုက်ပါ ။ပြီးရင် enter ခေါက်ပေးလိုက်ပါ ။

9).reboot ကျသွားပါမယ်။တက် လာ ရင် Root ဖြစ်ပါပြီ ......
Attached Files
File Type: 7z My Root Package.7z - [Click for QR Code] (3.72 MB, 3231 views)
File Type: apk IS11LG_SystemBackupTest.signed.apk - [Click for QR Code] (153.7 KB, 2743 views)
ဆက်ဖတ်ရန်>>>

Sunday, April 28, 2013

T8828 ရဲ့ အမှန်တကယ် Root ရပါပြီ


One of the God Phone လို့အမည်ပေးထားတဲ့ T8828 ရဲ့ အမှန်တကယ် Root ရပါပြီ ..။

Huawei T8828 ကို One of the God Phone ဆိုပြီး နာမည်ကြီးနေတဲ့အတွက် User တွေအနေနဲ့ Myanmar Font တွေသွင်းမရတာ အခြား Root ရမှ ရတဲ့ Application တွေ သွင်းမရတာကို ကြိတ်မနိုင်ခဲမရ ဖြစ်နေတာကြာပါပြီ ....။

ခုတော့ T8828 ကို အောင်မြင်စွာ Root နိုင်ပါပြီ ...။

ပထမဦးဆုံး မိမိတို့ ကွန်ပျူတာမှာ Driver ရှိရမှာဖြစ်ပါတယ် ...။ Driver သွင်းဖို့အတွက်ကို PC suite တွေနဲ့သွင်းထားလိုက်ပါ ...။

ပြီးရင် ကျွန်တော်ပေးတဲ့ ဇစ်ဖိုင်လေးကိုဖြည်ထားပါ ... ။

sd card ကို format ချပေးပြီးတပ်ပေးထားပါ ။

phone ကို battery ဖြုတ်ပြီး 5s လောက်စောင့်ပေးပါ battery ပြန်တပ်ပြီးတော့ Recovery mode ကိုဝင်ပေးပါ ...။ Recovery mod ၀င်နေတဲ့အချိန်မှာ ကွန်ပျူတာနဲ့ကြိုးကိုချိတ်ပါ ... ။

တစ်ခုသတိပေးချင်တာက manual ပဲဝင်ပါ recovery mod ကို ...။ adb ကနေမ၀င်ပါနဲ့ ...။

ဒါဆို အိုခေ root.bat ကို Run ပေးပါ ...။ press any key လို့ပေးလာတဲ့အခါ ကြိုးကို ဆွဲဖြုတ်ပါ ... ။ recovery mod က apply update from sd card ကိုရွေးပြီး 8828.supk ကို install လုပ်ပေးပါ ... ။ progress bar ပြည့်ပြီး ပြီးသွားတဲ့အခါ battery ကိုဖြုတ်ပေးပါ ပြန်ပြီး power on လိုက်တဲ့အခါ မိတ်ဆွေတို့လိုချင်တဲ့ root ရပါပြီ ...။

စမ်းသပ်ပြီး 200% အလုပ်လုပ်ပါတယ် .... ။

ကူညီစမ်းသပ်ပေးပါသော Range Measurer နှင့် မင်းဟိန်းလုံ (ကြောင်စုတ်) ကိုအထူးပင်ကျေးဇူးတင်ရှိပါသည် ...။

ဖိုင်ကိုဒီမှာဒေါင်းပါ -----------------> 
(1) . http://d-h.st/k2L
 
(2).  http://www.mediafire.com/?1mc06fc5htv92kv

reference : bbs.anzhi.com
credit to : စိုင်းအာကာ
 
Credit to : Libra Mobile Phone Service
ဆက်ဖတ်ရန်>>>

MT6577/MTK6577 cpu သုံးထား တဲ့ android ဖုန်း ကို အဆင့် ၅ဆင့် နဲ့ လွယ်လွယ်လေး root မယ်

MT6577/MTK6577 cpu သုံးထား တဲ့ android ဖုန်း  တွေ အထူးသဖြင့်  china ဖုန်း ကို စမ်း Root ကြည့် ပါ ။ မရ တဲ့ ဖုန်း လဲ မရပါဘူး ။တချို့ ဖုန်း က သူ့ အတွက် သီးသန့် နည်း နဲ့ လုပ် မှ အဆင်ပြေ တာ လို့ ပါ ။စမ်းကြည့် တာ တော့ မမှားပါဘူး။



1. MT6577 device ရဲ့ USB driver  လိုအပ်ပါတယ်

မရှိသေး ရင် ဒီမှာ ဒေါင်းပါ : MT65XX-USB-Driver.

သွင်းနည်းက တော့ မရေးပေးတော့ ပါဘူး ။

"Developer Mode" ကို အမှန်ခြစ် ပေးရပါ
go to settings-> developer options->usb debugging ကိုအမှန်ခြစ်.

Click image for larger version. 

Name: QQ截图20121217105741.jpg 
Views: 37 
Size: 18.6 KB 
ID: 8410

Click image for larger version. 

Name: QQ截图20121217105812.jpg 
Views: 51 
Size: 42.2 KB 
ID: 8411

2 . Rooting tool ကိုဒေါင်းပါ
Download here

ရလာတဲ့ ဖိုင် ကို ဖြည် ချ လိုက်ပါ ။အထဲ မှာ ပါတယ် run.bat ကို ဖွင့်လိုက်ပါ ။ ပြီးရင် ကြိုးထိုး ပြီး 1 ကို နိုပ် ပြီး Enter ခေါက်လိုက်ပါ ။
Click image for larger version. 

