Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

မိုဘိုင်း ဟန်းဆက် တစ်လုံး ဘယ်လို ဝယ်ယူမလဲ...

မိုဘိုင်း ဟန်းဆက် တစ်လုံး ဘယ်လို ဝယ်ယူမလဲ...

ဟန်းဆက်
ဖုန်း အသစ် တစ်လုံး ဝယ်လာ ပါတယ်။ သုံးရတာ ဘာမှ မကြာ သေးဘူး။ ပျက်ပြန်ပြီ။ ပြစ်ချက် ကတော့ ဖုန်း အဆင့် အတန်း မကောင်း လို့ပေါ့လေ။ ပြီးစ လွယ်ထုတ် လုပ်ထား တယ်။ ဒါပေမဲ့ ဘာကြောင့် ပျက်တယ် ဆိုတာကို ပြန်ပြီးတော့ မစဉ်း စားဘူးလား၊ အရည်အသွေး စံချိန်ပြည့် မီမှုမရှိတဲ့ ဖုန်းဝယ် မိကောင်း ဝယ်မိလိမ့်မယ်။ အပုံ တစ်ထောင် ပုံရင် တစ်ပုံ လောက် ကတော့ ဒီလိုကိစ္စရပ်နဲ့ ကြုံတတ် ပါတယ်။ အဖြစ်နိုင် ဆုံးကတော့ နာမည်ကြီး ဖုန်းတွေကို တုပ ထုတ်လုပ် ထားတဲ့ ဖုန်းအတုတွေ ကိုဝယ်မိတာ ပါပဲ။ ကဲ ...ဒါဆိုရင် ကျွန်တော်တို့ ဝယ်လာတဲ့၊ ဝယ်မယ်လို့ ကြံစည်ထားတဲ့ ဖုန်းတစ်လုံးဟာ အမှန် တကယ် ထုတ်လုပ်တဲ့ နေရာက လာတယ်။ တစ်ဦးတည်း ကိုယ်စား လှယ်က ရောင်းချတဲ့ နေရာက လာတယ်၊ အာမခံ ပေးနိုင်မယ် ဆိုတာ ဘယ် လိုခွဲမလဲ။
အဲဒီင်္ အတွက် ဦးဆုံး သတိထား ရမှာကတော့ မိမိ သုံးနေတဲ့ လက်ကိုင်ဖုန်းဟာ ဘယ်လို အမျိုး အစားလဲ
မည်သူမဆို ပစ္စည်း တစ်ခုခုကို ဝယ်သုံး တော့မယ် ဆိုရင်တော့ ကောင်းပေ့ သစ်ပေ့ဆို တာကိုပဲ သုံးချင်ကြတာ ဓမ္မတာ ပါပဲ။ အထူး သဖြင့် အီလက်ထရွန်းနစ် ဒီဂျစ်တယ် ပစ္စည်း တွေနဲ့ ပတ်သက် လာရင် ပိုပြီး ဂရုစိုက် ကြပါသေး တယ်။ လက်ကိုင်ဖုန်း ဆိုရင်တော့ ကိုယ်နဲ့အမြဲ တမ်းထိတွေ့ရမှာမို့လို့ ပိုပြီး ဂရုတစိုက်စစ်ဆေး ကြပါတယ်။ ပိုပိုသာသာ ပြောရမယ်ဆိုရင် မိမိခန္ဓာ ကိုယ်ရဲ့ တချို့အစိတ် အပိုင်းတွေထက် တောင် ဒီလက်ကိုင် ဖုန်းကို အသုံးပြုကြပါ တယ်။ အဲဒီ အတွက် လက်ကိုင်ဖုန်း တစ်လုံး မဝယ်ခင်မှာ အဲဒီလက်ကိုင်ဖုန်းနဲ့ ပတ်သက်တဲ့ အချက်လေး တွေကို နားလည် သိရှိအောင် ကြိုးစား သင့်ပါ တယ်။ တတ်ကျွမ်းတဲ့ သူနဲ့တိုင်ပင် သင့်ပါတယ်။
နာမည်ကြီး တံဆိပ် အမှန်အကန်လက်ကိုင်းဖုန်း ဆိုတာ သေချာတယ်
