Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, November 19, 2012

Huawei ရဲ့ စိုးရိမ် စရာ အခြေနေ

Huawei အားပေး သူ တွေ အတွက် စိုးရိမ် စရာ သတင်း လေး ပါ ။

Huawei ကို တရုတ် က နေ နာမည် ခိုး ပြီး တရုတ် Android ဖုန်း ထွက် လာပါပြီ ။မသိ တဲ့ သူတွေ အတွက် ဆို Huawei နဲ့ မှား နိုင် ပါတယ် ။
ဘက်ထရီ ဖြုတ်ကြည့် လိုက် ပါ ။မော်ဒယ် က တော့ မတူ ပါ ဘူး ။



အဲ့ ဒါ အပြင် ခု နောက် ပိုင်းဝင် တဲ့ အသုတ် တွေ Error အရမ်း များ လာ ပါ ပြီ ။
c8812 ဆို software ကြောင် ပြီး လုံးဝ ရေး မရ တော့ တာ မျိုး ။
u9200  ဆို ကဒ် ထုတ် ရင်း လိုဂို မှာ ရပ် နေ ပြီး လုံး ၀ ဆော့ဝ် ရေး မရတော့ တာ မျိုး ။
စသဖြင့် ပြင် မရ တဲ့ Error တွေ တက် နေ ပါတယ် ။ဒါ တောင် ကျွှန်တော် မတွေ့ ဖူး တဲ့ Error များ ရှိ နေ နိုင် ပါသေးတယ် ။

Huawei ၀ယ် မည့် သူ အနေ နဲ့ လက်ရှိ အသုံးပြုနေသူများ ကို သေချာ   မေး မြန်း ပြီး စဉ်းစား ၀ယ် ယူ ကြ ရန် တိုက်တွန်း လိုက် ပါတယ် ။
ဆက်ဖတ်ရန်>>>

အင်တာနက် ကွန် နက် ရှင် ရှယ်ပေး မယ်

Android ဖုန်း 3G အင်တာနက် က နေ တခြား ဖုန်း ၊ ကွန်ပြူ တာ ၊ ipad တို့ စတာ တွေ  အင်တာနက် ကွန် နက် ရှင် ရှယ်ပေး ချင် ရင် ဒီဆော့ဝ် လေး သုံးကြည့် ပါ ။



ဖုန်း 3G အင်တာ နက် ဖွင့် ပြီး ရင် start နိုပ် လိုက် ရင် ရပါပြီ ။ နာမည် ပြောင်း ချင် တာ တို့ password ခံ ချင် ရင်Menu နိုပ် လိုက် ပြီး ပြောင်း လို့ ရပါတယ် ။
တချို့ ဖုန်း တွေ တော့ မကိုက် တာ ရှိ ပါတယ် ။

ဒီမှာဒေါင်းပါ
Download


....

ဆက်ဖတ်ရန်>>>

Font changer မသုံး သင့် (အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်းလမ်း( )

Root လုပ် ပြီး မြန်မာ ဖောင့် ထည့် တဲ့ အချိန် မှာ ရွေး စရာ နည်း တွေ အများ ကြီး ရှိ ပါတယ် ။
TypeFresh ,  AndExplore , MMAS Font changer ,root explorer , Font changer .... စသဖြင့် ပေါ့ ။
အခု နောက် ပိုင်း MMAS Font Changer အသုံး များ ကြ တယ် ။သူ့ အားနည်း ချက် က ၂ ခု ပဲ ရှိ တယ်
 ၁။ တချို့ ဖုန်း တွေ မှာ china font ပျောက်တယ် ။
၂။ တခါ လေ ဖောင့် သွင်း ပြီး သား ကို ထပ် သွင်း ရင် software ကြောင်ပြီး စက် မတက် တော့ တာမျိုး ။
china font မသုံး ဘူး ဆိုရင် အဆင် ပြေ ပါတယ် ။သတိ ထားရ မှာ က ဖောင့် သွင်း ပြီးတာ နဲ့ အဲ့ apk ကို uninstall လုပ် လိုက် ပါ ။

နောက် ထပ် အသုံး များ တာ က Font changer.apk ပါ ။သူ ကတော့ တော်တော် များ များ ကို software ကြောင်ပြီး စက် မတက် တော့ တာမျိုး ဖြစ် စေ ပါတယ် ။
အဲ့ ကောင် တော့ လုံးဝ မသုံးသင့် ပါဘူး ။

ကျွှန်တော် အကြိုက် ဆုံး အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်း ကတော့ Root Explorer
နဲ့ ထည့် တာပါ ။

၁။ တရုတ် ဖောင့် လဲ ရတယ် ။
၂။ အဲ့ ဟာ နဲ့ ထည့် လို့ ဖုန်း တစ် လုံး မှ ဘာ မှ မဖြစ် ဖူး သေး ဘူး ။

အားလုံး ကို လဲ အဲ့ နည်း နဲ့ သုံး ကြ ပါ လို့ တိုက် တွန်း ချင် ပါတယ် ။

ဖုန်းကိုRoot လုပ်ထားဖို့တော့လိုပါတယ်
update အနေ နဲ့ China Font မပျောက် တဲ့ Font နဲ့ ပြန် ရေးထား တာ ပါ ။

ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ
Click here to download 

Click here to download 

zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
back ခလုပ် နဲ့ မထွက် နဲ့ အပေါ် ဆုံးမှာ ဖိုင်  အလွတ် ရှိ တယ် အဲ့ ဖိုင် ကို နိုပ်ပြီး ထွက် ပါ ။မဟုတ် ရင် copy ပျက် သွား ပါမယ် ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ညာဖက် အပေါ် မှာ(Mount R/W ) ကိုနိုပ်ပါ

R/o ပြောင်း သွားရင် ရပါပြီ ။မပြောင်း ရင် Root Exploer က root access မရလို့ ပါ ။





menu နိုပ်ပါ အခုဆိုရင်တော့ Paste ကိုနိုပ်လို့ ရပါပြီ ။
နိုပ်လိုက်ရင် Warning ဆိုပီး ရှိပီးသားလို့ လာပြပါလိမ့်မယ် overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပီဖြစ်ပါတယ် ( တချို့ စက်တွေကတော့ စက်ကို ReBoot လုပ်ပြီးမှ အလုပ်လုပ်ပါတယ်)
keyborad သွင်းဖို့ အတွက်ကတော့ အောက်ကလင့်မှာ keyboard ကို အရင်ဒေါင်းပါ
MyanDroid Soft Keyborad
FrozenKeyboard

ဒေါင်းပြိးတော့ install လုပ်လိုက်ပါ ။
install ပြီးရင်တော့  Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard or FrozenKeyboard  ကို select (အမှန်ခြစ်) ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာMyDroid Soft Keyboard or FrozenKeyboard  ကို ရွေးလိုက်ပါ။
အခုဆိုရင်တော့ အားလုံးသုံးလို့ ရပါပြီ။။
ကြိုက်တာ သုံး လို့ရအောင် နှစ် မျိုးထည့် ပေးထားပါတယ် ကျွှန်တော် တော့ FrozenKeyboard ပိုကြိုက် ပါတယ် ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ..


ဆက်ဖတ်ရန်>>>