ပျောက်ဆုံး SIM Card ပြန်လည်လျှောက်ထားပါက ကျပ် ၅၀,၀၀၀ သာပေးသွင်း ရမည်

ယခင်က ဆင်းမ်ကတ် ပြန်လည်လျှောက် ထားရာတွင် ကျပ်တစ်သိန်း ပေးသွင်းရပြီး အချိန် တစ်လခန့်ကြာမြင့် သော် လည်း ယခုအခါတွင် ပျက်စီး သွားသော ဆင်းမ်ကတ်များ အတွက် အချိန် သုံးရက်ခန့်နှင့် ပျောက်ဆုံး ဆင်းမ်ကတ်များ အတွက် စာရွက် စာတမ်းပြည့်စုံ ပါက နှစ်ပတ် ခန့်သာကြာမြင့် တော့ မည်ဖြစ်ကြောင်း သိရသည်။
“ပျောက်ဆုံးဆင်းမ်ကတ်တွေ အချိန်ပိုကြာတာက လိုင်း ပိတ်ဖို့ အတွက် ပြန်ပြီး ကွန်ပလိန်း တက်ထားခြင်းရှိမရှိ အချိန် စောင့်ရ တာကြောင့် ဆင်းမ်ကတ် အသစ်ထုတ် ပေးတဲ့နေရာမှာ အချိန်ကြာ တာပါ”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။