Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, March 17, 2014

Nokia lcd finder 2012 new version

ဆက်ဖတ်ရန်>>>

MTK CPU အသုံးပြုထား သည့် ဖုန်း များ ဆော့ဝ် ရေး လျှင် သတိ ထားရန် လိုအပ် ....

MTK CPU အသုံးပြုထား သည့် ဖုန်း များ ဆော့ဝ် ရေး လျှင် သတိ ထားရန် လိုအပ် ....

MTK CPU သုံးထားတာ က အများ အားဖြင့် Samsung Clone တွေ မှာ ဥပမာ s4 clone i9500 ဆိုပါတော့ CPU နံပတ် မတူ ပဲ စက်ပုံစံ တူ အများ ကြီး လာပါတယ် ။ အဲ့ကောင်တွေ က CPU မတူ ရင်ရေးမရ တဲ့ အတွက် ပြသနာ မရှိပေ မယ့် CPU နံပတ် တူ ပေ မယ့် scatte.txt ဖိုင် က PRELOADER နေရာ လွဲ နေ ရင် လုံးဝ Boot သေတဲ့ အထိ ဖြစ် နိုင်ပါတယ် ။ တနည်း ပြော ရရင် ပါဝါ ပျောက် ပါတယ် ။ထို့ ကြောင့် MTK ဖုန်း ပြုပြင် မည့် သူ အနေ နဲ့ သတိ ထားနိုင် စေ ရန် တင် ပေး လိုက်ပါတယ် ။

အဆင်ပြေ ကြပါ စေ..........
ဆက်ဖတ်ရန်>>>

Xperia C Android 4.2.2 16.0.B.2.6 firmware ftf

Xperia C Android 4.2.2 16.0.B.2.6 firmware ftf 

Xperia အတွက် Flash tool နဲ့တင် တဲ့ Firmware ပါ ။
 
Download  C2305_16.0.B.2.6_World_Generic.ftf | 649 MB
ဆက်ဖတ်ရန်>>>

Unpack Any *.img ROM

Unpack Any *.img ROM

Unpack Any *.img ROM





* DOWNLOAD HERE












ဆက်ဖတ်ရန်>>>

Samsung ဖုန်း များ 4.3 နှင့် အထက် မတင်ခင် စဉ်းစား ရန်လို

Samsung ဖုန်း များ 4.3 နှင့် အထက် မတင်ခင် စဉ်းစား ရန်လို

Samsung ဖုန်း တွေ ဟာ 4.3 နဲ့ အထက် တင် ပြီး ရင် အနိမ့် ကို ပြန် ဆင်း ဖို့ မလွယ် ပါဘူး ။ဆင်းလိုက် ရင် Imei ပျောက် ပြီး လိုင်းမတက် တော့ တာတွေ ကြုံရပါတယ် ။ 4.3 က စပြီး မြန်မာ စာ Error ပါသည့် အပြင် 4.4.2 တွင်လည်း အခြား Error များ ဖြစ်နေတာ ကို တွေ့ ရပါတယ် ။ ထို့ ကြောင့် သူများ တွေ ဗားရှင်း မြင့် တိုင်း အား မကျ ပါ နဲ့ ပြော ရရင် တော့ ကိုယ် စီးနေ တဲ့ ဖိနပ် အကြောင်း ကို ပဲ သိတယ် ပေါ့ ကြည့် တော့ လှ လိုက်တာ စီး တော့ မှ ခြေထောက် ပေါက် ဆိုတာ မျိုး မဖြစ် ရအောင် သူငယ် ချင်း တို့ မတင် ခင် မှာ စဉ်းစား စေ နိုင် ဖို့ တင် ပေး လိုက်ပါ တယ် ။

Samsung ဖုန်း ကိုင် တဲ့ သူငယ် ချင်း တွေ သိရ အောင် ရှယ်ပေး လိုက်ပါ အုံး နော် ......
ဆက်ဖတ်ရန်>>>

Huawei ဖုန်း များ online Firmware Update မပြုလုပ် သင့်

Huawei ဖုန်း များ online Firmware Update မပြုလုပ် သင့်

ခုခေတ် က အင်တာ နက် ကိုယ် စီသုံး ကျ တော့ အများ စု က update ဆို ရင် ကောင်းတယ် ယူ ဆပြီး တောင်းသမျှ update တိုင်း လုပ် လေ့ ရှိပါတယ်။
Huawei တွေ မှာ c8813 နောက် ပိုင်း အဖြစ် များ နေ တာ က အင်တာနက် သုံးတဲ့ အချိန် System update တောင်း လာလို့ ပေး လိုက် ပြီး update လုပ်ပြီး သွား ပါက ဖုန်း လိုင်း မတက်တော့ ခြင်း များ ကြုံ တွေ့ နေပါတယ် ။
Version မြင့် သွား တဲ့ သဘော ပေါ့ ။ဒါပေမယ့် Huawei တွေ မှာ က Build Number ပဲ ပြောင်း သွား ပြီး Android Version ပြောင်း လဲ ခြင်း မရှိတဲ့ အတွက် Update လုပ်သော် လဲ ဘာမှ ပြောင်း လဲ ခြင်း ကို မတွေ့ ရပါဘူး ။
သို့ သော် စောနက ပြော တဲ့ Error တွေ တော့ တွေ့ ရပါတယ် ။
လိုင်းမတက် တာက နှစ် မျိုး ရှိပါတယ် ။ တစ်မျိုး က network lock ကျ တာ ဖြစ် ပြီး နောက်တစ်မျိုး က Build number ပြန်နိုမ့် ရုံ နဲ့ ကောင်း ပါတယ် ။
အထူး သဖြင့် 33 ကဒ် တွေ သုံးတဲ့ သူအနေ နဲ့ ပို သတိ ထားဖို့ လိုပါတယ် ။
Build number မြင့် သွား ရင် 33 ကဒ် တွေ မဖတ် တော့ တာ များပါတယ် ။
ထို့ ကြောင့် system update လုပ် ဖို့ ပေါ် လာရင် မလုပ်ပါနဲ့ .....