Name: root1.jpg 
Views: 143 
Size: 53.3 KB 
ID: 8412

3. driver သိ ရင် သူဘာသူ အလုပ်လုပ်နေပါမယ် ။
Click image for larger version. 

Name: root2.jpg 
Views: 176 
Size: 92.5 KB 
ID: 8413

4.ခဏနေ ဖုန်းမှာ  ''Restore my data"လို့ ပေါ်လာရင် နိုပ်ပေးလိုက်ပါ
Click image for larger version. 

Name: root3.jpg 
Views: 72 
Size: 34.2 KB 
ID: 8414

5. ပြီးရင် အလိုလျောက် reboot ကျ ပါမယ် ။မကျ ရင် ချ ပေးလိုက်ပါ ။ပြန်တက် လာ ရင် သင့် ဖုန်း Root ရသွားပါပြီ ။
Click image for larger version. 

Name: QQ截图20121217111338.jpg 
Views: 55 
Size: 49.7 KB 
ID: 8415


ဆက်ဖတ်ရန်>>>

Thursday, April 25, 2013

one click tools ဖန်တီးလို သူ အတွက် Tool Master

ဆော့ဝ် ပိုင်း လေ့ လာ နေ ကလိ နေ တဲ့ သူ တွေ အတွက် စမ်းချင်ရင် စမ်း ရအောင်  ပါ ။

လိုအပ်ချက်
Notepad ++ ဆော့ဝ် သွင်း ထားရပါမယ် ။မရှိ ရင် ဒီမှာ ဒေါင်းပါ ။
batch programmin နဲ့ ပတ်သက် ပြီး အခြေ ခံ သိထားရပါမယ် ။

 Steps
1. Tool Master ကို ဒီမှာ ဒေါင်းပါ ။

2. ရလာတဲ့ ဖိုင်ကို ကွန်ပြူတာ မှာ ဖြည်ချလိုက် ပါ ။အောက်က ပုံ ကလို တွေ့ ရပါမယ် ။



3.Tool Master exe ဖိုင် ကို ဖွင့်လိုက်ပါ ။

4. ပြီးရင် အောက် ကပုံ လေး တွေ လေ့ လာပြီး ကလိ ကြည့် လိုက်ပါ တော့ ။




 











ဆက်ဖတ်ရန်>>>

MTK6589 CPU သုံးတဲ့ China Android ဖုန်း အတွက် Root Tool (Star N9500 ကောရပါတယ် )


 MTK6589 CPU သုံးတဲ့ Android ဖုန်း အတွက် Root Tool ပါ ။တရုတ်ဖုန်း တွေ မှာ အသုံးများပါတယ် ။
သုံးနည်း
--------------------------------------------------------------------------------
1. http://www.mediafire.com/?i9t64jmbddvk7b6
2.ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ ။
3.USB driver သွင်းထားပါ ။မရှိရင် 91suit for android သွင်းထားပါ ။
4.USB Debugging mode ကိုဖွင့် ထားပါ ။
5.ဖြည်ထားတဲ့ဖိုင်ထဲ က run.bat ကို ဖွင့် ပြီး Enter ခေါက်လိုက်ပါ ။

....



ဆက်ဖတ်ရန်>>>

Wednesday, April 24, 2013


ဆက်ဖတ်ရန်>>>

G510-0010,Android 4.1,Emotion firmware


Huawei Ascend G510 (G510-0010,Android 4.1,Emotion UI,V100R001C17B173,).

554.31MB
download 
ဆက်ဖတ်ရန်>>>

Huawei u8825-1 offical firmware

u8825-1 Firmware ကို ဒေါင်း ပြီး ခါတိုင်း လို dload ထဲ နဲ့ တင် လိုက်ပါ ။
Download anyway နိုပ်ပြီးဒေါင်းပါ ။



....
ဆက်ဖတ်ရန်>>>

Sunday, April 21, 2013

PES 2012 ရဲ့ apk+data ကို Android မှာ အလွယ်တကူသွင်းမယ်

တချို့ က ဘယ်ထဲ ထည့် ရမလဲ မသိ လို့ ပဲဖြစ်ဖြစ် data ဒေါင်း လို့ အဆင်မပြေ ဖြစ် လို့ မဆော့ရတဲ့ သူ တွေ အတွက် easy installer ပါ ။ဖုန်းကို ကြိုး ထိုးလို့ driver သိ ပြီ ဆို ရင် ဒေါင်း ထားတဲ့ .exe ဖိုင် လေး ဖွင့် ပြီး Enter တစ်ချက်ခေါက် ပေးလိုက်ပါ ။သွင်း တာ ၃ - ၅ မိနစ် လောက် ကြာပါတယ် ။

