Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, May 12, 2013

Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း



Android သမိုင်းကြောင်း

Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်း မသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့
အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။

ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော် ဖို့အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။

အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ
Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့ သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီဆိုတော့ထုတ်လိုက် တာလည်းဖြစ်နိုင်ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် မားတဲ့ mobile device တွေ ထုတ်လုပ်နိုင်ဖို့အတွက် သူ့ရဲ့မိတ်ဖက်တွေ ဖြစ် တဲ့ HTC,Samsung,Sony,Motorola တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။

ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့ US က T-mobile Company ကရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ်။

ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲဆိုတော့ HTC က ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ မန္တလေးသား တစ်ဦးက ပိုင်ဆိုင်တာပါ။
Android စတင် လက်တွဲခဲ့တဲ့ ကုမ္မဏီက ကျွန်တော်တို့မြန်မာနိုင်ငံဖွား ပိုင်တဲ့ ကုမ္မဏီလေ။

အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့ Android ရဲ့ အဓိက နာမည်ကြီးရတဲ့အကြောင်းအရင်းက Open source ဖြစ်လို့ပါ။ Open Source ဆိုတဲ့သဘောက သူတို့ရဲ့Source code တွေ ကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်။ programming language ကို
အကျွမ်းတ၀င်ရှိထားသူ Developer များက လိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Android လေးကအကောင်းဆုံး Mobile OS လေးဖြစ်လာရတာပါ။ ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ။

Linux ဟာ open source ပါ Android ဟာ Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာကြောင့် သူလည်း Open Source ဖြစ်သွားတာပါ။ Microsoft က ထုတ်တဲ့ Windows OSတွေက Open Source မဟုတ် ပါဘူး သူတို့ကုဒ်တွေကို သူတို့သာပိုင်ဆိုင်ပြီးCopyright ရှိပါတယ်။ သူတို့ company က developer များသာ ပြင်ဆင်ခွင့်ပြီး အခြားသူများပြင် ဆင်ပါက copyright ဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ ဒါက Open Source
ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။

Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ်
ရင်းနဲ့ အခုအချိန်မှာ အတော်လေးကို ပြည့်စုံလာတာကိုတွေ့ရပါပြီ။ ဒါဆိုကျွန်တော်တို့Android version တွေ အကြောင်းလည်း သိဖို့လိုအပ်ပါတယ်။ ဗဟုသုတအနေနဲ့ပေါ့

Android Version 1.0

သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့ version ပါ HTC(G1)ဖုန်းလေးနဲ့အတူ မိုဘိုင်းလောကကို စတင်လာခဲ့တယ်ဆိုပါတော့။ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလ(၂၃)ရက်နေ့ ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version တွေက ထူးထူးခြားခြား ပါ စားစရာမုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်

Android Version 1.5(CupCake)

သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ။ ပြောင်းလဲ မှုတွေကတော့ Browser မှာ copy , paste တွေလုပ်လို့ရ လာပါတယ်။ နောက်ပြီး Auto rotate screen လည်းရလာ ပါတယ်။ Widget တွေလည်း သုံးလို့ရလာပါတယ်

Android Version 1.6(Donut)

ဒီ version လေးကိုတော့ 15 September 2009 စတင်ထုတ်ဝေခဲ့ပါတယ်
နောက်ပြီးတော့ Camera ပိုင်းလည်း အရင် version တွေ ထက်ပိုမိုကောင်းမွန်လာခဲ့ပြီးCDMA,EVDO စနစ်ကို ပါ သုံးစွဲလာနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အချက်ကတော့ WVGA
ဆိုတဲ့ ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်

Android Version 2.0/2.1(Éclair)

ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ ထွက်ပေါ်လာတာပါ။ 26 October 2009 ပေါ့ သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေ
ကို Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ် နောက်ပြီး ယနေ့ခေတ်မှာနာမည်ကြီးနေတဲ့ HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ။

Android Version 2.2(Froyo)

ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာတွေကတော့ အတော်များလာပါတယ်။ ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone
က internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့USB ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ။ နောက်ပြီးတော့ Wifi hotspotနည်းပညာတွေ လည်းပါဝင်ပါသေးတယ်။ USB ကြိုးထိုးစရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး
Laptop တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပညာကောင်းလေးတွေပါ
screen လေးကလည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်။

