Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, May 25, 2013

HD movies တွေ FREE ကြည့်ရအောင်


iPhone, iPad, iPodTouch များမှ နေ၍ HD quality ရုပ်ရှင်များကို လွယ်လွယ်ကူကူ FREE ကြည့်ရှုနိုင်မယ့် App လေး တစ်ခု ဝေမျှပေးလိုက်ပါတယ်။
ရေးပေးဖို့  ရည်ရွယ်ထားတာ ကြာနေပေမယ့် အခက်မခဲလေး တစ်ချို့ ကြောင့် အခုမှပဲ ရေးပေးနိုင်ပါတော့တယ်..

"HDmovies" လို့  အမည်ရတဲ့ App က Apple Store မှာတင်ရောင်းတဲ့ App မဟုတ်လို့  မည်သည့် App Store မှာမှ ရှာတွေ့ နိုင်မှာ မဟုတ်ပါဘူး။ PPstream, Funshion တို့ ထက် ကောင်းမွန်ပြီး ရုပ်ရှင်ဇာတ်ကား အများစုဟာ HD quality နဲ့  ကြည့်ရှုနိုင်ပါတယ်။ Streaming video ဖြစ်လို့  တစ်ခါထဲ အပြီးတိုင် တိုက်ရိုက်ကြည့်ရှုပါက ပိုမိုအဆင်ပြေပြီး connection သိပ်ကောင်းပါက လိုတဲ့နေရာကို ရွေ့ ပြီး ကျော်ကြည့်နိုင်ပါတယ်။

ပုံမှန် 3G ၏ internet connection နဲ့ တင် ကြည့်ရှုနိုင်ပါတယ်။ ဒီ App လေးကို Installous, Vshare တို့ ကဲ့သို့  သီခြား တည်ထောင်ထားသော ဗီယမ်နန် AppStore တစ်ခုမှ ရရှိတာဖြစ်ပါတယ်။
iOS နှင့် Android နှစ်မျိုးလုံးအတွက်ပါ "Free" ပေးထားပါတယ်။

iDevice မှ တိုက်ရိုက်သွားပါက သူ၏ Site App ကို Download လုပ်ခိုင်းမှာ ဖြစ်ပါတယ်။ မူရင်း Site ထဲမှာလည်း movies များကို ကြည့်နိုင်ရန် လုပ်ပေးထားသော်လည်း ၅ မိနစ်အထိသာ Free ကြည့်ခွင့် ရပြီး ဆက်လက်ကြည့်လိုပါက Point ဝယ်ယူရမှာ ဖြစ်ပါတယ်။
ယခု ဝေမျှလိုက်သော "HDmovies" App အပါအဝင် အခြား App တော်တော်များများကို "FREE" ပေးထားပေမယ့် download လုပ်လိုပါက Member အဖြစ် Sign Up လုပ်ရန်လိုအပ်ပါတာ်။ အားလုံးကို ဗီယမ်နန်ဘာသာ နှင့်သာ ဖော်ပြထားပြီး ကြားထဲတွင်လည်း ကဂျီကဂျောင် လက်ပေါက်ကပ်သော အဆင့်များခုခံထားတဲ့ အတွက် Free ဆိုသော်လည်း App များ download လုပ်ရန် အဆင်မပြေပါ။
စူးစမ်းလိုသူများအတွက် မူရင်း Site ကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

** Jailbreak လုပ်ထားသော iDevice များအတွက်သာ **

>>Download HDmovies For iOS

Install လုပ်နည်းများ

နည်းလမ်း (၁)
iTunes အသုံးပြုသူများ File ->Add File to Library နှင့် ထည့်ပြီး Sync လုပ်ပါ။

နည်းလမ်း (၂)
iFunBox အသုံးပြုသူများ iFunBox Classic -> Install App နှင့် ထည့်သွင်းပါ။

