Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, May 31, 2013

1500 အင်တာနက် ချိန် မရသူ များ အတွက်

1500 အင်တာနက် ချိန် မရသူ များ အတွက်

Mobile Data ကို အရင်ပိတ်ပါ ။APN ထဲ ရောက်ရင် Menu နိုပ် လိုက်ပြီး reset to default လုပ်ပါ ။ပြီး ရင် CN net ထဲ ၀င် ပြီး မှအောက်က အတိုင်းချိန် ပါ ။

Name : mectel

APN : #777

Username : card@c800.mm

Password : card

Authentication type : PAP or CHAP

APN type : *

Data bearer : Package Data

Prompt password : #777

APN protocol : IPv4

ကျန်တာ ဒီတိုင်း ထားပါ ။ပြီးရင် menu နိုပ်ပြီး save လိုက် ပါ ။ Mobile data ဖွင့် ကြည့် လိုက် ပါ ၁ မိနစ် လောက် မှ မတက်ရင် ပိတ်ပြီး ဖုန်း reset ပြန်ချ ပါ ။ ပြန်တက် လာရင် ပြန်စမ်း ကြည့် ပါ ။ မရ ရင် အစက ပြန်လုပ်ပါ ။
ဆက်ဖတ်ရန်>>>

Thursday, May 30, 2013

ကိုယ့် ဖုန်း အင်တာနက် ဘယ်လောက် မြန် လဲ သိချင် ရင်

Internet Speed Meter - အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း မှာ ဖော်ပြပေးပါမယ် ။
 





Main Features:
★ Real time speed update in status bar and notification.
★ Daily stats in notification.
★ Smart Notification On/Off.
★ Separate stats for Mobile data and WiFi data.
★ Logs your data traffic of last 30 days.










  Download From Mobile House
http://www.mediafire.com/?6mx8s0d7uxccuh2
 

ဆက်ဖတ်ရန်>>>

How to create and install android bootanimations from scratch

How to create and install android bootanimations from scratch

This is a guide which tells you how to make a your very own bootanimation and install a bootanimation on your device.
plz let me know if you made a bootanimation using this method so that every bootanimation made using this method can be posted here




Code:
#This guide assumes that you are windows user and have - 
  1- 7 zip or winrar installed
  2- a image editing software (for ex-photoshop)  #
Bootanimation- what is it ?

Quote:
Bootanimation basically is a collection of .png pictures that are projected on the screen one after the other quickly so that it looks like a animation , stored in a zip file
Prerequisites

1-you need a bootanimation.zip file [you can find them on google]

now if you have downloaded the bootanimation.zip file ,open it up

2- as you can see in the picture you find some folders in it named
Code:
"part0"    "part1"    "part2"
and a desc.txt file .



Quote:
EXPLANATIONS
folders like part0;part1,etc. STORE .png pictures of bootnaimation
the desc.txt file contains all the necessary info to run bootanimation like resolution fps ,etc
EXPLANATION OF desc.txt



Code:
As you can see in the image
   #1-it is the resolution of the bootanimation(you should basically use your device's resolution for ex - in the pic it is 320X480)
   #2-it is the fps(frames per second) of your bootanimation [higher the no. faster will your bootanimation play a standard fps should be 30]
   #3-these are the folders which contain images for your bootanimation
   #4-it is a pointer to tell it to look at new commands
   #5-specifies the no. of times this section of bootanimation will play ( 0 means infinite)
   #6-defines pause in seconds before repeating or moving on next line (o means no pause 10 means 10 sec pause)

Fire it up el captain !!

we'll start making a bootanimation from scratch from here


#1-create a folder anywhere put in desktop for ease,let's call it
Code:
bootanimation
#2-open the folder and create another folder name it
Code:
part0
#3- With part0 created, it's time for you to start creating an image. To make it simple for beginning we'll make a simple one .So, using Photoshop as an example, create a new image which is the resolution of your handset. [like if ur on htc explorer use 320X480 or galaxy mini use 340X320] (if u don't know your device's resolution google it

#4-Give a black background to the image and take a image you wan't to fade in . paste it as a new layer and set the layer to 0% opacity
so now you can only see a black background.

#5-now save the image in your
Code:
part0 folder
and name it
Code:
image00.png
#6-now increase the opacity of your bootanimation by a narrow degree say 6%.now save it as
Code:
image002.png
in the part0 folder

#7-repeat step 5 every time until you reach 100%.and each time save it as image003-image004 etc. in part0 folder

#8-open notepad and type this --
Code:

320 480 30

p 1 0 part0
Code:
change the 320 480 with the resolution you are using
#9- save it as :
Code:
desc.txt
in the root of your bootanimation folder (not in part0)

#10- compress it using your archive manager say 7zip ;winrar,etc.
imp: SET COMPRESSION METHOD TO STORE
or else bootanimation WON'T work

congrats u just made a boot animation... and remember to share with us your bootanimation

Installing bootanimations

To install your bootanimation just use root explorer to put it in system/media folder
if using htc stock rom put it in system/customize/resources folder (make sure to rename it the bootanimation.zip to htc_bootup.zip )
ဆက်ဖတ်ရန်>>>

Sunday, May 26, 2013

ဖုန်း ဖြင့် 3G အင်တာနက် သုံး သူများ ဆောင် သင့် တဲ့ ဆော့ဝ်

ဖုန်း တွေ အင်တာနက် ရတော့ တော်တော် များ များ သုံး လာကြ ပါတယ် ။ကွန်နက် ရှင် က သိပ်မကောင်း တော့ စောင့် ရင်း နဲ့ အိပ်ပျော် သွား တာတို့ မေ့ သွား တာတို့ ရှိတက်ပါတယ် ။ အဲ့ ချိန် မှာ ပိုက် ဆံ မကုန် ရအောင် ဒီဆော့ဝ် လေး က ကူညီပေး မှာပါ ။
သုံး ရတာ လဲ အရမ်း လွယ်ပါတယ် ။သွင်း ပြီး ရင် စသုံး ချင်ပြီ ဆို အဲ့ ဆော့ဝ် ပေါ် တစ်ချက်ထောက် လိုက် ရင် စတင် ပြီး နောက် တစ်ချက် ပြန်ထောက် လိုက် ရင် ပိတ်သွား ပါမယ် ။

သူက တော့ ဖုန်းမျက်နှာ ပြင် မှောင် သွား တာ နဲ့ ပိတ်ပေး မှာ ဖြစ် ပြီး ပါဝါ ခလုပ် တစ်ချက် ပြန်နိုပ် ရင် ဖြစ်ဖြစ် ကီး တစ်ခုခု နိုပ် လို့ ဖြစ်ဖြစ် မျက်နှာ ပြင်လင်း တာ နဲ့ အင်တာနက် ပြန်ဖွင့် ပေးမှာပါ ။ ဖုန်းသုံး နေ ရင် screen ကပိတ် သွားပါဘူး ။မသုံး ပဲ ဘယ်လောက် ထားရင် ပိတ် မလဲ ဆို တာ ကိုယ့် ဖုန်း ရဲ့ screen time out ပေါ် မူတည်ပါမယ် ။ setting ထဲက display အောက် မှာ screen timeout မှာ ချိန် နိုင်ပါတယ်။

Wifi/3G Sleep


Download Here

http://www.mediafire.com/?mdzu9coy6yrjuys

or

http://www.4shared.com/android/Y7m3q0bo/MH_Wifi_3G_Sleep.html

App Screenshots









ဆက်ဖတ်ရန်>>>

Saturday, May 25, 2013

HD movies တွေ FREE ကြည့်ရအောင်


iPhone, iPad, iPodTouch များမှ နေ၍ HD quality ရုပ်ရှင်များကို လွယ်လွယ်ကူကူ FREE ကြည့်ရှုနိုင်မယ့် App လေး တစ်ခု ဝေမျှပေးလိုက်ပါတယ်။
ရေးပေးဖို့  ရည်ရွယ်ထားတာ ကြာနေပေမယ့် အခက်မခဲလေး တစ်ချို့ ကြောင့် အခုမှပဲ ရေးပေးနိုင်ပါတော့တယ်..

