Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, March 24, 2014

"ငပိန်ရဲ့ သင်္ကြန်" ဂိမ်းထွက်ပြီ

"ငပိန်ရဲ့ သင်္ကြန်" ဂိမ်းထွက်ပြီ
====================

Nga Pain's Thingyan
"ငပိန်ရဲ့ သင်္ကြန်"
Android | 2.3 and up | Free
Download - http://bit.ly/thingyan2014 ( PLAY STORE)

http://storage2.evozi.com/apk/dl/14/03/21/com.totalgameplay.ngapaintg.apk?h=HUN8U6l2bINuZ7lFgdzu2Q&t=1395647992 ( download link )

မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာပွဲလေးဖြစ်တဲ့ သင်္ကြန်အခါသမယ ကျရောက်ဖို့ အချိန်နီးကပ်လာပါပြီ။ ဒီလိုမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ နှစ်သစ် မင်္ဂလာ အတွက် ထူးထူးခြားခြားအနေနဲ့ Total Gameplay Studio က သင်္ကြန်ဂိမ်းလေးတစ်ခုကို မွေးဖွားပေးလိုက်ပါပြီ။ ဂိမ်းလေးရဲ့ နာမည်က Nga Pain's Thingyan (ငပိန်ရဲ့ သင်္ကြန်) ဂိမ်းလေးပါ။

ဒီဂိမ်းမထွက်ခင်ကတည်းက အင်တာနက်စာမျက်တွေပေါ်မှာ အတော်လေး ပျံ့နှံ့ခဲ့တဲ့ဂိမ်းလေးပါ။ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့က Google Play မှာ တင်ခဲ့ပြီး အခမဲ့ Download ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်အနှစ် သာရလေးတွေ ပါအောင် ကြိုးစားဖန်တီးထားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။

ဂိမ်းကိုစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Register ပြုလုပ်ဖို့အတွက်
တောင်းဆိုပါလိမ့်မယ်။ ကစားသူရဲ့ ကစားမှတ်တမ်းများကို စက်ပေါ်မှာ မဟုတ်ဘဲ အင်တာနက် Cloud ပေါ်မှာ Save မှတ်သားရန်အတွက် Register ပြုလုပ်ဖို့ လိုတယ်လို့ဆိုပါတယ်။ မိမိရဲ့ Faebook အကောင့်နဲ့ဝင်ပြီး Register ပြုလုပ်ရမှာပါ။ Faebook အကောင့် မဖွင့်ထားဘူးဆိုရင်လည်း အသစ်ဖွင့်ပြီး Register လုပ်နိုင်ပါတယ်။
Register လုပ်ပြီးပြီဆိုရင် ဂိမ်းကို စတင်ကစားလို့ ရပါပြီ။

ပထမဆုံးအနေနဲ့ ငပိန်ဟာ သင်္ကြန်မှာဆိုက်ကား ထွက်မနင်းရလို့
ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်မှာရေကစားနေတဲ့ မြင်ကွင်းကို တွေ့ရမှာပါ။ ဒီအချိန်မှာ သင်္ကြန်မှာ ရေဆော့ရင်း ရေကုန်သွားလို့ ငိုနေတဲ့ ကလေး
တွေဆော့တဲ့ မဏ္ဌပ်လေးတစ်ခုကို ရေသယ်ဖို့ အကူအညီတောင်းတာ
ကြောင့် အလုပ်မလုပ်ရမနေနိုင်သော ငပိန်မှာ ရေဒါနပြုဖို့ ကြိုးစား ရတော့တာပေါ့။ ဒီလို ဂိမ်းအစပိုင်း ဇာတ်လမ်းဇာတ်ကွက်လေးကို ကာတွန်းနှစ်ကွက်တည်းနဲ့ ပုံဖော်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ "ငပိန်ရဲ့ သင်္ကြန်" ဂိမ်းမှာ ဘယ်လိုဆော့ကစားမလဲဆိုတဲ့ လမ်းညွှန် ချက်တွေကို မြင်တွေ့ရမှာပါ။

