Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, March 24, 2014

မြန်မာနိုင်ငံကို မကြာမီရောက်ရှိလာတော့မယ့် ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်း Vivo XPlay 3S

မြန်မာနိုင်ငံကို မကြာမီရောက်ရှိလာတော့မယ့် ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်း

Vivo XPlay 3S
=======================================

၅၅၀,၀၀၀ ကျပ်ဝန်းကျင်

Vivo
09-400 446 457

Samsung ကနေ Galaxy S5 ကိုမကြေညာမီက ကောလဟလအဖြစ် Galaxy S5 မှာ 2K မျက်နှာပြင်ကို သုံးထားမယ်လို့ သတင်းတွေ ထွက်လာ ခဲ့ပါတယ်။ အမှန်တကယ် ထွက်ရှိလာချိန်မှာတော့ ကောလဟလသတင်းဟာ မမှန်ဘဲဖြစ်နေခဲ့ပါတယ်။ 2K နည်းပညာပိုင်းမှာ ပထမဆုံး လက်ဦးမှုရယူခဲ့သူ
ကတော့ Vivo ပဲဖြစ်ပါတယ်။

သူ့ရဲ့စမတ်ဖုန်း မော်ဒယ်သစ် Vivo XPlay 3S က ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်း အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီလို ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်းအဖြစ် စံချိန်တင်ခဲ့တဲ့ Vivo XPlay 3S စမတ်ဖုန်း
ဟာ မြန်မာနိုင်ငံကို မကြာမီရောက်ရှိလာပြီး ဝယ်ယူအသုံးပြုနိုင်တော့
မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းကို ယခုမတ်လကုန်ပိုင်းမှာရောက်ရှိ
လာမယ်လို့ သိရပါတယ်။ ဒီလိုဆိုရင် ကမ္ဘာ့ပထမဆုံး 2K စမတ်ဖုန်း
တစ်လုံးကို အသုံးပြုနိုင်ဖို့ မဝေးတော့ပါဘူး။

Vivo Xplay 3S – Design
Vivo Xplay 3S ရဲ့ဒီဇိုင်းဟာ ယနေ့ခေတ်လူကြိုက်များတဲ့ မျက်နှာပြင်ကြီးကြီး Phablet ဒီဇိုင်းပုံစံပါပဲ။ သူ့မှာ ကြီးမားတဲ့ ၆ လက်မ မျက်နှာပြင် ကြီး ပါရှိပါတယ်။ Screen ကြီးကြီးသုံးနိုင်ဖို့ ဘေးဘောင်တွေကို ခပ်သေးသေးသာ ဖန်တီးထားပါတယ်။ သူ့ရဲ့အလေးချိန်က 172g ရှိပါတယ်။ အနောက်ဘက်ကို ခပ်ကွေးကွေး ဒီဇိုင်းဖြစ်အောင် ဖန်တီးပေးထားတယ်။ ဖုန်းရဲ့အနောက်မှာ အပေါ်အောက် စပီကာနှစ်လုံး ရယ်၊ Fingerprint scanner ရယ် LED မီးနဲ့ ကင်မရာတွေက ကြွားကြွားဝင့်ဝင့် ရှိနေပါတယ်။

Vivo Xplay 3S – Display
Vivo Xplay 3S ရဲ့အဓိကအားသာချက်က မျက်နှာပြင်စွမ်းရည်ပါပဲ။ 2560 x 1440 Ultra-high Resolution နဲ့ မြင်တွေ့ခံစားနိုင်မယ့် 2K မျက်နှာပြင်မျိုးပါ။ 2K မျက်နှာပြင်က ဘာတွေအားသာသလဲဆိုရင် Resolution မြင့်တဲ့ အတွက် မြင်ကွင်းတွေကို အသေးစိတ်ကအစ အကြည်လင်ဆုံး
မြင်တွေ့နိုင်စွမ်း ရှိပါတယ်။ နောက်ပြီး Pixels သိပ်သည်းဆဟာ တစ်လက်မမှာ 490ppi အထိ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ အံ့မခမ်းပါပဲ။ သူ့ရဲ့ ၆ လက်မမျက်နှာပြင်မှာ အကြည်လင်ဆုံး အတောက်ပဆုံး
မြင်ကွင်းတွေကို အားပါးတရ ကြည့်ရှုနိုင်ပါပြီ။ တစ်ခုရှိတာက ဗီဒီယိုတွေကြည့်တဲ့အခါ မူရင်းဗီဒီယိုဖိုင်အရည်အသွေးက 1080 ပဲရတယ်ဆိုရင် 1080 လောက်ပဲ ဖော်ပြပေးပါလိမ့်မယ်။