"HDmovies" လို့  အမည်ရတဲ့ App က Apple Store မှာတင်ရောင်းတဲ့ App မဟုတ်လို့  မည်သည့် App Store မှာမှ ရှာတွေ့ နိုင်မှာ မဟုတ်ပါဘူး။ PPstream, Funshion တို့ ထက် ကောင်းမွန်ပြီး ရုပ်ရှင်ဇာတ်ကား အများစုဟာ HD quality နဲ့  ကြည့်ရှုနိုင်ပါတယ်။ Streaming video ဖြစ်လို့  တစ်ခါထဲ အပြီးတိုင် တိုက်ရိုက်ကြည့်ရှုပါက ပိုမိုအဆင်ပြေပြီး connection သိပ်ကောင်းပါက လိုတဲ့နေရာကို ရွေ့ ပြီး ကျော်ကြည့်နိုင်ပါတယ်။

ပုံမှန် 3G ၏ internet connection နဲ့ တင် ကြည့်ရှုနိုင်ပါတယ်။ ဒီ App လေးကို Installous, Vshare တို့ ကဲ့သို့  သီခြား တည်ထောင်ထားသော ဗီယမ်နန် AppStore တစ်ခုမှ ရရှိတာဖြစ်ပါတယ်။
iOS နှင့် Android နှစ်မျိုးလုံးအတွက်ပါ "Free" ပေးထားပါတယ်။

iDevice မှ တိုက်ရိုက်သွားပါက သူ၏ Site App ကို Download လုပ်ခိုင်းမှာ ဖြစ်ပါတယ်။ မူရင်း Site ထဲမှာလည်း movies များကို ကြည့်နိုင်ရန် လုပ်ပေးထားသော်လည်း ၅ မိနစ်အထိသာ Free ကြည့်ခွင့် ရပြီး ဆက်လက်ကြည့်လိုပါက Point ဝယ်ယူရမှာ ဖြစ်ပါတယ်။
ယခု ဝေမျှလိုက်သော "HDmovies" App အပါအဝင် အခြား App တော်တော်များများကို "FREE" ပေးထားပေမယ့် download လုပ်လိုပါက Member အဖြစ် Sign Up လုပ်ရန်လိုအပ်ပါတာ်။ အားလုံးကို ဗီယမ်နန်ဘာသာ နှင့်သာ ဖော်ပြထားပြီး ကြားထဲတွင်လည်း ကဂျီကဂျောင် လက်ပေါက်ကပ်သော အဆင့်များခုခံထားတဲ့ အတွက် Free ဆိုသော်လည်း App များ download လုပ်ရန် အဆင်မပြေပါ။
စူးစမ်းလိုသူများအတွက် မူရင်း Site ကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

** Jailbreak လုပ်ထားသော iDevice များအတွက်သာ **

>>Download HDmovies For iOS

Install လုပ်နည်းများ

နည်းလမ်း (၁)
iTunes အသုံးပြုသူများ File ->Add File to Library နှင့် ထည့်ပြီး Sync လုပ်ပါ။

နည်းလမ်း (၂)
iFunBox အသုံးပြုသူများ iFunBox Classic -> Install App နှင့် ထည့်သွင်းပါ။

နည်းလမ်း (၃)
iDevice မှ တိုက်ရိုက် Download Install လုပ်သူများ အတွက် "Vshare" နှင့် "iFile" ရှိထားရန်လိုအပ်ပါသည်။
Install လုပ်ရန် အောက်ပါပုံများ အတိုင်း ဆောင်ရွက်ပါ။





အသုံးပြုနည်း

App စတက်လာသောအခါ Update လုပ်ရန် ပြောလာပါမည် "Cancel" သာ နှိပ်ပါ။

မိမိကြည့်လို သော movie ကို နှိပ်ပြီး မြှားပြထားသော "001" နေရာကို နှိပ်ပါ။

စိတ်ကြိုက် ကြည့်ရှုနိုင်ပါပြီ...



Video တွင် လက်တွေ့ လေ့လာရန်



ဒီဗွီဒီယိုမှာ စကားမှားထားတာလေးတွေကို Video ရဲ့  Description မှာ ပြန်ပြင် ရေးပေးထားပါတယ်...


မူရင်း Site သို့  >>


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ


iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။

"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး...

"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။


"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။

ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်..


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

မရှိမဖြစ် Movie Box


ရုပ်ရှင် ဝါသနာအိုးများ အတွက် Online Movies များကို အလွယ်တစ်ကူ ကြည့်ရှုနိုင့်မယ့် အကောင်းတစ်ကာ့ အကောင်းဆုံး App တစ်ခုကို ညွှန်းလိုက်ချင်ပါတယ်။

Quality သုံးမျိုးပေးထားပြီး မိမိ၏ connection အခြေနေပေါ်မူတည်ကာ စိတ်ကြိုက် ရွေးချယ် ကြည့်ရှုနိုင်တဲ့အပြင် Download လုပ်ပြီး သိမ်းထားနိုင်ပါသေးတယ်။
ရုပ်ရှင်ဇာတ်ကား အမျိုးအစား စုံလင်စွာ ပါရှိတဲ့အပြင် TV show များလည်း ပါဝင်ပြီး တော်တော်များများ Update ဖြစ်တာတွေကို ကြည့်ရှုနိုင်ပါတယ်။

"Movie Box" လို့  အမည်ရတဲ့ App လေးကို မသိသေးတဲ့ မိတ်ဆွေများအတွက် အထူးရည်ရွယ် ဖော်ပြပေးလိုက်ပါတယ်။ "Movie Box" ကို Cydia မှတစ်ဆင့် သွင်းယူရမှာဖြစ်လို သင့် iDevice ဟာ Jailbreak ဖြစ်နေဖို့ တော့ လိုအပ်ပါတယ်။



>> "Movie Box" ကို သွင်းယူနိုင်မည့် Cydia Source များ <<

  • " http://moviebox.x10.mx/repo " *Updated*
  • " http://repo.insanelyi.com " *Updated*
  • " http://ihacksrepo.com "
  • " http://repo.biteyourapple.net "
  • " http://igoldhouse.myrepospace.com "

တစ်ခုခုကို Cydia -> Sources -> Edit -> Add တွင် ထည့်သွင်းပြီး "Movie Box" ကို Install လုပ်နိုင်ပါပြီ...

