Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, March 24, 2014

Apple က iTunes ကို Android Devices တွေမှာအသုံးပြုနိုင်အောင်ပြုလုပ် သွားမည်

Apple က iTunes ကို Android Devices တွေမှာအသုံးပြုနိုင်အောင်ပြုလုပ် သွားမည်အစီအစဉ်ရှိသည်ဟုသတင်းထွက်ပေါ်

လူအများအကြားနာမည်ကြီးဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Apple က၎င်း၏ iTunes ကို Android Devices တွေမှာပါအသုံးပြုလို့ရ အောင်ပြုလုပ်မည့် အစီအစဉ်ရှိသည်ဟုသတင်းထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်မတ်လ ၉ရက်နေ့စစ်တမ်းအရ iTunes ရဲ့ Digital Album တွေ ရဲ့ရောင်းချတဲ့အတိုင်းအတာဟာ ၁၃ရာခိုင်နှုန်းလျော့ကျလာခဲ့ကြောင်း သိရှိရပြီးယင်းရာခိုင်နှုန်းဟာပြီးခဲ့သည့်နှစ်က နှင့်ယှဉ်ရင် ၁၁ရာခိုင်နှုန်းခန့် ကွာဟသွားသည်ဟုဆိုသည်။

ကုမ္ပဏီဟာလက်ရှိအချိန်မှာယင်းအစီအစဉ်နဲ့ပတ်သက်ပြီးစဉ်းစားနေပြီး Apple ၏အဓိကပုဂ္ဂိုလ်ဖြစ်ခဲ့သူ Steve Jobs ကတော့ယင်းဆန္ဒကို အလိုရှိခဲ့ဖူးသည်ဟုသိရသည်။

လက်ရှိမှာ iTunes Music- Streaming Servies ဟာအသုံးပြုသူကျဆင်း လာခဲ့ပြီးယင်း၏ပြိုင်ဖက်တွေဖြစ်သည့် Spotify နှင့် Pandora ဟာအပြိုင် တိုးတက် နေပြီး၎င်းတို့ဟာပြီးခဲ့သည့်နှစ်ကသဘောတူညီမှုစာချုပ်တွေ ၊ အခွန်ကြေးတွေ ၊ ကြော်ငြာကြေးတွေကနေ တစ်ဆင့် အမေရိကန် ဒေါ်လာ ၁.၄ သန်းကျော်ရရှိခဲ့ပါသည်။

The International Federation of the Phonographic Industry (IFPI) ဟာခန့်မှန်းမှု အရ Music- Streaming Services စနစ်ကိုအသုံးပြုမှု ရာခိုင်နှုန်းဟာ ၅၁ရာခိုင်နှုန်းအထိတိုးတက်လာသော်လည်းယင်းစနစ်ကို ပိုက်ဆံပေးပြီးသုံးတဲ့ရာခိုင်နှုန်းကတော့ ၂.၁ရာခိုင်နှုန်းလျော့ကျသွားသည် ဟုဖော်ပြထားသည်။

လက်ရှိမှာတော့ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး Apple ကပြောရေးဆိုခွင့်ရှိသူတွေကဖြေကြားခြင်းမရှိကြောင်းသိရသည်။

Wai Phyo Aung (TSJ Team)
Ref : HNGN

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.