Vivo Xplay 3S – Hardware
အားရစရာကောင်းတာက RAM ကို 3GB အထိသုံးပေးထားခြင်းပါပဲ။ Processor ကိုလည်း Snapdragon 800 အမျိုးအစား Quad-core 2.3Ghz Processor ကိုသုံးပေးထားတာပါ။ ဂရပ်ဖစ်ပိုင်းအတွက် Adreno 330 GPU ကိုပါ ထည့်သွင်းတပ်ဆင်ပေးတာပါတယ်။ ဒါ့ကြောင့် သဘာဝကျတဲ့ ဇာတ်ကောင်တွေနဲ့ ဆော့ကစားနိုင်တဲ့ 3G ဂိမ်းမျိုးတွေကို အသွက်လက် အပေါ့ပါးဆုံး ဆော့ကစားနိုင်စွမ်း ရှိပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ စပီကာနှစ်ခုကို အပေါ်အောက် တပ်ဆင်ပေးထားပါတယ်။ ၎င်းစပီကာတွေမှာ ပရော်ဖက်ရှင်နယ်သုံး OPA2604 OP Amp ပါဝင်တဲ့ US ထုတ် ESS ES9018 audio chip မျိုးတွေ ပါဝင်ပါတယ်။ အားသာချက်ကတော့ High quality နဲ့ သံစဉ်တွေကို စီးမျော ခံစားနိုင်မှာ ဖြစ်ပါတယ်။
Vivo Xplay 3S – Fingerprint scanner
Fingerprint scanner နည်းပညာပိုင်းမှာတော့ Vivo က ပထမဆုံး မဟုတ်ပါဘူး။ သူ့ထက်အရင် HTC, Apple တို့အပြင် China Brand ဖြစ်တဲ့ Gionee ကတောင် ဦးဆုံးအသုံးပြုထားတဲ့ နည်းပညာပါ။ Vivo Xplay 3S မှာတော့ Fingerprint scanner ကို ဖုန်းရဲ့အနောက်ဘက် LED မီးရဲ့ အောက်လက်မှာ တပ်ဆင်ထားပါတယ်။ Scanner ကိုအသုံးပြုပြီး ဖုန်းကို Lock လုပ်နိုင်ပါတယ်။

Vivo Xplay 3S – Funtouch OS
Oppo အမျိုးအစားဖုန်းတွေမှာဆိုရင် သူ့ရဲ့ကိုယ်ပိုင် Color OS ကိုအသုံးပြုလေ့ရှိပါတယ်။ Vivo မှာလည်းဒီလိုပါပဲ။ ပုံမှန် Android ROM ကို အဆင့်မြှင့်တင်ပြီး Funtouch လို့ခေါ်တဲ့ ကိုယ်ပိုင် OS ကိုသုံးထားပါတယ်။ Funtouch OS ကိုတော့ Android ဗားရှင်း 4.3 ကို အခြေပြု တည်ဆောက်
ထား တာပါ။ ဒါ့ကြောင့် ပုံမှန် Android ဖုန်းတွေနဲ့ မတူညီတဲ့ Notification နဲ့ Multitasking bar တွေကို မြင်တွေ့ရမှာပါ။ ထူးထူးခြားခြားအနေနဲ့ ဖုန်းရဲ့ Screen ကိုပိတ်ထားတဲ့အချိန်ကို Screen ပေါ်ကနေ လက်ကိုဝှေ့ယမ်း လိုက်တာနဲ့ ဖုန်း Screen ပွင့်သွားစေမယ့် Smart wave နည်းပညာ တစ်ခုပါဝင်ပါတယ်။

Vivo Xplay 3S – Camera
Vivo Xplay 3S မှာ အနောက်ဘက် ကင်မရာကို 13MP သုံးပေးထား ပါတယ်။ f1.8 aperture စွမ်းရည်ရှိပြီး အရည်အသွေးမြင့် HDR စနစ်အဖြစ် ဖမ်းယူရိုက်ကူးနိုင်စွမ်း ရှိပါတယ်။ အရှေ့ဘက်မှာတော့ 5MP ကင်မရာကို တပ်ဆင်ပေးထား ပါတယ်။

Vivo Xplay 3S – Battery life
Vivo Xplay 3S မှာ 2K ၆ လက်မမျက်နှာပြင်၊ စွမ်းအားမြင့် မောင်းနှင်
ပေးမယ့် Snapdragon 800 processor နဲ့ အသံပိုင်းဆိုင်ရာအတွက် အားဖြည့်ပေးမယ့် Audio processor တွေကြောင့် ဘတ်ထရီ အားက တော်ရုံဘတ်ထရီဆိုရင် ကြာရှည်ခံနိုင်ရည် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကြာရှည်အသုံးခံနိုင်စေဖို့ 3200mAh ဘတ်ထရီကို ထည့်သွင်းပေးလိုက်ပါတယ်။ ဘတ်ထရီကြာရှည်ခံနိုင်စွမ်းကို စမ်းသပ်ကြည့်တဲ့အခါမှာ တော့ ဂိမ်းတွေဆက်တိုက်ကစားမယ်ဆိုရင် တစ်နာရီအတွင်း 18% ၊ Video streaming ကြည့်မယ်ဆိုရင် တစ်နာရီအတွင်း 24%ိနဲ့ ဘာမှမသုံးဘဲ Standby ထားမယ်ဆိုရင်တော့ ၈ နာရီအတွင်းမှာ 3% သာကုန်တယ်လို့ ဆိုပါတယ်။ ဘတ်ထရီခံနိုင်စွမ်းကတော့ အားရစရာ ကောင်းပါတယ်။

Specifications
- 6” IPS LCD 2K Display
- 1440 x 2560 pixels Resolution
- GSM Network
- 13MP Main Camera, 5MP Secondary
- Quad core 2300 MHz Snapdragon 800 Processor
- 32GB Storage, 3GB RAM
- 3200 mAh Battery

Mobile House's photo.Mobile House's photo.
Like · ·
 
 

---------------------------------------------------
May Thazin (TSJ Team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.