Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

BlackBerry 7 OS သတိပြုစရာ အချက်(၁၀)ချက်

BlackBerry 7 OS သတိပြုစရာ အချက်(၁၀)ချက်


စမတ်ဖုန်း ချစ်သူတွေ အတွက် BlackBerry စမတ် ဖုန်းတွေကို အောင်မြင်စွာ ထုတ်လုပ် ပေးနေတဲ့ RIM ကုမ္ပဏီဟာ အခု တစ်ဖန် သူတို့ရဲ့ Black Berry OS နောက်ဆုံး Version ဖြစ်တဲ့ BlackBerry 7 ကို ထုတ်လုပ်ဖန်တီး ပြန်ပါ တယ်။ အဲဒါကြောင့် ဒီ OS အမျိုးအစားအသစ်ရဲ့ သတိပြုရမယ့် အချက်လေးတွေကို လေ့လာ ကြည့်ရ အောင်ပါ။

(၁) ဟန်းဆက်အဟောင်းတွေနဲ့ အသုံးမပြုနိုင်ဘူး။ အရင်ထွက်ရှိခဲ့တဲ့ Black Berry ဟန်းဆက်တွေနဲ့ ပြန်ပြီးသုံးလို့ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဟန်းဆက်တွေမှာ BlackBerry 7 ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အားနည်းလို့ပါ။

(၂) Processor အကောင်းစား လိုအပ်တယ်။ BlackBerry 7 ကို အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်းရဲ့ Processor ဟာ အမျိုးအစားကောင်းဖြစ်ရမှာပါ။ ဒါကြောင့်မို့ Processor နိမ့်တဲ့ ဟန်းဆက်တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး။


(၃) Browser Feature ကို ပိုအဆင့်မြှင့်ထားတယ်။ BlackBerry 7 မှာ ထူးခြားချက်တွေထဲက တစ်ခု ကတော့ Liquid Graphics နည်းပညာနဲ့ ပေါင်းစပ်ပြီး Browser Feature ကို မွမ်းမံထားတာပါ။ မြန် နှုန်းကလည်း ယခင် BlackBerry OS 6ထက် (၁.၆)ရာခိုင်နှုန်းပိုမြင့်ပါတယ်။

(၄) HTML 5 ကို အထောက်အပံ့ပေးတယ်။ Windows Phone 7 လိုပဲ ဒီ BlackBerry 7 ဟာ HTML 5 ကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် HTML 5 နဲ့ပတ်သက်တဲ့ ဗီဒီယိုစတဲ့ Elements တွေကို အသုံးပြုနိုင်မှာပါ။

(၅) BlackBerry Balance ဆိုတဲ့ Feature ပါဝင်တယ်။ နောက်ထပ် ထူးခြားချက်ကတော BlackBerry Balance ဆိုတဲ့ Feature ကို BlackBerry 7 မှာ ထည့်သွင်းပေးထားတာပါ။ င်္ဒီ Feature ဟာ ဖုန်းအသုံးပြုသူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာနဲ့ လူမှုဆက်သွယ် ရေးတွေမှာ ပိုပြီးအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

(၆) Docs ဖိုင်တွေကို သိမ်းဆည်းလို့ရတယ်။ ဖုန်းကိုအသုံးပြုပြီး Microsoft Word, Excel နဲ့ PowerPoint စတဲ့ ဖိုင်တွေကို အသုံးပြုနိုင်သလို PDF ဖိုင်တွေကိုလည်း ဆော့ဖ်ဝဲ အသုံးပြုပြီး ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

(၇) NFC အထောက်အပံ့ပါဝင်တယ်။ Near-field Communication ဆိုတဲ့ NFC နည်းပညာကို အထောက်အပံ့ ပေးတဲ့ ဖုန်း OS အမျိုးအစားဖြစ်ပြီး RIM က ဆက်လက် ထုတ်လုပ်မယ့် ဟန်းဆက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၈) Voice Search ဝန်ဆောင်မှုကို ထည့်သွင်းပေးထားတယ်။ BlackBerry 6 တုန်းက Universal Search လို့ခေါ်တဲ့ Feature ကို ထည့်သွင်း ပေးခဲ့သလို အခု BlackBerry 7 မှာတော့ Voice Search လို့ခေါ်တဲ့ အသံစနစ်နဲ့ ရှာဖွေနိုင်မယ့် Feature ကို ထည့်သွင်းပေး ထားပါတယ်။

(၉) Graphic စွမ်းဆောင်ရည် ပိုမိုတိုးမြှင့်ထားတယ်။ BlackBerry 7 OS ရဲ့ User Interface ပိုင်းက Graphic စွမ်းရည်ကို ပိုမိုတိုးမြှင့်ထားပြီး Web Browsing လုပ်တဲ့ အခါမှာလည်း ပိုပြီး ကြည့်ရှုလို့ကောင်းမှာဖြစ်ပါတယ်။

(၁၀) ယခုနှစ် နွေရာသီ စတင်ဖြန့်ချိမယ်။ BlackBerry 7 OSကို ယခုနှစ် နွေရာသီ မှာ ဗြိတိန်နိုင်ငံကို ပထမဆုံးဖြန့်ချိမယ်လို့သိရပါတယ်။ ဒါ့အပြင် BlackBerry 8 OS ကိုလည်း ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ စတင် ထုတ် လုပ်ပါမယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.