Updated source အသစ်တွင် "Music Video" များပါ ထပ်မံဖြည့်စွက်ထားပါတယ်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

တရုတ်ဖုန်းများတွင် Game နဲ့ Application များထည့်သွင်းနည်း

CHINA TOUCH SCREEN PHONES

တရုတ် Touch Screen ဖုန်းများမှာ Games နဲ့ Applications များထည့်သွင်းနည်းကိုတင်ပြပါ့မယ်။
တရုတ်ဖုန်းအများစုဟာ java os ကိုသာအသုံးပြုတာများပါတယ်။
ဒါကြောင့် ယေဘုယျအားဖြင့် java ဂိမ်းများကိုထည့်သွင်းနိုင်ပါတယ်။
ဒါပေမယ့် ကန့်သတ်ချက်ရှိပါတယ်။

(1)  screen resolution ( ပုံရိပ်ဖော်ပြမှုအရွယ်အစား)
(2)  extension type     ( file အမျိုးအစားများ ဥပမာ။ ။ .jar  .jad  .jar( j2me) )
(3)  folder          ( ဂိမ်းထည့်သွင်းမည့်နေရာ )
တို့ဖြစ်ပါတယ်။

(၁) မိမိဖုန်းရဲ့ screen အရွယ်အစားဟာ ဘာအမျိုးအစားလဲဆိုတာသိရပါမယ်။

ဥပမာ ။ ။  QVGA  - 320x240
              HVGA  - 480x320
              WVGA - 800x480
မိမိဖုန်းဟာ ဘယ်အမျိုးစားထဲမှာပါလဲ အရင်စစ်ကြည့်ပါ

(၂) မိမိဖုန်းဟာ ဘယ်java extension အမျိုးစားကို support ပေးလဲသိရပါမယ်။

ဥမာ ။ ။ .jar (Symbian s60 v4 )
          .jar (Symbian s60 v5 )
          .jar ( j2me )


(3) ဂိမ်းထည့်သွင်းမယ့်နေရာကတော့ အမြဲတမ်း Memory Card ထဲကိုသာထည့်သွင်းပါ။
     Phone ထဲကိုထည့်သွင်းရင် ရှိပြီးသားဂိမ်းတွေ Phone Memory မလောက်လို့ ဆော့မရပဲဖြစ်တတ်ပါတယ်။

နမူနာအနေနဲ့ Rokea R212 Touch Screen Phones ရဲ့ specificationများကို ဖော်ပြပါ့မယ်

Display  :  QVGA (240x320)
OS        :  Java
Support :  .jar(j2me) / Nokia Symbian s60v5 (Games & Applications )

ဒီဖုန်းမှာ Games နဲ့ Applications တွေထည့်သွင်းမယ်ဆိုရင်
.jar (j2me) Touch Screen Display 240x320 နဲ့
.jar ( Nokia S60V5 240x320 )
ဒီနှစ်မျိုးကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အောက်မှာပြထားတဲ့လင့်တွေမှာ Java ဂိမ်းများကို အခမဲ့ရယူနိုင်ပါတယ်။
www.cell11.com
www.umnet.com



from http://thetkhineu.blogspot.com
ဆက်ဖတ်ရန်>>>

HUAWEI ဖုန်းများရဲ့ Hard Reset နှင့် Firmware တင်သော key များ

HUAWEI ဖုန်းများရဲ့ Hard Reset နှင့် Firmware တင်သောkey များ 

(End/Send Keys ပါသောဖုန်းများ)
HUAWEI  C8500 / C8600 / U8500 / U8600 / ...etc

(1)  FIRMWARE ( UPGRADE / DOWNGRADE )
    . power + volume up + end key

(2)  RECOVERY MODE
    . power + volume down + end key

(3)  FIRMWARE BACKUP / RESTORE (System File )
    . power + volume up + send key



(End/Send Keys မပါသောဖုန်းများ)
HUAWEI  C8650 / U8650 / U8660 / U8661 / U8818 /...etc

(1)  FIRMWARE ( UPGRADE / DOWNGRADE )
    . power + volume up + volume down

(2)  RECOVERY MODE
    . power + volume down

(3)  FIRMWARE BACKUP / RESTORE (System File )
    . power + volume up
ဆက်ဖတ်ရန်>>>

ကိုးန၀င်း For Android

Android ဖုန်း အတွက် ကိုးန၀င်း ပုတီးစိပ်နည်းကို သုံးချင်သူတွေအတွက်ပါ။

9NaWin
http://www.mediafire.com/?4rhta1ctq0foiqb
or
https://play.google.com/store/apps/details?id=com.ppshein.nawim&feature=search_result#?t=W251bGwsMSwyLDEsImNvbS5wcHNoZWluLm5hd2ltIl0.
ဆက်ဖတ်ရန်>>>

Samsung Galaxy s3 i9300 official 4.2.2 Firmware + Root လုပ်နည်း

i9300 galaxy s3 အတွက် official Firmware 4.2.2 
ကျန်တဲ့ ဖန်ရှင် တွေ လဲ တိုးလာသလို အကောင်း ဆုံး က တော့ မြန်မာဖောင့် ပြန် အဆင်ပြေ သွားပါတယ် ။ N7100 Note 2 အတွက် က တော့ သိပ်မကြာ ခင် မှာထွက် ရှိလာပါမယ် ။

I9300XXUFME3 Android 4.2.2

http://hotfile.com/dl/223704360/4d87073/I9300XXUFME3_Leaked_Android_4.2.2.zip.html


Android 4.2.2 XXUFME3 Jelly Bean ကို Root လုပ်နည်းပါ

အဆင့်-1: အောက်က ဖိုင်ကို ဒေါင်း ပါ ။
File name: CF-Root-SGS3-v6.4.zip 

အဆင့်-2: ဒေါင်းထားတဲ့ ဖိုင်ကို ဖြည် ချလိုက်ပါ ။

အဆင့်-3: Odin v1.85 ကိုဒေါင်းပါ ။ရတဲ့ ဖိုင် ကို ဖြည် ထားလိုက်ပါ။

အဆင့်-4: ပါဝါ ပိတ် ပြီး vol down and home and power ကို ဖိနိုပ်ပါ ။Download Mode ကို ရောက်သွားပါမယ် ။

အဆင့်-5: Odin ကို ဖွင့်လိုက်ပါ ။

အဆင့်-6: Driver သိ ရင် အပြာ ရောင် လေး အကွက် ထဲ မှာလင်း လာပါမယ် ။မသိရင် Samsung kies ကို သွင်း ပါ ။ကွန်ပြူတာဆိုင် ရာ ဖုန်းဆော့ဝ် အောက် မှာ ရှိပါတယ် ။

အဆင့်-7: PDA ကို နိုပ် ပြီး ပ ထမ ဆုံး ဖြည် ထားတဲ့ CF-Root-SGS3-v6.4.tar ကိုရွေးပါ ။

အဆင့်-8:Re-Partition ကို လုံး ၀ အမှန်မခြစ်ပါနဲ့  ။

အဆင့်-9: Start စ နိုပ်လိုက်ပါ ။

အဆင့်-10: Pass ဖြစ် ပြီး ဖုန်း ပြန်တက် လာရင် USB ကြိုးဖြုတ်လိုက်ပါ ။

အဲ့ ဒါ ဆို Root ရပါပြီ ။
ဆက်ဖတ်ရန်>>>

Huawei 4.1 Emo UI အတွက် one click myanmar font

Huawei 4.1 Emo UI  အတွက် အရင် themes ပြောင်း တဲ့ နည်း ကို အလွယ်တ ကူ သုံး နိုင်အောင် လို့ Bat အနေ နဲ့ ရေးပေး ထားတာပါ ။ တခါတည်း Themes ထဲ ပို့ ပေးမည့် အပြင် Frozem keybord pro  ပါ ထည့် သွင်း ပေးမှာ ပါ ။

