Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, June 18, 2013

၁၅၀၀ တန်ဖုန်းကဒ်များတွင် Ring Tune အသုံးပြုနည်း

မိတ်ဆက်
Hello Music ၀န်ဆောင်မှုဆိုသည်မှာ မိမိထံ ဖုန်းခေါ်နေစဉ် ဖုန်းခေါ်ဆိုသူမှ ကြားရမည့် Default Ring Tone အစား မိမိနှစ်သက်ရာ သီချင်းများနှင့် အစားထိုး အသုံးပြုနိုင်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ဤ၀န်ဆောင်မှုအား MecTel CDMA 800MHz ကွန်ယက်စနစ်သုံး ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

     
Hello Music ၀န်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် မည်ကဲ့သို့ စတင်အသုံးပြုနိုင်မည်နည်း။

     ပထမဦးစွာ Hello Music ၀န်ဆောင်မှုကို ရရှိရန် Register စာရင်းပေးသွင်းရပါမည်။
Register စာရင်းပေးသွင်းရန်အတွက်
……
၃၃၃ သို့ စာလုံးအသေး register ဟူ၍ ရိုက်နှိပ်ပြီး SMS ပေးပို့နိုင်ပါသည်။
(သို့မဟုတ်)
Hello Music Service Center သို့ သွားရောက်၍လည်း အောက်ပါ Member Form ကို ဖြည့်စွက်နိုင်ပါသည်။
(သို့မဟုတ်)
အနယ်နယ် အရပ်ရပ်ရှိ ကျွန်ုပ်တို့၏ ကိုယ်စားပြု မိုဘိုင်းလ်ဖုန်းဆိုင်များတွင်လည်း Member Form ရယူ၍ ဖြည့်စွက်နိုင်ပါသည်။
(သို့မဟုတ်)
ကျွန်ုပ်တို့၏ Website www.myhellomusic.com.mm & www.myhellomusic.com သို့ သွားရောက်၍ အထက်ပါ Member Form တွင် ဖြည့်စွက်နိုင်ပါသည်။
သင်၏ Register စာရင်းသွင်းခြင်း အောင်မြင်ပါက ၃၃၃ မှ အောက်ပါ SMS ကို ပြန်လည်ရရှိမည် ဖြစ်ပါသည်။
Welcome Hello Music Member. Your account password is 777777.
Register စာရင်းပေးသွင်းခြင်း အောင်မြင်ပါက Hello Music မှ သတ်မှတ်ထားသော Default RingBackTone သည် သင့်လက်ကိုင်ဖုန်း ၏ Ring Back Tone အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
Hello Music ၀န်ဆောင်မှုအတွက် ၀န်ဆောင်မှုနှုန်းထားများ
လစဉ်အသုံးပြုခ:
၂၀၀၀ ကျပ်


သီချင်းသံစဉ်တစ်ပုဒ်ဝယ်ယူရန်:
၃၀၀ ကျပ်
SMS လမ်းညွှန်
လုပ်ဆောင်ချက် ၃၃၃သို့ SMS ပို့ရန်
Register စာရင်းပေးသွင်းရန် register
Password ပြောင်းရန် changepass+(new 6 digits password)
Default song ပြောင်းလဲ သတ်မှတ်ရန် default+(10 digits ring tune code)
သီချင်းသံစဉ် ၀ယ်ယူရန် buy+(10 digits ring tune code)
Top Songs List ရယူရန် top
လုပ်ဆောင်ချက်များကို မမှတ်မိ help
လုပ်ဆောင်ချက်များအား မမှတ်မိ မသိရှိပါက ၃၃၃ သို့ help ဟု SMS ရိုက်နှိပ် ပေးပို့၍သော်လည်း ကောင်း (သို့မဟုတ်) ဖုန်းခေါ်ဆို၍သော်လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်
ဆက်သွယ်ရန် လိပ်စာ
Hello Music Service Center ->     အမှတ်-၃၇၊ လပြည့်ဝန်းပလာဇာ၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ်
၁၂၁၂ Call Center နှင့် ၁၂၁၁ Call Center
ဆက်ဖတ်ရန်>>>