Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

အွန်လိုင်းမှ ဖုန်းဘီလ် ဆောင်သည့် စနစ်များ အခိုက်အတန့် သာဖြစ်

အွန်လိုင်းမှ ဖုန်းဘီလ် ဆောင်သည့် စနစ်များ အခိုက်အတန့် သာဖြစ်

အွန်လိုင်းမှ တစ်ဆင့် တယ်လီဖုန်းဘီလ် ဆောင်နိုင်သည့် Online Billing စနစ်သည် မိုဘိုင်းဖုန်းများ အားလုံး အားကြိုတင် ငွေဖြည့် သည့် စနစ်သို့ ပြောင်းလဲ  လိုက်သည့် အချိန်တွင် ရပ်တန့် သွားမည်ဖြစ် ကြောင်း ယင်းဝန်ဆောင်မှုကို ပေး မည့်ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ သတင်းရရှိသည်။ ကျပ်တစ်ဆယ့် ငါးသိန်းတန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းများ အတွက် ယခုကဲ့သို့ အွန်လိုင်းမှ တစ်ဆင့် အလွယ် တကူ တယ်လီဖုန်းဘီလ် ဆောင်နိုင်ရန် ဆောင်ရွက် ထားရခြင်းဖြစ်၍ နောက်ပိုင်းကာလများတွင် အဆို ပါ Online Billing စနစ်ကို ဆက် လက်အသုံးပြု မည် မဟုတ်ကြောင်း ယင်းစနစ်အား ဝန်ဆောင် မှုပေးနေသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ သို့သော် တယ်လီဖုန်းလိုင်း များအားလုံး ကြိုတင် ငွေဖြည့် ပြောဆို နိုင်သည့် Prepaid Card စနစ်သို့ ပြောင်းလဲသွားပါက Auto Payment Systme ဟူသော ဝန် ဆောင်မှုအသစ် တစ်ခုကို အစိုးရ နှင့် ပုဂ္ဂလိက ဘဏ်များက ဆောင် ရွက်သွားရန် ရှိကြောင်း သိရသည်။ Online Billing စနစ်အား ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိ တက်၏ www.billing.yatanarpon.com.mm ပေါ်မှ တစ်ဆင့် အာရှစိမ်း လန်းဖွံ့ဖြိုးရေး ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်တို့တွင် ကနဦးစုငွေ ကျပ်တစ်သောင်း ပေး သွင်းကာတယ်လီ ဖုန်းနံပါတ် တစ် ခုအတွက်ပေး သွင်းခကျပ်ငါးရာ ဖြင့် နေ့ချင်းပြီး ပေးသွင်းနိုင်ပြီဖြစ် သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.