အဲဒါကတော့ လက်ရှိနာမည်ကောင်း ရပြီး ဖုန်းဝယ်တဲ့သူများတဲ့ ဖုန်းဆိုင်မှလက်ကိုင် ဖုန်းကို အကြမ်းဖျင်းဆိုလိုတာပါ။ ကျွန်တော် တို့ဆီမှာက ဖုန်းကုမ္ပဏီအသိအမှတ်ပြုကိုယ် စားလှယ်ကုမ္ပဏီတွေမရှိသေးတဲ့အတွက် နာမည် ကောင်းရှိတဲ့ဖုန်းဆိုင်တွေလို့ပဲဆိုပါရစေ။ ၎င်း တို့ရောင်းချလိုက်တဲ့ဖုန်းတွေမှာဆိုရင် အစစ် အမှန်ဖြစ်ကြောင်းနဲ့ ပစ္စည်း အာမခံ စတစ်ကာ တွေကပ်ပေးလေ့ရှိပါတယ်။ အချို့ဆိုင်တွေက တော့ ပစ္စည်းအစစ်ဖြစ်ကြောင်း၊ အသစ်ဖြစ် ကြောင်း အာမခံလေ့ရှိကြပါတယ်။ အဲဒီလိုဆိုင်တွေကရောင်းချတဲ့ဖုန်းတွေ ကို ဝယ်တဲ့ အတွက်ရရှိတဲ့ အကျိုးကျေးဇူး ကတော့ အာမခံရရှိခြင်းနဲ့ ရောင်းပြီးနောက် ပိုင်းဝန်ဆောင်မှုတွေကိုပါရရှိခြင်းဖြစ်ပါတယ်။
အဲဒီလိုအာမခံတွေပေးတဲ့ ဆိုင်ကနေဝယ်လာ တဲ့ဖုန်းတွေဟာ ကုမ္ပဏီ/စက်ရုံကမထွက်ခင် ကတည်းက QC လို့ခေါ်တဲ့ (ကွာလတီကွန် ထရိုး) ပစ္စည်းအရည်အသွေးကို ထိန်းချုပ်စစ် ဆေးခြင်းဆိုတဲ့ အဆင့်ပေါင်းများစွာကို ဖြတ် ကျော်ပြီးမှ ဈေးကွက်ထဲကိုရောက်လာတာပါ။ ဒါကြောင့် အဆိုပါဆိုင်တွေက ဝယ်လာတဲ့ဖုန်း တွေမှာပျက်တယ်ဆိုတာ ဖြစ်ခဲ့ပါတယ်။ အလုံး ရေတစ်သန်းမှာ တစ်လုံးဖြစ်တတ်တာပါ။ အ သုံးပြုရတာ ပြဿနာတက်တယ်ဆိုတဲ့ ဖုန်းက လည်း အလုံးရေတစ်သောင်းမှာ တစ်လုံး လောက်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မိမိဝယ် လာတဲ့ ဖုန်းက ဝယ်ပြီး(၇)ရက်အတွင်း ချို့ ယွင်းခဲ့တယ်ဆိုရင်လည်း ဝယ်ယူခဲ့တဲ့ဆိုင်မှာ အသစ်တစ်လုံး ချက်ချင်းသွားလဲနိုင်ပါတယ်။
ကာလကြာရှည်အောင် သုံးပြီးနောက်ပိုင်း ပျက်စီးချို့ယွင်းခဲ့ရင်လည်း အာမခံပြင်ပေးမယ့် ဆိုင်အသင့်ရှိတယ်။ မကောင်းလားဗျာ။ နောက်အုပ်စုကတော့ အဲဒီအာမခံနဲ့ ရောင်းနေတဲ့ ဆိုင်တွေရဲ့ အရှေ့မျက်နှာစာမှာ ခပ်တည်တည်နဲ့ ဆိုင်ခင်းရောင်းနေတဲ့ လမ်း ဘေးဖုန်းဆိုင်တွေပါ။ အဲဒီနေရာတွေမှာ နိုင်ငံ ခြားကပြန်လာသူတွေ တစ်နိုင်သယ်လာတဲ့ ဖုန်းတွေ၊ သင်္ဘောသား တွေဆီကပါလာတဲ့ဖုန်း တွေကိုရောင်းတတ်ပါတယ်။ အခွန်ရှောင်ပြီး အောက်လမ်းကလာတဲ့ဖုန်းတွေပေါ့။ သူတို့က နိုင်ငံခြားတိုက်ရိုက်တင်သွင်းလာတဲ့ ဖုန်းတွေ ဆိုတော့ ကျွန်တော်တို့လို အာမခံနဲ့ရောင်းတဲ့ အရောင်းကိုယ်စားလှယ်ဆီက ဖုန်းတွေထက် တော့ ပိုပြီးမော်ဒယ်မြင့်တဲ့ Update ဖြစ်တဲ့ ဖုန်းတွေ ရောင်းချချင်ရောင်းချနေပါလိမ့်မယ်။ အရောင်း ကိုယ်စားလှယ် တွေဆီမှာ မရှိသေးတဲ့ ဖုန်းတွေကိုလည်း ဒီလိုလမ်းဘေးဆိုင်တွေက ရောင်းချ နေပါလိမ့်မယ်။ တစ်ခါတလေများ မမြင်ဖူးသေးတဲ့ တံဆိပ်တွေနဲ့လက်ကိုင်ဖုန်းတွေ ကိုတွေ့ချင်တွေ့ရပါမယ်။ အထူးသဖြင့် ဂျပန် နိုင်ငံကဖုန်းတွေ အများစုဖြစ်တတ်ပါတယ်။ ဒီလိုဖုန်း တွေဆို ဘယ်မော်ဒယ်အမျိုးအစားနဲ့ မှ သွားတူမှာမဟုတ်ပါဘူး။
ပြဿနာကတော့ ဒီလိုဖုန်းတွေမှာ အာမခံနဲ့အရောင်းနောက်ပိုင်း ဝန်ဆောင်မှုဆို တာမရှိတာပါပဲ။ ရောင်းလိုက် တုန်းကတော့ အာမခံရှိတယ်လို့တော့ ဆိုင်ကပြောလိုက်မှာ ပါပဲ။ အကယ်၍ဖြစ်လာပြီဆိုရင်တော့ အပို ပစ္စည်းရှိမရှိဆိုတာ ရင်တထိတ်ထိတ်စောင့်ပေ ရော့။ အထူးသဖြင့် ကျွန်တော်တို့ ဆီကိုမရောက် သေးတဲ့ မော်ဒယ်တွေဆိုရင်တော့ အပိုပစ္စည်း မရှိတဲ့အဖြစ်တွေရှိခဲ့ရင်လည်း ဈေးနှုန်းကြီး မြင့်မှုတွေတွေ့ရပါမယ်။ တိုးတိုးတိတ်တိတ် လေးပြောပြ လိုက်ဦးမယ်။ ပါးပါးလေးလှီးချင် တဲ့ ဆိုင်နဲ့တိုးမိရင်တော့လား၊ အေးအေးဆေး ဆေးနဲ့ရိတ်သွားပါလိမ့်မယ်။ အဲဒီအတွက် အဲ့ဒီလိုလမ်းဘေးကဆိုင် တွေမှာမဝယ်မိခင် အောက်ပါအချက်တွေကို သတိထားစစ်ဆေးသင့်ပါတယ်။ ၁။ အာမခံဘယ်လိုပေးနိုင်မလဲ ၂။ အပိုပစ္စည်းရှိမရှိ ၃။ ဖုန်းပြင်ခဘယ်လောက်ကုန်ကျနိုင်မလဲ စတာတွေပေါ့။ ယင်းအပြင် ဖုန်းအသုံးပြုနည်းကိုလည်း သေချာစွာမေးမြန်းထားသင့်ပါတယ်။ ပျက်ခဲ့ ရင် ဘယ်လိုပြန်ပြင်နိုင်တယ်ဆိုတာ သိရ တာပေါ့။
အဟောင်းကိုအသစ်လုပ်ခြင်း
ဘယ်လိုဖုန်းအမျိုးအစားလည်းဆိုတာ သိပါသလား။ ကျွန်တော်တို့ ဖုန်းအသစ် ပြောင်းတော့မယ်ဆိုရင် ကိုယ်ရဲ့ဖုန်းဟောင်း လေးကို သွားရောင်းတတ်တယ်မဟုတ်လား။ အဲဒီဖုန်း တွေကို ဆိုင်ကသေချာပြင်ပြီး အသစ် ယောင်ယောင်ပြန်ရောင်းတာကို ပြောတာပေါ့။ ဘယ်လိုပြင်လဲဆိုတော့ အပြင်ကအခွံကိုလဲချင် လဲမယ်။ ဒါမှမဟုတ် အထဲကပျက်နေတဲ့ အစိတ် အပိုင်းကို လဲပြီးပြင်မယ်။ ဒါပါပဲ။ ပြင်ပြီး တော့ အဟောင်းဈေးနဲ့ရောင်းရင် ကိစ္စမရှိ ပါဘူး။ ဒါပေမဲ့ အသစ်ဈေးနဲ့ရောင်းရင်တော့ ပြဿနာတက်တော့တာပေါ့။ ဒါ့အပြင် အစစ်နဲ့ မခြား ပုံတူကူး ထားတဲ့ Cloning Phone တွေ လည်းရှိပါသေးတယ်။
သူကျတော့ အစစ်နဲ့ မခြား တော်တော်တူပါတယ်။ ဒါပေမဲ့ အထဲ က ကိရိယာအစိတ်အပိုင်းတွေဖြစ်တဲ့ Main Board တို့ Chipset တို့ကျတော့ အစစ် မဟုတ်ပါဘူး။ အဲဒီအစိတ် အပိုင်း တွေကို ထုတ် တဲ့ စက်ရုံကနေယူပြီး ပြန်လည်တပ်ဆင်ထား တာပါ။ ဒီလို ကလုန်းနင်းဖုန်း အမျိုးအစား တွေကျတော့ အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံမြောက်မြား စွာရှိတဲ့ တရုတ် ပြည်ကနေ ဝင်တာများပါတယ်။ အဲဒီဖုန်းတွေ မှာ အာမခံစတစ်ကာပါပါတယ်။ (ဒါလည်း အတုပါပဲ)။ နောက်ပြီးတော့ ဖုန်းတစ်လုံးရဲ့ ကိုယ်ပိုင် အမှတ်အသား လို့ခေါ်ဆို နိုင်တဲ့ IMEI နံပါတ်ကိုလည်း ရိုက်နှိပ် ထားပါတယ်။ (ဒါ လည်း တုပရတာမခက်ပါဘူး)။ ပြီးရင် ပလတ် စတစ်ထုတ်ထားတာပဲ။ ဒါတွေပြီးရင် ဈေး ကွက်ထဲဖြန့်ဖို့ အသင့်ပါပဲ။
ကလုန်းလုပ်ထားတဲ့ ဖုန်းတွေကို သုံးရင် ဘာတွေ ဖြစ်နိုင်မလဲ
ပြန်လည်ပြင်ဆင် ထားတဲ့ ဖုန်းတွေ၊ နာမည် ကြီးဖုန်းကို တုပ ထုတ်လုပ် ထားတဲ့ ဖုန်းတွေ စတာတွေကို ဝယ်မိတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ တချို့ကံကောင်းရင် ဖုန်းက ပြဿနာ မတက်ဘဲ ကောင်းမွန်စွာ အလုပ်လုပ် ပေးပါတယ်။ အများ အားဖြင့်တော့ ဝယ်လာပြီး သုံး၊ လေး၊ ငါးရက် လောက်မှာ ဖုန်းပြဿနာ တက်ပါတယ်။ ပြဿနာ က ဘက်ပေါင်းစုံက လာတတ်ပါတယ်။ ဖြစ် တတ်တာ ကတော့ ဖုန်းဟာ လက်ပြောင်းလက် လွှဲများခဲ့ သည်က တစ်ကြောင်း၊ ဖုန်းထဲမှာပါ လာတဲ့ အစိတ်အပိုင်း တွေက အာမခံမရှိ၊ အ ရည်အသွေးထိန်းချုပ်မှုမရှိတဲ့ ထုတ်လုပ် ထားတဲ့ အစိတ်အပိုင်းများနဲ့ တပ်ဆင် ထားတဲ့ အတွက် ကြောင့်လည်းကောင်း၊ Main Board မှာပါ လာတဲ့ CPU က စံချိန်မီမဟုတ်တဲ့အတွက် ကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.