Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

မိုဘိုင်းဖုန်း ဆိုင် အချို့ ဝယ်ထား သော ပစ္စည်း အပေါ် တာဝန် ယူမှု မရှိကြောင်း သိရ

မိုဘိုင်းဖုန်း ဆိုင် အချို့ ဝယ်ထား သော ပစ္စည်း အပေါ် တာဝန် ယူမှု မရှိကြောင်း သိရ
Net Guide Journal
   ရန်ကုန် မြို့တွင်းရှိ မိုဘိုင်းဖုန်း ဆိုင်တချို့တွင် မိမိဆိုင် သို့ လာရောက် ဝယ်ယူသော ပစ္စည်းများ အပေါ် After Sale Service ပိုင်းတွင် တာဝန် ယူမှု မရှိဘဲ မချေမငံ ပြန်လည် ဆက်ဆံ ခံရခြင်းများ ကြုံတွေ့ လာရကြောင်း ဖုန်းဝယ် ယူသူများဘက်က ပြော ကြားသည်။ ပြည်တွင်းရှိ အထူးသ ဖြင့် ရန်ကုန်မြို့တွင်း၌ မိုဘိုင်းဖုန်း နှင့် ပတ်သက်ပြီး အရောင်း ဆိုင်များ စွာရှိ သည့် အနက် တချို့ဖုန်းဆိုင် များမှာ မိမိထံလာရောက်ဝယ်ယူ သွားသောပစ္စည်းများနှင့် ပတ်သက် ပြီး တာဝန်ယူခြင်းမရှိကြောင်းကို လက်တွေ့ကြုံ တွေ့ခံရသူ တစ်ဦးက “ကျွန်မက အဲဒီဆိုင် တစ်ဆိုင်က ဖုန်းသွား ဝယ်မိပါတယ်။ သူ့ဆိုင် ကလည်း ဂျာနယ်တွေမှာ အကြီး အကျယ်ကြော်ငြာထားတဲ့ ဆိုင်ဆို တော့ ဒီလိုမျိုး မဖြစ် လောက်ပါ ဘူး ဆိုပြီး သွားဝယ်ခဲ့ တာပါ။ ဝယ်တုန်း ကလည်း ဈေးက သူများ ထက်များ သေးတယ်။ ဝယ်ပြီး ၂ ရက်လောက် နေတော့ ဖုန်းပြဿနာတက်လာ တယ်။ ဒါနဲ့ဖုန်း ဆက်တော့ သူတို့ ဆီက ဝယ်သွား တဲ့ဖုန်းကို ပြန်မပြင် ပေးတဲ့အပြင် မချေမငံနဲ့ ဆက်ဆံခံ ရတယ်” ဟု ကိုယ်တွေ့ အဖြစ် အပျက်ကို ပြောသည်။ နာမည်ကြီးဖုန်းဆိုင်တစ်ဆိုင် တွင်ပင် ဖုန်းဆက်စပ်ပစ္စည်းတစ်ခု ဝယ်ယူခဲ့ပြီး အထက်ပါကဲ့သို့ပင် ပြဿနာတက်ကာ မချေမငံ ဆက် ဆံခြင်း၊တာဝန်ယူနိုင်မှုမရှိကြောင်း ပြောကြားခြင်း အစရှိသည် တို့ကို ပြုလုပ်ကြကြောင်း ဝယ်ယူသူများ ဘက်မှ ပြောကြားချက်များအရ သိရသည်။ အဆိုပါအဖြစ်အပျက် များနှင့်ပတ်သက်၍ Today's Mobile မှ ကိုနေလင်းထွန်းက “တစ်ခါတ လေ ဖြစ်တတ်ပါတယ်။ Costumer Right ဆိုတာ မှန်ပါတယ်။ တစ်ခါ တရံမှာ အတော်လေးကို အကျပ် အတည်းဖြစ်စေတဲ့ ကိစ္စတွေဖြစ် တတ်ပါတယ်။ ဥပမာပြောရင် Costumer တစ်ဦးက ဖုန်းတစ်လုံးဝယ် သွားတယ်။ နောက်တစ်ပတ်လောက် ကြာတော့ ပြန်လာတယ်။ ဒီဖုန်းကို မကြိုက်လို့ နောက်တစ်လုံး လဲပေး ပါပြောတယ်။ ဒါနဲ့လဲပေး လိုက်ပြန် တော့ နောက်တစ်ခေါက်ရောက် လာပြန်တယ်။ ဒါနဲ့မေးကြည့်တော့ လည်း ဖုန်းကသုံးရတာ အားလုံးအ ဆင်ပြေပါတယ်တဲ့။ ဒီဇိုင်းနဲ့အရောင် ကို မကြိုက်တော့လို့ ပြန်လဲ ချင်တာ ပါတဲ့” ဟု သူဆိုင်တွင်း အဖြစ် အပျက်တချို့ကို ရှင်းပြခဲ့သည်။ ထို့အပြင် D Mobile မှ ကိုဇော် မင်းထွန်းကလည်း “Costumerတစ် ယောက်ဆိုရင် ဖုန်းဝယ်သွားပြီးတဲ့ နေ့ကစပြီး မနက်တိုင်းလာတယ်။ ပြီးရင် ဖုန်းထဲမှာပါတဲ့ Function တွေ ကိုတစ်ခုမကျန်မေးတယ်။ နောက် နေ့ကျလည်း ပြန်လာပြီးထပ်မေး တယ်။ တစ်ပတ်ကျော်ကျော် လောက်ကို အမြဲတမ်းလာတယ်။ ဒီနေ့မေးသွား၊ နောက်နေ့ထပ်မေး ပြန်တယ်။ ဘာမှတော့မဟုတ်ပေ မယ့် ဆိုင်မှာရောင်းရတဲ့ ကလေး တွေအတွက် အနည်းငယ်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့” ဟု ပြောသည်။
From Net Guide

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.