အားလုံး အဆင်ပြေ ကြပါစေ ......

သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ တွေ လဲ သိ အောင် ရှယ်ပေးလိုက်ပါ ....
ဆက်ဖတ်ရန်>>>

သူငယ် ချင်း မိတ်ဆွေ တွေ က မေးကြ တယ်

သူငယ် ချင်း မိတ်ဆွေ တွေ က post အသစ် တွေ တင်ဖို့ တိုက် တွန်း ကြ တယ် ။ မေးကြ တယ် ။

ဘာကြောင့် မတင် ဖြစ် လဲ ဆိုတော့ ကျွှန်တော် Blog စထောင် တဲ့ အချိန် က နေ Page လုပ် ဖြစ် တဲ့ အချိန် ထိ Mobile နဲ့ ပတ်သက် တဲ့ Blog တွေ Group တွေ နည်းသေး ပါတယ် ။ Page တွေ ခေတ် စား လာတဲ့ နောက် Mobile နဲ့ ပတ်သက် တဲ့ Page တွေ Blog တွေ အများ ကြီး တွေ့ ရတယ် ။ နောက်ပိုင်း မှာ Copy တွေ တော်တော် ခေတ်ထ လာပါတယ် ။တစ်ယောက် တင် လိုက် တဲ့ ပိုဒ် တစ်ခု ဟာ တစ်ရက် အတွင်း Page , Blog ၁၀ ခု အထက် မှာ တွေ့ ရတယ် ။ အထူးသဖြင့် သတင်း Page တွေပေါ့ ။ ကျွှန်တော် က သူများ တင်တာ ကို ကူးပြီး တင်လေ့ မရှိပါဘူး ။ ကျွှန်တော် ကြိုက် လွန်း မှ တင်ပေးတာပါ ။ အဓိက တော့ ကိုယ် တိုင် စမ်းသက် ပြီး တခြား Page တွေ Blog တွေ မှာ မတင် ရသေး မှ တင်ပေးတာ ပါ ။ခု နောက် ပိုင်း ကျ တင်စရာ လဲ သိပ် မရှိတော့ သလို တခြား Page တွေ Blog တွေ ဆိုဒ် တွေက အများ ကြီး တင်နိုင်တာ ကို တွေ့ ရတယ် ။ကျွှန်တော် တင်ဖို့ မလိုအပ် တော့ ဘူး ယူဆ ပါတယ်။နောက်တစ်ခု က ကျွှန်တော် က တစ်ယောက် ထဲ တင် တာ ဆို တော့ ခုနောက် ပိုင်း သင်တန်း နဲ့ ဆိုင် နဲ့ တစ်ဖက် ဆိုတော့ ပို မတင် ဖြစ် တော့ တာပါ ။

ကျွှန်တော် Post တွေ ပြန် တင် ဖို့ လုပ်နေပါပြီ ။ အချိန်ရရင် ရသလို ပြန်တင်ပေး သွားပါမယ် ။

ယခု ချိန် ထိ အားပေး နေတဲ့ သူငယ်ချင်း မိတ်ဆွေ တွေကို ကျေးဇူး တင်ပါတယ် ....
ဆက်ဖတ်ရန်>>>

၁ပတ် သင်တန်း တန်းခွဲ သစ် ဖွင့် ပြီ

ပြီးခဲ့ တဲ့ ၁ ပတ် သင်တန်း မှာ Software ပိုင်း ကို အပြည့် အ၀ သင်ကြား ပေး နိုင် ပေ မယ့် Hardware ပိုင်း ကို စာတွေ့  နှင့် လက်တွေ့ ကို အကုန် သင်ကြား ခဲ့ ပေ မယ့် လက်တွေ့ ပိုင်း မှာအချိန်  လိုအပ် မူ ရှိ ကြောင်း တွေ့ ရတဲ့ အတွက် ၁ ပတ် သင်တန်း ကို Software တစ်ခု သာ ဖွင့် လှစ် တော့ ပါမယ် ။သို့သော် Hardware ကို အခြေခံ အနေ နဲ့ စာ တွေ လက်တွေ့ ပါ သင်ကြား ပေးမည် ။

Mobile ဖုန်းပြုပြင် ခြင်းသင်တန်း (Software + hardware အခြေခံ )ကို

တန်းခွဲ သစ်
၂၃.၄.၂၀၁၄ မှ ၃၀.၄.၂၀၁၄ အထိ သင်ကြား ပေးမည် ဖြစ်ပါတယ် ။

သင်တန်း ကြေး
Software + hardware အခြေခံ  =  ၂၅၀,၀၀၀ ကျပ်

သင်တန်း တက်ရောက် မည့် သူ များ ယနေ့ မှ စ ပြီး ၂၂ ရက် နေ့ ထိ စာရင်း သွင်း နိုင်ပါတယ် ။


Mobile House
Mobile Service and Training Center

လမ်း၃၀ ၊ ၇၃ -၇၄ ကြား ။ဆေးကျောင်း ရှေ့ ။မန်းလေး မြို့ ။

၀၉-၉၁၀၂၂၄၄၃

သူငယ် ချင်း တို့ လဲ ရှယ် ပေး ကြပါအုံး .........
ဆက်ဖတ်ရန်>>>