Android Version 2.3(GingerBread)

GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေးဆိုလည်းမမှားပေဘူးပေါ့။ ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်
လက်ရှိအချိန်ထိ ဒီ version လေးက မပျောက်ကွယ်သေးပါဘူး …. Google ရဲ့Android လေးဟာလည်း ဒီ version လေးမှာ တော်တော်အောင်မြင် လာပါတယ်။

သူနဲ့အတူထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx

Android Version 3.0/3.1(Honeycomb)

ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာဒီ version လေးကို အသုံးမပြုနိုင်ပါဘူး။ Tablet တွေသီး သန့်အတွက်သာ ရည်ရွယ်ပြီးထုတ်ခဲ့လို့ပါ ဒါပေ မယ့် သိပ်နာမည်မကြီးလိုက်ပါဘူး မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ
သူကတော့ 22 February 2011 မှာ ထွက်ပေါ်လာတာပါ။

Android Version 4.0 _ 4.0.x (Ice Cream Sandwich)

စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ
ဒီ version ကတော့ အခု စာဖတ်သူတော်တော်များများသိနေကြပါပြီ ဒီဇိုင်လေးကလန်းတယ်လို့ လူအများပြောကြတဲ့ ICS ပါ။.. သူ့ကိုတော့Google က Galaxy Nexus ဖုန်း
နဲ့အတူ ပွဲထုတ်ခဲ့ပါတယ် အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး

Android Version 4.1 (Jelly Bean)

9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ Samsung ရဲ့ ထုတ်ကုန်အများစုနဲ့ထွက်ပေါ်လာ တဲ့ version လေးပါ အခုအချိန်ထိတော့ အသုံးနည်းသေးပါတယ် Samsung
Device အတော်များများသာသုံးတာတွေ့ရပါတယ် အတော်ပြီးပြည့်စုံတဲ့
version လေးလည်းဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို
powerful ဖြစ်လာတာတွေ့ရပါတယ်

ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့နော် ဒါလေးသိရုံနဲ့
မပြီးသေးပြန်ဘူး ထူးခြားတာလေးတစ်ခုပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု ပဲဆိုပါတော့ သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ။နောက်တစ်ခု ကတော့ version က English Alphabet အတိုင်းပါပဲ။ စစခြင်းက

CupCake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice Cream Sandwich
Jelly Bean

အစစာလုံးလေးတွေကိုကြည့်လိုက်ပါ D,E,F,G,H,I,J အစဉ်အတိုင်းပါ
မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့။ ဒါဆို ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိ ပါတယ်။ နောက်ထွက်မယ့်Version name လေးက L နဲ့စမှာသေ ချာပါတယ် L နဲ့စမယ့် မုန့်နာမည်လေးသာစဉ်းစား
ကြပေတော့ အဲဒါသေချာသလောက်ရှိပါတယ် ဒါဆို ထူးခြားတာလေး သိပြီ

နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင် လာရသလဲဆိုတဲ့အချက်တစ်ခုပါ iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာတင်ရောင်းခွင့် ၇ှိပါတယ်။ ဒါသူတို့ရဲ့ Market ပေါ့ နောက်ပြီး developer ဘက်ကရောင်းမယ်
ဆိုရင် စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင်Developer က $1 သာရရှိပါတယ် ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေနဲ့ကြည့်မယ်ဆို ရင်လည်း itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူမဆို ဈေးဝယ်ရင်
ဈေးဆစ်ချင်ကြတာပဲလေ။

 နှိုင်းယှဉ်ခြင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့
မရဘူး ။ အော် ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး Google က Google Play ဆို တဲ့ Market တစ်ခုဖွင့်ထားတယ် ဒါပေမယ့် စာဖတ်သူက market တစ်ခုလုပ်ချင်လည်းရပါတယ်။ တားဆီး ထားခြင်း မရှိပါဘူး။ Market ပေါင်းများစွာလည်းရှိပါတယ် အခမဲ့ဆော့ဝဲပေါင်း လည်း မနည်းပါဘူး သုံးမလောက်အောင်များပြားပါတယ်။

