''ခဲခြစ်နံပါတ် ပျက်တာ ကြုံဖူးတယ်၊ တစ်ခါက နံပါတ် ပါသွားလို့ မနည်း ပြန်ကပ်ပြီး သုံးရတယ်၊ တစ်ခါကျတော့ ခဲပြားက တအား ကပ်သွားလို့ ဓားနဲ့ ခွာရတယ်။ လက်နဲ့ လုံးဝ ခွာလို့ မရတော့ဘူး၊ နောက်ဆုံး ကတ်ပျက် သွားတယ်။ လဲမရဘူး ဆိုလို့ ပိုက်ဆံ အဆုံးခံလိုက် ရတယ်။
အမှန်တော့ ဒါမျိုး လုံးဝ မဖြစ်သင့် ပါဘူး၊ အလွယ်တကူ ခဲခြစ် ခွာလို့ ရအောင် လုပ်ပေးထားသင့် ပါတယ်'' ဟု CDMA 800 သုံးစွဲသူ တစ်ဦးက ပြောသည်။ ''ကတ်အရည်အသွေး ကောင်းကောင်းတော့ ထုတ်ထားပါတယ်။ ဒါမျိုး ပျက်စီးတယ် ဆိုတာ သုံးစွဲသူရဲ့ အားနည်းချက်လည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကတ်အသစ်နဲ့ ပြန်လဲ ပေးဖို့ စီစဉ် ထားပါတယ်'' ဟု ယင်းက ပြောသည်။ Prepaid ကတ်များကို Elite Tech ကုမ္ပဏီမှ တစ်ဦးတည်း ထုတ်လုပ်နေပြီး၊ ကတ်များမှာ ကျပ် ၁ဝဝဝဝ၊ ကျပ်၂ဝဝဝဝ၊ ကျပ် ၃ဝဝဝဝ တို့ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်
*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း
****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။
Admin = ရဲရင့်အောင်
Note: Only a member of this blog may post a comment.