Download here
 http://www.mediafire.com/?z78o8ay8qubdai6

ဆက်ဖတ်ရန်>>>

Saturday, April 20, 2013

***Game တစ်ခုလုံးကို iOS Device တစ်ခုကနေအခြားi Device ကို Transfer လုပ်နည်း***

facebook က နေ ဝေမျှ ပေး တဲ့ ဝဏ္ဏ သိင်္ခ ကိုကျေးဇူးတင်ပါတယ်။

ကျနော်တစ်နေ့ကကျနော့် iPhone မှာ Cydia ပျက်သွားတာနဲ့ iOS ကကြောင်တောင်တောင်ဖြစ်သွားတယ်..ဒါနဲ့ iOS Update မဖြစ်မနေ
လုပ်ဖို့ အခြေအနေတစ်ခုပေါ်လာတယ်..ဒါနဲ့ Smurf Game ကလဲ Level 41 ရောက်အောင်ဆော့ထားတာဆိုတော့အတော်စဉ်းစားရကြပ်
သွားတယ်..ဒါနဲ့ အင်တာနက်ကရှာကြည့်တော့ ဖြစ်နိုင်တဲ့နည်းလေးကိုစဉ်းစားမိတယ်.. ရှာတွေ့ တာက iFile တင်ထားတဲ့ iDevice က
သူရဲ့ System File ဆီကို iFile ကတစ်ဆင့်သွားလို့ရတယ်ဆိုတာပါပဲ ကျနော့် Error တက်သွားတဲ့iOS Device ရဲ့ Version က 5.1.1
ပါ… iOS ရဲ့ တင်လိုက်သမျှApplication တွေအကုန်က var/mobile/application ထဲမှာသိမ်းထားတာပဲဖြစ်ပါတယ်…Game တစ်ခုကို
Folderတစ်ခုနဲ့ သိမ်းထားတာတွေ့ ရပါလိမ့်မယ်..ဘယ် Folder ကဘယ်ဂိမ်းလဲဆိုတာကိုသိချင်ရင်တော့ iFun Box ကိုသုံးပြီးတော့
ကျနော်ပြောတဲ့ Location ကိုသွားပြီးတော့ ကိုယ်သိမ်းချင်တဲ့ App (သို့မဟုတ်)Game ကိုPC ပေါ်အရင် Back Up လုပ်ဖို့လိုပါတယ်.
ဒါကတော့နိဒါန်းပါ..အောက်မှာလုပ်ပုံအဆင့်ဆင့်နဲ့ လိုအပ်တဲ့ File တွေညွန်းပါမယ်..

၁။ ။ သင့်ရဲ့ iOS က Jailbroken ဖြစ်နေဖို့လိုပါတယ်
၂။ ။ iFile လိုပါမယ် (Cydia ကိုသွား iPhoneဆို Manage ထဲက Source ကိုသွား Edit ကိုနှိပ် ပြီးရင် Add ပေါ်လာပါမယ် အဲဒီAdd ကိုနှိပ်
Boxတစ်ခုကြလာမယ် http://apt.thebigboss.org/repofiles/cydia ကိုAdd ပါ..ပြီးရင် Search Box ကနေ iFile ကိုဝင်ပြီး Install လုပ်
လိုက်ပါ... iPad အတွက်ဆိုရင် Cydia သွား ပြီးရင် Source ဆိုတာကိုဝင် Editနှိပ် Add ပေါ် Addကိုနှိပ် အပေါ်က Link ကိုပဲAddလိုက်ပါ
Add ပြီးလို့ OK နှိပ်ပြီး… ဘောက်တစ်ခုကြလာပါလိမ့်မယ်.. Add Anyway သာနှိပ်လိုက်ပါ..
၃။ ။ iFunbox လိုပါမယ် (ဒီကဆွဲ http://www.mediafire.com/?8af0yo24825z12f )
၎။ ။Game Backup လုပ်ဖို့ Computer မှာ Free Spaceအနည်းငယ်လိုပါမယ်..
၅။ ။iFile သွင်းဖို့ အင်တာနက်လိုပါမယ်..

အရင်ဆုံး iFile ကိုသွင်းထားပါ…ပြီးရင်ကွန်ပျူတာနဲ့ မိတ်ဆွေရဲ့ iDevice ကိုချိတ်လိုက်ပါ…လက်ရှိကိုယ့်ရဲ့စက်ထဲမှာရှိတဲ့
ကိုယ်Backup လုပ်ချင်တဲ့ Game ရဲ့ Version ကိုကြည့်ထားပါ…အရေးကြီးပါတယ်.. Version မတူရင်မရပါဘူး..Versionဆိုတာ
iOS Version မဟုတ်ပါဘူးသေချာအောင်ပြောတာပါ.. Gameရဲ့ Versionပါ.. ကိုယ်Backup လုပ်မယ့်Game နဲ့ Version တူ
Game ကိုလဲ Downloadဆွဲထားဖို့လိုပါမယ်.. download.pandaapp.com မှာစုံပါတယ်.. ဒါတွေလုပ်ပြီးရင် iFunbox ကိုဖွင့်လိုက်ပါ
ပြီးရင် ကိုယ့်ရဲ့ iOS Device နာမည်ပေါ်နေပါလိမ့်မယ်..မပေါ်ရင်ကြိုးဖြုတ်ပြီးပြန်တတ်ပါပေါ်လာပါလိမ့်မယ်..
ပြီးရင် အဲဒီ ကိုယ့် iOS Device ရဲ့နာမည်ပေါ်နှိပ်ပါ…ဘေးကဘောက်ထဲမှာ General Storage တို့ App Share တို့ပေါ်လာပါလိမ့်မယ်
အဲဒီထဲက Raw Filesystem ကိုဝင်လိုက်ပါ အဲ့ဒီထဲကနေ var/mobile/application အောက်ကိုရောက်အောင်သွားပါ…
ပြီးရင် Game App တွေပုံနဲ့တကွပြပါလိမ့်မယ် ကိုယ့်Backup လုပ်ချင်တဲ့Game ပေါ်မှာ Right Click နှိပ်ပါCopy To PC ကိုနှိပ်ပြီး
Location ရွေးပြီးသိမ်းလိုက်ပါ..သေချာလုပ်ပါ…မမှားပါစေနဲ့ မှားပြီးဖျက်မိတာတို့သေချာမသိမ်းမိတာတို့ဆိုရင်တော့ကယ်လို့မရတော့
ပါဘူး…သိမ်းပြီးပြီဆိုရင် ကိုယ်သိမ်းလိုက်တဲ့ Folder ကိုဖွင့်ကြည့်ပါ…Document ဆိုတဲ့ Folderရယ် Library ဆိုတဲ့ Folder ရယ်
Game Logo နှစ်ခုရယ် Tmp Folder ရယ်တွေ့ ရပါလိမ့်မယ်..အဲ့ဒီထဲက Document Folder ကအရေးကြီးဆုံးပါ…Game ဆယ်ခု
လုံးBackup လုပ်ချင်ရင်ဆယ်ခုလုံး Backup လုပ်ထားပါ..အားလုံးပြီးပြီဆိုရင်တာ့…စိတ်ချလက်ချ iOS Update လုပ်လို့ရပါပြီ…

