Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, December 17, 2011

ဂျပန်နှင့် အာဆီယံ ဂျီဖုန်း ပြည်တွင်း၌ စတင် သုံးခွင့်ပြု



p_3_49_2
ဂျပန်နှင့် အာဆီယံ နိုင်ငံများမှ GSM မိုဘိုင်းဖုန်း များအား ပြည်တွင်း၌ စတင် သုံးစွဲခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ၁၁ ကြိမ်မြောက် အာဆီယံ ဆက် သွယ်ရေး နှင့် အိုင်စီတီ ဝန်ကြီးများ အစည်းအဝေး (TELMIN) သိရသည်။
ဒီဇင်ဘာလ ပထမအပတ်က စပြီး သုံးစွဲခွင့်ပြုလိုက်တာပါ။ အဝင် ခေါ်ဆိုမှု၊ အထွက်ခေါ်ဆိုမှု နှစ်မျိုး စလုံးသုံးစွဲလို့ ရပါပြီ။ အဓိကက တော့ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ ဝန်ကြီးအဆင့် အစည်း အဝေးပွဲအတွက် ရည်ရွယ်ပြီး သုံးစွဲ ခွင့်ပေးလိုက်တာပါ ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။
အဆိုပါမိုဘိုင်းဖုန်း ကွန်ရက် အစည်းအဝေးပွဲ ပြီးပါကလည်း ပြည်တွင်း၌ ဆက်လက် သုံးစွဲခွင့် ပြုသွားမည်ဖြစ်ကြောင်း ဖုန်းသုံးစွဲ မှုအတွက် ဘီလ်ကိုလည်း နိုင်ငံ တကာနှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိသုံးစွဲခွင့် ပေးလိုက်တဲ့ ပြည်ပဖုန်းတွေအနေနဲ့ GSM ကွန်ရက်ရှိတဲ့ ရန်ကုန်နဲ့ နေပြည်တော် မြို့ကြီး ၂ မြို့မှာပဲ သုံးစွဲခွင့်ရမှာပါ။ နောက်ပိုင်းတော့ GSM နက်ဝက်ခ် ရှိတဲ့ မြို့တိုင်းနီးပါး သုံးစွဲနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။
GSM အသုံးပြုသည့် နိုင်ငံ အချင်းချင်း အပြန်အလှန် သယ် ဆောင် သုံးစွဲနိုင်ရန် စတင်ဆွေးနွေး ခြင်းကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိတွင် မြန်မာ့ GSM ဖုန်းများ ပြည်ပသို့ သယ်ဆောင် အသုံးပြု နိုင်ခြင်း မရှိဘဲ ပြည်ပGSM ဖုန်းများသာ စတင် အသုံးပြုနိုင် ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ သုံးစွဲ နိုင်သည့် ပြည်ပနိုင်ငံများမှ မိုဘိုင်း ဖုန်းများမှာ အာဆီယံ ၁၀ နိုင်ငံ အပြင် ဂျပန်၊ တရုတ်နိုင်ငံမှ ဖုန်းများ ဖြစ်ပြီးImpound Roaming စနစ်ရရှိ၍ သုံးစွဲနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
Impound Roaming စနစ်ဆိုသည်မှာ မြန်မာနိုင်ငံGSM နက်ဝက်ခ် (လိုင်း) ရှိ သည့် နေရာတွင် တခြားနိုင်ငံမှ GSM ဖုန်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရ သည်။ တခြားနိုင်ငံက ဖုန်းတွေ မြန် မာနိုင်ငံမှာ လာသုံးလို့ ရပြီဆိုတာ ကတော့ တိုးတက်မှု တစ်ခုပဲ။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာနိုင်ပါတယ်။ တခြားနိုင်ငံက ဖုန်းကိုယ့်နိုင်ငံ သုံးလို့ရပေမယ့် ကိုယ့်နိုင်ငံက ဖုန်းတခြားနိုင်ငံမှာ သုံးလို့ရအောင်လည်း ဆောင်ရွက် သင့်ပါတယ်ဟု ဖုန်းကျွမ်းကျင်သူ တစ်ဦးက ပြောသည်။
မြန်မာGSM ဖုန်းများ အာဆီ ယံ နိုင်ငံများတွင် သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ယခု နှစ်ကုန်ခန့်တွင် အပြီးသတ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။
အောင်ဇော်
 

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.