Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Mobile Reviews: Nokia ရဲ့ အသစ်ထွက် စမတ်ဖုန်း Nokia N9 (GSM)

Mobile Reviews: Nokia ရဲ့ အသစ်ထွက် စမတ်ဖုန်း Nokia N9 (GSM)

 

Nokia ကတော့ ရိုးရှင်းပြီး ဆန်းသစ်လှပတဲ့ ဒီဇိုင်းနဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ ဒီဖုန်းကတော့ Nokia N9 ပါပဲ။ N9 ရဲ့ ဒီဇိုင်းကတော့
တခြား ဖုန်းရဲ့ ဘယ်အချက်အလက်ကိုမှ မသိရသေးခင်မှာတောင် လိုချင်တပ်မက်ဖွယ်ဖြစ်လောက်အောင် ဆွဲဆောင်မှုရှိတာကိုတွေ့ရပါတယ်။ ဖုန်းရဲ့ Operationg System အနေနဲ့ Meego v1.2 ကိုအသုံးပြုထားပြီး CPU Processor အနေနဲ့ 1GHz Cortex A8 CPU ကိုအသုံးပြုထားပါတယ်။ N9 ကို Memory Storage တစ်မျိုးတည်းနဲ့သာထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ internal memory storage က 64GB ဖြစ်ပြီး 1GB RAM ကိုအသုံးပြုထားပါတယ်။ အင်တာနက်အသုံးပြုနိုင်ပြီး
အထောက်အပံ့ပေးနိုင်တဲ့ အင်တာနက်စနစ်များအနေနဲ့ EDGE, HSDPA စတဲ့ အင်တာနက်စနစ်များနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်း Camera အနေနဲ့ 8 Mega Pixel ရှိတဲ့ အရည်အသွေးမြင့် Carl Zeiss Camera ကိုအသုံးပြုထားတာကြောင့် ဓာတ်ပုံများ ဗီဒီယိုများကိုရိုက်ကူးရာမှာ အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Touch စနစ်ကလည်း အလွန်ကောင်းမွန်ပါတယ်။ အခြားအသုံးပြုနိုင်တဲ့ features တွေအနေနဲ့
Active noise cancellation
with dedicated mic.
Digital compass
TV-out (720p video)
via HDMI and composite
NFC support
Dolby Digital Plus via HDMI
MP3/WAV/eAAC+/WMA
FLAC player
MP4/H.264/H.263/WMV player
Document editor Word,
Excel, PowerPoint
PDF viewer
Video/photo editor
Voice memo/command/dial
Predictive text input (Swype) စတဲ့စနစ်များကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ ဈေးနှုန်းကတော့ အနည်းငယ်မြင့်မားတာမို့ ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် ကိုင်သင့်တဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဖုန်း Battery အနေနဲ့ ဘာစနစ်မှ အသုံးမပြုဘဲ Stand by အနေနဲ့ထားမယ်ဆိုရင် နာရီပေါင်း ၄၅၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ သီချင်းနားထောင်မယ်ဆိုရင် နာရီ ၅၀ အထိအသုံးပြုနိုင်မှာပါ။ ဒါကြောင့် ဒီဇိုင်းအားဖြင့်လည်း လှပပြီး ဖုန်းတွင်းစနစ်ပြည့်စုံကောင်းမွန်တဲ့ Nokia N9 ကို ရွေးချယ်ဝယ်ယူသင့်တဲ့အကြောင်း Mobile House  မှတင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.