Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Nokia MeeGo OS အကြောင်းပါ

Nokia MeeGo OS

       ဒီ တစ်ပတ်မှာ မိတ်ဆက်ပေးမှာ ကတော့ Nokia ကနေ အသစ် ထုတ်လုပ် ထားတဲ့ MeeGo ဆိုတဲ့ OS အ
ကြောင်းပါပဲ။MeeGo ဆိုတဲ့ OS အကြောင်းမပြောခင်သူဖြစ်ပေါ်လာပုံကိုအရင်ဆုံးပြောပြချင်ပါတယ်။

       MeeGo ဆိုတဲ့ OS အသစ်ကို Nokia ကနေထုတ်လုပ်ခဲ့တာပါ။ဒီ OS ကိုစတင်ခဲ့တာကတော့အရင်တုန်းက
ထွက်ခဲ့တဲ့ Memo5 ဆိုတဲ့ Nokia ရဲ့ OS ပေါ်မှာ အခြေခံပြီး ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။Memo5 ပေါ်မှာအ
ခြေခံပြီးဒီထပ်ပိုကောင်းတဲ့ OS စနစ်တစ်ခုကိုအသုံးပြုနိုင်ဖို့ MeeGo OS ကိုထုတ်လုပ်ခဲ့ကြတာပါ။

       Memo5 ကိုတော့ Nokia ကနေပဲထုတ်လုပ်ခဲ့တဲ့ Nokia OS တစ်ခုဖြစ်ပေမယ့် MeeGo ကတော့ Nokia နဲ့
Intel ရဲ့ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့Moblin ဆိုတဲ့ပလက်ဖောင်းတစ်ခုနဲ့ပေါင်းစပ်ပြုလုပ်ထားတာပါ။Nokia ရဲ့Memo5
ထက်ပိုပြီး ကောင်းမွန်တဲ့ ၊ ပိုပြီး ပြည့်စုံတဲ့ ဗားရှင်းတစ်ခုကို ဖန်တီးပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ Memo5 က
Nokia ရဲ့ Symbian OS ပေါ်မှာ အခြေခံ ထားပေမယ့် MeeGo ကတော့ Linux ပလက်ဖောင်း တစ်ခုအဖြစ် အ
သွင်ပြောင်းလာခဲ့ပါတယ်။

       Linux ဖောင်ဒေးရှင်းတစ်ခုအဖြစ် Developer တွေပေါင်းစည်းခဲ့တဲ့ OS တစ်ခုဖြစ်တဲ့ အပြင် ဒီ OS စနစ်မှာ
Nokia ,AMP ,Intel နဲ့ Linux တို့လေးခု ပေါင်းစပ်ပြုလုပ်ခဲ့ကြပြီး Open Source တစ်ခုဖြစ်တယ် လို့လည်း ဆိုပါ
တယ်။ဒီဆော့ဖ်ဝဲကိုထုတ်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ MeeGo OS ကို ဘယ်လိုဖုန်း Brand တွေမှာ မဆို ၊
ဘယ်လို Tablet အမျိုးအစားတွေမှာမဆိုထည့်သွင်းအသုံးပြုနိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်တဲ့။

       MeeGo OS ဟာ Hardware အမျိုးအစားမရွေး အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ဆိုတဲ့ အပြင် ဖုန်း
တွေ Tablet တွေမှာထည့်ချင်ရင်ဗားရှင်းမနိုင်လို့ထည့်မရဘူးဆိုတဲ့အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပေး
ထားတယ် လို့လည်း ဆိုပါတယ်။OS  ရဲ့ Feature တွေ အနေ နဲ့ ဆိုရင်တော့ သူက Android OS  နဲ့ ဆင်တူပြီး
Android OS ကိုယှဉ်ပြိုင်နိုင်ဖို့စတင်ခဲ့တဲ့ OS တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။Feature ပိုင်းမှာ ဆင်တူပေ
မယ့် OS ရဲ့ Interface တွေကတော့ Android နဲ့ကွဲပြားခြားနားတာကိုတွေ့ရပါတယ်။

       Nokia ရဲ့ Memo5 ကိုတော့ Nokia N900 မှာစတင် ထည့်သွင်း အသုံးပြုခဲ့တာဖြစ်ပြီး MeeGo အတွက်ဆို
ရင်တော့ Nokia N9 မှာစပြီးအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။Memo5 ကိုစတင်ထုတ်လုပ်ခဲ့တဲ့အချိန်မှာတော့ Ver-
sion 1.0 လိုစတင်သတ်မှတ်ခဲ့ကြပြီးအသစ်ထွက်လာခဲ့တဲ့ MeeGo ကိုတော့ Version 1.2 ဆိုပြီးသတ်မှတ်ထား
တာကိုတွေ့ရပါတယ်။

1 comment:

  1. Nokia window phone များအတွက် ဂိမ်းနှင့် app များ ရှိရင် တင်ပေးပါဦး ကျေးဇူးအထူးပဲတင်ပါတယ်

    ReplyDelete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.