Tuesday, June 18, 2013

၁၅၀၀ တန်ဖုန်းကဒ်များတွင် Ring Tune အသုံးပြုနည်း

မိတ်ဆက်
Hello Music ၀န်ဆောင်မှုဆိုသည်မှာ မိမိထံ ဖုန်းခေါ်နေစဉ် ဖုန်းခေါ်ဆိုသူမှ ကြားရမည့် Default Ring Tone အစား မိမိနှစ်သက်ရာ သီချင်းများနှင့် အစားထိုး အသုံးပြုနိုင်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ဤ၀န်ဆောင်မှုအား MecTel CDMA 800MHz ကွန်ယက်စနစ်သုံး ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

     
Hello Music ၀န်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် မည်ကဲ့သို့ စတင်အသုံးပြုနိုင်မည်နည်း။

     ပထမဦးစွာ Hello Music ၀န်ဆောင်မှုကို ရရှိရန် Register စာရင်းပေးသွင်းရပါမည်။
Register စာရင်းပေးသွင်းရန်အတွက်
……
၃၃၃ သို့ စာလုံးအသေး register ဟူ၍ ရိုက်နှိပ်ပြီး SMS ပေးပို့နိုင်ပါသည်။
(သို့မဟုတ်)
Hello Music Service Center သို့ သွားရောက်၍လည်း အောက်ပါ Member Form ကို ဖြည့်စွက်နိုင်ပါသည်။
(သို့မဟုတ်)
အနယ်နယ် အရပ်ရပ်ရှိ ကျွန်ုပ်တို့၏ ကိုယ်စားပြု မိုဘိုင်းလ်ဖုန်းဆိုင်များတွင်လည်း Member Form ရယူ၍ ဖြည့်စွက်နိုင်ပါသည်။
(သို့မဟုတ်)
ကျွန်ုပ်တို့၏ Website www.myhellomusic.com.mm & www.myhellomusic.com သို့ သွားရောက်၍ အထက်ပါ Member Form တွင် ဖြည့်စွက်နိုင်ပါသည်။
သင်၏ Register စာရင်းသွင်းခြင်း အောင်မြင်ပါက ၃၃၃ မှ အောက်ပါ SMS ကို ပြန်လည်ရရှိမည် ဖြစ်ပါသည်။
Welcome Hello Music Member. Your account password is 777777.
Register စာရင်းပေးသွင်းခြင်း အောင်မြင်ပါက Hello Music မှ သတ်မှတ်ထားသော Default RingBackTone သည် သင့်လက်ကိုင်ဖုန်း ၏ Ring Back Tone အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
Hello Music ၀န်ဆောင်မှုအတွက် ၀န်ဆောင်မှုနှုန်းထားများ
လစဉ်အသုံးပြုခ:
၂၀၀၀ ကျပ်


သီချင်းသံစဉ်တစ်ပုဒ်ဝယ်ယူရန်:
၃၀၀ ကျပ်
SMS လမ်းညွှန်
လုပ်ဆောင်ချက် ၃၃၃သို့ SMS ပို့ရန်
Register စာရင်းပေးသွင်းရန် register
Password ပြောင်းရန် changepass+(new 6 digits password)
Default song ပြောင်းလဲ သတ်မှတ်ရန် default+(10 digits ring tune code)
သီချင်းသံစဉ် ၀ယ်ယူရန် buy+(10 digits ring tune code)
Top Songs List ရယူရန် top
လုပ်ဆောင်ချက်များကို မမှတ်မိ help
လုပ်ဆောင်ချက်များအား မမှတ်မိ မသိရှိပါက ၃၃၃ သို့ help ဟု SMS ရိုက်နှိပ် ပေးပို့၍သော်လည်း ကောင်း (သို့မဟုတ်) ဖုန်းခေါ်ဆို၍သော်လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်
ဆက်သွယ်ရန် လိပ်စာ
Hello Music Service Center ->     အမှတ်-၃၇၊ လပြည့်ဝန်းပလာဇာ၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ်
၁၂၁၂ Call Center နှင့် ၁၂၁၁ Call Center
ဆက်ဖတ်ရန်>>>

Sunday, June 16, 2013

Android အတွက် အကောင်း ဆုံး Call recorder

 တစ်ချိန် က Android မှာ သုံး ခဲ့ တဲ့ Recorder တွေက အသံ ကြည်လင် မှု မရှိ သလို သုံး ရတာ လဲ မကောင်း ပါဘူး။ ခု Recorder က တော့ နှစ် ဖက် လုံး က အသံ ကြည် လင် မှု ရှိ ပြီး ကိုယ် အသံ မဖမ်း ချင် တဲ့ ဖုန်း ဆို လဲ ပြော နေ ၇င်း အလွယ် တကူ ၇ပ် နိုင် ပါတယ် ။ Recorder ကောင်းကောင်း သုံး ချင် သူ များ အတွက် Recorder ဆော့ဝ် တွေ များ ကြီး တွေ ထဲ မှ ရွေးချယ် တင်ပေး လိုက်ပါတယ် ။

Download Here

http://www.mediafire.com/?x7xm4n3131388o7

http://www.4shared.com/file/hTnqg-eR/callrecorder_by_mobile_house.html
ဆက်ဖတ်ရန်>>>

Saturday, June 15, 2013

ကိုယ့် ဖုန်း အင်တာနက် ဘယ်လောက် မြန် လဲ သိချင် ရင် (Full Version)

