Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

GPS & AGPS အကြောင်း

GPS & AGPS

       မိုဘိုင်းဖုန်း တွေမှာ ပါဝင်တဲ့ GPS ဆိုတဲ့ စနစ် ကတော့ မိမိ ရောက်ရှိရာ အရပ်ဒေသ ၊ နေရာ ၊ တိုင်းပြည် ၊
ရပ်ကွက်အစရှိတဲ့နေရာဒေသတွေကိုဖုန်းနဲ့ကြည့်ရှုနိုင်မယ့်စနစ်တစ်ခုပဲဖြစ်ပါတယ်။ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်
တော့မိမိရောက်ရှိရာအရပ်ဒေသတွေအပြင်မြေပုံတွေကိုပါထည့်သွင်းထားမယ်ဆိုရင်တော့ မိမိရောက်ရှိတဲ့နေရာ
နဲ့အနီးတစ်ဝိုက်မှာဘာတွေရှိတယ်ဆိုတာကိုပါအသေးစိတ်သိရှိနိုင်မှာဖြစ်ပါတယ်။

       ဟိုတယ်တွေ ၊တည်းခိုခန်းတွေ ၊စားသောက်ဆိုင်တွေ ၊ဆေးခန်းတွေအစရှိတဲ့နေရာတွေကိုလည်း GPS က
နေတဆင့်ရှာဖွေကြည့်ရှုနိုင်ပါ သေးတယ်။GPS ဆိုတာ ကတော့ Global Positioning System လို့ ခေါ်ပါတယ်။
Staellite System ကို အသုံးပြုထားတဲ့ စနစ်တစ်ခု လည်း ဖြစ်ပြီးတော့ Global Navigation Staellite System
တစ်ခုလည်းဖြစ်ပါတယ်။ရောက်ရှိရာအရပ်ဒေသတွေအပြင် အချိန်နာရီနဲ့ ရာသီဥတုအခြေအနေတွေကိုပါ ဒီစနစ်
ကိုအသုံးပြုပြီးတွက်ချက်သိရှိနိုင်ပါသေးတယ်။

       AGPS ဆိုတာကတော့ GPS စနစ် စစ်စစ်မဟုတ်တဲ့ Assisted GPS စနစ်တစ်ခု လို့လည်း ခေါ်နိုင် ပါတယ်။
GPS စနစ်ဟာ Staellite စနစ်ကိုတိုက်ရိုက်အသုံးပြုထားတဲ့အတွက် မိုဘိုင်းဖုန်းကနေ Staellite ကိုချိတ်ဆက်ဖို့
အတွက် အချိန် ကြန့်ကြာမှု တွေရှိ နေပါတယ်။Assisted GPS ဆိုတဲ့ AGPS စနစ်ကတော့ Staellite ကနေတိုက်
ရိုက် အသုံးပြုတာ မဟုတ်ပဲ နဲ့ Staellite တွေရဲ့ Data တွေကို စုစည်း ထားတဲ့ GPS Assisted Server ကနေတ
ဆင့်ယူပြီးအသုံးပြုထားတဲ့စနစ်ဖြစ်တဲ့အတွက် ချိတ်ဆက်နိုင်မှု မြန်ဆန်နိုင်တဲ့ အပြင် Assisted Server တွေဟာ
မိုဘိုင်းဖုန်းတွေနဲ့ချိတ်ဆက်နိုင်ဖို့အတွက်ကောင်းမွန်တယ်လို့ဆိုပါတယ်။

       AGPS စနစ်ကိုတော့ ၁၉၇၃ ခုနှစ်မှာပုံစံသစ် Chip အနေနဲ့ထုတ်လုပ်ခဲ့ပြီးတော့အဲဒါကို Hammerhead လို့
လည်းခေါ်ဆိုခဲ့ပါတယ်။ဒါပေမယ့် AGPS တွေဟာGPS ရဲ့Assisted Server တွေကနေတဆင့်ယူပြီး Download
ပြုလုပ်ပြီး အသုံးပြုရတဲ့အတွက် အနည်းငယ်တော့ Error ရှိနိုင်တယ်လို့ ဆိုပါတယ်။အဲဒါတွေ ကတော့ ကွန်ရက်
ချိတ်ဆက်မှု Signal မကောင်းတဲ့ အချိန်တွေမှာ ဆိုရင် AGPS ဟာ မြေပုံတွေနဲ့ တည်နေရာတွေကို အသေးစိတ်
တွက်ချက်ပေးနိုင်ဖို့နဲ့တိကျတဲ့အဖြေတစ်ခုကိုထုတ်ပြန်ပေးနိုင်ဖို့အတွက်အခက်အခဲရှိနိုင်ပါတယ်။အဲဒါတွေအပြင်
ကိုမြင့်မားတဲ့အဆောက်အဦးတွေနဲ့ ၊ထူထဲတဲ့အမိုးအကာတွေရှိနေတဲ့နေရာမျိုးတွေ ၊အခန်းထဲလိုနေရာမျိုးတွေနဲ့
သစ်ပင်ကြီးကြီးမားမားတွေကာရံနေတဲ့အကာအကွယ်တွေထဲမှာဆိုရင် တိကျတဲ့ အဖြေတစ်ခုကို ပြန်လည်ထုတ်
ပေးနိုင်ဖို့အတွက်အခက်အခဲတွေရှိနိုင်တယ် လို့ဆိုပါတယ်။ဒါပေမယ့် ဒီစနစ်ဟာအသုံးပြုရတာလွယ်ကူပြီးမိုဘိုင်း
ဖုန်းတွေရဲ့ Signal တွေနဲ့အလွယ်တကူအသုံးပြုနိုင်ပါလိမ့်မယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.