Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, October 28, 2011

Nokia C3 အတွက် မြန်မာ font သွင်းနည်း

 



ပထမဆုံး ဖုန်းထဲကို X-ploreသွင်းပါ။
http://x-plore.en.softonic.com/windowsmobile
X-plore ကိုဖုန်းမှာ install လုပ်ပါ။
X-plore ထဲကိုဝင်ပါ ။ configuration menu ကိုသွားပြီး show hidden files and system folders ကို
အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် ကိုယ့်ဖုန်းရဲ့ internal memory z:/resource/fonts folder အောက်မှာ font အမျိုးအစားတစ်ခုကို file သုံးခုနဲ့တွေ့ပါလိမ့်မယ်။
ဥပမာ - S60SS.ccc, S60SEHK.ccc and S60ZDIGI.ttf ဆိုပြီးတော့ တွေ့ရင် အဲဒီနာမည် သုံးမျိုး ကိုခဏမှတ်ထားပါ။
ပြီးရင် မိမိသွင်းချင်တဲ့ မြန်မာ font ရဲ့ name ကို ခုနက ဖိုင်သုံးဖိုင်ရဲ့ နာမည်တွေကို rename ပေးလိုက်ပါ။ ဥပမာ- zawgyi.ttf ကို zawgyi ဆိုတာကိုတင်ဖျက်ပြီး နောက်က file အမျိုးအစားကိုမပြောင်းဘဲ S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf ဆိုပြီး ပေးခိုင်းတာပါ။
ပြီးရင် ဖုန်းရဲ့ memory card ကို ကွန်ပျူတာနဲ့ချိတ်ပါ။ memory card ရဲ့ directory အောက် resource ဆိုတဲ့ folder ထဲကိုဝင်ပါ(ဥပမာ-e:/resource) ။ ပြီးရင် resource folder ထဲမှာ “Fonts” ဆိုတဲ့ နာမည်နဲ့ folder တစ်ခုတည်ဆောက်ပါ။ ပြီးရင် ခုနက system font တွေရဲ့
နာမည်တွေအတိုင်း rename ပေးထားတဲ့ မြန်မာဖောင့်ဖိုင်သုံးခုကို အသစ်ဆောက်ထားတဲ့ Fonts ဖိုဒါအောက်ကို ပို့လိုက်ပါ။
(ဥပမာ -  e:/resource/fonts/S60SS.ccc, S60SEHK.ccc and S60ZDIGI.ttf) ။ ပြီးရင် ဖုန်းကို rebort ချလိုက်ပါ။
ပြန်တက်လာရင် မြန်မာလို မြင်ရမှာပါ။
ဆက်ဖတ်ရန်>>>

iPhone မှာ Message ပို့တာမထွက်လို့ Message Center Code change ချင်သူများအတွက် ပြောင်းနည်း

ဒီနည်းလေးကိုတွေ့လို့ မြန်မာ Mobile House က Member များလည်း စမ်းသပ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
iPhone မှာ Message ပို့တာမထွက်လို့ Message Center Code change ချင်သူများအတွက် Message Center ပြောင်းနည်းလေးပါ။
-ပထမဆုံးအနေနဲ့ ဖုန်းခေါ်တဲ့ Dial Mode ထဲကိုဝင်ပါ။ အခု ဖုန်းထဲမှာလက်ရှိလုပ်ထားတဲ့ Message Center*#5005*7672# ကိုရိုက်ပြီး Call ကိုနှိပ်ပါ။
-လက်ရှိဖုန်းထဲက Message Center number ပေါ်လာပါလိမ့်မယ်။
-အခုလက်ရှိ Mesage Center number နဲ့မရလို့ အသစ်ပြန်ထည့်ချင်တယ်ဆိုရင်တော့ *5005*7672*+(new message center number) ကိုရိုက်ပြီး Call ကိုနှိပ်ပါ။ ဥပမာ-*5005*7672*+9595930003# လို့ရိုက်ရမှာပါ။
-ဒါဆိုရင် Message Center number ကို အောင်မြင်စွာပြောင်းလဲပြီးပြီဖြစ်ပါတယ်။
ဆက်ဖတ်ရန်>>>

iPhone မှာ ဖုန်းလိုင်း Signal ကို လိုင်းတုံးလေး(Signal Strength Bar) တွေ နဲ့မဟုတ်ဘဲ ဂဏန်း(ရာခိုင်နှုန်း) နဲ့ပြအောင်လုပ်နည်း

iPhone မှာ Original ပါလာတာက လိုင်းဆွဲအား (Signal) ကို လိုင်းတုံးလေး (Signal Strength Bar) နဲ့ပြပါတယ်။ အဲဒီလိုမဟုတ်ဘဲ Number (Percentage) နဲ့
အတိအကျသိချင်ပါတယ်ဆိုတဲ့သူများအတွက် Moible House မှ Tutorial အဖြစ်တင်ဆက်လိုက်ရပါတယ်။