Internet Speed Meter - အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း နားမှာ ဖော်ပြပေးပါမယ် ။





စာလေး ပဲ ပေါ် ချင်ရင် App ထဲ ၀င် Show Dynamic Chart ကို အမှန် ခြစ် ဖြုတ်လိုက်ပါ ။


အရင်တစ်ခေါက် တင်ပေးထား တာ Full Version မဖြစ် လို့ ဒီတစ်ခေါက် အဆင်ပြေ တာလေး ရှာ ပေးလိုက်တာပါ ။



Download Here
http://www.mediafire.com/?panz395c33nq15g

Play Store Link
https://play.google.com/store/apps/details?id=com.ckideas.networkmeter&feature=search_result#?t=W251bGwsMSwxLDEsImNvbS5ja2lkZWFzLm5ldHdvcmttZXRlciJd




ဆက်ဖတ်ရန်>>>

Samsung Galaxy Series 72 မျိုး အတွက် Easy Root Tool .


Samsung Galaxy Series 72 မျိုး အတွက် Easy Root Tool လေးပါ ။

Myanmar Font + Frozen Keyboard  ပါဝင်ပါတယ် ။ System ဖိုင်ထဲ ထိ ထည့် ပေးမှာ ဖြစ်လို့
Factory restart ချရင် တောင် ကျန် ခဲ့ မှာ ဖြစ်ပါတယ် ။

Download Samsung Root tool by Mobile House.exe
http://www.mediafire.com/?1kedj78q5cvogo1


ဆက်ဖတ်ရန်>>>

Friday, June 14, 2013

TESTED CRACK 2012




Click the image to open in full size.



ITO LAMAN NITO SHELL

aDVANCE TURBO FLASHER V 2.20

RSDLITE

PHONIX 2011

DRIVER SA PHOENIX\PC SUITE

TEXTBOX SAMSUNG

JAF 1.98.66 FULL

GARUA SECLITE

HUAWEI LATEST

NAVIFIRM V4.2

NET V2.0

S.E TOOL ACTIVED 100% CREDITS

SPIDER MAN V2.67

DOWNLOAD
CODE:
MEDIAFIRE

part 1) Free Cloud Storage - MediaFire

part 2) Free Cloud Storage - MediaFire

NEW LINK HERE:

Tested Crack 2012.exe - 4shared.com - online file sharing and storage - download
ဆက်ဖတ်ရန်>>>

Apple ပစ္စည်းများလည်း မလုံခြုံဆိုဟုဆို

Apple ပစ္စည်းများလည်း မလုံခြုံဆိုဟုဆို



ဂျော်ဂျီနာနိုင်ငံက နည်းပညာရှင်တို့ စမ်းသပ်လို့ရတဲ့ ရလဒ် ဖြစ်ပါတယ်။ Mac ကစလို့ iPhone အဆုံး Apple ကုန်ပစ္စည်းအားလုံးကို လုံခြုံရေး ထိုးဖောက် လို့ ရကြောင်း သိရပါတယ်။

နည်းလမ်းကတော့ အားသွင်းတဲ့ ကြိုးကနေ ဖြစ်ပါတယ်။ အားသွင်းတဲ့ ဘက်ထရီကြိုး/ Connector ကနေတစ်ဆင့် Hack တာ ဖြစ်ပါတယ်။ malicious charger ကို အသုံးပြုပြီး Apple ကုန်ပစ္စည်းအတွင်းက အချက်အလက်များ ကို အလွယ်တကူ ယူလို့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် Apple ရဲ့  USB connector နဲ့ ပက်သက်လို့ လုံခြုံရေး အားနည်းချက်ကို Apple တို့ ပြန်လည် Upgrade လုပ်ရန်လိုအပ် တယ်လို့ အကြံပေးထား ကြပါတယ်။  ဇူလိုင်လ ၂၇ ရက်နေ့  Black Hat computer security conference မှာ Apple Device အား Hack ပုံဟက်နည်းကို လက်တွေ့ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
မူရင်း သတင်း - http://goo.gl/F6RCY

Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

Samsung တို့ ဘာလုပ် Galaxy လို့ အမည်ပေးသလဲ (ဝါ) ဘာလို့ အမျိုးအစား များများ ထုတ်လဲ



ယခု မြန်မာပြည်က User တွေ Complaint တက်နေတဲ့ အကြောင်းလေးပေါ့။ "Sasmung က ထုတ်ပဲထုတ်နိုင်လွန်းတယ်။ လုပ်စားတယ်။ Quantity ကိုဦးစားပေးတယ်" အစရှိသဖြင့်ပေါ့။ အဖြေက ဒီလိုပါ။

Samsung တို့ Android Device World ကိုဝင်လာတော့ Galaxy ဆိုတဲ့အမည်ကို အသုံးပြု ပါတယ်။ အမည်ရဲ့  အဓိပ္ပါယ်ကိုကလည်း Galaxy ပါ။ စင်္ကြာဝဌာကို ခြုံလွမ်းထားတဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီးပေါ့။ ဒီတော့ ဂလက်ဆီက ကြယ်တာယာ အသိုက်အဝန်းလိုပဲ မိသားစုဝင်ခပ်များများ၊ အမျိုးအစား ခပ်များများ ထုတ်လုပ်ပြီး တစ်နေ့ အိုင်တီထုတ်ကုန်လောကမှာ စင်္ကြာဝဌာကြီးလို လွမ်းမိုးရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီး ဖြစ်ပါတယ်။