အောက် က ဒေါင်း ရတဲ့ ဖိုင် ကို ဖြည် လိုက်ပါ ။အထဲ က MobileHouse.bat ကို Run လိုက် ရုံ ပါပဲ ။
ဖုန်းက Usb debug on ထား ဖို့ နဲ့ Driver သိ ဖို့ လိုအပ်ပါတယ် ။

http://www.mediafire.com/?897bxd29eh54jxy
ဆက်ဖတ်ရန်>>>

Tuesday, May 14, 2013

ရမ်ဘို နဲ့ အာနိုး ဂိမ်း for android

 ငယ်ငယ် က ဆော့ဖူး ကြ တဲ့ ရမ်ဘို နဲ့ အာနိုး ဂိမ်းလေး ပါ ။
 
 နှစ်ယောက်လဲ ချိတ်ဆော့လို့ ရပါတယ် ။wifi လွင့် ပြီး ( အင်တာနက် ဖွင့်ရန်မလို ) ဖြစ် စေ Bluetooth နဲ့ ဖြစ် စေ ချိတ်နိုင်ပါတယ် ။Contra.nes က အရင်ဆော့ နေကြဟာ ပါ ။တခြား ဟာ တွေကတော့ စမ်းကြည့်လိုက်ပါ ။တခြား ဂိမ်း တွေလဲ ပါပါတယ်။ အထဲ ရောက်ရင် 2 ယောက်ဆော့မယ်ဆို အလယ်က နှစ် အစက်နှစ် ခုထဲ က ဘယ်ဖက် တစ်ခုရွေး ပါ ။Menu နိုပ် လိုက်ရင် net-play  ဆို တာထဲ ၀င်လိုက် ပါ။တစ်ယောက်က server ထိုင်ရင်ေ နာက် တစ်ယောက်က Client ထဲ ၀င် ပါ ။

ဒီမှာဒေါင်း ပါ
http://www.mediafire.com/?9qjlc7cdc2s5j9g
 Contra 1.0.0 screenshot 0Contra 1.0.0 screenshot 1




ဆက်ဖတ်ရန်>>>

Sunday, May 12, 2013

အမြင့်ဖုန်းတွေထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ


မေးနေကျမေးခွန်းပဲ ထပ်မေးချင်နေမိပါတယ်။ ခုက တန်ဖိုးနည်း ဆင်းကဒ်တွေချပေးပြီလေ။ ဒီတော့ ပိုက်ဆံရှိတဲ့သူများက တန်ဖိုးကြီး ဟန်းဆက် အပိုင်းကို ပိုမို အလေးပေး ကိုင်ကြတော့မယ် ထင်ပါတယ်။ အခုလည်း ကိုင်နေပါတယ်။

လက်ရှိန် ရန်ကုန်မျာ လူကြိုက်အများဆုံး ဖုန်းက - iPhone 5, Samsung Galaxy Note 2, Galaxy S3 ပါ။ လူသုံးများတာ ကို ပြော တာ မဟုတ်ဘူးနော်။ အကြိုက်များတာပါ။ အသုံးများကတော့ GSM မှာဆိုရင် Samsung တစ်သိန်းခွဲအောက်ဖုန်း များ (Galaxy Y, Galaxy Duos , and so on) နဲ့ CDMA မှာဆိုရင် တရုတ် Huawei ဖြစ်ပါတယ်။

တန်ဖိုးမြင့် ဖုန်းများကိုလည်း ကိုင်ကြပါတယ်။ Samsung မှာဆိုရင် Sasung Galaxy S3, Note 2, Galaxy S2, Galaxy Note, Galaxy Mini ,etc........, Sony မှာဆိုရင် Xperia စီးရီး, Apple မှာဆိုရင် iPhone 5, iPhone 4s, iPhone 4, iPhone 3G, etc....., HTC မှာဆိုရင် Butterfly, One စီးရီး အစရှိတဲ့ အမြင့်ဖုန်းများ လူကိုင် များပါတယ်။

ယခုလည်း အမြင့်ဖုန်းတွေကြိုက်တယ် ကိုင်ဖို့လည်း ရည်ရွယ်တယ် ဆိုရင် ယခု ရွေးချယ်စရာများ ဖောပြလိုက်ရပါတယ်။

ဈေးအကြီးဆုံး ကတော့ Samsung Galaxy S4 ဖြစ်လာမယ် ထင်ပါတယ်။ iPhone 5, HTC One, Nokia Lumia 920, Black Berry Z10 တို့ကတော့ ဈေးကွာမယ်မထင်ပါဘူးး။ Samsung Galaxy Note 2 လည်း ၅သိန်းအထက်ဈေးဆိုတော့ အမြင့်ဖုန်းပါပဲ။ Samsung Galaxy S4 မထွက်ခင်က သူ့မှာပါတဲ့ Specification ဟာအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ လူကြိုက်လည်းများခဲ့ပါတယ်။ ယနေ့အထိလည်း လူကြိုက်များပြီး အရောင်းသွက်နေဆဲပါ။ ယခုတော့ Spec အမြင့်ဆုံးက Samsung Galaxy S4 ဖြစ်သွားပါပြီ။ i Phone 5 ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ iPhone 5 ကလည်း ကမ္ဘာတင် မက မြန်မာပြည်မှာလည်း လူအထင်ကြီးများတဲ့ ဖုန်း ဖြစ်ပါတယ်။ နာမည်နဲ့ တင် ဈေးကြီးတယ်ဆိုတာ iPhone ရဲ့  ဂုဏ်ပုဒ်ပဲ ဖြစ် မယ်ထင်ပါတယ်။

ကဲ။ ဒီတော့ စာဖတ်သူတို့ကပဲ အားနည်းချက်၊အားသာချက်များကို ပညာရှိနည်းနဲ့ သေချာထောက်ပြလို့ အကောင်းဆုံးဖုန်း ကို ရွေးချယ် ပေးနိုင်ယ်လို့ မျော်လင့်ပါတယ်။
--
Aung Kham (From TSJ team)
ဆက်ဖတ်ရန်>>>

Samsung Galaxy S4 ထက်တောင်သာသည်ဟု ဆိုသော Xiaomi



Xiaomi ကို ဟိုအရင်က ကြားတောင်မကြားဖူးပါဘူး။ တရုတ်အခြေ ဆိုက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။

သို့ပေမယ့် နှစ်အနည်းငယ် အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ကုမ္မဏီ တစ်ခု ဖြစ်လာမယ်ဆိုတာ ကြိမ်းသေနေပြီ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ဟန်းဆက်ပေါင်း ၇.၁၉ သန်း ရောင်းချရပြီး ၂၀၁၃ မှာ ၂ ဆ မက ဈေးကွက်မြင့်တက်ဖို့ သေချာနေပါတယ်။ ၂၀၁၁ ခုနှစ် နွေကုန်တဲ့အထိ ဖုန်း မရောင်းခဲ့ပါဘူး။ သို့ပေမယ့် တစ်နှစ်ကျော် ကာလအတွင်း သူ့ရဲ့  ကြိုးပမ်းချက်က ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

နယူးယောက် မှာ လုပ်တဲ့ Drive Into Mobile Conference မှာ အဖိတ်ကြားခံရလို့ Xiamoi ကုမ္မဏီ ပူးတွဲ တည်ထောင်သူ/ ဥက္ကဌ Bin Lin တက်ရောက်ပါတယ်။ တက်ရောက်စဉ် သူပြောတဲ့ စကားတွေထဲမှာ ပညာရစရာတွေ ရှိနေပါတယ်။ ဒီလိုပါ -

