Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Acer Smart Phone များ ဈေးကွက်သို့ ဝင်ရောက်လာ

Acer Smart Phone များ ဈေးကွက်သို့ ဝင်ရောက်လာ

Acer အမှတ်တံဆိပ် Smart Phone Model အသစ်များ (Acer liquid mini, liquid metal; be touch El 40) ဈေးကွက် တွင်းသို့ ဝင်ရောက်လာသည်။ ၄င်း ဖုန်းအားလုံး၏ Android OS vesion မှာ Android 2.2 (froyo) ဖြစ်ပြီး GSM ကွန်ရက်နှင့် 3G ကွန်ရက် နှစ်ခုစလုံး တွင် ချိတ်ဆက် အသုံးပြုနိုင်သည်။ Acer betouch El 40 ၏ screen displayမှာ TFT resistive touch screen ဖြစ်ပြီး Acer Liquid mini နှင့် Acer liquid metal ၏ screen display မှာ TFT capacitive touchscreen အမျိုးအစား ဖြစ်သည်။ ဖုန်းနံပါတ်နှင့် ဖုန်းမှတ်တမ်း များကို အကန့်အသတ် မရှိ မှတ်သားထား နိုင်သည်။ Acer betouch El 40 တွင် ဖုန်းတွင်း မှတ်ဥာဏ် 256MB RAM ပါဝင်ပြီး micro 3D 32GB ထပ်မံ ထည့်သွင်း အသုံးပြုနိုင် ပါသည်။
Acer Liquid mini တွင် 512MB RAM နှင့် 2G Card ပါဝင်ပြီး 32GB ထိ Support လုပ်နိုင်ပြီး liquid metal တွင် 512MB RAM ပါဝင်ပြီး 32GB ထပ်မံတိုးချဲ့ အသုံးပြုနိုင်ပါသည်။ အင်တာနက် စနစ်အသုံးပြုရန် GPRS, EDGE စနစ်များ ပါဝင်ပြီး wireless အသုံးပြုလိုပါက wifi စနစ် လည်း ပါဝင်ပါသည်။ liquid mini နှင့် liquid metal တို့တွင် ကင်မရာ 5 megapixels ပါဝင်ပြီး geo tagging စနစ် လည်း ပါဝင်ပါသည်။ betouch El 40 တွင် 3.15 megapixels ပါဝင်ပါသည်။ music ပိုင်းနှင့် multimedia စနစ်ပိုင်း ပြည့်ပြည့် စုံစုံပါဝင်ပြီး toucscreen ကြိုက်နှစ်သက်သူများ သဘောကျ စေမှာဖြစ်ပါ သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.