Mobile Technology ကိုအသုံးပြုသော
interface ကွဲပြားခြားနားမှုပေါ်မူတည်၍ GSM နှင့် CDMA စနစ် ဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။
GSM (Global System For Mobile Telecommunications)
1980 ခုနှစ်တွင် ဥရောပနိုင်ငံကြီးများတွင် Analog Cellular System ကို အသုံးပြုခဲ့သည်။ ထိုစဉ်က နိုင်ငံအသီးသီးသည် ၄င်းတို့၏ နိုင်ငံပိုင်ကွန်ယက်စနစ်နှင့် Standard များကို သီးသန့်သုံးစွဲ ခဲ့ခြင်းကြောင့် မိမိ
နိုင်ငံအတွင်း၌သာ ဆက်သွယ်မှုများ အဆင်ပြေလာခဲ့သော်လည်းကျန်သောနိုင်ငံများနှင့် ဆက်သွယ်ရာတွင် ဆက်သွယ်မှုများနှေင့်နှေးခဲ့၇သည်။၁၉၈၂ ခုနှစ်တွင် ဥရောပနိုင်ငံများအားလုံး ပါဝင်သော ညီလာခံတခုကျင်းပခဲ့ပြီး နိုင်ငံတိုင်း အသုံးပြုနိုင်သော Mobile Technology System တစ်ခုကို သတ်မှတ်နိုင်ရန် ရည်ရွယ်ပြီး Group Special Mobile (GSM) ဟုခေါ်သော အဖွဲ့အစည်းတစ်ရပ် ထူထောင်ခဲ့သည်။ထိုအချိန်မှ စ၍ GSM Network System တစ်ခုပေါ်ပေါက် ဖြစ်ထွန်းလာခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာနိုင်ငံပေါင်း ၂၀၀ ကျော်ကျော်တွင် GSM Network ကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြောင်းတွေ့ရသည်။ GSM ၏အမည်ကိုလည်း Golbal System For Mobile Telecommunications ဟုပြောင်းလဲ ခေါ်ခဲ့သည်။ GSM Telephone Network ၏
Standard Frenquency Band များမှာ 850 Mhz , 900 Mhz ,1800 Mhz နှင့် 1900 Mhz တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အသုံးပြုနေသော GSM Frenquency Band မှာ 900 Mhz ဖြစ်ပါသည်။850 နှင့် 950 Mhz များသည် GSM Network ၏ အနိမ့်ဆုံး Frenquency Band များဖြစ်ပြီး 1800 နှင့် 1900 Mhz များထက် Longer Distance (Signal ရောက်ရှိနိုင်မှု အကွာအဝေး)ရှိကြောင်းတွေ့ရသည်။
1900 Mhz Frenquency Band ကို မြောက်အမေရိက၊ကနေဒါ၊တောင်အမေရိက
နိုင်ငံများတွင် အဓိက သုံးစွဲပြီးအာရှနှင့် ဥရောပ၌ သုံးစွဲသော
နိုင်ငံနည်းပါးကြောင်း တွေ့ရသည်။
WCDMA (Wide Band Code Division Multiple Access)
2001
ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင် အသုံးပြုခဲ့သည့် 3G(Third Generation)
Mobile Technology တစ်ခု ဖြစ်သည်။ Air Interface အနေဖြင့် UMTS (Universal Mobile Technology System) ကိုအသုံးပြုထားသည်။WCDMA ၏ Standard Frenquency Band မှာ 2100 MHZ ဖြစ်သည်။ယခုအခါ မြန်မာနိုင်ငံ တွင် ရန်ကုန်မြို့အတွင်း၌ WCDMA ကွန်ယက် ကို၇၇ှိ အသုံးပြုနိုင်ပြီ ဖြစ်သည်။
အထက်ဖေါ်ပြပါ Mobile Network System များသည် နည်းပညာပိုင်းဆိုင်ရာ အခြေခံ သဘောတရားများ
တူညီသော်လည်း အသုံးပြုသော Frenquency အနိမ့်အမြင့် ကို လိုက်၍ အားသာချက်နှင့် အားနည်းချက် များ ဒွန်တွဲ လျှက် ရှိကြောင်းတွေ့ရသည်။
High Frenquency (1900 & 2100 MHZ) ကွန်ယက်အသုံးပြုခြင်း၏ အားသာချက်--
(၁)ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များကို ခံနိုင်ခြင်း
(၂)လိုင်းကြည်လင်ပြတ်သားပြီး နှောင့်ယှက်မှုကင်းသော connection ကိုရရှိနိုင်ခြင်း
(၃)Outdoor Antenna အသုံးပြုစရာ မလိုဘဲ Internal Antenna ဖြင့်သာ ကောင်းစွာအသုံးပြုနိုင်ခြင်း
(၄)တိုက်တာအဆောက်အအုံ
ထူထပ်သောနေရာများ၊Mobile Subscriber {Phone သုံးစွဲသူများပြားသော မြို့ပြဒေသများတွင် clear and un-interrupted (ကြည်လင်ပြတ်သားပြီး အနှောင့်အယှက်ကင်းမဲ့သော) } connection ဖြင့်
အသုံးပြုနိုင်ခြင်း၊အသုံးပြုရန် သင့်တော်ခြင်း
(၅)Network Capacity မြင့်မားခြင်း
(၆)အသုံးပြုသော Mobile Handset များ၏ Battery သက်တမ်းကို ကြာရှည်သေခြင်း တို့ ဖြစ်သည်။
အားနည်းချက်များမှာ--
(၁)Network
Coverage Area (Signal ဖမ်းယူနိုင်သော Area) မှာ Low Frenquency Band များနှင့် နှိုင်းယှဉ်လျှင် Signal Strength နည်းပါးခြင်း
(၂)High Frenquency ကိုအသုံးပြုပါက Operator Station (Base Transceiver Station)များကို တစ်ခုနှင့် တစ်ခု နီးကပ်စွာတည်ဆောက်ရခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားခြင်း
Low Frenquency (450 MHZ) ကို အသုံးပြုခြင်း၏ အားသာချက်များမှာ--
(၁)Large Network Coverage Area( Signal ရောက်ရှိနိုင်မှု ဧရိယာ) ကျယ်ပြန့်ခြင်း
(၂)Receiving Signal ကောင်းမွန်ခြင်း
(၃)Cell
Area ကျယ်ဝန်း၍ Base Transceiber Station များကိုလည်း နီးကပ်စွာ တည်ဆောက်ရန် မလိုခြင်းကြောင့် ကွန်ယက်တိုးချဲ့ မှုများတွင် ကုန်ကျစရိတ် သက်သာခြင်း တို့ဖြစ်သည်။
အားနည်းချက်များမှာ--
(၁)Signal ရောက်ရှိနိုင်မှု ဧရိယာ ကြီးမားခြင်းကြောင့် Transmission ပိုင်းတွင် High Power Comsumption (Power သုံးစွဲ မှုများခြင်း)
(၂)အသုံးပြုသော Handset များ၏ Battery Life ကို ကျဆင်းစေခြင်း
(၃)Transmission
တွင် Power Comsumption မြင့်မားမှုကြောင့် CDMA 450 MHZ များတွင်
စကားကြာရှည်စွာ ပြောပါက Handset များပူလာခြင်း တို့ ဖြစ်ပါတယ်။
ဆက်ဖတ်ရန်>>>