Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, July 7, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိ ဖုန်းခေါ်ဆိုခနှုန်းထားများ


ပြည်တွင်း

အော်တိုတယ်လီဖုန်း

မြို့တွင်း - ၁ မိနစ် ၁၅ ကျပ်
နယ်ခေါ်ဆိုခ - ၁ မိနစ် ၂၅ ကျပ် (Trunk Call)
မိုဘိုင်းဖုန်းများ - ၁ မိနစ် ၅၀ ကျပ် (၆ စက္ကန့်လျှင် တစ်ကြိမ်ဖြတ်သည့်စနစ် ကျင့်သုံးထားသည်)

ပြည်ပ

ဖုန်းအားလုံး - ၁ မိနစ် ၉၀၀ ကျပ် (သို့) ကန်ဒေါ်လာ ၀.၉၀ ပြား (နိုင်ငံတော်တော်များများအား ယခုကဲ့သို့ ကောက်ခံပီး အချို့နိုင်ငံများအတွက် နှုန်းထားကွဲလွဲပါသည်)

အင်တာနက်

GSM(EDGE) - ၁ မိနစ် ၂ ကျပ်
WCDMA(3G) - ၁ မိနစ် ၄ ကျပ်
CDMA800(Evdo) - ၁ မိနစ် ၄ ကျပ်

SMS

မိုဘိုင်းဖုန်းအားလုံး - တစ်စောင် ၂၅ ကျပ်

*ယခုနှုန်းထားများသည် One Time GSM 20 FEC ဖုန်းကတ်များနှင့် မသက်ဆိုင်ပါ၊ တခါသုံးကတ်များသည် အဝင်အထွက်ကောက်ခံသည့်စနစ် ကျင့်သုံးထားပြီး ခေါ်ဆိုခနှုန်းထားများသည် လည်း ကျန်ဖုန်းများနှင့် တူညီခြင်းမရှိပဲ နိုင်ငံခြားခေါ်ဆိုခနှုန်းထားသာ တူညီပါသည်။

Credit : EliteTechGroup
ဆက်ဖတ်ရန်>>>

Ywat Sote (Calendar)


မြန်မာရွက်ဆုတ်ပြက္ခဒိန်အမည်ဖြင့် အသစ်ထွက်ရှိလာသော Application အသစ်တစ်မျိုးဖြစ်ပါတယ်။

နေအိမ်အတွင်း အသုံးပြုတတ်သည့် ရွက်ဆုတ်ပြက္ခဒိန်အတိုင်း အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အသုံးပြုသူများအတွက် လွယ်ကူစေမယ့်အပြင် နှစ်သက်ကြမှာဖြစ်ပါတယ်။ မြန်မာသက္ကရာဇ်များကိုလည်း  ဖော်ပြပေးထားမှာဖြစ်ပါတယ်။ မိမိကြည့်ရှုလိုသည့် နေ့ရက်သို့လည်း တိုက်ရိုက်ကြည့်ရှုနိုင်တဲ့အပြင် လက်ရှိနေ့ရက်သို့လည်း အလွယ်တကူ ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။ နေ့ရက်တစ်ရက်ချင်း စာရွက်လှန်ရာတွင်လည်း စာရွက်လှန်တဲ့အသံ ထည့်ထားတဲ့အပြင် စာရွက်တစ်ရွက်ချင်း လှန်သွားပုံ အသေးစိတ် တိကျတဲ့အတွက် ရွက်ဆုတ်ပြက္ခဒိန်တစ်ခုအပြင်မှာ သုံးစွဲနေသလို ခံစားစေမှာဖြစ်ပါတယ်။ ပုံမှန် အင်္ဂလိပ်ပြက္ခဒိန်တစ်ခုကိုပါ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ iOS 5.0 နှင့်အထက်များတွင် ထည့်သွင်းနိုင်မှာဖြစ်ပြီး iTunes Website တွင် အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။
ဆက်ဖတ်ရန်>>>

Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား

Call Center ၏ ဖုန်းနံပါတ် 1875 တွင် လိုင်းခွဲအသစ်အချို့တိုးချဲ့ထားကြောင်း သိရသည်။ အလှအပရေးရာ အကြံပေးလိုင်းခွဲအပါအ၀င် လိုင်းခွဲအချို့အား တိုးချဲ့ထားခြင်းဖြစ်ပြီး အလှအပရေးရာအကြံပေး၊ ဥပဒေအကြံပေး၊ တိုင်းရင်းဆေး၊ အလုပ်အကိုင်ရှာဖွေရေးလိုင်းခွဲတို့ဖြစ်ကြောင်း သိရသည်။ ယခုနှစ်မှစတင်ကာ အလှအပရေးရာအကြံပေးလိုင်းခွဲများ၊ ဥပဒေအကြံပေးလိုင်းခွဲများကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ အလှအပရေးရာနှင့်ပတ်သက်၍ ဖုန်း - 1875-1-1-3 သို့မနက် ၈နာရီမှ ညနေ ၆ နာရီအထိ စုံစမ်းမေးမြန်းနိုင်ပြီး အဆိုပါအလှအပရေးရာအကြံပြုလိုင်းခွဲတွင် ပြောကြားပေးသူများမှာ အလှဖန်တီးရှင် မိတ်ကပ်လင်းလင်းမှ အလှအပရေးရာ Skin Care နှင့် ၀က်ခြံဖြစ်ပေါ်ရခြင်းအကြောင်းများကို သင်ကြားပို့ချပေးထားသူများဖြစ်ကြောင်း Call Center မှ တာဝန်ရှိသူကပြောသည်။ ဥပဒေရေးရာနှင့်ပတ်သက်၍ 1875-1-6 သို့ မေးမြန်းနိုင်ပြီး ဥပဒေနှင့်ပတ်သက်သောသင်တန်းများကို ထပ်မံသင်ကြားပေးထားသူများ၊ ဥပဒေကျောင်းဆင်းများက ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။ ဥပဒေနှင့်သက်ဆိုင်သောကိစ္စအားလုံးကို မနက် ၈ နာရီမှ ညနေ ၅နာရီအထိ မေးမြန်းနိုင်ကြောင်းသိရသည်။ တိုင်းရင်းဆေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ 1875-1-1-2 သို့ မနက် ၈ နာရီမှ ည ၈နာရီအထိ ပြောကြားပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းဆေးကျောင်းမှ ဘွဲ့ရရှိထားသူများက ဖြေကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အလုပ်အကိုင်ရှာဖွေရေးနှင့် ပတ်သက်၍ 1875-1-3 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး အလုပ်လျှောက်ထားလိုသူများသည် မိမိ၏ကိုယ်ရေးရာဇ၀င်ကို 1875 သို့ ပေးပို့၍ လျှောက်ထားနိုင်မည်ဖြစ်သည်။ လုပ်ငန်းရှင်ဘက်မှ လိုအပ်မည့်ရာထူးကို 1875 သို့ ပြောကြား၍လည်း ၀န်ထမ်းများကိုရှာဖွေနိုင်မည်ဖြစ်ကြောင်း အင်တာဗျူးပြုလုပ်မည့်နေရာသို့ ၀န်ထမ်းများအား 1875 မှ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ လုပ်ငန်းရှင်ဘက်မှ ခန့်အပ်ပေးသောဝန်ထမ်းများသည် တစ်လအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် လုပ်ငန်းမှနုတ်ထွက်သွားပါက ၎င်းနုတ်ထွက်သွားသော ၀န်ထမ်းနေရာသို့ 1875 မှ ၀န်ဆောင်မှုတစ်ကြိမ် အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်ဖတ်ရန်>>>