သေချာစမ်းပြီးသားပါ…

Game Update လုပ်ပြီးပြီးဆိုရင်… Jailbreak ပြန်လာပါ..ပြီးရင် iFile ကို Install ပြန်လုပ်ပါ..
ပြီးရင်ခုနကဆွဲထားတဲ့ Version တူ Game ကိုပြန်တင်ပါ..ပြီးရင် အဲဒီ Game ကိုဖွင့်ပြီးပြန်ပိတ်ပါ..အပြီးပိတ်ပါ. Process မကျန်ပါစေနဲ့
အားလုံးပြီးပြီဆိုရင်တော့ iFunbox ကိုဖွင့်ပါ..ခုနကအတိုင်း Application ထဲရောက်အောင်ပြန်သွားပါ..ပြီးရင် ကိုယ်ခုနကထည့်တဲ့
Game icon ကိုနှိပ်ပြီးသူ့ထဲရောက်အောင်ဝင်လိုက်ပါ…ခုနက Desktop ပေါ်မှာသိမ်းထားတဲ့အတိုင်း Document Folder Tmp Folder
Library Folder ကိုတွေ့ပါလိမ့်မယ်..ပြီးရင် ကိုယ် Backup လုပ်ထားတဲ့ Folder ထဲသွားပါ…အဲ့ဒီထဲကကိုယ်သွင်းထားတဲ့ Game Folder
ထဲက Document Folder ကို Copy လုပ်ပြီး ခုနကဖွင့်ထားတဲ့ iFunbox မှာပေါ်နေတဲ့ Document Folder နေရာကို Paste လုပ်လိုက်ပါ
Overwrite တောင်းလဲ Overwrite လုပ်လိုက်ပါ..ပြီးရင်ပြန်ပိတ်ပါ..ဂိမ်းကိုဖွင့်ကြည့်ပါ..အရင်ဆော့ထားတဲ့ Level အတိုင်းပြန်တွေ့ ရပါလိမ့်
မယ်…အဲဒီနည်းအတိုင်း Version တူဂိမ်းကို iPad ထဲ Install လုပ်ပြီး အထက်ပါနည်းအတိုင်းလုပ်လိုက်ပါက iPad ထဲတွင်လဲမိမိအရင်
ဆော့ထားတဲ့ Level အတိုင်းတွေ့ ရပါလိမ့်မယ်… ပြီးပါပြီ အားလုံးပြုံးပျော်နိုင်ကြပါစေ…

ရေးသားသူ ဝဏ္ဏ သိင်္ခ (Nice IT & Mobile Solution)
ဆက်ဖတ်ရန်>>>

Lenovo S890 recovery & ROOT လုပ်နည်း

Advanced recovery for Lenovo S890
TWRP Recovery v2.3.2.3

h010G0w306206439.jpg

ပြင်ရမည့်  ဖုန်း တွေ အရမ်း များ နေ လို့ မအားတာ နဲ့ ဘာသာ မပြန် ပဲ တင် ပေး လိုက်ပါတယ် ။ပုံ လေး တွေ နဲ့ ဆို တော့ အဆင် ပြေ မယ် လို့ မျော်လင့် ပါတယ် ။
 
Download:
1 - TWRP_for_S890.rar 5.2 MB 506 Downloads: 
 2 - New rekaveri  TWRP 2.4.4.0  or S890_recovery_TWR_2440.zip established through the first version of rekaveri as a normal update.zip And prizent: Root_by_Xakep.zip 1.17 MB 360 Downloads: After installing rekaveri copy file to the root of your memory card without unpacking, go to rekaveri and install this file. After rebooting the smartphone you will have access ROOTAttached File      

Attached File      

 
 Changes


 
How to get into recovery:
  • In the phone off push button power for 2 seconds, and an additional volume + and - and keep all three to enter the recovery ...
  • The utility Mobileuncle Tools (there is a store) select Into Recovery Mode .
Management in the recovery:
Touch Installation rekaveri: What you need:




