Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, July 7, 2013

ဖုန်း Massage ပို့ခြင်း ဆက်စပ် ဆိုးကျိုးများ


Text Message ကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆို ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အချိန်တိုင်း Text Message ( မိုဘိုင်း စာတို) ပို့ခြင်းဟာ အင်မတန် ခေတ် စားနေလို့ ဖြစ်ပါတယ်။
ရထားစီးရင်း၊ ကားစီးရင်း၊ ဘတ်စ်ကား၊ ရထားစောင့်ရင်း၊ လမ်းလျှောက်ရင်း Text Message ရိုက်တဲ့ အလေ့အထက အင်မတန် လွမ်းမိုးနေပြီ ဖြစ် ပါတယ်။ ဖုန်း ဆက်သွယ်ရေး လိုင်းမှ Messge အပြင် အခြား Messaging Service ပေးတဲ့ App များဖြစ်တဲ့ What's Up, G Talk, Facebook, imo, Viber နဲ့ အခြားအခြားသော Application များ နိုင်ငံတကာ မှာ ခေတ်စားပါတယ်။ အနီးစပ်ဆုံး အနေနဲ့ စင်္ကာပူလို နိုင်ငံမှာတောင် အသက် ၈ နှစ်သားအရွယ် ကလေးကအစ What's Up App သုံးပြီး Virtual Communication တစ်ခုကို ဖန်တီးနေကြပြီ ဖြစ်ပါတယ်။
ကောင်းကျိုးကတော့ ဆက်သွယ်ရေးစနစ်ကို ပိုမိုမြန်ဆန်စေပြီး Online Social Communication skill ကိုမြင့်တက်စေပါတယ်။
ဆိုးကျိုးကတော့ -
Physical မှာကြည့်ရင် မျက်နှာပြင်သေး ဖုန်း၊ Tablet များကြောင့် အမြင်အာရုံကို ထိခိုက်စေခြင်း၊ ခေါင်းငုံ့ကြည့်ရသည့် အချိန် ကြာမြင့်မှုကြောင့် လည်ပင်နှင့် ကျောရိုး ကိုက်ခဲခြင်း၊ နားကျင်ခြင်း တို့ ဖြစ်စေပါတယ်။ ဒါ့အပြင် အခြားသော အာရုံကျောများကိုလည်း ထိခိုက်ပါသေးတယ်။ ပုံမှန်အားဖြင့် အချိန်ခဏအတွင်း လုပ်ရပ်က ဘာမှမဖြစ်ပေမယ့် အမြဲတမ်းလုပ်တဲ့အမူအကျင့်ကြောင့် သိသိသာသာ ခံစားရလာမှာပါ။
Mental အပိုင်းအရ ကြည့်ရင် အပြင်လောက လူမှုဆက်ဆံရေးမှာ သိသိသာသာ ညံ့ဖျင်း သွားပါတယ်။ အွန်လိုင်းနဲ့ ဖုန်းတွင်းပို့ Message များအပေါ် အာရုံစူးစိုက်သူများက အခြားအပေါ် အာရုံစူး စိုက်မှုနည်းပါးလာပြီး အလုပ်ပါ ထိခိုက်လာစေပါတယ်။ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ တွေဝေခြင်း၊ အကြောင်းမဲ့ စိတ်ဆိုး၊ စိတ်ညစ်ခြင်းတို့လည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။
အထက်ပါ နှစ်ချက် ပေါင်းစပ်မှုအနေနဲ့ကတော့ အာရုံက ဖုန်းပေါ်မှာ စူးစိုက်နေတဲ့အတွက် အပြင်မှာ မဖြစ်သင့်တဲ့ အက်ဆီးဒန့်တွေ ဖြစ်ပေါ် စေပါတယ်။
ဒါကြောင့် နိုင်ငံတကာ Public Place နဲ့ စည်ကား သွားလာ လမ်းကြောင်းတွေမှာ Text Messaging ပြုလုပ်ခြင်းကို တားမြစ်ခြင်း အရေးယူမှုများ တဖြည်းဖြည်း ပြုလုပ်လာနေပြီ ဖြစ်ကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)
Techspace

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.