နည်းလမ်း (၃)
iDevice မှ တိုက်ရိုက် Download Install လုပ်သူများ အတွက် "Vshare" နှင့် "iFile" ရှိထားရန်လိုအပ်ပါသည်။
Install လုပ်ရန် အောက်ပါပုံများ အတိုင်း ဆောင်ရွက်ပါ။





အသုံးပြုနည်း

App စတက်လာသောအခါ Update လုပ်ရန် ပြောလာပါမည် "Cancel" သာ နှိပ်ပါ။

မိမိကြည့်လို သော movie ကို နှိပ်ပြီး မြှားပြထားသော "001" နေရာကို နှိပ်ပါ။

စိတ်ကြိုက် ကြည့်ရှုနိုင်ပါပြီ...



Video တွင် လက်တွေ့ လေ့လာရန်



ဒီဗွီဒီယိုမှာ စကားမှားထားတာလေးတွေကို Video ရဲ့  Description မှာ ပြန်ပြင် ရေးပေးထားပါတယ်...


မူရင်း Site သို့  >>


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ


iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။

"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး...

"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။


"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။

ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်..


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

မရှိမဖြစ် Movie Box


ရုပ်ရှင် ဝါသနာအိုးများ အတွက် Online Movies များကို အလွယ်တစ်ကူ ကြည့်ရှုနိုင့်မယ့် အကောင်းတစ်ကာ့ အကောင်းဆုံး App တစ်ခုကို ညွှန်းလိုက်ချင်ပါတယ်။

Quality သုံးမျိုးပေးထားပြီး မိမိ၏ connection အခြေနေပေါ်မူတည်ကာ စိတ်ကြိုက် ရွေးချယ် ကြည့်ရှုနိုင်တဲ့အပြင် Download လုပ်ပြီး သိမ်းထားနိုင်ပါသေးတယ်။
ရုပ်ရှင်ဇာတ်ကား အမျိုးအစား စုံလင်စွာ ပါရှိတဲ့အပြင် TV show များလည်း ပါဝင်ပြီး တော်တော်များများ Update ဖြစ်တာတွေကို ကြည့်ရှုနိုင်ပါတယ်။

"Movie Box" လို့  အမည်ရတဲ့ App လေးကို မသိသေးတဲ့ မိတ်ဆွေများအတွက် အထူးရည်ရွယ် ဖော်ပြပေးလိုက်ပါတယ်။ "Movie Box" ကို Cydia မှတစ်ဆင့် သွင်းယူရမှာဖြစ်လို သင့် iDevice ဟာ Jailbreak ဖြစ်နေဖို့ တော့ လိုအပ်ပါတယ်။



>> "Movie Box" ကို သွင်းယူနိုင်မည့် Cydia Source များ <<

  • " http://moviebox.x10.mx/repo " *Updated*
  • " http://repo.insanelyi.com " *Updated*
  • " http://ihacksrepo.com "
  • " http://repo.biteyourapple.net "
  • " http://igoldhouse.myrepospace.com "

တစ်ခုခုကို Cydia -> Sources -> Edit -> Add တွင် ထည့်သွင်းပြီး "Movie Box" ကို Install လုပ်နိုင်ပါပြီ...

Updated source အသစ်တွင် "Music Video" များပါ ထပ်မံဖြည့်စွက်ထားပါတယ်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

တရုတ်ဖုန်းများတွင် Game နဲ့ Application များထည့်သွင်းနည်း

CHINA TOUCH SCREEN PHONES

တရုတ် Touch Screen ဖုန်းများမှာ Games နဲ့ Applications များထည့်သွင်းနည်းကိုတင်ပြပါ့မယ်။
တရုတ်ဖုန်းအများစုဟာ java os ကိုသာအသုံးပြုတာများပါတယ်။
ဒါကြောင့် ယေဘုယျအားဖြင့် java ဂိမ်းများကိုထည့်သွင်းနိုင်ပါတယ်။
ဒါပေမယ့် ကန့်သတ်ချက်ရှိပါတယ်။

