Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

ဖုန်းများ ရောင်းအားကျလာ

ဖုန်းများ ရောင်းအားကျလာ

သုံးသိန်း တန်ဖုန်း များချထား ပေးမည်ဟု သတင်းများ ထွက်ပေါ် နေခြင်းကြောင့် ငါးသိန်းတန်ဂျီ အက်စ်အမ် ဖုန်းများ ရောင်းအားကျ ဆင်းလာ ကြောင်း  မိုဘိုင်းဖုန်းဈေး ကွက်က ဆိုသည်။ ဂျီအက်စ်အမ်သန်း (၃၀)ပထမ နှစ်စီမံကိန်းတွင် ချထားပေးမည့် ဂျီ ဖုန်းလိုင်းလေးသန်းကို ငွေကျပ်သုံး သိန်းဖြင့် ချထားပေးမည်ဟု သတင်း များထွက်ပေါ် နေခြင်းကြောင့် လက် ရှိတွင်ကျပ် ငါးသိန်းတန် ဂျီဖုန်းများမှာ ရောင်းအား ကျဆင်း လာကြောင်း၊အ ဆိုပါ သတင်းများ ကြောင့် သုံးသိန်း ဖုန်းကို စိတ်ဝင်စားသူ၊ စောင့်မျှော်နေ သူများမှာ တစ်နေ့ထက် တစ်နေ့များ ပြားလာ ကြောင်း သိရှိ ရသည်။
“ကျွန်တော်တို့ဆိုင်မှာတော့ အပြောင်းအလဲမရှိပါဘူး၊ ပုံမှန်ပါပဲ။ ဒါပေမယ့် တခြားဆိုင်တွေမှာတော့ ဖြစ်နိုင်တယ်။ သုံးသိန်းပဲ တတ်နိုင်တဲ့ လူတန်းစား တစ်ရပ်က အရမ်းမျှော် လင့်နေကြတာ။ တချို့ကျတော့ လည်း လက်ရှိငါးသိန်းပဲ ဝယ်သွား ကြတယ်။ သုံးသိန်းသာပြောနေကြ တာ ဘယ်တော့ လာမှန်းမသိဘူး။ စောင့်မနေဘဲဒါပဲ ဝယ်သွားကြတယ်။ တချို့ကတော့ အဲဒီသုံးသိန်းတန်က အင်တာနက်ပါသုံးလို့ရမှာဆိုပြီး စောင့်နေကြတဲ့ သူတွေလည်းရှိ တယ်။ သူတို့က အဲဒီသုံး သိန်း ဖုန်း ဆိုတာကို စိတ်ဝင်စား နေကြတော့ ငါးသိန်း တန်ဖုန်း ရောင်းအားကျလာ တာဖြစ်နိုင်ပါတယ်”ဟု လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် ငါးသိန်း တန်ဂျီဖုန်း များကို အပြိုင် အဆိုင်ဖြင့် ရောင်းချ နေကြရာ တချို့ဆိုင်များမှာ ငါးသိန်း ထက်ဈေးလျှော့ကာ ရောင်းချလာ ပြီး တချို့ဆိုင်များဆိုလျှင် ဝယ်သူ စိတ်ကြိုက်ညှိ နှိုင်းပေးသော အရစ် ကျစနစ်ဖြင့်ပါ ရောင်းချ လာကြ ကြောင်း၊ ဤကဲ့သို့ ရောင်းချမှုများ ရှိနေကြသော်လည်း ငါးသိန်းဖုန်း ရောင်းအားမှာ သိသိသာသာတက် လာခြင်းမရှိကြောင်း သိရှိရ သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.