Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, April 29, 2013

ဖုန်းချစ်သူများ အတွက် ဈေးသင့် မိုဘိုင်းလ် အမျိုးအစားများ

ဒီတစ်ပတ် Gadget ကဏ္ဍလေးအတွက် ဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့ Brand တံဆိပ် များထဲမှ အရည်အသွေး လည်းကောင်း၊ ဈေးနှုန်းလည်း သင့်တော်တဲ့ ဖုန်းလေးများကို မိတ်ဆက်ပေး လိုက်ပါတယ်။
Samsung GalaxyY
Samsung GalaxyY (GT-S5360) ဟာ ၃ လက်မ အရွယ် Touch Screen နဲ့ဖြစ်လို့ အခြေခံ Touch ဖုန်းတစ်လုံးရဲ့ Screen  အရွယ် အစား ဖြစ်ပါတယ်။
2GB မှာ RAM 290 MB ပါဝင်ပြီး ကင်မရာ
အရည်အသွေးက 2 MP ရှိပါတယ်။ Android 2.3.6 ပါ။ Stand by အနေနဲ့ နာရီပေါင်း ၈၅ဝ အထိ ခံနိုင်ပြီး စကားပြောချိန် ၁၇ နာရီကျော် ခံပါတယ်။ ၉၅ဝဝဝ ဝန်းကျင်နဲ့ဝယ်ယူနိုင်ပါတယ်။

HTC Desire C
HTC Brandထဲက 178 $  နဲ့ ဝယ်ယူနိုင်ပြီး ၁၈ လ Warranty ပေးထားတဲ့ ဖုန်းပါ။ ၃.၅ Touch Screen 4GB,RAM 512 MB တို့ ပါဝင်ပါတယ်။ ကင်မရာ ရုပ်ထွက် 5MP ရှိတာကြောင့် ရုပ်ထွက် မဆိုးဘူးလို့ ဆိုရမှာပါ။ Android 4.0.3 ဖြစ်တာကြောင့် Android version လည်း မြင့်ပါတယ်။

Sony ထဲမှ  Xperia E
Sony Xperia ထဲက ဆင်းကတ် နှစ်ကတ် သုံးနိုင်တဲ့ Xperia E ဟာ ၃.၅ လက်မ ထိတွေ့ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ 4GB,RAM 512 MB ပါဝင်ပြီး ကင်မရာ အရည်အသွေးက 3.15 MP ပါ။ Android 4.0.4 ဖြစ်ပြီး  ဈေးနှုန်း တစ်သိန်းခွဲခန့် ရှိပါတယ်။

LG ၏ Optimus LS
Optimus LS ဟာ ၄ လက်မ Touch Screen ရှိတဲ့ Android ဖုန်းကောင်း တစ်လုံးပါ။ သူသည် လည်း ဈေးနှုန်း တစ်သိန်းခွဲ ကျော်ခန့်ရှိပါတယ်။ 4 GB,RAM 512, ကင်မရာ 5MP,Android 4.0.3,1500 mA ဘက်ထရီ စတဲ့ အချက်အလက်များ ပါဝင်တဲ့ ဖုန်းကောင်း တစ်လုံးပါ။

ခရစ်ဒစ် myawady.com.mm

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.