ဖုန်း Massage ပို့ခြင်း ဆက်စပ် ဆိုးကျိုးများ


Text Message ကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆို ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အချိန်တိုင်း Text Message ( မိုဘိုင်း စာတို) ပို့ခြင်းဟာ အင်မတန် ခေတ် စားနေလို့ ဖြစ်ပါတယ်။
ရထားစီးရင်း၊ ကားစီးရင်း၊ ဘတ်စ်ကား၊ ရထားစောင့်ရင်း၊ လမ်းလျှောက်ရင်း Text Message ရိုက်တဲ့ အလေ့အထက အင်မတန် လွမ်းမိုးနေပြီ ဖြစ် ပါတယ်။ ဖုန်း ဆက်သွယ်ရေး လိုင်းမှ Messge အပြင် အခြား Messaging Service ပေးတဲ့ App များဖြစ်တဲ့ What's Up, G Talk, Facebook, imo, Viber နဲ့ အခြားအခြားသော Application များ နိုင်ငံတကာ မှာ ခေတ်စားပါတယ်။ အနီးစပ်ဆုံး အနေနဲ့ စင်္ကာပူလို နိုင်ငံမှာတောင် အသက် ၈ နှစ်သားအရွယ် ကလေးကအစ What's Up App သုံးပြီး Virtual Communication တစ်ခုကို ဖန်တီးနေကြပြီ ဖြစ်ပါတယ်။
ကောင်းကျိုးကတော့ ဆက်သွယ်ရေးစနစ်ကို ပိုမိုမြန်ဆန်စေပြီး Online Social Communication skill ကိုမြင့်တက်စေပါတယ်။
ဆိုးကျိုးကတော့ -
Physical မှာကြည့်ရင် မျက်နှာပြင်သေး ဖုန်း၊ Tablet များကြောင့် အမြင်အာရုံကို ထိခိုက်စေခြင်း၊ ခေါင်းငုံ့ကြည့်ရသည့် အချိန် ကြာမြင့်မှုကြောင့် လည်ပင်နှင့် ကျောရိုး ကိုက်ခဲခြင်း၊ နားကျင်ခြင်း တို့ ဖြစ်စေပါတယ်။ ဒါ့အပြင် အခြားသော အာရုံကျောများကိုလည်း ထိခိုက်ပါသေးတယ်။ ပုံမှန်အားဖြင့် အချိန်ခဏအတွင်း လုပ်ရပ်က ဘာမှမဖြစ်ပေမယ့် အမြဲတမ်းလုပ်တဲ့အမူအကျင့်ကြောင့် သိသိသာသာ ခံစားရလာမှာပါ။
Mental အပိုင်းအရ ကြည့်ရင် အပြင်လောက လူမှုဆက်ဆံရေးမှာ သိသိသာသာ ညံ့ဖျင်း သွားပါတယ်။ အွန်လိုင်းနဲ့ ဖုန်းတွင်းပို့ Message များအပေါ် အာရုံစူးစိုက်သူများက အခြားအပေါ် အာရုံစူး စိုက်မှုနည်းပါးလာပြီး အလုပ်ပါ ထိခိုက်လာစေပါတယ်။ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ တွေဝေခြင်း၊ အကြောင်းမဲ့ စိတ်ဆိုး၊ စိတ်ညစ်ခြင်းတို့လည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။
အထက်ပါ နှစ်ချက် ပေါင်းစပ်မှုအနေနဲ့ကတော့ အာရုံက ဖုန်းပေါ်မှာ စူးစိုက်နေတဲ့အတွက် အပြင်မှာ မဖြစ်သင့်တဲ့ အက်ဆီးဒန့်တွေ ဖြစ်ပေါ် စေပါတယ်။
ဒါကြောင့် နိုင်ငံတကာ Public Place နဲ့ စည်ကား သွားလာ လမ်းကြောင်းတွေမှာ Text Messaging ပြုလုပ်ခြင်းကို တားမြစ်ခြင်း အရေးယူမှုများ တဖြည်းဖြည်း ပြုလုပ်လာနေပြီ ဖြစ်ကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)
Techspace
ဆက်ဖတ်ရန်>>>

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း


iFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။
ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ်ကုန် နှစ် မျိုး ဖြစ်ပြီး Apple မှ ကန်ထရိုက်နဲ့ မှာယူနေ တာ ဖြစ်ပါတယ်။ စာချုပ် သက်တမ်း ကလည်း ရှိနေသေးတဲ့အတွက် မှာယူနေရပါသေးတယ်။ ကုန်ကြမ်းလည်း ရှားတဲ့အတွက် ဖြစ်ပါတယ်။ LG နဲ့ Sharp တို့ဆီက လည်း Display မှာယူပေမယ့် Samsung ဆီက ယူရတာလည်း ရှိနေသေးလို့ ဖြစ်ပါ တယ်။
လက်ရှိ တရားရုံးမှာလည်း ပြိုင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး Samsung ကုန်ပစ္စည်း သုံးစွဲနေရမှုအပေါ် Apple ကလည်း မရပ်တည် ချင်တော့သလို Samsung ကလည်း လက်တွဲဖြုတ် ချင်နေပြီ ဆိုတာ လူတိုင်း သိနေပါတယ်။ သို့ပေမယ့် Apple ရဲ့  အကောင်းဆုံး ကုန်ပစ္စည်းများမှာ Samsung ရဲ့  ပစ္စည်းများ အသုံးပြုနေရတာတော့ ငြင်းမရတဲ့ အခြေအနေ အခြေအနေ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
----
Ref: pocketlint.
ရိုးရာလေး
ဆက်ဖတ်ရန်>>>