"ယနေ့စမတ်ဖုန်း ဈေးကွက်က လွန်ခဲ့တဲ့ နှစ် ၂၀ က ကွန်ပြူတာတွေ ရောင်းပေါက်သလိုပဲဗျ။ Demand အရမ်းများပါတယ်။ ကျနော်တို့ ဒီဈေးကွက်ဝင်ဖို့ ဆုံးဖြတ်လိုက်တာ မမှားပါဘူး။

ဈေးကွက်လိုအပ်ချက်ကိုကြည့်လိုက်ပါတယ်။ ဒါကြောင့် အလယ်အလတ် တန်းနဲ့ အထက်တန်း နှစ်မျိုး သုံးနိုင်မယ့် စမတ်ဖုန်း အမျိုးအစားများကို ရွေးချယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ယနေ့ HTC နောက်ဆုံးပေါ်တွေနဲ့ ယှဉ်လို့ရပါတယ်။ ကျနော်တို့ ကုန်ပစ္စည်းကို အရည်အသွေးပိုင်းမှာ အာမခံပါတယ်။

လက်ရှိ ထုတ်ထားတဲ့ Xiaomi MI-2 မှာပါတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲများက ယနေ့နောက်ဆုံးပေါ်တွေချည်းပါပဲ။ Samsung Galaxy S4 မှာ ပါတဲ့ processor နဲ့ အခြားအစိတ်အပိုင်းတွေတောင် တူပါတယ်။ ကျနော် တို့ တစ်ခု ထူးခြားတာက ဈေးနှုန်းပါ။ ပစ္စည်းချင်း တူတာတောင် ကျနော် တို့က ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပါတယ်။ လက်ရှိ Samsung Galaxy S4 ထက် ဈေးတစ်ဝက်တောင် သက်သာပါတယ်။

ကျနော်တို့ ဝဘ်ဆိုဒ်မှာ ငါးမိနစ်တိုင်း ဟန်းဆက် အလုံးရေ ၃ သန်း ရောင်းချနေရပါတယ်။ ကမ္ဘာ့ပထမဆုံးပါ။ Xiaomi MI-2 အပြင် အခြားသောသ ကမ္ဘာ့အဆင့်မှီ စမတ်ဖုန်းများ ဆက်လက် ထုတ်လုပ် သွားအုံးမှာပါ"

Xiamoi ဟာ တရုတ်ပြည်မ အခြေဆိုက် Huawei ကိုတောင် ကျော်လွန် လို့ ဖုန်းအလုံးရေအများဆုံးရောင်းချရတဲ့ ကုမ္မဏီကြီး တစ်ခုအဖြစ် ၂၀၁၃ တွင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (From TSJ team)
ဆက်ဖတ်ရန်>>>

ဖုန်းတွင် အင်တာနက်လိုင်း ကျရသည့် အကြောင်း ၂ ချက်



သူငယ်ချင်း တစ်ယောက်ကြုံရတဲ့ ဖြစ်ရပ်လေးပါ။ အခြား သူများလည်း ဒီလိုဖြစ်နေမှာစိုးလို့ မျှဝေ ပေးလိုက်ရပါတယ်။

သူက iPhone 4 ကိုင်တာပါ။ iPhone 4 မှာ အရင်က မိုဘိုင်း အင်တာနက် သုံးတာ တော်တော်ကောင်းပြီး နောက်ပိုင်း ကျတော့ 2G တောင် တက်မလာတဲ့ အထိ ဆိုးဆိုးရွားရွား ဖြစ်သွားသတဲ့လေ။ ဘာကြောင့်လဲ အဖြေရှာမရအောင် တစ်ပတ်လောက်ကြာတော့ ကျနော်လည်း ဘာမသိညာမသိနဲ့ သွားကလိကြည့်မိတယ်။ မထူးဘူးဗျ။ အင်တာနက်က H တက်ဖို့ ဝေလာဝေး။

နောက်တော့ သူ့တပ်ထားတဲ့ ကာဗာကိုဖြုတ်ပြီး သုံးကြည့်လိုက်တော့ အင်တာနက်က သုံးလို့ ကောင်းသွားပါလေရော။ တရားခံ ကတော့ ဖုန်း ကာဗာပါပဲ။

 သူတပ်ထားတဲ့ ဖုန်းကာဗာက အလူမီနီယံ အမာသား၊ ဖုန်းက လည်း အလူမီနီယံ။ အဲ့မှာ တည့်တည့်တိုးပါလေရော။ သာမန် ဘေးတွေ ကာတာ ပြဿနာ မရှိပါဘူး။ iPhone ရဲ့  ထိပ်ပိုင်းကိုပိတ်ပြီး တပ်ထားတဲ့ ကာဗာလေ။ ဒါကြောင့် အင်တာနက် သုံးလို့ မရနီးနီးအောင်ကို လိုင်းကျတာကိုး။ ဒီတော့ တွေ့ရှိချက်က--

iPhone ရယ်လို့ မဟုတ်ပဲ ဘယ်ဖုန်းပဲ ဖြစ်ဖြစ် အင်တာနက် ကောင်းကောင်း သုံးချင်ရင် ကာဗာ မတပ်တာ အကောင်းဆုံးပါပဲ။ သုံးနေတုန်း ခဏဖြုတ်တာမျိုးပေါ့။ တပ်ရင်တောင် ကိုယ်တပ်တဲ့ ကာဗာက ဖုန်း အင်တာနာပတ်လည်မှာ သွားပိတ် မနေမိဖို့ ပိုအရေးကြီးပါတယ်။ ပွန်းပဲ့မှာစိုးလို့ ကာဗာတပ်တာတော့ မှန်ပါတယ်လေ။

အဓိကက အင်တာနာ ပတ်လည်မှာ ကာဗာပိတ်မိမနေစေဖို့ပဲ။ ကိုယ်ဖုန်း တစ်လုံးဝယ်တဲ့အခါ ဘယ်နေရာက ဖုန်းလိုင်း signal ဆွဲတဲ့ နေရာလည်းဆိုတာကို သေချာလေ့လာ။ ပြီးတော့ ယင်းနေရာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်ထားတာမျိုးက အကောင်းဆုံး ဖြစ်ပါတယ်။

စကားပုံလည်း အရှိသား။ နဂိုရှိမှ နဂိုင်းထွက်တဲ့။ လိုင်းက သူ့ဘာသူ မတက်တာကြီးကို င့ါဖုန်း ဘာများ ဖြစ်သလဲလို့ သံသယ မဝင်သင့်ပါဘူး။

နောက်တစ်ချက်က ဘက်ထရီ Saving app တွေ။ ကိုယ့် ဖုန်း အားကုန်မှာစိုးလို့ ဆိုပြီး ဘက်ထရီကို ထိန်းသိမ်းပေးမယ့် app တွေ ဇွတ်ထည့်ပါလေရော။ Mobile Data Switch ရဲ့  အလုပ်လုပ်မှုကလည်း ဘက်ထရီအားကို အကုန်ကျများစေလို့ ဘက်ထရီ ထိန်းသိမ်းပေးတဲ့  app တွေက Data Usage လျော့ချပေးတာမျိုး၊ banwidth လျော့ချတာမျိုးတို့ လုပ်တတ်ပါတယ်။ မိတ်ဆွေ တစ်ဦးရဲ့  ကိုယ်တွေ့ပါပဲ။

