Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Thursday, September 27, 2012

ဖုန်း နဲ့ ပတ်သက်တာ တစ်ခုခု ၀ယ် မယ် ဆို

ဖုန်း ၀ယ် မယ် ဆို ဈေး မကြည့် သင့် ပါ ဘူး ။ဘာ လို့ လဲ ဆို တော့ ကိုယ် တွေ့ အဖြစ် ပျက် တစ် ခု နဲ့ ပြော ပြ ပါမယ် ။ကျွှန်တော် ဆိုင် ဖွင့် ခါ စ က Samsung တွေ ခေတ် မစား ခင် ကျွှန်တော် အကို က ဘန်ကောက်  မှာ သင်တန်း ကို အပတ် စဉ် တက် ရတာနဲ့ ဖုန်း တွေ စသွင်း ခဲ့ ပါတယ် ။ ဘာ ကောင်းလဲ ဆို တော့ အဲ့ မှာ က လုံးဝ ပါကင် ပိတ် ၀ယ် ရပြီး တကယ် ယူ မယ် ဆို မှ ဖွင့် စစ်ဆေး ရပါတယ် ။ ဈေး က တော့ ဒီ မှာ ပေါက် ဈေးထက် ၁ သောင်း ၂ သောင်း လောက် ပို များ တယ် ။ ဒါပေမဲ့ အရမ်း အဆင် ပြေ တော့ ဘယ် သူ မှ ဈေး မကြည့် ခဲ့ ဘူး ။နောက် ပိုင်း ခေတ် လဲ စားလာ ရော ဆိုင်တိုင်း တင် လာ တာ တစ် ပိုင်း ၊ တရုတ် ဖက် က ၀င်တာ တစ် ပိုင်း ကြောင့် ဈေး တွေ အပြိုင် လျော့ ရောင်း လာ ပါတယ် ။ထို့ အပြင် Reject တွေကို အသစ် လို လိမ် ရောင်း တဲ့ တဲ့ ဆိုင် မျိုး တွေ လဲ ရှိ လာ ပါတယ် ။လက် တွေ့ ပါ ဈေး ၆ သောင်း လောက် ဟ နေ လို့ အဲ့ ဆိုင် မှာ သွားဝယ်ကြည့် ဖူး ပါတယ် ။ဖွင့် စစ် ဆေး ဖို့ ပါ ဘာ တွေ များ ကွာ လဲပေါ့ ။ဖွင့် တောင် မဖွင့် လိုက် ရ ပါ ဘူး ပြစ်ချက် တွေ တန်း တွေ့ တာ လောင်ထားနဲ့ အရာ မျိုး ပေါ့ ။အပြင် လူတွေ မသိ တောင် စက်ပြင်ဆရာ တွေက ကြည့် လိုက်တာနဲ့ သိတာ ပါ တယ် ။ ရန်ကုန် က တော့ ပြောစရာ မလို ပါ ဘူး ဈေး မကြည့် ဖူး အကောင်း သုံးတယ် ။မိမိ စိတ် ချ ယုံကြည် တဲ့ ဆိုင် ၀ယ် တယ် ။ မန်းလေး ကတော့ ဈေး လေး ၅၀၀ ကွာ ရင်တောင် မ၀ယ် ပဲ ထွက်သွားတာ တွေ ကြုံ ဖူးပါတယ် ။
အားလုံး ကို သိစေ လို တာ က တော့ ခု ၀င်နေ တာတွေ တော်တော် များများ က တရုတ် ဖက် က များ ပါတယ် ။အားလုံး သိ တဲ့ အတိုင်း တရုတ် က မကောင်းတာ တွေပဲ သွင်း တာမဟုတ် ပါဘူး ။ အဆင့် သုံးဆင့် ခွဲ ပြီး A , B ,C ခွဲ ပြီးသူ့ ဈေး နဲ့ သူ တန် အောင် လုပ် ပေးထား ပါတယ် ။ ကောင်း တာနဲ့ မကောင်း တာ ခွဲ မရအောင် တူ ပေ မဲ့ သုံး တဲ့ အချိန် မှ သိသာ လာ ပါတယ် ။ ကြာ ရှည် လဲ မခံ ပါ ဘူး ။
ဥပမာ -BL -4c ဓာတ် ခဲ ဆို ပါတော့  ၁၅၀၀ တန် - ၄၀၀၀ တန် - ၈၀၀၀ တန် ဆို ပြီး ရှိ ပါတယ် ။ ကျွှန်တော် တို့ ဆိုင် မှာ တော့ ၄၀၀၀ တန် နဲ့ ၈၀၀၀ တန် ပဲ ထား ပါတယ် ။၁၅၀၀ တန် က mp4 မှာ သုံး ဖို့ ထုတ် ထားတာ ဖြစ် ပြီး ဖုန်း သုံး ဖို့ အသင့် တော် သော ကြောင့် ပါ ။ ဘာ ကြုံ ဖူး လဲ ဆို တော့ သူများ ဆိုင် မှာ ၂၅၀၀ တဲ့ ဒီ မှာ ၄၀၀၀ ဈေးကြီး ပါတယ် လို့ ပြောတာ မျိုး တွေ ပါ ။တကယ် တော့ ၁၅၀၀ တန် မျိုး ကို ၂၅၀၀ နဲ့ လိမ် ရောင်းနေ တာ ဖြစ် တာ ကို သူတို့ က ဈေး နည်း သလို တောင် ဖြစ် နေ ပါတယ် ။  မန်မိုရီ ကဒ် လဲ အဲ့ လိုပါ ပဲ ဈေး အမျိုးမျိုးဝင် ပါတယ် ။ထို့ ကြောင့် ဈေး ကို မကြည့် ပဲ အကောင်း သုံး ကြ ဖို့ တိုက် တွန်း လိုက် ပါ တယ် ။

ကျွှန်တော့် အကြံ ပြု ချက် ကြောင့် တစ်ခု ခု အထောက်ကူ ပြု သွားခဲ့ တယ် ဆို ရင် စာရိုက် ရကြိုးနပ် ပါပြီ ဗျာ ။

2 comments:

  1. ကျေးဇူးအစ်ကို ကျွန်တော်လည်း ကိုယ့်တွေ့ကြုံဖူးလို့သိဖူးတယ်

    ReplyDelete
  2. ယ္ခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါသည်။

    ReplyDelete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.