ပထမဆုံးအနေနဲ့ဖုန်းခေါ်တဲ့ Dial Mode ထဲကိုဝင်ပါ။ ပြီးရင် *3001#12345#* ဟုရိုက်ပါ။


ဒါဆိုရင် ကိုယ့်ရဲ့ iPhone ဟာ Test Field Mode ထဲကိုရောက်သွားပါပြီ။ အဲဒီထဲကိုရောက်သွားတာနဲ့ Signal ပြတဲ့နေရာကို ကြည့်ကြည့်လိုက်ပါ။
ခုနကလို လိုင်းတုံးလေးနဲ့ ပြတာမဟုတ်တော့ဘဲ ဂဏန်း(ရာခိုင်နှုန်း) နဲ့ပြနေတာကိုတွေ့ရပါလိမ့်မယ်။


ပြီးရင် Test Field Mode ထဲက ဘယ် function ထဲကိုမှမ၀င်ပါနဲ့။ ဖုန်းရဲ့Power ခလုတ်ကို Screen ပေါ်မှာ ၀ါပါပိတ်ဖို့ပြောတဲ့ Power Slider Bar ပေါ်လာတဲ့အထိ
နှိပ်ထားပါ။


Power Slider Bar ပေါ်လာပြီဆိုရင်တော့ ဖုန်းရဲ့ Home Button (ဖုန်းရဲ့အလယ်က ခလုတ်အ၀ိုင်းလေး) ကိုနှိပ်ပြီး Home Screen ကိုပြန်သွားပါ။
Signal ပြတဲ့နေရာမှာ လိုင်းတုံးနဲ့မဟုတ်ဘဲ ဂဏန်း(ရာခိုင်နှုန်း)နဲ့ပဲပြသနေတာကိုတွေ့ရပါလိမ့်မယ်။


တကယ်လို့ လိုင်းတုံးနဲ့ပြတာကိုပဲ ပြန်လိုချင်တယ်ဆိုရင်တော့ ဖုန်းခေါ်တဲ့ Dial Mode မှာ *3001#12345#* ကိုပြန်ရိုက်ပါ။


Test Field Mode ထဲကိုရောက်သွားပြီဆိုရင် Signal number ပြတဲ့နေရာကို နှိပ်လိုက်ပါ။


ဒါဆို လိုင်းတုံး(Signal Strength Bar) နဲ့ပြန်လည်ပြနေပြီဖြစ်ပါတယ်။
Home Button ကိုနှိပ်ပြီး Test Field Mode ထဲကနေပြန်ထွက်လို့ရပါပြီ။


အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ဆက်ဖတ်ရန်>>>

iPhone,iPad တွေမှာ Cydia နဲ့သွင်းမှရတဲ့ .deb ဖိုင် application တွေကို အင်တာနက်မချိတ်ဘဲ ကွန်ပျူတာနဲ့တိုက်ရိုက်သွင်းနည်း (၂)