လောလာဆယ်တော့ ဒီနှစ်ချက်ပဲ အရင် ပြောပါအုံးမယ်။ နောက်တော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးတဲ့အခါ ဘယ်အချက်တွေ ရှောင်ရမယ် ဆိုတာကို တစ်ချက်ချင်းစီ ရှင်းလင်းဖော်ပြပါ့မယ်။
-
အောင်ခမ်း (TSJ team)
ဆက်ဖတ်ရန်>>>

စမတ်ဖုန်းသုံးရင်း ကလေးမွေးမယ်


ဗိုက်ဆာတိုင်း ထငိုပါတယ်။ တစ်ခါခါ ညဘက် ကိုယ်အိပ်ပျော်နေချိန်တောင် ရုတ်တရက်ငိုသံ ကြားရတတ်ပါတယ်။


ကြည့်လိုက်တော့ သူ့ခမျာ ဗိုက်ဆာနေတာ တွေ့ရပါမယ်။ ကလေးတစ် ယောက်ကို အာဟာရ ဝဝလင်လင်ကျွေးထားဖို့ဆိုတာ မလွယ်ဘူးလေ။ စားစရာ တွေ များပေမယ့် သူ့အခြေခံလိုအပ်တဲ့ အာဟာရနဲ့ လျော်ညီတဲ့ အစားအစာလည်း ကျွေးဖိုလို့ပါသေးတယ်။ ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊ ဆန်ပြုတ် အစရှိသဖြင့် ကျွေးမွေးထားရင် ကလေး အာဟာရ မပြတ်နိုင်ပါဘူး။

၂၄ နာရီအတွင်း ဘာမှမကျွေးပဲထားရင်တော့ ကလေးငိုတော့မှာပါ။ ဒီတော့ ကလေး တစ်ယောက်မွေးပြီဆို သူ့အတွက် အဝတ်အစား၊ အိပ်ယာခင်း၊ ကစားစရာ အရုပ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အစရှိသဖြင့် လိုက်လံ ဂရုစိုက် ပေးရမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း သုံးသူတိုင်း မွေးလို့ရပါတယ်။ တစ်ရက်တည်းနဲ့ တစ်ခန်းပြီး တစ်ခန်း ဆော့ရမယ့် ဂိမ်းမျိုး၊ အက်ရှင်၊ စွန့်စားခန်း ဂိမ်းမျိုး မဟုတ်ပါဘူး။ တစ်ရက်တစ်ရက်နဲ့ လကြာ၊ နှစ်ကြာ ဆော့ယူရမယ့် ရဂိမ်း ဖြစ်ပါတယ်။ အပန်းလည်း မကြီးပါဘူး။ ကိုယ်က ကလေးတစ်ယောက် မွေးထားတယ် ဆိုတဲ့ စိတ်လေးနဲ့ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဖုန်း နဲ့ စိတ်နဲ့ ကိုယ်နဲ့ အမြဲကပ်နေမယ်လို့ ထင်တာပါပဲ။

Baby Adopter အမည်ရတဲ့ ဂိမ်းဖြစ်ပြီး Android အတွက်ရော၊ iOS အတွက်ရော ထုတ်လုပ်ထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ တစ်ယောက်တည်းသမား များ သို့မဟုတ် ကလေးချစ်တတ်သူများအနေနဲ့ ယင်းဆော့ဖ်ဝဲကို နီးစပ်ရာ ဆိုင်များမှာ သွင်းယူနိုင်ပါတယ်။ တော်တော်များများလည်း ဆော့နေပြီမို့ သူငယ်ချင်းမိတ်ဆွေတွေဆီကနေလည်း ရယူနိုင်ပါတယ်။

Android apk ကိုအောက်ပါလခ့်မှာ ဒေါင်းလုခ်ဆွဲ ရယူနိုင်ပါတယ်။

http://apps.store.aptoide.com/app/market/com.x2line.android.babyadopter.lite/90/602564/Baby%20Adopter%C2%AE
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

မြန်မာ့ရိုးရာ ကမ္ဘာ့ပထမဆုံး ခေါင်းပန်းလှန်မည့် Android Application


မြန်မာ့ရိုးရာ ကျပ်၊ပြား၊ မူးစေ့၊ မတ်စေ့ များနဲ့ ခေါင်းပန်း လှန်တန်း ဆော့ရ မယ့် Application ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ မြန်မာ့ ငွေဒင်္ဂါးပေါင်း ၃၄ မျိုး ထည့်သွင်း ထားတယ်လို့ဆို ပါတယ်။ ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ ဒင်္ဂါးပြားများကို စိတ်ကြိုက်ရွေးချယ်လို့ ဆော့ကစားနိုင် ပါတယ်။

တကယ့်အပြင်မှာ ခေါင်းကျနိုင်ချေက ၅၅ ရာခိုင်နှုန်း အခွင့်အရေးရှိ ပါတယ်။ သိပ္ပံနည်းကျ လေ့လာထားခြင်း ဖြစ်ပြီး ခေါင်းဘက်အခြမ်းက ပိုလေးလို့ ဖြစ်ပါတယ်။ ယခု Application ထဲမှာတော့ ခေါင်းကျနိုင်ချေနဲ့ ပန်း ကျနိုင်ချေ ၅၀ ရာခိုင်နှုန်းဆီပါပဲ။

ဆော့ကစားလိုသူများအတွက် mToss အမည်ရ မြန်မာ့ရိုးရာ ခေါင်းပန်းလှန် Application ကို အောက်ပါလခ့်များမှာ ဝင်ရောက် Downlaod ဆွဲ နိုင်ပါတယ်။
--
https://play.google.com/store/apps/details?id=com.mtoss.maa&feature=search_result#?t=W251bGwsMSwyLDEsImNvbS5tdG9zcy5tYWEiXQ..

or

http://www.mediafire.com/?ajq2zj57o86q192

http://www.mediafire.com/?ba9wvsvd8dsu3fr
--
Via: Myanmar Android Authority
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း



Android သမိုင်းကြောင်း

Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်း မသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့
အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။

ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော် ဖို့အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။

အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ
Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့ သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီဆိုတော့ထုတ်လိုက် တာလည်းဖြစ်နိုင်ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် မားတဲ့ mobile device တွေ ထုတ်လုပ်နိုင်ဖို့အတွက် သူ့ရဲ့မိတ်ဖက်တွေ ဖြစ် တဲ့ HTC,Samsung,Sony,Motorola တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။

ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့ US က T-mobile Company ကရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ်။

ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲဆိုတော့ HTC က ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ မန္တလေးသား တစ်ဦးက ပိုင်ဆိုင်တာပါ။
Android စတင် လက်တွဲခဲ့တဲ့ ကုမ္မဏီက ကျွန်တော်တို့မြန်မာနိုင်ငံဖွား ပိုင်တဲ့ ကုမ္မဏီလေ။

အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့ Android ရဲ့ အဓိက နာမည်ကြီးရတဲ့အကြောင်းအရင်းက Open source ဖြစ်လို့ပါ။ Open Source ဆိုတဲ့သဘောက သူတို့ရဲ့Source code တွေ ကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်။ programming language ကို
အကျွမ်းတ၀င်ရှိထားသူ Developer များက လိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Android လေးကအကောင်းဆုံး Mobile OS လေးဖြစ်လာရတာပါ။ ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ။

Linux ဟာ open source ပါ Android ဟာ Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာကြောင့် သူလည်း Open Source ဖြစ်သွားတာပါ။ Microsoft က ထုတ်တဲ့ Windows OSတွေက Open Source မဟုတ် ပါဘူး သူတို့ကုဒ်တွေကို သူတို့သာပိုင်ဆိုင်ပြီးCopyright ရှိပါတယ်။ သူတို့ company က developer များသာ ပြင်ဆင်ခွင့်ပြီး အခြားသူများပြင် ဆင်ပါက copyright ဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ ဒါက Open Source
ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။

Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ်
ရင်းနဲ့ အခုအချိန်မှာ အတော်လေးကို ပြည့်စုံလာတာကိုတွေ့ရပါပြီ။ ဒါဆိုကျွန်တော်တို့Android version တွေ အကြောင်းလည်း သိဖို့လိုအပ်ပါတယ်။ ဗဟုသုတအနေနဲ့ပေါ့

Android Version 1.0

သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့ version ပါ HTC(G1)ဖုန်းလေးနဲ့အတူ မိုဘိုင်းလောကကို စတင်လာခဲ့တယ်ဆိုပါတော့။ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလ(၂၃)ရက်နေ့ ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version တွေက ထူးထူးခြားခြား ပါ စားစရာမုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်

Android Version 1.5(CupCake)

သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ။ ပြောင်းလဲ မှုတွေကတော့ Browser မှာ copy , paste တွေလုပ်လို့ရ လာပါတယ်။ နောက်ပြီး Auto rotate screen လည်းရလာ ပါတယ်။ Widget တွေလည်း သုံးလို့ရလာပါတယ်

Android Version 1.6(Donut)

ဒီ version လေးကိုတော့ 15 September 2009 စတင်ထုတ်ဝေခဲ့ပါတယ်
နောက်ပြီးတော့ Camera ပိုင်းလည်း အရင် version တွေ ထက်ပိုမိုကောင်းမွန်လာခဲ့ပြီးCDMA,EVDO စနစ်ကို ပါ သုံးစွဲလာနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အချက်ကတော့ WVGA
ဆိုတဲ့ ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်

Android Version 2.0/2.1(Éclair)

ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ ထွက်ပေါ်လာတာပါ။ 26 October 2009 ပေါ့ သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေ
ကို Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ် နောက်ပြီး ယနေ့ခေတ်မှာနာမည်ကြီးနေတဲ့ HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ။

Android Version 2.2(Froyo)

ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာတွေကတော့ အတော်များလာပါတယ်။ ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone
က internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့USB ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ။ နောက်ပြီးတော့ Wifi hotspotနည်းပညာတွေ လည်းပါဝင်ပါသေးတယ်။ USB ကြိုးထိုးစရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး
Laptop တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပညာကောင်းလေးတွေပါ
screen လေးကလည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်။

Android Version 2.3(GingerBread)

GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေးဆိုလည်းမမှားပေဘူးပေါ့။ ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်
လက်ရှိအချိန်ထိ ဒီ version လေးက မပျောက်ကွယ်သေးပါဘူး …. Google ရဲ့Android လေးဟာလည်း ဒီ version လေးမှာ တော်တော်အောင်မြင် လာပါတယ်။

သူနဲ့အတူထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx

Android Version 3.0/3.1(Honeycomb)

ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာဒီ version လေးကို အသုံးမပြုနိုင်ပါဘူး။ Tablet တွေသီး သန့်အတွက်သာ ရည်ရွယ်ပြီးထုတ်ခဲ့လို့ပါ ဒါပေ မယ့် သိပ်နာမည်မကြီးလိုက်ပါဘူး မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ
သူကတော့ 22 February 2011 မှာ ထွက်ပေါ်လာတာပါ။

Android Version 4.0 _ 4.0.x (Ice Cream Sandwich)

စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ
ဒီ version ကတော့ အခု စာဖတ်သူတော်တော်များများသိနေကြပါပြီ ဒီဇိုင်လေးကလန်းတယ်လို့ လူအများပြောကြတဲ့ ICS ပါ။.. သူ့ကိုတော့Google က Galaxy Nexus ဖုန်း
နဲ့အတူ ပွဲထုတ်ခဲ့ပါတယ် အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး

Android Version 4.1 (Jelly Bean)

9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ Samsung ရဲ့ ထုတ်ကုန်အများစုနဲ့ထွက်ပေါ်လာ တဲ့ version လေးပါ အခုအချိန်ထိတော့ အသုံးနည်းသေးပါတယ် Samsung
Device အတော်များများသာသုံးတာတွေ့ရပါတယ် အတော်ပြီးပြည့်စုံတဲ့
version လေးလည်းဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို
powerful ဖြစ်လာတာတွေ့ရပါတယ်

ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့နော် ဒါလေးသိရုံနဲ့
မပြီးသေးပြန်ဘူး ထူးခြားတာလေးတစ်ခုပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု ပဲဆိုပါတော့ သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ။နောက်တစ်ခု ကတော့ version က English Alphabet အတိုင်းပါပဲ။ စစခြင်းက

CupCake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice Cream Sandwich
Jelly Bean

အစစာလုံးလေးတွေကိုကြည့်လိုက်ပါ D,E,F,G,H,I,J အစဉ်အတိုင်းပါ
မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့။ ဒါဆို ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိ ပါတယ်။ နောက်ထွက်မယ့်Version name လေးက L နဲ့စမှာသေ ချာပါတယ် L နဲ့စမယ့် မုန့်နာမည်လေးသာစဉ်းစား
ကြပေတော့ အဲဒါသေချာသလောက်ရှိပါတယ် ဒါဆို ထူးခြားတာလေး သိပြီ

နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင် လာရသလဲဆိုတဲ့အချက်တစ်ခုပါ iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာတင်ရောင်းခွင့် ၇ှိပါတယ်။ ဒါသူတို့ရဲ့ Market ပေါ့ နောက်ပြီး developer ဘက်ကရောင်းမယ်
ဆိုရင် စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင်Developer က $1 သာရရှိပါတယ် ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေနဲ့ကြည့်မယ်ဆို ရင်လည်း itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူမဆို ဈေးဝယ်ရင်
ဈေးဆစ်ချင်ကြတာပဲလေ။

 နှိုင်းယှဉ်ခြင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့
မရဘူး ။ အော် ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး Google က Google Play ဆို တဲ့ Market တစ်ခုဖွင့်ထားတယ် ဒါပေမယ့် စာဖတ်သူက market တစ်ခုလုပ်ချင်လည်းရပါတယ်။ တားဆီး ထားခြင်း မရှိပါဘူး။ Market ပေါင်းများစွာလည်းရှိပါတယ် အခမဲ့ဆော့ဝဲပေါင်း လည်း မနည်းပါဘူး သုံးမလောက်အောင်များပြားပါတယ်။

Developer ဘက်ကကြည့်မယ်ဆိုရင်လည်း အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကိုတင်မယ်ဆိုပါက Registeration fee အနေနဲ့ $25 သာပေးရပါတယ် applicationတစ်ခု က $10 ဆို ပါက developer က $7 ရပါတယ် 30% ကိုတော့ Google ကကြော်ငြာခ ဆိုပြီးတော့ ယူ ပါတယ်။ နောက်ပြီး Android application တစ်ခုရေးဖို့
Android Device ရှိစရာတောင်မလိုပါဘူး ။ ဒါဆို apple နဲ့ယှဉ်ကြည့်လိုက် ပါ Open Sourceရဲ့ အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ပက်သတ်တာလေးတွေကိုတော့ဗဟုသုတအနေ နဲ့ တော်တော်များများ သိလောက်ပါပြီ။