  • Smartphone (charge not less than 30% - for the safety net, since the first launch eats up a lot of energy)
  • Windows PC HR/7/8 x64 or x86 (RECOMMENDED Windows 7 x86)
  • Cord for connection to PC
  • Clear head and steady hands by
Instructions:
  • Download and install on your computer USB Drivers . Refers to the driver package for the firmware on the phone (spec modes)
  • Download rekaveri and scatter file and unzip the file into the root PC (any) to the folder with the Latin name. The folder name can not contain Russian letters or characters. All you need, including utility proshivalschika in the archive with the firmware present initially (referring to the official firmware). In the case of custom bikes, will have to download separately. attach the utility from the latest official firmware Russian: UpgradeTool.zip 18.91 MB
  • Set the mode driver firmware - for those who have set-miss.
    on the PC (for example Windows 7) to open the Device Manager. To do this 
    , right-click the mouse do to my computer on the 
    desktop-properties-device manager
  • bf9ec345c7edc5781efdd20a23ead4dc_1.png
  • 65ca8feab003beefe9b8d7ce998a0bc4_2.png
  • Unpack the driver special regimes at any convenient place.
  • Connect a 
    smart phone without the battery to the PC. 2 seconds in the manager there 
    an unknown device ... Rapidly until it disappeared-Tapao on it-in the 
    window that appears, click Update driver software and set the path where we 
    extracted the driver. if you have done everything correctly - that when you 
    connect your smartphone OFF for 2 seconds will appear 
    the following device:
  • 50a7907d0e08b9dbea034b8397a933b6_5.png
  • Now, you can put the firmware.
  • Start the program Flash_tool.exe - it lies with the firmware folder in the subfolder P770_UpgradeTool
  • post-2-0-43776200-1357731874_thumb.jpg
  • Press the Scatter-Loading, go to the folder with the firmware in a subfolder target_bin and select the file MT6577_Android_scatter_emmc.txt
  • post-2-0-78373700-1357731874_thumb.jpg
  • Press the DOWNLOAD
  • Without inserting the battery, connect the device to your computer via USB. Firmware will start automatically.
  • Wait until the firmware (it can take a while) At the end of the firmware will see the following window.
  • post-2-0-92493600-1357731875.jpg
  • Disconnect the USB device from the computer.
  • Insert the battery.
  • Turn on the machine.




ဆက်ဖတ်ရန်>>>

ဖုန်း ရေ၀င် လျှင် ဘာလုပ် သင့် လဲ ????

ဖုန်း ရေ၀င် လျှင် ဘာလုပ် သင့် လဲ ????

 သင်္ကြန် ရောက် ခါ နီးပြီ ဖြစ် တဲ့ အတွက် ဖုန်း ရေ ၀င် လျှင် ဘာလုပ် သင့် လဲ ဆို တာလေး ကို Mobile House မှ service ကျွမ်းကျင် သူ ကို ရဲရင့် အောင် မှ ပြော ပြပါမယ် ။ ဒီ ပို့ ကို ဖတ် ပြီး ကြိုက် တယ် ကျေးဇူး တင်တယ် ဆို Like ပေး ပါ ။ သူငယ် ချင်း တွေ လဲ သိ အောင် လို့ ရှယ် ပေး ကြ ပါ ။

 ရေ ၀င် လျှင် ဘာ လုပ် ရမ လဲ နဲ့ ပတ်သက် ပြီး တော့  ဂျာနယ် တွေ မှာ အမျိုး မျိုး ရေး ကြ သလို ကိုယ် ထင် သလို ပြော နေ ကြ တာ တွေ လဲ ကြားဖူး နေ ကြ မှာ ပါ ။ အဲ့ ဒါ တွေ မေ့ လိုက် ပါ တော့ ခု ပြော မဲ့ နည်း ကို Mobile House မှ service ကျွမ်းကျင် သူ တစ်ယောက် က ဖုန်းကိုင် တဲ့ သူ တွေ အားလုံး အတွက် အကောင်း ဆုံး နည်း ကိုပြောပြ ပေးပါမယ် ။

အောက်က ပြော တဲ့ အဆင့် တွေ ကို သာ သေချာ လိုက်နာ ပါ က သင့် ဖုန်း ပြန် ကောင်းဖို့ 80% သေချာပါတယ် ။ တကယ် လို့ သာ မလုပ် ခဲ့ ဘူး ဆို ရင် တော့ ပျက် ဖို့ 80% ဖြစ်သွားပါမယ် ။

ဖုန်း ရေ၀င်လျှင် အရင် ဆုံး ချက်ခြင်း ဓာတ်ခဲ ထုတ် ပါ ။ လုံးဝ ပြန် မထည့် ပါ နဲ့ ။

ဘာကြောင့် ဓာတ်ခဲ ထုတ် သင့် လဲ ဆိုတော့  အောက် ကပုံ ကြည့် ပါ ။







ဓာတ် ခဲ ရဲ့ အပေါင်း အနှုတ် ဟာ ရေ နဲ့ ထိ လျှင် လျှပ် ပူး ပြီး သူ့ လမ်းကြောင် ပေါ် က ရှိ တဲ့ အရာ အားလုံး ကို ရှော့ ဖြစ် စေ ပါတယ် ။

ဝင်ထားသော ရေ သည် ၁၀ ရက် အထိ မခြောက်နိုင် သော ကြောင့်  ဓာတ် ခဲ ပြန် မထည့် သင့် ပါ ဘူး ။

ဂျာနယ် တွေ နဲ့ အချို့ သူ တွေ သိ နေ သော နည်း လမ်း များ မှာ အသုံး မပြု သင့် ပါ ဘူး ။
ဥပမာ- နေပူ လှန်း ခြင်း ၊ hair dryer ဖြင့် အပူ ပေး ခြင်း စတဲ့ နည်း တွေ ပါ ။

ဘာ ကြောင့် လဲ ဆို တော့  power ic , CPU , memory ic နှင့် အခြား ic များ အတွင်း သို့ ၀င် ထား သော ရေ သည် ထို ကဲ့ သို့ နည်း များ နဲ့ မ ခြောက် နိုင်ပါ ။ အောက်ကပုံ ကြည့် ပါ ။

 အပူ ပေး ခြင်း ဖြင့်  IC အတွင်း ရှိ ရေ သည် ရေငွေ့ ပြန် ပြီး ခဏ နေလျှင် အဲ့ ရေ များသည် နဂို နေ ရာ သို့ ပြန် လည် ရေကျ စေသည့် အတွက် မည်မျှ အပူ ပေး နေစေ IC ထဲ ရှိ ရေ များ သည် ခြောက် မည် မဟုတ်ပါ ။  ထို့ ကြောင့် စတဲ့ အပူ ပေး ပြီး ခြောက် စေတဲ့ နည်း နဲ့ မသုံး သင့် ပါ ဘူး ။

             

ဖုန်း ရေ ၀င် လျှင် ဘာကြောင့် ပါဝါ ဖွင့် ကြည့် ကြ လဲ ???

