Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 20, 2011

ကိုယ်နှစ်သက်တဲ့ webpage တွေကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေးအဖြစ် ထားချင်ရင်

ကိုယ်နှစ်သက်တဲ့ webpage တွေကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေးအဖြစ် ထားချင်ရင်

              ကိုယ်နှစ်သက်တဲ့ Web site တွေရဲ့  webpage ကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေး အဖြစ် ထားချင်တဲ့ သူတွေအတွက် နည်းလမ်းလေးပါ။ ကိုယ်နှစ်သက်တဲ့ Web site တွေကို Search box မှာ ရိုက်ရှာနေစရာမလို၊ Bookmark လုပ်ပြီး သိမ်းထားစရာလည်း မလိုဘဲ အလွယ်တကူ သုံးရလွယ်တဲ့ နည်းလမ်းလေးပါ။ ကျနော်ကတော့ http://www.dhammadownload.com/ AudioInMyanmar ဆိုတဲ့ webpage လေးကိုယူပြီး နမူနာ လုပ်ပြထားပါတယ်။ လုပ်နည်းလေးကတော့ အရမ်းကို လွယ်ပါတယ်။
 
Step(1) iPhone ပေါ်မှာ ကိုယ်နှစ်သက်တဲ့ Web site က ကိုယ်လိုချင်တဲ့  Webpage ကို ဖွင့်ပြီး အောက်   
              မှာ ပြထားတဲ့ ပုံအတိုင်း အနီရောင် စက်ဝိုင်း ပြထားတဲ့နေရာ လေးကိုနိုပ်လိုက်ပါ။




Step(2) Add to Home Screen ကို ရွေးပေးပါ။

 

Step(3) အောက်ကပုံအတိုင်း icon လေးနဲ့ နာမည်စာတမ်းလေး ပေါ်လာပါလိမ့်မယ်။ ကိုလိုချင်တဲ့ နာမည်
             ကို ပြောင်းလို့ ရပါတယ်။ ကျနော်ကတော့ MMdhamma ဆိုပြီး နာမည်လေးပြောင်းထားပါတယ်။                               ပြီးရင်တော့ Add ကိုနိုပ်လိုက်ပါ။


Step(4) iPhone  home scream ရဲ့အပေါ်မှာ ကျနော် နာမည်ပေးထားတဲ့ MMdhamma ဆိုတဲ့  
             application   icon လေးကို တွေ့ရမှာပါ။ အဲဒီ icon လေးကို နိုပ်လိုက်ရင် ကိုယ့်စိတ်ကြိုက် 
             ရွေးထားတဲ့ Webpage လေးပေါ်လာမှာပါ။



     Application icon လေးကို ပြန်ပြီးဖျက်ချင်တယ် ဆိုရင်တော့ Scream ပေါ်မှာရှိတဲ့ icon လေးတွေ တုန်ခါ တဲ့အထိ icon တစ်ခုခု အပေါ်မှာ  ဖိထားပါ။ ပြီးရင် ကြက်ခြေခက် လေးကိုထိပြီး Delete ကို နိုပ်လိုက်ပါ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.