ဖုန်းပေါ်မှာ တင်ထားတဲ့ icon တွေနဲ့ font တွေကို ကြည့်ရတာ အရမ်းကိုပြတ်သားပြီး အရောင်အသွေးကလည်း အထူးကောင်းမွန်တယ်။ ဖုန်းပေါ်မှာ တင်ထားတဲ့ icon တွေနဲ့တင် သုံးစွဲသူတွေ အလွယ်ကူဆုံးဖြစ်အောင် အားထုတ်ထားကြောင်း ထင်ရှားတယ်။ ဥပမာ social networking အတွက် လူသုံးများတဲ့ Facebook ကို icon တစ်ခုအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဖုန်းမှာ အကြိုက်ဆုံးကတော့ Social Hub ဆိုတဲ့ application လေးပဲ ဖြစ်ပါတယ်။ အီးမေးလ်၊ message တွေနဲ့ instant-message တွေကို ဆက်သွယ်နိုင်တဲ့ နေရာဖြစ်သလို calendar ကိုလည်း စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးချင်းကို လိုက်ပြီး update ဖြစ် မဖြစ် စစ်နေစရာမလိုဘူး။ ဖုန်းမှာ 3.2 megapixel ကင်မရာလေး ထည့်ထားတယ်။
Auto focus ရတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် front-facing ကင်မရာတော့ မပါဘူး။ စမတ်ဖုန်း အတော်များများမှာတော့ 5 megapixel ကင်မရာတွေကို built-in ထည့်ထားတတ်တာ များတယ်။ ပုံထွက်ကတော့ သိပ်ပြီး အံ့သြလောက်အောင် အကောင်းကြီး ဖြစ်မှာ မဟုတ်ဘူး။ Samsung က ထွက်သမျှဖုန်းတွေထဲမှာ အကောင်းဆုံး ပါလို့ ပြောရလောက်အောင်တော့ မဟုတ်သေးဘူး။
No comments:
Post a Comment
Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်
*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း
****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။
Admin = ရဲရင့်အောင်
Note: Only a member of this blog may post a comment.