 Wifi နဲ့ချိတ်ရမှတို့ အင်တာနက်နဲ့ချိတ်ပြီးမှဘာတို့ ဒုက္ခများနေမှာစိုးလို့ ကွန်ပျူတာနဲ့တိုက်။ရိုက်သွင်းလို့ရတဲ့ နည်းလေးကိုတင်ပေးလိုက်ပါတယ်။
ဥပမာအားဖြင့် Cracked လုပ်ထားတဲ့ application တွေကို run လို့ရအောင်လုပ်ပေးထားနိုင်တဲ့ installeous ဆိုတဲ့ application ဆိုရင် အင်တာနက်ကွန်နက်ရှင်ရှိမှ Cydia ကနေတစ်ဆင့် သွင်းလို့ရတာပါ။ အခုပြောမယ့် နည်းလမ်းနဲ့ဆို သွင်းချင်တဲ့ application file ( .deb ဖိုင်ကိုပြောတာပါ) ရှိဖို့ပဲလိုပါတယ်။အရင်ဆုံး ကွန်ပျူတာနဲ့ချိတ်သွင်းလို့ရဖို့အတွက် ကွန်ပျူတာထဲမှာ software တစ်ခုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ
iFunBox ဆော့ဝဲအားရယူရန်
download လုပ်ပြီးပြီဆိုရင် အဲဒီ iFunBox ဆော့ဝဲလေးကို ကွန်ပျူတာထဲကို install လုပ်လိုက်ပါ။ Install လုပ်ပြီးရင် run လိုက်ပါ။ ပြီးရင် မိမိရဲ့ iPad/iPhone ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ iFunBox ဆော့ဝဲမှာ မိမိရဲ့ device ချိတ်ထားတာကိုသိပြီး ပေါ်လာပါလိမ့်မယ်။ ပြီးရင် raw File System ထဲကိုသွားပါ။

var/root/Media/ ထဲထိသွားပါ။ Media ဖိုင်ထဲကိုရောက်ပြီဆိုရင် အဲဒီထဲမှာ folder တစ်ခုဆောက်ပါ(folder ဆောက်ချင်ရင် right click နှိပ် New ထဲကနေဆောက်ပါ)။ folder ရဲ့နာမည်ကို Cydia လို့ပေးပါ။ပြီးရင် အသစ်ဆောက်ထားတဲ့ Cydia folder ထဲကိုဝင်ပါ။ Cydia folder ထဲကိုရောက်ပြီဆိုရင် AutoInstall ဆိုတဲ့ folder တစ်ခုထပ်ဆောက်ပါ(အဲဒီ AutoInstall folder ထဲမှာသွင်းချင်တဲ့ .deb application ဖိုင်ကိုထည့်ရမှာပါ)။ AutoInstall folder ထဲကိုရောက်ပြီဆိုရင် ကိုယ်သွင်းချင်တဲ့ install ဖိုင် (.deb) လေးကို AutoInstall folder ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် iFunBox ဆော့ဝဲ ကိုပိတ်လို့ရပါပြီ ။ ပြီးရင် ကိုယ့်ရဲ့ iPad,iPhone ကို ကွန်ပျူတာကနေဖြုတ်ပြီး reboot လုပ်လိုက်ပါ။ ပြန်တက်လာရင် ကိုယ့်ရဲ့ iPad,iPhone ထဲမှာ
ခုနက ကွန်ပျူတာနဲ့ချိတ်ထည့်ထားတဲ့ .deb application လေး install လုပ်ပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ဆက်ဖတ်ရန်>>>

BlackBerry 7 OS သတိပြုစရာ အချက်(၁၀)ချက်

BlackBerry 7 OS သတိပြုစရာ အချက်(၁၀)ချက်


စမတ်ဖုန်း ချစ်သူတွေ အတွက် BlackBerry စမတ် ဖုန်းတွေကို အောင်မြင်စွာ ထုတ်လုပ် ပေးနေတဲ့ RIM ကုမ္ပဏီဟာ အခု တစ်ဖန် သူတို့ရဲ့ Black Berry OS နောက်ဆုံး Version ဖြစ်တဲ့ BlackBerry 7 ကို ထုတ်လုပ်ဖန်တီး ပြန်ပါ တယ်။ အဲဒါကြောင့် ဒီ OS အမျိုးအစားအသစ်ရဲ့ သတိပြုရမယ့် အချက်လေးတွေကို လေ့လာ ကြည့်ရ အောင်ပါ။

(၁) ဟန်းဆက်အဟောင်းတွေနဲ့ အသုံးမပြုနိုင်ဘူး။ အရင်ထွက်ရှိခဲ့တဲ့ Black Berry ဟန်းဆက်တွေနဲ့ ပြန်ပြီးသုံးလို့ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဟန်းဆက်တွေမှာ BlackBerry 7 ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အားနည်းလို့ပါ။

(၂) Processor အကောင်းစား လိုအပ်တယ်။ BlackBerry 7 ကို အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်းရဲ့ Processor ဟာ အမျိုးအစားကောင်းဖြစ်ရမှာပါ။ ဒါကြောင့်မို့ Processor နိမ့်တဲ့ ဟန်းဆက်တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး။