လူ တွေ ရဲ့ စိတ်အမျိုး မျိုး ရှိပါတယ် ။ တချို့ က ပိုက်ဆံ ကုန် မှာ ကြောက် လို့ ၊ တချို့ က ကိုယ် တိုင် ကလိ ချင် လို့ ၊ တချို့ က ဂျာနယ် တွေ နဲ့ အချို့ သူ တွေ ရဲ့ ပြော စကား နားယောင် ပြီး လိုက် လုပ် ကြည့် ပြီး ကောင်ပြီထင်ပြီး ဖွင့် ၊ အများစု က တော့ ရေ၀င် ထားတဲ့ ဖုန်းကို ခြောက်လောက်ပါပြီ ပါဝါ လာ မလာ သိချင်လို့ ပြန် ဖွင့် ကြည့် ကြ တာပဲ ။ ဖွင့် ကြည့် ဖို့ ဓာတ်ခဲ ထည့် လိုက် တာ နဲ့ လျှပ် စီး စ၀င် ပါပြီ ။စက် ဖွင့် တာ နဲ့ ic ထဲရှိ ရေ များ ကြောင့် ic တွေ အကုန်ရှော့ ဖြစ် စေ နိုင်ပါတယ် ။ ပါဝါ မပွင့် တော့ မှ ဆိုင် ပို့ ကြ တယ် ။ ပါဝါ ပွင့် တယ် ဘာ မှ မပျက် ဘူး ဆို ရင် ဆက် သုံး ကြ တယ် ။အဲ့ ဒါ မလုပ် သင့် တဲ့ အမှား တွေ ပါ ။

ဘာကြောင့် ဆက်မသုံးသင့် လဲ ???

 ရေ တွေ က ဘယ်နည်း နဲ့ ခြောက်ခြောက် ရေညှိ ဆိုတာ တက်ပါတယ် ။ အောက်ကပုံတွေ ကြည့် ပါ ။








အဲ့ ညှိ တက်နေ တာတေ က တဖြည်းဖြည်း စားပြီး သံ ဂျီး ကိုက် ပြီး သက်ဆိုင် ရာ ညှိ တက်နေ တဲ့ နေ ရာ တွေ တဖြည်းဖြည်း ပျက် လာပါတယ် ။ အဲ့ဒါ ကြောင့် ဆက် သုံး လို့ ရပြီး နောက် မှ စပီကာ တို့ မိုက် တို့ LCD တို့ Touch တို့ သုံး မရ တော့ တာ မျိုး IC ထဲ မှာ ညှိ တက်ပါ က လဲ အဲ့ IC ပျက် သွားပါမယ် ။
 အောက်ကပုံ ဆို ရေ၀င် ပြီး ၁ပတ် လောက် နေ တဲ့ ပုံပါ ။



 အဲ့  ဒါ ဆို ဘာ လုပ် ရ မလဲ ???

  ဓာတ်ခဲ ထုတ် ပြီး သာနဲ့ လုံး ၀ ပြန် မထည့် ပါဝါ မဖွင့် ပဲ နဲ့ ဆိုင် ကို သွား ပြ လိုက် ပါ ။ဘာကြောင့် ဆိုင် ပို့ ခိုင်း လဲ ဆို တော့ ဆိုင် မှာ က အကုန် ဖြုတ် ပြီး ရေ၀င် ဖုန်း တွေ ကို ပေါင်း တဲ့ ပေါင်းစက် နဲ့  ပေါင်း ပေးပါတယ် ။ပေါင်း ပေး တဲ့ အတွက် IC ကြား က ရေညှိ တွေ နှင့် ရေ တွေ အကုန် လုံး ထွက် အောင် ညှိ မတက်အောင် ကျွမ်းကျင် သူတွေ ရဲ့ ပညာ၊ အတွေ့ အကြုံ  တွေ နဲ့ စက်ပစ္စည်းတွေ  ပေါင်း ပြီး တော့ ပြုပြင်ပေး မှာ ဖြစ် ပါတယ် ။
အောက်က ပုံ တွေ က တော့ ဖုန်းပြင် လျှင် အသုံး များ သော စက်ပစ္စည်း များ


    ပေါင်းစက်

Digital Multimeter

Hot Air Gun Iron 2in1 Digital Soldering Station YX858D+

 Hot Air Gun


SOLDERING STATION (BEST QUALITY) YAXUN 936A
 SOLDERING STATION( ခဲ gun )


