Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

HTC ၏ အကောင်းဆုံး ကင်မရာ ဖုန်းကို T-MOBILE မှ ရောင်းချမည်

HTC ၏ အကောင်းဆုံး ကင်မရာ ဖုန်းကို T-MOBILE မှ ရောင်းချမည်

T-MOBILE
Android 2.3 Gingerbread အခြေပြု 8 Megapixel ကင်မရာ ပါ ဝင်သော Slide ဖုန်း အမျိုးအစား my Touch 4G ကို လာမည့် ဇူလိုင် လတွင် T-Mobile မှ စတင်ရောင်းချပေးသွား မည်ဟုသိရှိရသည်။ အိမ်သုံး ကင်မရာများကို သီးသန့် မသုံးလိုကြသော ဖုန်းအသုံးပြုသူများ၏ လိုအပ်ချက်ကို အကောင်း ဆုံး ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု HTC မှ မျှော် လင့်ထားသည်။ Auto-Focus အသုံးပြု နိုင်ပြီး အလင်းနည်း ဝန်းကျင်တွင်သဘာဝ ကျကျ ပုံရိပ်များရိုက်ကူးနိုင်စေရန် dual LED Flash ကိုတပ်ဆင် ပေးထားသည်။ အဖြစ်အပျက်များကို အမိအရ မှတ်တမ်း တင်နိုင်ဖို့ စက္ကန့်မဆိုင်း ရိုက်ကူး နိုင်သော zero Shutter Lag စနစ်ပါဝင်သည်။
မြင်ကွင်းကျယ်ရိုက်ကူးနိုင်သော Sweep Panorama Shot နှင့် Contrast များ ဝန်းကျင်တွင် အကောင်းဆုံး ရိုက်ကူးနိုင်စေဖို့ HDR Mode တို့ကိုလည်း ထည့်သွင်းပေး ထားသည်။ f/2.2 မှန်ဘီလူး အမျိုးအစား ကို အသုံးပြု ထားခြင်း ကြောင့် အရာ ဝတ္ထုများကို focus ချိန်ဆရာတွင် အထူး ကောင်းမွန် သည်။ အရည်အသွေးမြင့် 1080p HD ဗီဒီယိုကို ရိုက် ကူးပြီး my Touch 4G ပေါ်တွင် တည်းဖြတ် နိုင်မည် ဖြစ်သည်။ 3.7 လက်မအရွယ် Super LCD Display နှင့် 1.2GHz dual-core Snap Gragon Processor နှင့်ဘေးတိုက် QWERTY Keyboard တို့ကို ထည့်သွင်းပေး ထားခြင်း ကြောင့် Messaging နှင့် Mobile Internet တို့ကို အကောင်းဆုံး အသုံးပြု နိုင် မည်ဖြစ်သည်။
HTC ၏ Sense 3.0 ကိုပါ အားဖြည့် ထားခြင်းကြောင့် Interface ပိုင်း အထူး ကောင်းမွန်သည်။ ထို့ပြင် အွန်လိုင်းဗီဒီယို ဝန် ဆောင်မှု Netflix Application နှင့် TMobile TV, Kid Zone တို့ကိုပါ ထည့်သွင်း ထားခြင်းကြောင့် ရုပ်ရှင်ကြည့်ပရိသတ်များ အတွက် သည်းခြေကြိုက် ဖြစ်စေ မည်ဟု T- Mobile မှ ထုတ်ဖော် ပြောကြား ခဲ့သည်။ အနက်ရောင်နှင့် ဆင်စွယ်ရောင် နှစ်မျိုး ရွေးချယ် နိုင်မည့် my Touch 4G ကို T-Mobil မှ ဒေါ်လာ(၁၉၉.၉၉)ဖြင့် ဇူလိုင်လ အတွင်း စတင်ဖြန့်ဖြူ ရောင်းချ သွားမည်ဟု သိရသည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.