Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

iPhone နဲ့ Jailbreak အကြောင်းပါ

iPhone နဲ့ Jailbreak

       Jailbreak ဆိုတာ ကတော့ iPhone တွေအတွက် ဖုန်းထဲကို ကိုယ် အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲ Application
တွေကိုအလွယ်တကူထည့်သွင်းနိုင်ဖို့ဖုန်းရဲ့အတွင်းပိုင်း System တွေကိုဖောက်ထွင်းတဲ့စနစ်တစ်ခု လို့ပဲဆိုရမှာ
ပါပဲ။

       iPhone တွေကိုဘာကြောင့် Jailbreak လုပ်ရသလဲဆိုရင်တော့ဖုန်းတွေအတွက်လိုအပ်တဲ့ ဆော့ဖ်ဝဲတွေနဲ့
ဂိမ်းတွေကိုအလွယ်တကူထည့်သွင်းနိုင်ဖို့ပါ။ဒီနေရာမှာတော့ တစ်ခု ပြောစရာ ရှိလာပါတယ်။အလွယ်တကူထည့်
သွင်းနိုင်ဖို့လို့ဆိုတဲ့အတွက် Jailbreak မလုပ်ရင်ထည့်လို့မရဘူးလားလို့မေးစရာရှိပါတယ်။

       ဒါပေမယ့် Jailbreak မလုပ်ထားဘူးဆိုရင်တော့ Apple ကနေထုတ်လုပ်ထားတဲ့ လိုင်စင်ဗားရှင်းဆော့ဖ်ဝဲနဲ့
ဂိမ်းတွေကိုပဲထည့်သွင်းအသုံးပြုနိုင်ပါတယ်။အဓိက ခက်ခဲတာကတော့ အဲဒီလို လိုင်စင်ဗားရှင်း တွေပါပဲ။လိုင်စင်
ဗားရှင်းဆော့ဖ်ဝဲတွေထဲမှာအခမဲ့တွေရှိသလိုဝယ်ပြီးသုံးရတဲ့ဟာတွေလည်းရှိပါတယ်။အသုံးဝင်တဲ့ဆော့ဖ်ဝဲတော်
တော်များများ က ဝယ်ရတာ များပါတယ်။အဲဒီလို ဝယ်ပြီး ထည့်တဲ့အခါမှာ ကိုယ်ဝယ်မယ့် တိုင်းပြည်ရဲ့ ဘဏ်အ
ကောင့်ရှိဖို့လိုအပ်ချက်တွေရှိပါတယ်။ဆော့ဖ်ဝဲကိုဝယ်မယ့်ပိုက်ဆံကိုဘဏ်ကနေလွှဲပေးနိုင်ဖို့ အတွက် ပြည်တွင်း
ကနေဝယ်ယူအသုံးပြုချင်သူတွေအနေနဲ့အခက်အခဲရှိပါတယ်။

       Jailbreak ရပြီးသွားပြီးဆိုရင်တော့လိုင်စင်ဗားရှင်းဆော့ဖ်ဝဲတွေကိုထည့်ဖို့မလိုတော့ပဲနဲ့ အခြားကိုယ်ကြိုက်
တဲ့ iPhone ဆော့ဖ်ဝဲတွေကိုထည့်သွင်းနိုင်ပါတယ်။ဝယ်ထည့်တယ်ဆိုရင်တော့ Jailbreak လုပ်ပြီးသားဖြစ်တဲ့အ
တွက်ပြင်ပဖုန်းဆိုင်တွေမှာထည့်သွင်းရတဲ့ကုန်ကျစရိတ်သက်သာပါတယ်။

       Jailbreak လုပ်တဲ့ နေရာမှာတော့ iPhone တွေရဲ့ အာမခံပျက် ပျယ်တယ်လို့ လူများအထင် ရှိတတ် ကျပါ
တယ်။ဒါကဟုတ်ပါတယ်။Apple ဖုန်းကို သူသတ်မှတ်ထားတဲ့ ဆော့ဖ်ဝဲကို မသုံးပဲ ဖုန်းတွင်းစနစ်ပိုင်း တွေကို ချိုး
ဖောက်ပြီးအသုံးပြုတဲ့အတွက်အာမခံပျက်ပြယ်တယ်ဆိုတာ ဟုတ်ပါတယ်။ဒါပေမယ့် Jailbreak လုပ်ထားတဲ့ဖုန်း
တွေတစ်စုံတစ်ခုပျက်ယွင်းသွားတယ်ဆိုရင်အာမခံနဲ့ပြန်ပြီးအသစ်လဲလို့ရအောင်လုပ်လို့ရပါတယ်။

       ဖုန်းရဲ့ Firmware Version ကိုပြောင်းလဲမြှင့်တင်လိုက်တာနဲ့ Jailbreak က အလိုလိုပျက်သွားပြီး အာမခံနဲ့
ပြန်လဲဖို့လိုအပ်ရင်လည်းအဆင်ပြေအောင်ပြန်လုပ်လို့ရနိုင်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.