(၃) Browser Feature ကို ပိုအဆင့်မြှင့်ထားတယ်။ BlackBerry 7 မှာ ထူးခြားချက်တွေထဲက တစ်ခု ကတော့ Liquid Graphics နည်းပညာနဲ့ ပေါင်းစပ်ပြီး Browser Feature ကို မွမ်းမံထားတာပါ။ မြန် နှုန်းကလည်း ယခင် BlackBerry OS 6ထက် (၁.၆)ရာခိုင်နှုန်းပိုမြင့်ပါတယ်။

(၄) HTML 5 ကို အထောက်အပံ့ပေးတယ်။ Windows Phone 7 လိုပဲ ဒီ BlackBerry 7 ဟာ HTML 5 ကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် HTML 5 နဲ့ပတ်သက်တဲ့ ဗီဒီယိုစတဲ့ Elements တွေကို အသုံးပြုနိုင်မှာပါ။

(၅) BlackBerry Balance ဆိုတဲ့ Feature ပါဝင်တယ်။ နောက်ထပ် ထူးခြားချက်ကတော BlackBerry Balance ဆိုတဲ့ Feature ကို BlackBerry 7 မှာ ထည့်သွင်းပေးထားတာပါ။ င်္ဒီ Feature ဟာ ဖုန်းအသုံးပြုသူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာနဲ့ လူမှုဆက်သွယ် ရေးတွေမှာ ပိုပြီးအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

(၆) Docs ဖိုင်တွေကို သိမ်းဆည်းလို့ရတယ်။ ဖုန်းကိုအသုံးပြုပြီး Microsoft Word, Excel နဲ့ PowerPoint စတဲ့ ဖိုင်တွေကို အသုံးပြုနိုင်သလို PDF ဖိုင်တွေကိုလည်း ဆော့ဖ်ဝဲ အသုံးပြုပြီး ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

(၇) NFC အထောက်အပံ့ပါဝင်တယ်။ Near-field Communication ဆိုတဲ့ NFC နည်းပညာကို အထောက်အပံ့ ပေးတဲ့ ဖုန်း OS အမျိုးအစားဖြစ်ပြီး RIM က ဆက်လက် ထုတ်လုပ်မယ့် ဟန်းဆက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၈) Voice Search ဝန်ဆောင်မှုကို ထည့်သွင်းပေးထားတယ်။ BlackBerry 6 တုန်းက Universal Search လို့ခေါ်တဲ့ Feature ကို ထည့်သွင်း ပေးခဲ့သလို အခု BlackBerry 7 မှာတော့ Voice Search လို့ခေါ်တဲ့ အသံစနစ်နဲ့ ရှာဖွေနိုင်မယ့် Feature ကို ထည့်သွင်းပေး ထားပါတယ်။

(၉) Graphic စွမ်းဆောင်ရည် ပိုမိုတိုးမြှင့်ထားတယ်။ BlackBerry 7 OS ရဲ့ User Interface ပိုင်းက Graphic စွမ်းရည်ကို ပိုမိုတိုးမြှင့်ထားပြီး Web Browsing လုပ်တဲ့ အခါမှာလည်း ပိုပြီး ကြည့်ရှုလို့ကောင်းမှာဖြစ်ပါတယ်။

(၁၀) ယခုနှစ် နွေရာသီ စတင်ဖြန့်ချိမယ်။ BlackBerry 7 OSကို ယခုနှစ် နွေရာသီ မှာ ဗြိတိန်နိုင်ငံကို ပထမဆုံးဖြန့်ချိမယ်လို့သိရပါတယ်။ ဒါ့အပြင် BlackBerry 8 OS ကိုလည်း ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ စတင် ထုတ် လုပ်ပါမယ်။
ဆက်ဖတ်ရန်>>>

CDMA 450 MHz ဖုန်း၏ မြန်မာဘာသာပြန်စနစ်များ မှားယွင်းလျှက်ရှိကြောင်း ပညာရှင်များဝေဖန်


CDMA 450 MHz ဖုန်း၏ မြန်မာဘာသာပြန်စနစ်များ မှားယွင်းလျှက်ရှိကြောင်း ပညာရှင်များဝေဖန်