ဒီတော့ Samsung Galaxy S3 ထွက်ပြီး လပိုင်းအတွင်း Samsung Galaxy Note 2 ထွက်ပါတယ်။ ပြီးတော့ Samsung Galaxy S3 Mini ထွက်ပါတယ်။ ပြီးတော့ Samsung Galaxy Grand, Samsung Galaxy Tab 2, Sasmung Galaxy Camera ယခုနောက်ဆုံး Samsung Galaxy S4 အပြင် Samsung Galaxy S4 Active ပါထပ်ထွက်လာပါတယ်။ ဒါတောင် High end device တွေကိုပဲပြောတာပါ။ Low End User တွေ အတွက် ဈေးသက်သက်သာသာနဲ့ ကိုင်လို့ရအောင်ဆိုပြီး ၃ လ တစ်ခါနီးပါးထွက်ရှိနေတဲ့ စမတ်ဖုန်းတွေတောင် မပါသေးပါဘူး။ Samsung Galaxy Note 3 ကလည်း ထွက်ရှိဖို့ နီးနေပါပြီ။

ဒီတော့ Samsung က Unique ဖြစ်တာလေးမှ ကိုင်ချင်သူများအတွက်တော့ အဆင်မပြေပါဘူး။ သူက စင်္ကြဝဌာ တိုက်တစ်ခုလုံး လွမ်းမိုးမယ် ရည်ရွယ် ချက်နဲ့ နေရာတိုင်းမှာ Samsung မြင်စေရမယ်ဆိုပြီး နမ်းကြဲလိုက်တဲ့ သဘောပါ။ အရည်အသွေးအားဖြင့် ကြည့်ရင်လည်း Apple, LG, HTC, Nokia တို့ကို ဖိုက်နေပါတယ်။ အဓိကကတော့ Apple နဲ့ တိုက်ခိုက်နေပါတယ်။ သူ့အကြိုက်နဲ့ သူမို့ ဘယ်ဟာကောင်းတယ် မကောင်းဘူး လို့ ဆုံးဖြတ်ချက်ပေးလို့ မရပါဘူး။ စာဖတ်သူတို့ပဲ ဆုံးဖြတ် ပေးကြည့်ပေါ့။

Galaxy ဟာ မိသားစု အသိုက်အဝန်းကြီး တစ်ခုဖြစ်အောင် တည်ဆောက် နေတဲ့ အဓိပ္ပါယ်ရောက်ကြောင်း သိရပါတယ်။
-
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

iOS 7 ပြောင်းလဲလာမှု ရှင်းတန်း အပြည့်အစုံ

iOS 7 ပြောင်းလဲလာမှု ရှင်းတန်း အပြည့်အစုံ




မနေ့ညကပေါ့။ အမေရိကန်၊ကယ်လီဖိုးနီးယားမှာတော့ နေ့ဘက်ပါ။ လွန်ခဲ့တဲ့ ၂၄ နာရီ ဝန်းကျင်ကတင် Apple မှ iOS 7 အသစ်အကြောင်းကို အသေးစိတ်ရှင်းလင်း ပြောပြသွားတာ ဖြစ်ပါတယ်။ စာရေးသူ ကတော့ ဒီညနေမှ ကြည့်ဖြစ်လိုက်ပါတယ်။ Tim Cook ပြီးတော့ Apple ရဲ့ အဖွဲ့ သားတွေ တစ်ယောက်ပြီး တစ်ယောက် တက်ရှင်းသွားပါတယ်။


ဒီဇိုင်းဖန်တီးကိုင်ပေးတဲ့ စီနီယာ ဒုတိယ ဥက္ကဌ Jonathan Ive ကတော့ စင်ပေါ် မတက်ပါဘူး။ မတက်ဆို iOS 7 ဒီဇိုင်းအကြောင်းကို ပရိုဂျက်တာပေါ် ဗီဒီယိုမှာ သူအသေးစိတ် ရှင်းလင်းပြသသွားပါတယ်။

Time Cook ဘာပြောသလဲ

သူက လက်ရှိ Apple CEO လေ။ iOS 7 တီထွင်ဖန်တီးမှုအပေါ် တာဝန် အယူရဆုံး က သူပေါ့။ တစ်ခုခု အမှားသာ အထောက်ပြခံရရင် သူနာမည် ပျက်မှာ။ ဒါကြောင့် စတိတ်စင်ပေါ်မှာ ယုံကြည်ချက် အပြည့်နဲ့ iOS 7 ဘယ်လောက် ကောင်းကြောင်း သူ ရှင်းပြသွားပါတယ်။ စစချင်းက iOS 7 အကြောင်း မလာသေးပါဘူး။ ကမ္ဘာ့ဈေးကွက်နဲ့ ယှဉ်လိုက်ရင် iOS user က Android, Windows Phone, Blackberry တို့ထက် ဘယ်လောက်များကြောင်း၊ ဈေးကွက် ရာခိုင်နှုန်းအပြည့် ဘယ်လိုယူထားကြောင်း ရှင်းလင်း ပြောကြား သွားပါတယ်။ လာတဲ့သူတွေကလည်း Apple ကို Impress ဖြစ်သူတွေဆိုတော့ လက်ခုတ်သံတွေ ဝေဝေဆာဆာပါပဲ။ Tim Cook ကို I love you လို့တောင် ပရိတ်သတ် တစ်ယောက်က စင်ပေါ် နောက်တစ်ကြိမ်တက်တော့ လှမ်းပြော လိုက်ပါသေးတယ်။ Apple အပေါ် user တို့ဘယ်လောက် Reaction ရှိတယ်ဆိုတာလေးပါ။