Developer ဘက်ကကြည့်မယ်ဆိုရင်လည်း အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကိုတင်မယ်ဆိုပါက Registeration fee အနေနဲ့ $25 သာပေးရပါတယ် applicationတစ်ခု က $10 ဆို ပါက developer က $7 ရပါတယ် 30% ကိုတော့ Google ကကြော်ငြာခ ဆိုပြီးတော့ ယူ ပါတယ်။ နောက်ပြီး Android application တစ်ခုရေးဖို့
Android Device ရှိစရာတောင်မလိုပါဘူး ။ ဒါဆို apple နဲ့ယှဉ်ကြည့်လိုက် ပါ Open Sourceရဲ့ အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ပက်သတ်တာလေးတွေကိုတော့ဗဟုသုတအနေ နဲ့ တော်တော်များများ သိလောက်ပါပြီ။

 ဘာတွေဆက်လေ့လာရအုံးမလဲဆိုတာကတော့ Advance User တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Android ဖုန်းတွေကိုRoot လုပ် နည်း,Firmware upgrade , Firmware Downgrade စတဲ့နည်းပညာလေးတွေကို လေ့လာဖို့လိုအပ်ပါအုံးမယ်။ အပြင်မှာ သင်တန်းတွေအများကြီးရှိပါတယ် ဈေးလည်းကြီးပါ တယ်။
ဘာကြောင့်လဲဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေး ၀မ်းကြောင်းပြုနိုင်တယ်ဆိုတော့ သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သင်တန်းမတက်ပဲနဲ့လည်း သိတဲ့နည်းလမ်းတွေ အများကြီးပါ။ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်းတစ်ခုမှ မတက်ခဲ့ရ ပါဘူး။

 ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး
ကျန်တာတွေကို စာအုပ်တွေ အင်တာနက်တွေကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ။စာဖတ်သူက ငွေကြေးမတတ်နိုင်လို့ ဒါမှမဟုတ် အချိန်မပေးနိုင်လို့ဆိုရင် မြန်မာလိုရေးသား
ထားတဲ့ စာအုပ်တွေဝယ်ဖတ်ပါ။ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေမှာ ဆွေးနွေးမှာစာအုပ်တွေ ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါတယ်ဗျာ။

ဖတ်လိုက်ရတဲ့အတွက် လိုအပ်သည်များရှိသည်ဖြစ်စေ ၊ ဗဟုသုတ ရသွားသည်ဖြစ်စေ
ကော်မန့်လေးတော့ရေးပေးသွားပါခင်ဗျာ .. ကော်မန့်လေးက စာရေးသူတို့
အားဆေးလေးဖြစ်လို့ပါ။

အောင်ကျော်ခိုင် (ပုသိမ်)
from techspace
ဆက်ဖတ်ရန်>>>

G520-0000(b180) official firmware

‌ဒေါင်းရန်‌

G520-0000,Android 4.1,Emotion UI,V100R001C17B180,
ဆက်ဖတ်ရန်>>>

Saturday, May 11, 2013

Back key နဲ့ Home key သုံးမရ သူ များ နှင့် ခလုပ် နာမှာ စိုးလို့ မသုံး ချင်သူ တွေ အတွက် ဆော့ဝ်

အကြောင်းအမျိုးမျိုး ကြောင့် Back key နဲ့ Home key သုံးမရ သူ များ နှင့် ခလုပ် နာမှာ ဆိုးလို့ မသုံး ချင်သူ တွေ အတွက် ဆော့ဝ်လေး ပါ ။တခြား ဆော့ဝ် တွေ လို Root လဲမလို အပ်ပါဘူး ။

