ဆမ်ဆောင်း၏ ဂလက်ဇီနုတ် စမတ်ဖုန်း သစ် တောင်ကိုရီးယားတွင် စတင် ဖြန့်ချိ
ကမ္ဘာ့ ဒုတိယ အကြီးဆုံး မိုဘိုင်းဖုန်း
ထုတ်လုပ်သည့် ကုမ္ပဏီ ဆမ်ဆောင်း သည် ကုမ္ပဏီ ၏ နောက်ဆုံး ထုတ် စမတ်ဖုန်း
မော်ဒယ်သစ် ဂလက်ဇီနုတ် ကို
တောင်ကိုရီးယား နိုင်ငံတွင် စတင် ဖြန့်ချိ လိုက်ကြောင်း သိရသည်။
ယင်းမော်ဒယ်သစ် စမတ်ဖုန်းကို စက်တင်ဘာလ က ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည့်
အိုင် အက်ဖ်အေ ၂၀၁၁ ပြပွဲ၌ မိတ်ဆက် ပြသ ခဲ့ခြင်း ဖြစ်သည်။
ယင်း ဖုန်းသည် ဆမ်ဆောင်းမှ ထုတ်လုပ်သော
ဂလက်ဆီ စမတ်ဖုန်း များတွင် နောက်ဆုံးပေါ် မျိုးဆက်ဖြစ်ပြီး သင်ပုန်း
ကွန်ပျူတာတစ်လုံး ၏ စွမ်းဆောင်ရည်နှင့် ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည် ကို
ပေါင်းစည်းထားခြင်း ဖြစ်သည်။ ဂလက်ဇီနုတ်သည် အထူ ၉ ဒသမ ၆၅ မီလီမီတာသာရှိပြီး
အလေးချိန် ၁၈၂ ဂရမ်နှင့် အယ်လ် အီးဒီ ဖန်သား မျက်နှာပြင် ၅ ဒသမ ၃ လက်မ
အကျယ်ရှိ သည်။
ထို မျက်နှာပြင်တွင် ပုံဆွဲ ရန်၊
ဆေးခြယ်ရန်အတွက် ဒစ်ဂျစ်တယ် ခဲတံ တစ်ချောင်းလည်း ပူးတွဲပါဝင်သည်။
ဆမ်ဆောင်းသည် ယခုဖုန်း အပြင် ဂလက်ဇီနက်ဇပ် ဟုခေါ်သည့် ကမ္ဘာ့ပထမဆုံး Android
OS ၏ နောက်ဆုံးထွက် အိုက် စကရင်ဆင်းဒဝစ်ခ်ျ OS ကိုအသုံး ပြုထားသည်။
ယင်းဖုန်းနှစ်မျိုး စလုံးတွင် အသုံးပြုသူ၏ မျက်နှာ ပုံသွင်ဖြင့် ဖုန်းကို
အဖွင့်၊ အပိတ် လုပ်နိုင်သော Facial Recognition နည်းပညာ ပါဝင်သည်။
အင်း အခုတော့ လှိုင်သာယာ က AA Electronics {Samsung} မှာ ဝန်ထမ်း
ReplyDeleteတွေ ဆန္ဒပြနေကြတယ်