 ဘာတွေဆက်လေ့လာရအုံးမလဲဆိုတာကတော့ Advance User တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Android ဖုန်းတွေကိုRoot လုပ် နည်း,Firmware upgrade , Firmware Downgrade စတဲ့နည်းပညာလေးတွေကို လေ့လာဖို့လိုအပ်ပါအုံးမယ်။ အပြင်မှာ သင်တန်းတွေအများကြီးရှိပါတယ် ဈေးလည်းကြီးပါ တယ်။
ဘာကြောင့်လဲဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေး ၀မ်းကြောင်းပြုနိုင်တယ်ဆိုတော့ သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သင်တန်းမတက်ပဲနဲ့လည်း သိတဲ့နည်းလမ်းတွေ အများကြီးပါ။ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်းတစ်ခုမှ မတက်ခဲ့ရ ပါဘူး။

 ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး
ကျန်တာတွေကို စာအုပ်တွေ အင်တာနက်တွေကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ။စာဖတ်သူက ငွေကြေးမတတ်နိုင်လို့ ဒါမှမဟုတ် အချိန်မပေးနိုင်လို့ဆိုရင် မြန်မာလိုရေးသား
ထားတဲ့ စာအုပ်တွေဝယ်ဖတ်ပါ။ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေမှာ ဆွေးနွေးမှာစာအုပ်တွေ ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါတယ်ဗျာ။

ဖတ်လိုက်ရတဲ့အတွက် လိုအပ်သည်များရှိသည်ဖြစ်စေ ၊ ဗဟုသုတ ရသွားသည်ဖြစ်စေ
ကော်မန့်လေးတော့ရေးပေးသွားပါခင်ဗျာ .. ကော်မန့်လေးက စာရေးသူတို့
အားဆေးလေးဖြစ်လို့ပါ။

အောင်ကျော်ခိုင် (ပုသိမ်)
from techspace
ဆက်ဖတ်ရန်>>>

G520-0000(b180) official firmware

‌ဒေါင်းရန်‌

G520-0000,Android 4.1,Emotion UI,V100R001C17B180,
ဆက်ဖတ်ရန်>>>

Saturday, May 11, 2013

Back key နဲ့ Home key သုံးမရ သူ များ နှင့် ခလုပ် နာမှာ စိုးလို့ မသုံး ချင်သူ တွေ အတွက် ဆော့ဝ်

အကြောင်းအမျိုးမျိုး ကြောင့် Back key နဲ့ Home key သုံးမရ သူ များ နှင့် ခလုပ် နာမှာ ဆိုးလို့ မသုံး ချင်သူ တွေ အတွက် ဆော့ဝ်လေး ပါ ။တခြား ဆော့ဝ် တွေ လို Root လဲမလို အပ်ပါဘူး ။

Button Savior Non Root




Download Here
http://www.mediafire.com/?rksk5kc3qc3tkpc

App Screenshots


ဆက်ဖတ်ရန်>>>

3D Myanmar Flag Live Wallpaper for android

မြန်မာအလံ ကို Live wallpaper ထားချင်သူ တွေအတွက် ပါ ။

play store မှာ ဒေါင်း မရတဲ့ သူတွေ အတွက်

http://www.mediafire.com/?tj4pfnh16qptrx5

 http://www.4shared.com/android/F278paoo/3D_Myanmar_Flag_Live_Wallpaper.html

 Play Store


App Screenshots




ဆက်ဖတ်ရန်>>>

Samsung Android တွေ မှာ Root လုပ်ပြီး မြန်မာဖောင့် ထည့် ထားပေ မဲ့

Q - Samsung Android တွေ မှာ Root လုပ်ပြီး မြန်မာဖောင့် ထည့် ထားပေ မဲ့ ခေါင်းစဉ် နဲ့ အချို့ နေရာ တွေ မှာ လေးထောင့် တွေ ဖြစ်နေလို့ ?
A - ZawgyineTTF.apk သွင်းပြီး တော့ Font style ထဲ က နေ သွား ပြောင်းပြီး Reboot ချပေး လိုက်ပါ ။တက်လာ ရင် အဆင်ပြေသွားပါပြီ။ အများစု မှာ အဆင်ပြေ ပါတယ်။
ဆက်ဖတ်ရန်>>>

Android version 4.1.1 & 4.1.2 စာလုံးတွေ မမှန်ဖြစ်နေရင်

Android version 4.1.1 & 4.1.2 စာလုံးတွေ မမှန်ဖြစ်နေရင်
 http://db.tt/sPBX8dSs One Browser ဆိုတာကို သုံးပါ။ အမှန် မြင်ရပါမယ်။
စာရိုက်ဖို့ကတော့ frozen keyboard pro နောက်ဆုံးဗားရှင်းကို သုံးပါ။ ရေးတာလဲ မှန်သွားပါလိ့မ်မယ်။






ဆက်ဖတ်ရန်>>>

Friday, May 10, 2013

3-Way Boot to your Power Menu ထည့်နည်း

ဖုန်းကိုကလိ ချင် တဲ့ သူ တွေ အတွက် ပါ ။ အရင် ဆုံး Backup ဆွဲ ထားပါ ။တစ်ခုခု အဆင်မပြေ ရင် ဆော့ဝ် ပြန်ရေး ရပါမယ် ။


Requirements

Quote:
  • Attached File
  • Notepad++
  • Backsmali Manager
  • Apktool
  • Patience
  • Brain Off cource
Ok i have divided this Guide in Two Parts to make it easy
In First Part we will edit framework and in second part we will edit android policy.jar


Part-1
  • Decompile Your framework-res.apk and move to
    Code:
    framework-res\res\values
  • Open Strings.xml with notepad++ or any other tool you use
    paste the following lines in the end
    Code:
    <string name="global_action_reboot_now">Restart</string>
    <string name="global_action_reboot_recovery">Recovery</string>

    Close it and recompile.
    Then again decompile and move to
    Code:
    framework-res\res\values
    and note the following ids (you may have different)



    Here we end our First Part.



    Part-2
  • Decompile your android.policy.jar using backsmali managaer or any other tool

    vDownload and extract the attached file to
    Code:
    android.policy\com\android\internal\policy\impl
  • Then open GlobalActions.smali
    And do how i say
  • Before
    Code:
    .line 165
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$2;
    
        const v2, 0x104013c
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$2;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 185
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        iget-object v1, p0, Lcom/android/internal/policy/impl/GlobalActions;->mAirplaneModeOn:Lcom/android/internal/policy/impl/GlobalActions$ToggleAction;
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
  • After

    Just Add the Bold ( For A7/A5 Users just copy paste )

    Code:
    .line 165
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$2;
    
        const v2, 0x104013a
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$2;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 183
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$8;
    
        const v2, 0x104054d
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$8;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 184
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$9;
    
        const v2, 0x104054e
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$9;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 185
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        iget-object v1, p0, Lcom/android/internal/policy/impl/GlobalActions;->mAirplaneModeOn:Lcom/android/internal/policy/impl/GlobalActions$ToggleAction;
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    Note: Note Ids must be same as you noted in part 1

    Code:
    Only Replace last 7 digits of IDS when renaming in the above step 
  • Recompile and replace the classes.dex using Z-zip

Yipeee You Now have 3 Way boot


This Guide is tested by me and is working Fine

I have uploaded the Modded files for A5/A7/A7+ users so they can download and enjoy

Device Tested for this MOD

 


Screenshot


Attached Files
File Type: rar sources.rar - [Click for QR Code] (1.5 KB, 98 views)
File Type: rar MOD-files.rar - [Click for QR Code] (2.89 MB, 98 views)
ဆက်ဖတ်ရန်>>>