ဂိမ်းစတင်ကစားပြီဆိုရင် သင်္ကြန်မိုးသီချင်း တီးလုံးလေးက အရင်ဆုံးပျံ့လွင့် လာပါတယ်။ ဂိမ်းစဉ်တစ်လျှောက်မှာ သင်္ကြန်မိုးသီချင်းက နောက်ခံ တီးလုံး
အဖြစ် တင်ဆက်နေမှာပါ။ ဂိမ်းထဲမှာတော့ ငပိန်ဟာ သုံးလမ်းသွား ကတ္တရာလမ်းမှာ ရေဘူးတွေသယ်ပြီး ဆိုက်ကားနင်း ရမှာပါ။ လမ်းပေါ်မှာ
ဆောက်ထားတဲ့ မဏ္ဌပ်အကြီးအသေးတွေ၊ ရပ်ထားတဲ့ ကားအကြီး အသေးတွေ၊ မဏ္ဌပ်ရှေ့မူးပြီးကနေတဲ့ အမူးသမားတွေ၊ လမ်းပေါ်မှာ
ရေပတ်နေတဲ့ ကလေးငယ်တွေနဲ့ လမ်းဖြတ်ကူးနေတဲ့ အဖွားအို
တို့ကို ရှောင်ရှားပြီး ဆိုက်ကားနင်းရမှာပါ။ အဲဒီအထဲ တစ်ခုခုကို တိုက်မိသွားပြီဆိုရင် Game Over ဖြစ်ပြီး အစကနေ ပြန်ကစားရပါလိမ့်မယ်။

ဆိုက်ကားနင်းနေစဉ်တစ်လျှောက် စိန်တုံးသဏ္ဍာန်ရေစက်လေးတွေကို လိုက်လံစုဆောင်းပြီး ရေဘားကိုဖြည့်ရမှာပါ။ ရေသန့်ဗူးတွေ၊ ရေပီပါတွေကိုလည်း စုဆောင်းပြီး ရေဘားကိုဖြည့်ကာ ရမှတ်တွေတိုးအောင် လုပ်ရမှာပါ။ ဆိုက်ကားနင်းနေရင် ငပိန်ကို Touch တစ်ချက်ထိလိုက်တာနဲ့ လမ်းပေါ်မှာ ရှိတဲ့သူတွေကို ရေပတ်နိုင်တဲ့ Function တစ်ခုကို ထည့်ပေးထား ပါသေးတယ်။ လမ်းပေါ်မှာ မဏ္ဌပ်ရှေ့မူးပြီးကနေတဲ့ အမူးသမားတွေနဲ့
ရေပတ်နေတဲ့ ကလေးငယ်တွေကို ရေပတ်လိုက်မယ်ဆိုရင် သူတို့တွေက စိန်တုံးသဏ္ဍာန် ရေစက်လေးတွေအဖြစ် ပြောင်းလဲသွားပြီး အဒီရေစက်လေးတွေကို ရယူကာ ရမှတ်တွေ တိုးအောင် လုပ်နိုင်ပါတယ်။

မိမိရဲ့ရမှတ်ကို အခြားဆော့ကစားသူတွေနဲ့ ယှဉ်ပြီးကြည့်နိုင်သလို Facebook
ပေါ်မှာလည်း Share နိုင်ပါတယ်။ ဂိမ်းဆော့ကစားရာမှာ နောက်ခံသီချင်းက အနှောက်အယှက်ဖြစ်တယ်ဆိုရင်လည်း ပိတ်လို့ရပါတယ်။ "ငပိန်ရဲ့ သင်္ကြန်" ဂိမ်းလေးကတော့ သင်္ကြန်အနှစ်သာရလေးတွေ ပြည့်ပြည့်ဝဝပါဝင်တဲ့ မိုဘိုင်းဂိမ်းလေးဖြစ်ကြောင်း တင်ဆက်လိုက်ပါရစေ။

-------------------------------------------------
May Thazin (TSJ Team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.