မြန်မာ နိုင်ငံ အတွင်းသို့ မကြာမီလ အတွင်းက တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အသစ် ဝင်ရောက် လာသော CDMA 450 MHz စနစ်သုံး ဖုန်းဟန်းဆက် များတွင် မြန်မာ ဘာသာပြန် စနစ်ဖြင့် ဖုန်းတွင်းရှိ လုပ်ဆောင်ချက် များကို ပြောင်းလဲ နိုင်ရန် အတွက် ထည့်သွင်း လာသော်လည်း ဘာသာပြန် စနစ်များ မှားယွင်း နေမှု များကြောင့် သုံးစွဲသူများ အတွက် ပိုမို အခက်တွေ့ နိုင်သည့်အပြင် ပညာရှင် များကလည်း ဝေဖန်မှုများ ရှိလာကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံရှိ တိပိဋိက စာပေများကို မိုဘိုင်း အဘိဓါန် အဖြစ် စတင် အသုံးပြု နိုင်ရန် အတွက် ကြိုးစား ခဲ့သူ ဦးရဲမြတ်သူက တစ်နေ့က တရုတ်ကနေ လုပ်တဲ့ CDMA 450 MHz တစ်လုံးမှာ မြန်မာလို ပါတယ် ဆိုလို့ ပြောင်းကြည့် မိတာ မြန်မာစာလုံး တွေတော့ ပေါ်လာ ပါတယ်။ ဟင်းလျာစာရင်း ဆိုတာ တွေ့လို့ ကြောင်တောင် သွားတယ်။ နောက်မှ သတိထား မိတာက Menu ကို ဘာသာပြန် ထားမှန်း သိတယ် ဟု CDMA450 အတွင်း မြန်မာ ဘာသာပြန် စနစ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။ ၂၀၁၀ နှစ်လယ်ပိုင်း လောက်မှ စတင်ကာ ပြည်တွင်း မိုဘိုင်း ဟန်းဆက် များတွင် မြန်မာစာ စနစ် ထည့်သွင်း မှုများ ခေတ်စား လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှာလည်း ပြည်တွင်းသို့ မြန်မာ ဘာသာပြန် စနစ် များကို ထည့်သွင်းကာ အသုံးပြု လာကြခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘာသာပြန် စနစ်၏ မှားယွင်းမှု များကြောင့် မလိုအပ်သော အမှတ် မှားမှုများ ဖြစ်လာ နိုင်ကြောင်း ကွန်ပျူတာ မြန်မာစာ စနစ် တိုးတက်ရေး အတွက် ကြိုးပမ်း နေသူ တစ်ဦးက မှတ်ချက် ပေးခဲ့ကြောင်း သိရသည်။
Source : Net Guide Journal
ဆက်ဖတ်ရန်>>>

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်သွင်းနည်း

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်သွင်းနည်း




Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။ ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်)အောက်မှာ application ကိုရယူနိုင်ပါတယ်။
SymbianMyanmar v3.0 အားရယူရန် (application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုသွင်းရာမှာ ဖုန်းကို Hack မထားပါက certificate error တက်ပါလိမ့်မယ်။
ဆက်ဖတ်ရန်>>>

မြန်မာ Phone Ring Tone ဆိုဒ်

မြန်မာ Phone Ring Tone ဆိုဒ်


http://www.monetine999.com မြန်မာ Phone Ring Tone ဆိုဒ်

      တစ်လလျှင် 2000 ကျပ်နှုန်းဖြင့် ၀ယ်ယူနိုင်ပါတယ်....ဆိုဒ်မှာ Tone ရွေးပြီး ဖုန်းနံပါတ် 177 ကိုဆက်သွယ်ပါ....

http://www.myringtune.com.mm/
ဆက်ဖတ်ရန်>>>

Mobile House မှ ကြိုဆို ပါတယ်

သူငယ်ချင်းတို့ ဖုန်းနဲ့ ပတ်သက် ပြီး သိလို သည်များကို မေးနိုင်ပါတယ် ။ ကျွှန်တော် သိတာ သလောက် အကုန် ပြန်ဖြေ ပေးသွားပါမယ် ။ဖုန်းအတွက်  လိုချင် တဲ့ Applications & Game ရှိရင် လဲ တောင်းဆို နိုင် ပါတယ် ။
ဆက်ဖတ်ရန်>>>