Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Android Notification သုံးခြင်း

Android Notification

       Android Notification ဆိုတာကတော့ Android OS ဖုန်းတွေရဲ့ အပေါ်ဘက်မှာ သိမ်းဆည်းထားတဲ့စနစ်
တစ်ခုဖြစ်ပါတယ်။

       Android Notification ကို အစိတ်အပိုင်းအနေနဲ့ လေ့လာကြည့်မယ်ဆိုရင်တော့ Managing Notification
,To Open the Notification Panel ,To Respond to a Notification ,To Clear All Notification ဆိုပြီးခွဲခြား
ကြည့်ပါမယ်။Notification အားလုံးကို ဖုန်းရဲ့ အပေါ်ထိပ်ဘက်မှာရှိတဲ့ ဘားလေးကို ဆွဲချလိုက်ပြီး ကြည့်ရှုနိုင်ပါ
တယ်။

       Message စာတိုအသစ်တွေနဲ့ မှတ်သားထားတဲ့ရက်စွဲတွေ ၊ နှိုးစက်အချိန်တွေ ၊ ဖုန်းခေါ်ဆိုထားခြင်းတွေနဲ့
လိုင်းအတက်အကျအစရှိတဲ့ icon တွေကိုဖော်ပြပေးထားတဲ့အခြေအနေတစ်ခုကိုတော့ ManagingNotification
လို့ခေါ်ပါတယ်။ဒါတွေအားလုံးကိုကြည့်ရှုဖို့အတွက်ဖုန်းရဲ့အပေါ်ဘက်ဘားလေးထဲမှာအားလုံးကိုဖော်ပြပေးထား
မှာပါ။ကိုယ်ကကြည့်ပြီးသွားပြီဆိုရင်တော့ icon တွေပျောက်သွားမှာပါ။

       To Open the Notification ဆိုတာကတော့ Notification ဘားလေးကို အောက်ကို လက်နဲ့ဆွဲချလိုက်ပါ။
အဲဒီအခါမှာမြင်တွေ့ရမယ့် Menu ပုံစံနဲ့ Notification တွေကို မြင်တွေ့ရပါလိမ့်မယ်။ဒီစနစ်ရဲ့ အသုံးပြုနိုင်မှုလွယ်
ကူခြင်းကတော့ Notification တစ်ခုကိုဖွင့်လိုက်ပြီဆိုတာနဲ့သူနဲ့ပတ်သက်တဲ့ စနစ်အားလုံးကို လိုက်ရှာနေစရာမ
လိုဘဲတစ်ခါတည်းတစ်ဆက်တည်းလွယ်ကူစွာနဲ့ဆက်တိုက်ဝင်ပြီးကြည့်ရှုနိုင်ပါလိမ့်မယ်။

       To Respond To a Notification ဆိုတာကတော့ Notification တစ်ခုကို ဖွင့်လိုက်ပါ။အဲဒီအခါမှာ Notifi-
cation အပြင်အခြားသက်ဆိုင်တဲ့အရာတွေကိုပါ မြင်တွေ့ရမှာဖြစ်တဲ့အပြင် ဥပမာ အနေနဲ့ Voice Mail ရောက်ရှိ
တဲ့အချိန်မှာ Notification ထဲကနေဖွင့်လိုက်တာနဲ့ Voice Mail ထဲကိုရောက်ရှိမှာဖြစ်တဲ့အပြင်အင်တာနက်ချိတ်
ဆက်ဖို့ လိုအပ်တယ်ဆိုရင်လည်း Notification ထဲကနေ နှိပ်လိုက်တာနဲ့ အင်တာနက်ချိတ်ဆက်နိုင်တဲ့နေရာကို
တိုက်ရိုက်ရောက်ရှိနိုင်ပါတယ်။ဒါကတော့ Notification ကနေပြန်လည်တုံ့ပြန်တဲ့ရရှိချက်တွေပါပဲ။

       To Clear All Notification ဆိုတာကတော့ Notification အားလုံးကို ပယ်ဖျက်တဲ့စနစ် ပါပဲ။Notification
တွေအားလုံးရဲ့အပေါ်ထိပ်ဘက်မှာ Clear ဆိုတာရှိပါတယ်။အဲဒါကိုနှိပ်လိုက်မယ်ဆိုရင်တော့ Notification တွေ
အားလုံးကိုဖျက်ပေးမှာပါ။ဒါပေမယ့်လုပ်ဆောင်ဆဲဖြစ်တဲ့ Notification တွေကိုတော့ ချန်ထားခဲ့မှာဖြစ်ပါတယ်။ဒါ
ကတော့ Notification တွေကနေရရှိနိုင်မယ့်အသုံးပြုခြင်းတွေပါပဲ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.