Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, October 28, 2011

iPhone မှာ ဖုန်းလိုင်း Signal ကို လိုင်းတုံးလေး(Signal Strength Bar) တွေ နဲ့မဟုတ်ဘဲ ဂဏန်း(ရာခိုင်နှုန်း) နဲ့ပြအောင်လုပ်နည်း

iPhone မှာ Original ပါလာတာက လိုင်းဆွဲအား (Signal) ကို လိုင်းတုံးလေး (Signal Strength Bar) နဲ့ပြပါတယ်။ အဲဒီလိုမဟုတ်ဘဲ Number (Percentage) နဲ့
အတိအကျသိချင်ပါတယ်ဆိုတဲ့သူများအတွက် Moible House မှ Tutorial အဖြစ်တင်ဆက်လိုက်ရပါတယ်။

ပထမဆုံးအနေနဲ့ဖုန်းခေါ်တဲ့ Dial Mode ထဲကိုဝင်ပါ။ ပြီးရင် *3001#12345#* ဟုရိုက်ပါ။


ဒါဆိုရင် ကိုယ့်ရဲ့ iPhone ဟာ Test Field Mode ထဲကိုရောက်သွားပါပြီ။ အဲဒီထဲကိုရောက်သွားတာနဲ့ Signal ပြတဲ့နေရာကို ကြည့်ကြည့်လိုက်ပါ။
ခုနကလို လိုင်းတုံးလေးနဲ့ ပြတာမဟုတ်တော့ဘဲ ဂဏန်း(ရာခိုင်နှုန်း) နဲ့ပြနေတာကိုတွေ့ရပါလိမ့်မယ်။


ပြီးရင် Test Field Mode ထဲက ဘယ် function ထဲကိုမှမ၀င်ပါနဲ့။ ဖုန်းရဲ့Power ခလုတ်ကို Screen ပေါ်မှာ ၀ါပါပိတ်ဖို့ပြောတဲ့ Power Slider Bar ပေါ်လာတဲ့အထိ
နှိပ်ထားပါ။


Power Slider Bar ပေါ်လာပြီဆိုရင်တော့ ဖုန်းရဲ့ Home Button (ဖုန်းရဲ့အလယ်က ခလုတ်အ၀ိုင်းလေး) ကိုနှိပ်ပြီး Home Screen ကိုပြန်သွားပါ။
Signal ပြတဲ့နေရာမှာ လိုင်းတုံးနဲ့မဟုတ်ဘဲ ဂဏန်း(ရာခိုင်နှုန်း)နဲ့ပဲပြသနေတာကိုတွေ့ရပါလိမ့်မယ်။


တကယ်လို့ လိုင်းတုံးနဲ့ပြတာကိုပဲ ပြန်လိုချင်တယ်ဆိုရင်တော့ ဖုန်းခေါ်တဲ့ Dial Mode မှာ *3001#12345#* ကိုပြန်ရိုက်ပါ။


Test Field Mode ထဲကိုရောက်သွားပြီဆိုရင် Signal number ပြတဲ့နေရာကို နှိပ်လိုက်ပါ။


ဒါဆို လိုင်းတုံး(Signal Strength Bar) နဲ့ပြန်လည်ပြနေပြီဖြစ်ပါတယ်။
Home Button ကိုနှိပ်ပြီး Test Field Mode ထဲကနေပြန်ထွက်လို့ရပါပြီ။


အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.