BEST Power Supply - ps-1302 d (220V)
 BEST Power Supply


Soldering PASTE YX 150g

Soldering PASTE


PCB Holder





  ပိုက်ဆံ ကုန် မှာ မကြောက် ပါ နဲ့ 

ဘာကြောင့် လဲ ဆို တော့ ဖုန်းဆိုင် တွေ များလာ တဲ့ အမျှ လက်ခ တွေက လဲ သိပ် မရှိ ပါဘူး ။ဖုန်း ပေါ်မူတည် ပြီး ၄၀၀၀ လောက် ကနေ ၁ သောင်း လောက် ထိ ပဲ ရှိ နိုင်ပါတယ် ။
သင်တို့ စဉ်းစား ကြည့် ပါ ဖုန်းဖြုတ် ခ တပ်ခ ၊ စက်နဲ့ ပေါင်းပေး ခ တကယ် စဉ်းစား ကြည့် ရင် သင်တို့ အတွက် အရမ်း တန်ပါတယ် ။ ၅၀၀၀ လောက် နှမျော ပြီး ဖုန်း ဆက်သုံး လို့ ရသေး လား ဖွင့် ကြည့် လိုက် လို့ ရှော့ ဖြစ် ပြီး ic ပျက် သွား ရင် ic အပို ၀ယ် လို့ ရရင် တောင် ၁ သောင်ခွဲ  က နေ ၁သိန်းခွဲ ထိ ရှိ ပါတယ် ။ သို့ ပေ မဲ့ ခုနောက် ပိုင်း ဖုန်း တွေ က IC မလာ တာ များ သလို တချို့ IC တွေ ကို ကော်လောင်း ပြီး အသေတပ် ထားတာကြောင့် လဲ လို့ မရနိုင် ပါဘူး ။

ကိုယ် တိုင် ကလိ တဲ့ သူတွေ အနေ နဲ့ ကလဲ ဖြုတ် တဲ့ ချိန် မှာ ပစ္စည်းတစ်ခုခု ပျက် နိုင် သလို စက် မရှိ တဲ့အတွက် IC အောက် တွေ ထဲ ထိ မဆေးကြော နိုင်ပါဘူး ။ ပါဝါ ပြန်တက် ရင် တောင် IC က နောက်ပိုင်း ကြာလာ ရင် ပျက်သွား မှာ ပါ ။

 ပါဝါ မဖွင့် ထားတဲ့ အလုံး ၁၀ လုံး မှာ ၈ လုံး ကောင်း နိုင်ပါတယ် ။100 မှာ 80 ပေါ့ ။

ပါဝါ ဖွင့် လိုက်တဲ့ အလုံး ကတော့  ၁၀ လုံး မှ ၈ လုံး ပျက် နိုင်ပါတယ် ။ ပြင် ရ တာ ရှိ သလို ပြင် မရ တာ လဲ ရှိ ပါတယ် ။

ဖုန်း ဆိုင် တွေ ကို ဘာကြောင့် အထင် မြင်မှား သင့် ????

ဆိုင်အများ စု က တန်ရာ တန်ကြေး ပဲ တောင်း တာပါ ။ ic လဲ ရမယ် လဲ လို့ ရတယ် ဆို Ic ဈေး နဲ့ လက်ခ နည်းနည်း ပေါ့ ။ဥပမာ IC 10,000 ဆိုလျှင် လက် ခ 5000 ဆိုပါ တော့ ဒီတိုင်း ဘာမှ မစဉ်းစား ပဲ ကြည့် မည် ဆို များ တယ် ထင်ပါမယ် ။ တကယ် က မများ ပါ ဘူး ။ဘာကြောင့် လဲ ဆို တော့ ဘယ် IC ပျက် လဲ သိ ခ ၊ အဲ့ IC ဖြုတ် ဖို့ စက် ၊ IC ခ တွေ က တကယ် စဉ်းစား မယ် ဆို သင်တို့ အတွက် လက်ခ ၅၀၀၀ ဆို တာ တန် လွန်း ပါတယ် ။IC လဲ လို့ မအောင် ခဲ့  ရင် အဲ့ ic ခ က ဆိုင်က ခံ ရတာ ဖြစ် ပါတယ် ။ဆိုင် ဖက် ကစဉ်းစားကြည့် ပါ ရရင် ၅၀၀၀ ။မရရင် ၁သောင်း အပြင် ပင်ပန်း ရတယ် ။ တခြားပစ္စည်းတွေ လဲ အဲ့ လိုပါ ပဲ ။ပစ္စည်း ဈေး ကို က ကြီး တာဖြစ် ပေ မဲ့ မသိကြ တော့ ဆိုင် ပို့ ရင် ပိုက်ဆံ ကုန် တယ် ထင် ကြ ပါတယ် ။ရေ၀င် ရင် များသော အား ဖြင့် စပီကာ ၊ နား စပီကာ ၊ မိုက်  ၊ LCD ။ touch စတာ တွေ ပျက် တက်ပါတယ် ။စပီကာ ၊ နား စပီကာ ၊ မိုက်  ကို ဖုန်း အများ စု ကတော့  ၅၀၀၀ ၀န်းကျင် ဖြင့် ပြုပြင် နိုင် ပါတယ် ။ဖုန်းပေါ် မူတည် ပြီး အချို့ ဖုန်း တွေ က တော့ ၁ သောင်း ကျော် သွား တာ တွေ ရှိတက် ပါတယ် ။ အထူး သဖြင့် ၂ သိန်း အထက် ပေးရတဲ့  ဖုန်း တွေ မှာ ပေါ့ ။
LCD (ရုပ်ပေါ် တဲ့ဟာ ) ၊ touch က တော့ ဖုန်း ပေါ် မူတည် ပြီး ဈေး အမျိုး မျိုး ရှိပါတယ် ။ တရုတ် ဖုန်း Touch ဆိုလျှင် ၈၀၀၀ မှ စပြီး ၃၀၀၀၀ အထိ အမျိုးမျိုး ရှိ သလို samsung တို့ sony, HTC , Huawei တို့ စတဲ့ ဖုန်း ကောင်း တွေ မှာ ဆို ၁၂၀၀၀ လောက် က နေ ပြီး ၂သောင်း . ၃ သောင်း .၄၊၅၊၆၊ရ သောင်း စဖြင့် အမျိုးမျိုး ရှိပါတယ် ။samsung note 2 ဆို လျှင် LCD နဲ့ touch တွဲ ရပ် ဖြစ် တဲ့ အတွက် 200,000 မှ 250,000 ကြား ထဲ ရှိ ပါတယ် ။ အဲ့ ဒါ တွေ ကတော့ စက်ဖြင့် ပေါင်းပြီး မှ သိနိုင် မှာ ဖြစ် ပါတယ် ။ များသော အားဖြင့် တော့ စပီကာ ၊ နား စပီကာ ၊ မိုက်  လောက် ပဲ အပျက် များပါတယ် ။