(1)  screen resolution ( ပုံရိပ်ဖော်ပြမှုအရွယ်အစား)
(2)  extension type     ( file အမျိုးအစားများ ဥပမာ။ ။ .jar  .jad  .jar( j2me) )
(3)  folder          ( ဂိမ်းထည့်သွင်းမည့်နေရာ )
တို့ဖြစ်ပါတယ်။

(၁) မိမိဖုန်းရဲ့ screen အရွယ်အစားဟာ ဘာအမျိုးအစားလဲဆိုတာသိရပါမယ်။

ဥပမာ ။ ။  QVGA  - 320x240
              HVGA  - 480x320
              WVGA - 800x480
မိမိဖုန်းဟာ ဘယ်အမျိုးစားထဲမှာပါလဲ အရင်စစ်ကြည့်ပါ

(၂) မိမိဖုန်းဟာ ဘယ်java extension အမျိုးစားကို support ပေးလဲသိရပါမယ်။

ဥမာ ။ ။ .jar (Symbian s60 v4 )
          .jar (Symbian s60 v5 )
          .jar ( j2me )


(3) ဂိမ်းထည့်သွင်းမယ့်နေရာကတော့ အမြဲတမ်း Memory Card ထဲကိုသာထည့်သွင်းပါ။
     Phone ထဲကိုထည့်သွင်းရင် ရှိပြီးသားဂိမ်းတွေ Phone Memory မလောက်လို့ ဆော့မရပဲဖြစ်တတ်ပါတယ်။

နမူနာအနေနဲ့ Rokea R212 Touch Screen Phones ရဲ့ specificationများကို ဖော်ပြပါ့မယ်

Display  :  QVGA (240x320)
OS        :  Java
Support :  .jar(j2me) / Nokia Symbian s60v5 (Games & Applications )

ဒီဖုန်းမှာ Games နဲ့ Applications တွေထည့်သွင်းမယ်ဆိုရင်
.jar (j2me) Touch Screen Display 240x320 နဲ့
.jar ( Nokia S60V5 240x320 )
ဒီနှစ်မျိုးကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အောက်မှာပြထားတဲ့လင့်တွေမှာ Java ဂိမ်းများကို အခမဲ့ရယူနိုင်ပါတယ်။
www.cell11.com
www.umnet.com



from http://thetkhineu.blogspot.com
ဆက်ဖတ်ရန်>>>

HUAWEI ဖုန်းများရဲ့ Hard Reset နှင့် Firmware တင်သော key များ

HUAWEI ဖုန်းများရဲ့ Hard Reset နှင့် Firmware တင်သောkey များ 

(End/Send Keys ပါသောဖုန်းများ)
HUAWEI  C8500 / C8600 / U8500 / U8600 / ...etc

(1)  FIRMWARE ( UPGRADE / DOWNGRADE )
    . power + volume up + end key

(2)  RECOVERY MODE
    . power + volume down + end key

(3)  FIRMWARE BACKUP / RESTORE (System File )
    . power + volume up + send key



(End/Send Keys မပါသောဖုန်းများ)
HUAWEI  C8650 / U8650 / U8660 / U8661 / U8818 /...etc

(1)  FIRMWARE ( UPGRADE / DOWNGRADE )
    . power + volume up + volume down

(2)  RECOVERY MODE
    . power + volume down

(3)  FIRMWARE BACKUP / RESTORE (System File )
    . power + volume up
ဆက်ဖတ်ရန်>>>

ကိုးန၀င်း For Android

Android ဖုန်း အတွက် ကိုးန၀င်း ပုတီးစိပ်နည်းကို သုံးချင်သူတွေအတွက်ပါ။

9NaWin
http://www.mediafire.com/?4rhta1ctq0foiqb
or
https://play.google.com/store/apps/details?id=com.ppshein.nawim&feature=search_result#?t=W251bGwsMSwyLDEsImNvbS5wcHNoZWluLm5hd2ltIl0.
ဆက်ဖတ်ရန်>>>