ဒီတော့ iOS 7 ဖန်တီးဖြစ်ပုံလေး၊ဘယ်လိုလေး ကြိုးစားယူခဲ့တာလေး တို့ကို ပြောပြီး iOS 7 Overall spec တွေကို မိနစ်ပိုင်းအတွင်း အကုန်ပြလိုက်တယ်။ ပြီးတော့မှ Apple Member တစ်ဦးချင်းစီရဲ့ Presentation များနဲ့ပွဲထုတ်ပါတော့တယ်။ ပထမဦးဆုံး ပွဲထုတ်လိုက်တာကတော့ Jonathan Ive ပေါ့။ ဒီဇိုင်းကို သူဘယ်လောက်ကြိုးပမ်းထားကြောင်း သိအောင် ဗီဒီယိုနဲ့ ပြသလိုက်ပါတယ်။ သူဘာလို့ စင်ပေါ်တက်မပြောပဲ အရှေ့ ဆုံးခုံကနေ လက်ခုတ် တီးနေသလဲတော့ စာရေးသူလည်း မသိပါဘူး။ ကင်မရာမန်းကတော သူ့မျက်နှာကို သေချာ ထိုးပြပါတယ်။


iOS 7 ဒီဇိုင်း ဘယ်လိုဖန်တီးတယ်

Jonathan Ive က ရှင်းပြပါတယ်။ Colour Sheme ပြောင်းလဲမှုကို အရင်ပြော ပါတယ်။ Create a sense of depth and vitality တဲ့။ နက်နက်နဲနဲ သိသိသာသာ တွေ့ထိခံစားရမယ် အစရှိတဲ့ ဝက်ဝုတ္တိ လင်္ကာများနဲ့ပေါ့။ အမှန်တော့ ကာလာ ဘယ်လောက်ထိကောင်းလာတယ်ဆိုတာကို ပြောချင်တာပါ။ ယုံပါတယ်။ Apple Product တွေက ဘယ် iOS အပေါ်မှာပဲ လုပ်လုပ် အရောင် တောက်ပ၊ ကြည်လင်မှုက သိသိသာသာ ရှိပါတယ်။

နောက်တစ်ချက်အနေနဲ့ iOS 7 မှာ iCon တွေ ဘယ်လို ပြေင်းလဲလာတယ် ဆိုတာ လေးပေါ့။ ဟုတ်ပါတယ်။ တကယ်ပြောင်းလဲသွားတယ်။ flat with bright news colors တဲ့။ သိသိသာသာ ပါးသွားတယ်။ ပါးဆို ဘေးအနားမှာ bold လုပ် မထားတော့ပဲ background screen ပေါ်မှာ float ဖြစ်နေသလိုလေး မြင်ရတယ်။ အရောင်တောက်တောက် ဖြစ်နေပြီး Font လည်း ပါးသွားပါတယ်။ လှပါတယ်။ အတော်လေးကြည့်လို့ကောင်းပါတယ်။

Weather App တို့လို Apple  ရဲ့  Dafault App တွေက Animation အသစ်တွေနဲ့ဖြစ်လာပါတယ်။ Calendar, phone, messages, Game Center အစရှိသဖြင့် icon အားလုံး flat design ဖြစ်သွားပါတယ်။

ဒီလိုနဲ့ဗီဒီိယိုလေး အဆုံးသတ်သွားပါတယ်။ Tim Cook စင်ပေါ် ပြန်တက်လာပြီး လက်ခုတ်သံတွေ ညံညံကြားနေတုန်း ဒီမှာ I love you လို့ အပြောခံလိုက်ရတယ်လေ။ Time Cook ရှက်ပျော်ပျော်နဲ့ Thank you တောင် ပြန်ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာ Craig Federghi ကို စင်ပေါ်ခေါ်ပြီး App အသစ်အကြောင်းတွေရှင်းခိုင်းပါတော့တယ်။ သူကလည်း Senior Vice President ပါပဲ။


iOS 7 Software ရှင်းတမ်း

Control Center

iOS 7 မှာ control panel အသစ်အနေနဲ့ပါလာတာလေးပါ။ ဖုန်းကို lock ချထားချိန် တောင် အသုံပြုလို့့ရမယ့် UI သစ်တစ်ခုပေါ့။ သူ့ကနေဝင်ပြီး Screen ကာလာချိန်တာတို့၊ App အချို့ ကို ခပ်မြန်မြန် ဝင်လိုရအောင်တို့၊ဖုန်း အတွက် အမြဲအသုံးပြုနေရတဲ့ Setting တွေကို တစ်ခါတည်း စုပေးထားတာတို့ လုပ်ပေး ထားပါတယ်။ quick access menu လို့လည်း ခေါ်ပါတယ်။ ခပ်မြန်မြန်ဝင် သုံးလို့ရမယ့် menu list လေးပေါ့။ airplane mode, Wi-Fi, Bluetooth တို့ကို အလွယ်တကူ toggle လုပ်လို့ရအောင်ပါတဲ့။

