Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

သုံးသိန်းဖုန်းများ တကယ်လာတော့မည် ဆိုခြင်း

သုံးသိန်းဖုန်းများ တကယ်လာတော့မည် ဆိုခြင်း

news
ကျပ်သုံးသိန်းဝန်းကျင် GSMဖုန်းများကို ယခု နိုဝင်ဘာလကုန်တွင် ငှားရမ်းအသုံးပြု ခွင့် ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလပ်ငန်း GSM ဖုန်းဆိုင်ရာ အင်ဂျင်နီယာချုပ် ဦးအောင်စိုးက ပြောကြားသည်ဟု ဂျာနယ်တစ်စောင်မှ ဆို၏။ ယင်းသုံးသိန်း ၀န်းကျင်တန်ဖိုးရှိ GSM ဖုန်းများသည် ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားခဲ့သည့် အတိုင်း အင်တာနက် ၀န်ဆောင်မှုပါ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မည်ဟုဆို၏။
တန်ဖိုးနည်း GSM ဖုန်းစီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာန၏ လေးနှစ်အတွက် GSM ဖုန်းလိုင်း သန်း၃၀ချထားပေးမည့် စီမံကိန်းမှ ပထမနှစ် လေးသန်းစီမံကိန်းအတွက် ဖြစ်ပြီး ပြည်တွင်းရှိ Elite Tech Manufacturing Co., Ltd Asia Mega Link၊ ရွှေသံလွင်နှင့် IGE အပါအ၀င် ပြည်တွင်းကုမဏီ ၁၁ခုက လုပ်ကိုင်ခွင့်ရရှိထားကြပြီး ၂၀၁၁ခုနှစ်အတွင်း ဖုန်းအလုံးရေ လေးသန်းအနက် ရှစ်သိန်းခန့်ကို ရန်ကုန်တိုင်း ဒေသကြီး၊ ငါးသိန်းခွဲခန့်ကို မန္တလေးတိုင်းဒေသကြီး အတွင်း ငှားရမ်းအသုံးပြုခွင့်ေ ပးသွားမည်ဖြစ်ကြောင်း စီမံကိန်း၏ စီမံကိန်း မန်နေဂျာဖြစ်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.