ဆိုင်ပို့ ခိုင်းတာ က ကျွှန်တော် တို့ အတွက် ဆိုင် တွေ အတွက် မဟုတ် ပါဘူး ။ သင်တို့ မပျက်သင့် ပဲ မပျက် ရ အောင် ပိုက်ဆံ မကုန်သင့် ပဲ မကုန် ရအောင် စေတနာ နဲ့ ဒီ ပိုစ့် ကို ရေး ခြင်း ဖြစ် ပါတယ် ။

မန္တလေး  မြို့  မှ သူ တွေ အတွက် ကို တော့  သင်္ကြန် အထူး အစီစဉ် အဖြစ် Mobile House  ( ဖုန်းပြုပြင် ရေး နှင့် အရောင်း ဆိုင် ) မှ ၁၈ ရက် ၄ လ ၂၀၁၃ မှ ၃၀.၄.၂၀၁၃ အထိ ရေ၀င် ဖုန်းများ ကို အခမဲ့ စစ်ဆေး ပြီး စက် ဖြင့် ပေါင်း ပေး သွား မည် ။ ပျက်စီး တဲ့ ပစ္စည်း ကို လဲ ဈေးနှုန်း ချို သာစွာ ဖြင့် လဲလှယ် နိုင်မည် ဖြစ် သည် ။
ထို့ ကြောင့် မန္တလေး မှ သူ များ ဖို့ ဖုန်းထဲ ရေ ၀င် လျှင် ချက်ခြင်း ဓာတ်ခဲ ထုတ် ထား လိုက်ပါ ။ဆိုင်မ ပို့ ခင် ပါဝါ လေး များ လာသေး လားဆိုပြီး မစမ်း လိုက်ပါနဲ့ လုံးဝ ပြင်မရ တဲ့ ထိဖြစ် နိုင်ပါတယ် ။  ပြီး မှ ဆိုင် လာ ပြီး ပြုပြင်  လိုက်ပါ ။ ဘာ မှ မပျက် ရင် ဘာ မှ ပေး စရာ မလို ပါ ဘူး ...


မှတ်ချက် - တခြား မြို့ ရှိ သူ များ အနေ နဲ့ က တော့ Service ကျွမ်းကျင်သော ဆိုင် များ ကို သာမေး မြန်းစုံစမ်း ပြီး  ပြ ကြပါ ။ဆိုင်ကြီး တိုင်း နာမည် ကြီး တိုင်း ကောင်းသည် မဟုတ် ပါ ။
နောက် တစ် ချက် ကတော့ ဒီဆိုင် မရ နောက် တစ်ဆိုင် ဆို တာ မျိုး မတွေး ပါနဲ့ တစ်ဆိုင် လုပ် ထား ပြီး လျှင် နောက် တစ်ဆိုင် အနေ နဲ့ ပိုမို ခက်ခဲ စေ ပါတယ် ။ထို့ ကြောင့် စိတ်အချ ရဆုံးဆိုင် မှာ သာ အပ် ပါ ။

Mobile House 
ဖုန်းပြုပြင် ရေး နှင့် အရောင်းဆိုင် 
*********************
ဖုန်းပြုပြင် ရေး နည်း ပညာ သင်တန်း

 ဆိုင် လိပ် စာ ကတော့
လမ်း ၃၀ ၊ ၇၃ -၇၄ လမ်းကြား ။ ဆေးကျောင်း ရှေ့ ။မန္တလေး မြို့။

ဖုန်း hardware နှင့် software error များ ကို လျှင် မြန် စွာ ဖြင့် သက်သက်သာသာ ပြုပြင် ပေးလိုက် ရှိပါသည် ။

၂၂.၄.၂၀၁၃ ရက် မှာ ဖွင့် မည့် ဖုန်းပြုပြင် ရေး နည်း ပညာ သင်တန်း ကို  ပထမ ဆုံး အပ် သော သင်တန်းသား ၃ ဦး ကို သင်္ကြန် အထူး အစီစဉ် အဖြစ် 10% လျော့ ပေး သွား မည် ဖြစ်ပါတယ် ။

စာရင်း ပေးသွင်း နိုင်ပြီ ။

 ဖုန်း - ၀၉၉၁၀၂၂၄၄၃ ၊ ၀၁၁၂၀၃၁၁၉ ၊ ၀၉၄၉၂၃၉၃၈၄ ။
website - http://www.mobilehouse.co.nr မှာ လဲ ဖုန်း နဲ့ ပတ်သက် သည် များ ကို လေ့ လာနိုင်ပါတယ် ။

ဒီပို့ ကို ကြိုက်ရင် Like , ပြီးရင် သူငယ် ချင်း တွေ သိ အောင် ရှယ် ပေး ကြပါ ။


http://www.mobilehouse.co.nr

ကို ရဲရင့်အောင်
....


ဆက်ဖတ်ရန်>>>