ဘာတွေ Upgrade ဖြစ်လဲ

AirDrop ဆိုတာလေးပါလာပါတယ်။ အရင်ကလည်း ဝေ့ယှမ်းပြီး ပုံပို့စရာ မိုတော့ ပါဘူး။ သူကလည်း Air Drop ကနေ တစ်ဆင့် အလွယ်တကူ ပို့လို့ရတဲ့ စနစ်ကို ဖန်တီးပေးလိုက်ပါတယ်။ ဓာတ်ပုံ၊ Folder, Data များ Control Center နေတစ်ဆင့် အလွယ်တကူ Share လို့ရပါတယ်။ iOS 7 user  အချင်းချင်းပေါ့။ multitasking ရပါတယ်။ Notification center ကလည်း ပြင်ထားပါတယ်တဲ။ Safari တို့လို မိုဘိုင်း ဘရောက်ဇာကို အသုံးပြုလို့ ကောင်းအောင် ဘယ်လို Feature အသစ်များ ပါလာတယ် ဆိုတာပါ တစ်တည်း ထည့်ရှင်း သွားပါတယ်။ macbook က Safari သုံးရသလို UI အချို့  မြင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်းအရွယ်သေးသေးလေးထဲမှာ စာဖတ်ရှုမှုနဲ့ Next, Previous ပြောင်းလဲမှုများ၊ History ရှာဖွေမှုများ ဘယ်လို လွယ်ကူကြောင်း ပြသသွားပါတယ်။ Safari က iOS, Mac တို့ရဲ့  Dafault Browser ဆိုတော့ အကောင်းဆုံး ပြန်လည်ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

full-Screen browsing, gesture navigation, tab overview, parental controls, iClould Keychain integration, smart search field တို့ကို ထည့်ပြောသွားပါတယ်။


ကင်မရာ App

ကင်မရာမှာ Mode တွေတိုးလာပါတယ်။ ကာလာ Setting စုံးပြီး ပရိတ် ရှေ့ မှာတင် ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ ဘယ်လို အရောင်ပြောင်းတယ်။ iCloud မှာ ဘယ်လို Share လိုက်တယ်ဆိုတာက အစ အသေးစိတ် ပြသ ပါတယ်။ ထူးခြားချက် တိုးလာပါတယ်။ ဒါကတော့ ဓာတ်ပုံတွေကို History နဲ့တကွသိမ်းဆည်း ထားပေးခြင်း ဖြစ်ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ဘယ်နေရာမှာ ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်တယ်ဆိုတာကို အသေးစိတ် ပြန်လည် ပြသနိုင်ပါတယ်။ Searching လွယ်ကူစေရန်အတွက် ဖြစ်ပါတယ်။ အတော်လေး ကောင်းတဲ့ Feature ဖြစ်ပါတယ်။


Screen Background ပြောင်းလဲမှု

သိသိသာသာကို ပြောင်းလဲပါတယ်။ 3D perspective view ကိုပြသ သွားပါတယ်။ Floating ဖြစ်နေပါတယ်။ ဖုန်းကို တိမ်းစောင်းလိုက်တဲ့အခါ icon တွေ ငြိမ်နေပေမယ့် နောက်ခံ ပုံက မနှေးမမြန်လေး လိုက်ပြောင်းနေပါတယ်။ Screen မှာ ထူးခြားတဲ့ ပြောင်းလဲမှုပါ။ ဒီအတွက်လည်း ဘက်ထရီပိုမကုန် ပါဘူး။ Lock Screen လည်း ပြောင်းလဲပါတယ်။ အရင် ရိုက်နေကျ Key Patern နဲ့မတူတော့ တာတွေ့ရမှာပါ။


Siri

Apple တို့ကို အောင်မြင်စေတဲ့ App တွေထဲက တစ်ခုပေါ့။ အမျိုးသမီးအသံနဲ့ နားထောင်မလား၊ အမျိုးသားအသံနဲ့နားထောင်မလား ရွေးလို့ရပါတယ်တဲ့။ ဘာသာစကားအားဖြင့်လည်း စုံလင်ကြောင်းပြောကြားပါတယ်။ ပြီးတော့ ရှာဖွေမှုက Siri က wiki တွေရော၊ Google Image Search တွေရော လုပ်ပေးတာကို ပြသပါတယ်။ အနီးအနားက ဘယ်ရုံမှာ ဘာရုပ်ရှင်ပြလဲလို့ မေးလိုက်တာနဲ့ ရုံနဲ့ ရုပ်ရှင်ကား ပိုစတာပါ စခရင်မှာ ပေါ်လာပါတယ်။

 နောက် တစ်ချက်ကတော့ Siri Car App ဖြစ်ပါတယ်။ Apple နဲ့ Integrated လုပ်ပြီး ကားထုတ်နေတဲ့ ကုမ္မဏီစာရင်းကို ပရိုဂျက်တာမှာ ပြသွားပါတယ်။ တိုယိုတာတော့ စာရေးသူလည်း မမြင်လိုက်ဘူး။ အမေရိကန်က နာမည်ကြီးကားကုမ္မဏီအားလုံးနီးပါး၊ တောင်ကိုရီးယားက Kia, ဂျပန်က Nissan တို့လိုကုမ္မဏီများ၊ အင်္ဂလန်၊ဂျာမနီကနာမည်ကြီးကားအားလုံး ပါဝင်ပါတယ်။ Dashboard မှာ Apple ရဲ့  Siri နဲ့ Integrate လုပ်လို့ရမယ့် စနစ်ကို ပြသ လိုက်ပါတယ်။ GPS ဖွင့်တာတို့၊သီချင်းဖွင့်တာတို့၊ဖုန်းပြောတို့အပြင် အခြားသော အသုံးပြုရမှုများကို ပြသသွား ပါတယ်။

