Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, May 25, 2013

တရုတ်ဖုန်းများတွင် Game နဲ့ Application များထည့်သွင်းနည်း

CHINA TOUCH SCREEN PHONES

တရုတ် Touch Screen ဖုန်းများမှာ Games နဲ့ Applications များထည့်သွင်းနည်းကိုတင်ပြပါ့မယ်။
တရုတ်ဖုန်းအများစုဟာ java os ကိုသာအသုံးပြုတာများပါတယ်။
ဒါကြောင့် ယေဘုယျအားဖြင့် java ဂိမ်းများကိုထည့်သွင်းနိုင်ပါတယ်။
ဒါပေမယ့် ကန့်သတ်ချက်ရှိပါတယ်။

(1)  screen resolution ( ပုံရိပ်ဖော်ပြမှုအရွယ်အစား)
(2)  extension type     ( file အမျိုးအစားများ ဥပမာ။ ။ .jar  .jad  .jar( j2me) )
(3)  folder          ( ဂိမ်းထည့်သွင်းမည့်နေရာ )
တို့ဖြစ်ပါတယ်။

(၁) မိမိဖုန်းရဲ့ screen အရွယ်အစားဟာ ဘာအမျိုးအစားလဲဆိုတာသိရပါမယ်။

ဥပမာ ။ ။  QVGA  - 320x240
              HVGA  - 480x320
              WVGA - 800x480
မိမိဖုန်းဟာ ဘယ်အမျိုးစားထဲမှာပါလဲ အရင်စစ်ကြည့်ပါ

(၂) မိမိဖုန်းဟာ ဘယ်java extension အမျိုးစားကို support ပေးလဲသိရပါမယ်။

ဥမာ ။ ။ .jar (Symbian s60 v4 )
          .jar (Symbian s60 v5 )
          .jar ( j2me )


(3) ဂိမ်းထည့်သွင်းမယ့်နေရာကတော့ အမြဲတမ်း Memory Card ထဲကိုသာထည့်သွင်းပါ။
     Phone ထဲကိုထည့်သွင်းရင် ရှိပြီးသားဂိမ်းတွေ Phone Memory မလောက်လို့ ဆော့မရပဲဖြစ်တတ်ပါတယ်။

နမူနာအနေနဲ့ Rokea R212 Touch Screen Phones ရဲ့ specificationများကို ဖော်ပြပါ့မယ်

Display  :  QVGA (240x320)
OS        :  Java
Support :  .jar(j2me) / Nokia Symbian s60v5 (Games & Applications )

ဒီဖုန်းမှာ Games နဲ့ Applications တွေထည့်သွင်းမယ်ဆိုရင်
.jar (j2me) Touch Screen Display 240x320 နဲ့
.jar ( Nokia S60V5 240x320 )
ဒီနှစ်မျိုးကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အောက်မှာပြထားတဲ့လင့်တွေမှာ Java ဂိမ်းများကို အခမဲ့ရယူနိုင်ပါတယ်။
www.cell11.com
www.umnet.com



from http://thetkhineu.blogspot.com

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.