iPhone, iPad, iPod Touch တို့ တွင် iTunes မလိုဘဲ Music သွင်းနည်း
တစ်ခြားနည်းလမ်းတွေလဲ အများကြီးရှိပါသေးတယ်။ ဒီမှာတော့ iPhone Explorer နဲ့ ပဲ လုပ်ပြထားတယ်။ :)
iPhone Explorer နဲ့  Deb file ကို အောက်က Link မှာ ဒေါင်းလိုက်ပါ။
iPhone Explorer ကိုဖွင့်ပြီး Zin Ko Oo/Root Directory/var/root/Media/Cydia/AutoInstall အဲဒီလမ်းကြောင်းအတိုင်းသွားလိုက်ပါ။
Zin Ko Oo နေရာမှာတော့ ကိုယ့် iDevice Name ပေါ့.. :P
အဲဒီလမ်းကြောင်းထဲကနေ AutoInstall Folder ထဲကို ကျွန်တော်ပေးထားတဲ့ PwnTunes.deb file လေး ဆွဲထည့်လိုက်ပါ။ ပြီးရင် iDevice ကို reboot လုပ်လိုက်ပါ။ reboot လုပ်ပြီးရင်တော့ PwnTunes ကို install လုပ်ပြီးသွားပါပြီ။
ပြီးရင် မိမိ iDevice ထဲတွင် Settings >> PwnTunes >> Generate Playlists နဲ့  Needs Sync ကို On ထားလိုက်ပါ။
အပေါ်က အဆင့်ပြီးရင် iPhone Explorer ကိုဖွင့်လိုက်ပါ။
Zin Ko Oo/Root Directory/var/mobile/Media/My Music အဲဒီ လမ်းကြောင်းအတိုင်းသွားလိုက်ပါ။ My Music Folder ထဲကို ထည့်ချင်တဲ့ သီချင်းတွေ ဆွဲထည့်လိုက်ရုံပါပဲ။
အပေါ်ကအဆင့်ပြီးသွားရင်တော့ သင့်ရဲ့  iDevice ထဲကို သီချင်းတွေရောက်သွားပါပြီ။ ဒီနည်းအတိုင်း Music တွေ လွယ်လွယ်ကူကူ iTunes မလိုဘဲ သွင်းနိင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ.... :)
credit to Zin Ko Oo