App Store

Apps Near Me တို့လို App ပါလာပါတယ်။ ကလေးတွေအတွက် New Discovery Option လို့ဆိုပါတယ်။ ပြီးတော့ တော်တော်များများ မျက်စိနောက်တဲ့ တစ်ခုကို ဖြတ်လိုက်ပါပြီ။ App Store icon မှာ အနီရောင်နဲ့ပေါ်နေတဲ့ notification များ ဖြစ်ပါတယ်။ အလိုအလျောက် Update လုပ်ပေးမှာ ဖြစ်တဲ့အတွက် ဘက်ထရီ ကို မထိခိုက်ပဲ သူ့ပါသူ App တွေ Auto update လုပ်သွားပါတယ်တဲ့။ အဲဒါကို ကြေညာတော့ လက်ခုတ်သံတွေ ထွက်လာပါတယ်။ တစ်ချိန်လုံးလည်း လက်ခုတ်တွေ တီးနေတာပါ။ တစ်ခုပြီးတစ်ခု အသစ်တွေပြောတိုင်း ပရိတ်သတ်တွေ လက်ခုတ်တီးပါတယ်။

Radio Service

Apple ရဲ့ ရှိရင်းစွဲ music player တင်မဟုတ်တော့ပဲ အသစ်ထပ်သုံးချင်သူ များအတွက် Radio Service တစ်ခုထပ်သွင်းပေးလိုက်ပါသတဲ့။ iTune Music ပါ။ ဒီအတွက် အခမဲ့တော့ မဟုတ်ပါဘူး။ ငွေသွင်းရပါမယ်။ ပြီးတော့ ကိုယ်ကြိုက်တဲံ သီချင်းများကို နားထောင်မယ်။ Bookmark  လုပ်မယ်။ အလားတူသီချင်းနားထောင်မယ်။ ပြန်ရှာမယ်။ အစရှိသဖြင့် အသုံးပြုလို့ ကောင်းတာတွေကို ပြသသွားပါတယ်။ ရေဒီယို Streaming ဆိုတော့ အင်တာနက် လိုင်းတော့ ရှိဖို့ လိုပါလိမ့်မယ်။ Spotify နဲ့တူနေသလားလို့တောင် အချို့ တွေက မေးခွန်းထုတ်နေပါတယ်။ ထုတ်စရာ မလိုပါဘူး။ တကယ်ပဲ Spotify ရဲ့  UI တွေကို ပေါင်းပြီးပြန် ဆန်းသစ်ထားတဲ့ App ပါ။ ဒီအတွက် Spotify နဲ့ဘယ်လို နားလည်မှု ယူသလဲတော့ မသိပါဘူး။ iTunes Store အသုံးပြုလို့ကောင်း တာတော့ လက်တွေ့ပြသ သွားပါတယ်။


ဘယ် Device တွေမှာ သုံးလို့ရမလဲ

 iPhone 4 နဲ့ နောက်ပိုင်းထွက် ဖုန်းများ, iPad 2 နဲ့ နောက်ထွက်ဖုန်းများ၊ iPad mini, iPod touch generation 5 တို့မှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ End user တွေအတွက် ထွက်ရှိမယ့် အချိန်က This Fall ပါတဲ့။ Autumn လို့ခေါ်တဲ့ ဆောင်းဦး ရာသီ အချိန်ပါ။ သူတို့ဆီမှုာ စက်တင်ဘာနဲ့ နိုဝင်ဘာလ ဝန်းကျင်ဖြစ် မှာပါ။ ဒီတော့ iPhone 5S နဲ့တွဲထွက်လာမလား၊စောထွက်မလားပဲ ခန့်မှန်းကြည့်နေမိ ပါတယ်။


ဘယ်တော့ ရရှိမလဲ

လုပ်တာက Developer Conference လေ။ တက်လာတဲ့ Developer များကို Developer ဗားရှင်းအနေနဲ့ ချက်ချင်းထုတ်ပေးပါသတဲ့။ ဒါမှလည်း iOS7 ထွက်တဲ့အခါ အဆင့်သင့်တဲ့ App တွေ မြင်ရမှာပါ။


အခြေအနေ တင်ပြခြင်း

Apple တို့ဈေးကွက် ဘယ်လောက်ချုပ်ကိုင်ထားတယ်ဆိုတဲ့ Status ကို အဖွင့်မှာကတည်းက Timcook ပြောသွားတာပါ။ ယနေ့အထိ iOS user က သန်း ၆၀၀ ပါတဲ့။ App ပေါင်း ၉ သိန်းကျော်ပြီး၊ Download က ၅၀ ဘီလျုံဆိုတော့ WWDC မှာ လက်မထောင်ပြီး Tim Cook ပြောရဲပါတယ်။ Developer တွေကိုလည်း  ကန်ဒေါ်လာ ၁၀ဘီလျံ ပေးလို့အကုန်ကျခံပြီးဖြစ်ကြောင်းထည့်ပြောပါတယ်။ အခြား platform က Developing usage ထက် ၃ ဆများပါတယ်။

