Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, December 17, 2011

ITune မှာ ဇော်ဂျီ ထည့်နည်း

ဒီတစ်ခါက နောက်တစ်နည်းပါ..version မြင့်တဲ့ itune တွေအတွက်ပါ..

လိုအပ်တာက HexEditor တစ်ခုရယ်၊ Zawgyi Font ရယ်၊ iTunesLocalized.qrt လို့ခေါ်တဲ့ QuickTime Resource ဖိုင်လ်တစ်ခုရယ်လိုအပ်ပါတယ်။
နောက်ထပ်လိုအပ်တာက Font Creator ဆိုတဲ့ Font ပြင်တဲ့ Software ပါ။ ဒီမှာ Font Creator 5.6 Portable ကိုတင်ပေးထားပါတယ်။
HexEditor ကိုတော့  ဒီမှာ ဒေါင်းပါတယ်။

ပထမဆုံး Zawgyi Font ကို Font Creator နဲ့ဖွင့်လိုက်ပါ။ ထို့နောက် Format > Naming ကိုနှိပ်လိုက်ပါက အောက်ကအတိုင်း မပြင်ရသေးတဲ့ Font နဲ့ပတ်သက်တဲ့ Metada တွေပေါ်လာပါလိမ့်မယ်။












ဒီမှာမပြင်ရသေးတဲ့ Information တွေပါ။



























ထို့နောက်ပုံမှာပြထားတဲ့ အတိုင်း ကျွှန်တော်ပြင်ထားတဲ့ အကွက်လေးတွေမှာ ပြင်ဆင်လိုက်ပါ။

ိထို့နောက် Ok လုပ်ပြီး ပြင်ထားတဲ့ Font ကို Save As အနေနဲ့ သိမ်းပေးပါ။ File Name ကို ကိုယ်ကြိုက်တာပေးလို့ရပါတယ်။ ထို့နောက် ထိုသိမ်းထားတဲ့ Font ကို Control Panel ရဲ့ Fonts Folder ထဲကို Install လုပ်ပေးပါ။

ပြီးရင် ပထမဆုံး iTunesLocalized.qrt ကို iTunes Folder အောက်မှာ သွားရှာနိုင်ပါတယ်။
အထဲမှာ Language Packs ရဲ့ Folders တွေကို တွေ့ပါလိမ့်မယ်။ ဒီမှာတော့ English ပဲသုံးမှာဆိုတော့ ပုံထဲက ပြထားတဲ့အောက်မှာ iTunesLocalized.qrt ကိုသွားရှာကြည့်ပါ။
အဲဒီဖိုင်လ်ကို တစ်နေရာသို့ Copy လုပ်လိုက်ပါ။ မူရင်းဖိုင်လ်ကိုလည်း Back up လုပ်ထားဖို့မမေ့ပါနဲ့။ တစ်ခုခုမှားလုပ်မိရင် မူရင်းကို ပြန် Copy လုပ်လို့ရအောင်ပါ။

ပြီးရင် iTunesLocalized.qrt  ကို HexEditor နဲ့ဖွင့်လိုက်ပါ။ ထို့နောက် Search > Replace ဆိုတာကိုရွေးပြီး နှိပ်လိုက်ပါက ဒီလို Windows ကျလာပါလိမ့်မယ်။

ကျွှန်တော် ပုံမှာပြထားတဲ့အတိုင်း ပြင်လိုက်ပါ။ တစ်ခု မမေ့ဖို့က Text Box မှာ Font Name တွေဖြည့်ပြီးရင် Text -> Hex ဆိုတာနှိပ်လိုက်ပါ။ ပြီးရင် Replace All ဆိုတာကို နှိပ်ပြီးရင် ဘယ်နှစ်ခုလဲလိုက်လဲဆိုတာပြပါလိမ့်မယ်။

ပြီးရင် ထို Localized ဖိုင်လ်ကို Save လုပ်နိုင်ပါပြီ။ ပြီးရင် Edit လုပ်ထားတဲ့ iTunes ဖိုင်လ်ကို သူ့ကို ကူးခဲ့တဲ့နေရာမှာ သွားပြီး Copy and Paste လုပ်ပြီး ဖိုင်လ်ကိုလဲလိုက်ပါ။ iTunes ကိုပိတ်ထားဖို့တော့ မမေ့ပါနဲ့။ ဒါပါပဲ။

အခုပုံကတော့ ကျွန်တော်ပြင်ထားပြီးမြင်ရတဲ့ပုံပါ


No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.