Button Savior Non Root




Download Here
http://www.mediafire.com/?rksk5kc3qc3tkpc

App Screenshots


ဆက်ဖတ်ရန်>>>

3D Myanmar Flag Live Wallpaper for android

မြန်မာအလံ ကို Live wallpaper ထားချင်သူ တွေအတွက် ပါ ။

play store မှာ ဒေါင်း မရတဲ့ သူတွေ အတွက်

http://www.mediafire.com/?tj4pfnh16qptrx5

 http://www.4shared.com/android/F278paoo/3D_Myanmar_Flag_Live_Wallpaper.html

 Play Store


App Screenshots




ဆက်ဖတ်ရန်>>>

Samsung Android တွေ မှာ Root လုပ်ပြီး မြန်မာဖောင့် ထည့် ထားပေ မဲ့

Q - Samsung Android တွေ မှာ Root လုပ်ပြီး မြန်မာဖောင့် ထည့် ထားပေ မဲ့ ခေါင်းစဉ် နဲ့ အချို့ နေရာ တွေ မှာ လေးထောင့် တွေ ဖြစ်နေလို့ ?
A - ZawgyineTTF.apk သွင်းပြီး တော့ Font style ထဲ က နေ သွား ပြောင်းပြီး Reboot ချပေး လိုက်ပါ ။တက်လာ ရင် အဆင်ပြေသွားပါပြီ။ အများစု မှာ အဆင်ပြေ ပါတယ်။
ဆက်ဖတ်ရန်>>>

Android version 4.1.1 & 4.1.2 စာလုံးတွေ မမှန်ဖြစ်နေရင်

Android version 4.1.1 & 4.1.2 စာလုံးတွေ မမှန်ဖြစ်နေရင်
 http://db.tt/sPBX8dSs One Browser ဆိုတာကို သုံးပါ။ အမှန် မြင်ရပါမယ်။
စာရိုက်ဖို့ကတော့ frozen keyboard pro နောက်ဆုံးဗားရှင်းကို သုံးပါ။ ရေးတာလဲ မှန်သွားပါလိ့မ်မယ်။






ဆက်ဖတ်ရန်>>>

Friday, May 10, 2013

3-Way Boot to your Power Menu ထည့်နည်း

ဖုန်းကိုကလိ ချင် တဲ့ သူ တွေ အတွက် ပါ ။ အရင် ဆုံး Backup ဆွဲ ထားပါ ။တစ်ခုခု အဆင်မပြေ ရင် ဆော့ဝ် ပြန်ရေး ရပါမယ် ။


Requirements

Quote:
  • Attached File
  • Notepad++
  • Backsmali Manager
  • Apktool
  • Patience
  • Brain Off cource
Ok i have divided this Guide in Two Parts to make it easy
In First Part we will edit framework and in second part we will edit android policy.jar


Part-1
  • Decompile Your framework-res.apk and move to
    Code:
    framework-res\res\values
  • Open Strings.xml with notepad++ or any other tool you use
    paste the following lines in the end
    Code:
    <string name="global_action_reboot_now">Restart</string>
    <string name="global_action_reboot_recovery">Recovery</string>

    Close it and recompile.
    Then again decompile and move to
    Code:
    framework-res\res\values
    and note the following ids (you may have different)



    Here we end our First Part.



    Part-2
  • Decompile your android.policy.jar using backsmali managaer or any other tool

    vDownload and extract the attached file to
    Code:
    android.policy\com\android\internal\policy\impl
  • Then open GlobalActions.smali
    And do how i say
  • Before
    Code:
    .line 165
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$2;
    
        const v2, 0x104013c
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$2;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 185
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        iget-object v1, p0, Lcom/android/internal/policy/impl/GlobalActions;->mAirplaneModeOn:Lcom/android/internal/policy/impl/GlobalActions$ToggleAction;
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
  • After

    Just Add the Bold ( For A7/A5 Users just copy paste )

    Code:
    .line 165
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$2;
    
        const v2, 0x104013a
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$2;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 183
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$8;
    
        const v2, 0x104054d
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$8;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 184
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        new-instance v1, Lcom/android/internal/policy/impl/GlobalActions$9;
    
        const v2, 0x104054e
    
        invoke-direct {v1, p0, v12, v2}, Lcom/android/internal/policy/impl/GlobalActions$9;-><init>(Lcom/android/internal/policy/impl/GlobalActions;II)V
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    
        .line 185
        iget-object v0, p0, Lcom/android/internal/policy/impl/GlobalActions;->mItems:Ljava/util/ArrayList;
    
        iget-object v1, p0, Lcom/android/internal/policy/impl/GlobalActions;->mAirplaneModeOn:Lcom/android/internal/policy/impl/GlobalActions$ToggleAction;
    
        invoke-virtual {v0, v1}, Ljava/util/ArrayList;->add(Ljava/lang/Object;)Z
    Note: Note Ids must be same as you noted in part 1

    Code:
    Only Replace last 7 digits of IDS when renaming in the above step 
  • Recompile and replace the classes.dex using Z-zip