အော်။ အထက်ပါ ရှင်းလင်းချက်များကို iPhone 5 နဲ့ပြသ သွားတာပါ။ ထင်ထားသလို iPhone 5s / 6 နဲ့မဟုတ်ပါဘူး။ Presenation ကို iPhone 5 နဲ့ပြ ပါတယ်။ iPhone, iPad, iPot touch တို့မှာ သုံးရမယ့် App မို့လို့ ဖြစ်ပါတယ်။

နိဂုံးချုပ်

ဒီလိုနဲ့ Tim Cook ဟာ iOS 7 ဖန်တီးရမှုအပေါ်ဘယ်လောက်အထိ ဝမ်းသာကြောင်း၊ ဂုဏ်ယူကြောင်း ပြောဆိုလို့ အခမ်းအနား ပြီးဆုံး သွားပါတယ်။ ထွက်လာတဲ့ စကားသံကတော့ Jonathan Ive က iOS ရဲ့  really key ပါတဲ့။ လေ့လာသူတို့ ဝေဖန်တာပါ။ ဟုတ်ပါတယ်။ Jonathan Ive ရဲ့ အားစိုက်မှု အများကြီး ပါဝင်ပါတယ်။


(ကျနော် ဖော်ပြတဲ့အချက်တွေ မပြည့်စုံပါဘူး။ Apple WWDC 2013 လို့ Youtube မှာ ရိုက်ပြီး ကိုယ်တိုင်ရှာကြည့်နိုင်ပါတယ်။ အချိန်ကတော့ ၂ နာရီကြာပါတယ်။)

ဒီလိုနဲ့၂၄ ကြိမ်မြောက်  ကမ္ဘာ့ Apple Developer Conference က အခမ်းအနား ပြီးစုံး သွားပါတယ်။ ကမ္ဘာတစ်ဝန်းက Apple Developer များအပြင် နာမည်ကြီး ကမ္ဘာ့အိုင်တီမီဒီယာအားလုံး ပေါင်းစုံပါတယ်။ အရှေ့ ဆုံးခုံမှာ တရုတ်မလေး တစ်ယောက် တွေ့လိုက်တယ်။ Apple ကပဲလား၊ သတင်းထောင် ပဲလား တော့ မသိပါဘူး။ နောက်ဆိုရင် ကျနော်တို့ Techspace က ကိုယ်တိုင်ကိုယ်ကျ သွားနိုင်အောင် ကြိုးစားမှာပါ။ စာဖတ်သူတို့အတွက် အကျိုးရှိမယ်ဆိုရင်ပေါ့။ လောလောဆယ်တော ဗီဒီယိုကြည့်ပြီး အာရုံခံရေးသားလိုက်ရပါတယ်။
..
-
Ref: Apple Strem
အောင်ခမ်း (TSJ team)
ဆက်ဖတ်ရန်>>>

Screenshot နှင့် တကွရှင်းလင်းပြသသော iOS 7

iOS 7 ရဲ့ ပြောင်းလဲတိုးတက်လာမှုများကို Apple က Screen Shot နဲ့ တကွ ပြန်လည် ရှင်းလင်းပြသချက်လေး ဖြစ်ပါတယ်။ 

ထူးထူးခြားခြား ပြေင်းလဲမှုကတော့ အရောင်နဲ့ဒီဇိုင်းပါ။ ကာလာ ပါးပါး တောက်တောက် ဖြစ်လာပြီး၊ iCon ဒီဇီုင်း ပြောင်းလဲမှုက အဓိကပါ။ နောက်ထပ် အခြားပြောင်းလဲမှုများစွာ ရှိပြီး အကြမ်းဖျဉ်း သိစရာလေးတွေကို Screen shot နဲ့တကွ ဖော်ပြ လိုက်ရပါတယ်။ 
iPhone 4 နဲ့ နောက်ပိုင်းထွက် ဖုန်းများ, iPad 2 နဲ့ နောက်ထွက်ဖုန်းများ၊ iPad mini, iPod touch generation 5 တို့မှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။  လက်ရှိ Developer Version နဲ့ Beta Version အနေနဲ့ ဖြန့်ချိပေးထားပြီး နောက်ဆုံး End User အတွက်ကို လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလ ဝန်းကျင်မှာ ဖြစ်ပါတယ်။ 
-
Ref: Little Apple Lay
Aung Kham (TSJ team)
ဒါ Air Drop ပါ။ Control Center ကနေ အလွယ်တကူ ယူသုံးလို့ ရပုံလေး ပြထားတာပါ။ Control Center ကို Lock Screen လုပ်ထားလည်း အသုံးပြုလို့ရပါတယ် အရေးတကြီး Flash light သုံးဖို့လိုတာတို့၊ ကင်မရာ Shot လုပ်ဖို့ လိုတဲ့အခါ တွေကျ ဖုန်းကို Unlock လုပ်စရာ မလိုပဲ အသုံးပြုလို့ ရအောင် ဖြစ်ပါတယ်။
ကင်မရာ အတွက် iOS7  ထောက်ပံ့မှု ကို ပြသတဲ့ ပုံပါ။ ကာလာ Option ပိုစုံလာပါတယ်။ ရိုက်ပြီးတဲ့ ပုံ၊ဗီဒီယိုတွေကို iCloud , Air Drop တို့နဲ့ အလွယ်တကူ Share လို့ရအောင် UI ပါတယ်လို့ဆိုပါတယ်။

iTune Radio ပါ။ Spotify နဲ့တူပါတယ်။ သီချင်းများကို နားထောင်ဖို့အတွက် လစဉ်ငွေတော့ သွင်းဖို့လိုပါမယ်။ ၁၉၅၀ ကျော်က သီချင်းကနေ ယနေ့နောက်ဆုံးထွက်အထိ အကုန် ရှိပါတယ်။ သီချင်းများကို မှတ်သားမယ့် setting လည်း စုံလင်စွာ ပါရှိပါတယ်။