Samsung Galaxy s3 i9300 official 4.2.2 Firmware + Root လုပ်နည်း

i9300 galaxy s3 အတွက် official Firmware 4.2.2 
ကျန်တဲ့ ဖန်ရှင် တွေ လဲ တိုးလာသလို အကောင်း ဆုံး က တော့ မြန်မာဖောင့် ပြန် အဆင်ပြေ သွားပါတယ် ။ N7100 Note 2 အတွက် က တော့ သိပ်မကြာ ခင် မှာထွက် ရှိလာပါမယ် ။

I9300XXUFME3 Android 4.2.2

http://hotfile.com/dl/223704360/4d87073/I9300XXUFME3_Leaked_Android_4.2.2.zip.html


Android 4.2.2 XXUFME3 Jelly Bean ကို Root လုပ်နည်းပါ

အဆင့်-1: အောက်က ဖိုင်ကို ဒေါင်း ပါ ။
File name: CF-Root-SGS3-v6.4.zip 

အဆင့်-2: ဒေါင်းထားတဲ့ ဖိုင်ကို ဖြည် ချလိုက်ပါ ။

အဆင့်-3: Odin v1.85 ကိုဒေါင်းပါ ။ရတဲ့ ဖိုင် ကို ဖြည် ထားလိုက်ပါ။

အဆင့်-4: ပါဝါ ပိတ် ပြီး vol down and home and power ကို ဖိနိုပ်ပါ ။Download Mode ကို ရောက်သွားပါမယ် ။

အဆင့်-5: Odin ကို ဖွင့်လိုက်ပါ ။

အဆင့်-6: Driver သိ ရင် အပြာ ရောင် လေး အကွက် ထဲ မှာလင်း လာပါမယ် ။မသိရင် Samsung kies ကို သွင်း ပါ ။ကွန်ပြူတာဆိုင် ရာ ဖုန်းဆော့ဝ် အောက် မှာ ရှိပါတယ် ။

အဆင့်-7: PDA ကို နိုပ် ပြီး ပ ထမ ဆုံး ဖြည် ထားတဲ့ CF-Root-SGS3-v6.4.tar ကိုရွေးပါ ။

အဆင့်-8:Re-Partition ကို လုံး ၀ အမှန်မခြစ်ပါနဲ့  ။

အဆင့်-9: Start စ နိုပ်လိုက်ပါ ။

အဆင့်-10: Pass ဖြစ် ပြီး ဖုန်း ပြန်တက် လာရင် USB ကြိုးဖြုတ်လိုက်ပါ ။

အဲ့ ဒါ ဆို Root ရပါပြီ ။
ဆက်ဖတ်ရန်>>>

Huawei 4.1 Emo UI အတွက် one click myanmar font

Huawei 4.1 Emo UI  အတွက် အရင် themes ပြောင်း တဲ့ နည်း ကို အလွယ်တ ကူ သုံး နိုင်အောင် လို့ Bat အနေ နဲ့ ရေးပေး ထားတာပါ ။ တခါတည်း Themes ထဲ ပို့ ပေးမည့် အပြင် Frozem keybord pro  ပါ ထည့် သွင်း ပေးမှာ ပါ ။

အောက် က ဒေါင်း ရတဲ့ ဖိုင် ကို ဖြည် လိုက်ပါ ။အထဲ က MobileHouse.bat ကို Run လိုက် ရုံ ပါပဲ ။
ဖုန်းက Usb debug on ထား ဖို့ နဲ့ Driver သိ ဖို့ လိုအပ်ပါတယ် ။

http://www.mediafire.com/?897bxd29eh54jxy
ဆက်ဖတ်ရန်>>>