Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

မိုဘိုင်းဖုန်း အမျိုးအစား အားလုံးတွင် Facebook အသုံးပြု နိုင်တော့မည်

မိုဘိုင်းဖုန်း အမျိုးအစား အားလုံးတွင် Facebook အသုံးပြု နိုင်တော့မည်

Facebook မိုဘိုင်းဖုန်း
ကမ္ဘာ တစ်ဝန်း၌ ပုံမှန် သုံးစွဲသူဦးရေ သန်း(၇၅၀) ဝန်းကျင် ရှိလာပြီ ဖြစ်သော လူသုံး အများဆုံး လူမှုကွန်ရက် Facebook က ယခုအခါ Android နှင့် iOS အခြေပြု စမတ် ဖုန်းများ တွင် သာမက မိုဘိုင်း ပလက် ဖောင်းအစုံတွင် သုံးနိုင်မည့် Facebook Application ကို ထုတ်လုပ်ပေး လိုက်ပြီဖြစ် ကြောင်း သိရသည်။ Facebook ကို ယခင်က Android ဖုန်းများနှင့် iPhone တို့ပေါ် တွင် သာသုံးစွဲနိုင် ခဲ့သော် လည်း Facebook ကို ပုံမှန်သုံးစွဲသူ သန်း(၂၅၀) ခန့်သည် မိုဘိုင်းဖုန်း များဖြင့် ပုံမှန် သုံးစွဲကြ ကြောင်း လေ့လာ တွေ့ရှိရသည်။
သို့ဖြစ်၍ Facebook သည် မိုဘိုင်းဖုန်း များဖြင့် အသုံးပြုသူ ဦးရေပိုမို တိုးတက်လာစေရန် ယခုကဲ့သို့ ပလက်ဖောင်း အစုံသုံး Application ကို ထုတ်လုပ် ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း Facebook App သည် ပုံမှန် Facebook သုံးသကဲ့သို့ News Feed, Message Inbox, Photo များ ကိုကြည့်ရှု နိုင်စေသည့် အပြင် ဓာတ်ပုံများ တင်ခြင်း၊ သူငယ်ချင်းအသစ် များရှာဖွေမိတ်ဆက်ခြင်းများ ပြုလုပ်နိုင် မည်ဖြစ် သည်။ Facebook ၏ အဆိုအရ လက်ရှိဖုန်း ဈေးကွက်ထဲမှ Feature ဖုန်းအလုံးရေ (၂၅၀ဝ) ကျော်တွင် အသုံးပြု နိုင်မည်ဟု သိရပြီး အချက်အလက် တောင်းဆိုလေ့ ရှိသော လူမှုကွန်ရက် App များ၏ ကန့်သတ်ချက် ကိုလျှော့ချပေးကာ ကမ္ဘာတစ်ဝန်းမှ ဖုန်းကွန်ရက်များ ပေါ်တွင် အချက် အလက်များ အခမဲ့သုံး စွဲခွင့်ကို ရက်ပေါင်း(၉၀)ခန့် ခွင့်ပြုပေး သွားမည်ဟု သိရသည်။
သို့သော် အရွယ်ရောက်ဖုန်းသုံးစွဲသူ (၈၃)ရာခိုင်နှုန်းရှိသော အမေ ရိက၏ ဈေးကွက် တွင် အခမဲ့ အချက် အလက် သုံးစွဲခွင့် ပေးမည် မပေးမည် ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။ ကမ္ဘာတစ် ဝန်းမှ မိုဘိုင်းဖုန်း သုံးစွဲသူ Facebook ပရိသတ်များက အဆိုပါသတင်း အား အထူးစိတ်ဝင်စား ခဲ့ကြပြီး Facebook ကုမ္ပဏီ၏ Facebook စာ မျက်နှာ အောက်ခြေရှိ Download Link မှ တစ်ဆင့် အဆိုပါ Application အား အခမဲ့ Download ဆွဲယူခဲ့ကြကြောင်းသိရသည်။ အခြား အွန်လိုင်း App Store များဖြစ်သော GetJar, Appia နဲ့ Mobile Weaver တို့တွင်လည်း အခမဲ့ Download ရယူနိုင်သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.