Message App မှာ ပြန်စာပို့ဖို့၊ဖျက်ဖို့၊ ဖတ်ဖို့၊ ရေးဖို့တို့ကို အလွယ်ကူဆုံး UI ဖြစ်အောင် ဖန်တီးတယ်လို့ဆိုပါတယ်။ touch slide တစ်ချက်တည်းနဲ့ ကိုယ်ဒီ Message ကို Trash ထဲပို့မှာလား၊ Read  လုပ်မှာလား၊ Remark လုပ်မှာလား အစရှိသဖြင့် ဘေးကနေ ပေါ်လာပါတယ်။ ကိုယ်တိုင် မြင်တွေ့ရရင် ပိုသိပါလိမ့်မယ်။
Message ကို Reply လုပ်ဖို့ ဘယ်လောက်ထိ လွယ်ကူတယ်၊ ရှင်းလင်းတယ်ဆိုတာကို ပြသတာပါ။ စာတစ်ကြောင်း အစရိုက်ရုံနဲ့တင် နောက်ဆက်တွဲစာကို အနီးဆုံးခန့်မှန်းပြီး ပေါ်လာစေတဲ့အတွက် အဆုံးထိမရိုက်ပဲ Choose လုပ်ရုံနဲ့တင် လုံလောက်ကြောင်း ဆိုပါတယ်။ အမြင်လည်း ရှင်းပါတယ်။
ဓာတ်ပုံတွေကို  ရိုက်ကူးတဲ့ နေရက်အလိုက်၊နေရာ၊အချိန်၊ ပုံနှင့်တကွ ဒိုင်ယာရီအားလုံးတို့ကို သိမ်းဆည်းလို့ ထားနိုင်မယ့် Feature ဖြစ်ပါတယ်။ ပုံကို ပြန်လည် Edit လည်း လုပ်ဖို့လွယ်ကူပြီး Folder အလိုက်သမ်းဆည်းမှု၊ Sharing လုပ်မှု လွယ်ကူကြောင်း ဆိုပါတယ်။

သတင်းဖက်ရှုဖို့အတွက် Safari Browser ဘယ်လောက်ထိ သပ်ရပ်တယ်ဆိုတာကို ပြသတာပါ။ စခရင်သေးသေး လေးပေါ်မှာ လည်း Width, Font size တို့ကို အလိုအလျောက် ကစားပေးပါတယ်။ Bookmark, History အားလုံးကို အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။
Siri Application ပါ။ အင်္ဂလိပ်ဘာသာစကားအပြင် အခြားသော ဘာသားစကားအတော်များများ ပါရှိပါတယ်။ အမျိုးသား အသံ၊ အမျိုးသမီးအသံ လိုသလို ရွေးလို့ရပြီး ရှာဖွေမှု အပိုင်းမှာ ဖုန်း internally ရော၊ အပြင် Public အထိကိုရော အင်တာနက်မှ တစ်ဆင့် ကောင်းကောင်း အလုပ်လုပ်ပေးပါတယ်။
Apple Weather App ပါ။ ထူးခြားချက်သိပမရှိပေမယ့် ဒီဇိုင်းမှာ သိသိသာသာ ပြောင်းပါတယ်။
ဆက်ဖတ်ရန်>>>

အံ့မခန်းလှပသော 3D ခြင်္သေ့ iPhone 5 ကာဗာ

အံ့မခန်းလှပသော 3D ခြင်္သေ့ iPhone 5 ကာဗာ


AT&T ဗားရှင်း iPhone 5 များအတွက် ဖန်တီးပေးထားတဲ့  iPhone 5 cover များဖြစ်ပါတယ်။ အခြား iPhone 5 များအတွက် အလားတူ ကာဗာ လည်း ရှာတွေ့နိုင်ပါတယ် ။


ရုပ်လုံးလုပ်ကြွဖြစ်အောင် ဖန်တီးထားပြီး ခြင်္သေပုံကျောက်ကိုပါ ယခုလို မြင်တွေ့ ရမှာပါ။ ကနေဒါကက Swarovski Crystals နဲ့ သြစတေးလျက Bing Crystal တို့ပေါင်းစပ်လို့ဖန်တီးထားပါသတဲ့။ Handmade ပစ္စည်း ဖြစ်ပါတယ်။ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို သေချာ ထွင်းထုပြီး Casing တစ်ခုဖြစ်သေချာ ကပ်ထားပါတယ်။

ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာရှိပါတယ်။ ဒါတောင် ဈေးလျော့ထားတာပါ။ အမေဇုန် အွန်လိုင်းစတိုးမှာ ရောင်းချနေပြီး အောက်ပါခ့်မှာ အသေးစိတ် လေ့လာ ကြည့်ရှု နိုင်ပါတယ်။
..
http://amzn.to/14RtVJS

Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>