Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

ရောင်းအားကောင်းလာတဲ့ Touch Screen ဟန်းဆက်များ

ရောင်းအားကောင်းလာတဲ့ Touch Screen ဟန်းဆက်များ

mobile
မိုဘိုင်း ဈေးကွက် အတွင်းတွင် Touch Screen ဟန်းဆက်များ အရောင်း သွက်လာကြောင်း ဈေးကွက် အတွင်းရှိ မိုဘိုင်း အရောင်း ဆိုင်များမှ သိရသည်။ လှည်းတန်းရှိ မိုဘိုင်း အရောင်းဆိုင် တစ်ဆိုင်မှ  "ကျွန်တော်တို့ ဆိုင်မှာ အရင်တုန်းက keypad တွေနဲ့ ရောင်းရတယ်။ အခုနောက်ပိုင်း Touch တွေ အရမ်း ရောင်းရတယ်။ ဝယ်တဲ့လူတွေက keypad နဲ့တောင် သိပ် မသုံးကြ တော့ဘူး။ နောက်ပိုင်းမှာ မိုဘိုင်း နည်းပညာ တွေက အရမ်း တိုးတက် လာတော့ Touch တွေပဲ အဝင်များတယ်။ Touch screen ဟန်းဆက် တွေက သုံးရတာ အရမ်း အဆင် ပြေတယ်။ ထိလိုက်ရုံနဲ့ အကုန် ရွေ့လျားတာ ဆိုတော့ သုံးတဲ့ လူတွေက အရမ်း သဘောကျတယ်။ လူငယ် တွေ ရော၊ လူကြီးတွေပါ အကုန် နီးပါး Touch ကိုပဲ သုံးကြတာ များတယ်။ Nokia, Sony, Samsung, HTC, iP hone စတာ တွေကလည်း နောက်ပိုင်းမှာ Touch တွေပဲ ထုတ်တာ များတယ်" ဟု အဆိုပါ အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ Mobile House အရောင်း ဆိုင်မှ  "နောက်ပိုင်းမှာ Touch တွေက အရမ်း ရောင်းရတယ်။ ဖုန်းတွေ ဝင်လိုက်ရင် Touch တွေပဲ များတယ်။ ဂျီအက်စ်အမ် Touch မပြောနဲ့ 450 နဲ့ 800 တွေမှာတောင် နောက်ပိုင်း အဝင် များတာက China ကလာတဲ့ Touch Screen ဟန်းဆက်တွေ များတယ်။ နောက်ပိုင်း ဂျီအက်စ်အမ် ဟန်းဆက် တွေမှာလည်း Touch Screen ဟန်းဆက်တွေ အရောင်း များတယ်။ Touch Screen ဟန်းဆက် တွေက Keypad ဟန်းဆက် နဲ့ မတူဘူး။ အသုံးပြုတာ အရမ်း ကောင်းတယ်" ဟု ပြောသည်။ Touch Screen ဟန်းဆက် များသည် အသုံးပြုရ လွယ်ကူပြီး ခေတ်မီ နည်းပညာ ဖြစ်သောကြောင့် သုံးစွဲမှုများ ပိုမို နှစ်ခြိုက်ပြီး ဈေးနှုန်းမှာ ကျပ် ၈၀၀၀၀ ကျော်မှ ခြောက်သိန်းကျော် အထိ ရှိသည်။တရုတ် gsm ဆို ၅၀၀၀၀ လောက်မှ စတင်ဝယ်ယူနိုင်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.