Yipeee You Now have 3 Way boot


This Guide is tested by me and is working Fine

I have uploaded the Modded files for A5/A7/A7+ users so they can download and enjoy

Device Tested for this MOD

 


Screenshot


Attached Files
File Type: rar sources.rar - [Click for QR Code] (1.5 KB, 98 views)
File Type: rar MOD-files.rar - [Click for QR Code] (2.89 MB, 98 views)
ဆက်ဖတ်ရန်>>>

Iphone IMEI စစ် တဲ့ ကွန် ပြူတာ ဆော့ဝ်





Download

.Net Framework 3.5 SP1
Note: .Net Framework 3.5 SP1 is Required to Run This SOftware. If You Have Already Installed This Then Just Enjoy It 
ဆက်ဖတ်ရန်>>>

Tuesday, May 7, 2013

Samsung Galaxy စီးရီး Version အမြင့် ဖုန်း များ App လေး နဲ့ အလွယ် တကူ Root မယ်


 
 Superuser or Supersu ရွေးပါ ။
 ပြီးရင် Gimli နိုပ်ပေး လိုက်ပါ ။

ရတယ် မရဘူး ကို အောက်က စာ သား တွေ တက် လာပါမယ် ။
  • "Success ... Superuser and su binary installed. You have to reboot your device"
  • "Failed ... Exploit work but installation of Superuser and su binary have failed"
  • "Half-Success :-/ ... system partition is read-only, use local.prop trick. Reboot your device and use adb to see if it run as root", happen when the filesystem in use on system partition is a read only filesystem (ex: squashfs)
  • "Failed ... Try another exploit if available"
 အောက်ကဖုန်း တွေ မှာ အသုံးပြုနိုင်ပါမယ်  :
  • Samsung Galaxy S2 Epic 4G Touch - SPH-D710
  • Samsung Galaxy S2 AT&T SGH-I777
  • Samsung Galaxy S2 GT-I9100
  • Samsung Galaxy S3 GT-I9300
  • Samsung Galaxy S3 LTE GT-I9305
  • Samsung Galaxy Note GT-N7000
  • Samsung Galaxy Note 2 GT-N7100
  • Samsung Galaxy Note 2 LTE GT-N7105
  • Samsung Galaxy Note 8.0
  • AT&T Galaxy Note 2 SGH-I317
  • Verizon Galaxy Note 2 SCH-I605
  • T-Mobile Galaxy Note 2 T-889
  • Samsung Galaxy Camera EK-GC100
  • Samsung Galaxy Tab Plus GT-P6210
  • Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
  • iBerry Auxus CoreX2 3G and CoreX4 3G
  • Motorola Droid X
  • Droid 2 (a955)
  • Droid 2 Global (a956)
  • R2D2 (a957)
  • Droid X (MB810)
  • Cliq 2 MB611
  • Archos Gen8
  • Coolpad Quattro 4G
  • LG P970 Optimus Black
  • LG Marquee LS855
  • Parrot ASTEROID Smart
http://www.mobilehouse.co.nr

Attached Files
File Type: apk Framaroot-1.4.apk
ဆက်ဖတ်ရန်>>>

Android သမားများအတွက် Android Tool

                 Android သမားများအတွက်    Android Tool ဆော့ဝ်

Last Version is 1.0 
ဘာတွေလုပ်လို့ ရလဲ ဆိုတော့
click  တစ်ချက်ခေါက် ရုံ နဲ့
၁။Start/၂။kill Adb server 
၃။List Devices 
၎။Reboot Go Recovery 
၅။Go Download 
၆။Wipe Data in Adb/Fastboot Mode 
၇။Password ဖျက်မယ်(Root Needed) 
၈။Pattern lock ဖျက်မယ် (Root Needed) 
၉။Gmail Account ဖျက်မယ် (Root Needed) 

၁၀။ Zip Flasher Select Zip File And send automatically to sdcard And Send phone to Recovery Mode With instructions 

၁၁။ App Installer (one click) Select apk file and it will install 

၁၂။ Utilities Full Key Tool ( Usefull incase your phone button not work :-O 
၁၃။Root Checker 
၁၄။Permission Fixer

၁၅။ File Manager Shows All installed Apps 

၁၆။ Flasher (Fastboot Mode) One Click Flash splash\Hboot\Recovery\Radio 


ဆက်ဖတ်ရန်>>>