Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, August 11, 2013

Android OS ဖုန်းတွေမှာ Google Play (Play Store) စနစ်ကို အသုံးပြုကြည့်ကြမယ်


  Google Play စနစ်ဟာ ပြည်တွင်းမှာ အသုံးပြုခွင့်ရခဲ့တာ၊ အသုံးပြုနိုင်ခဲ့တာဟာ အချိန် သိပ်မကြာသေးပါဘူး။ အရင်တုန်းကတော့ Android OS ဖုန်းတွေအတွက် လိုအပ်တဲ့ APP တွေနဲ့ ဂိမ်းတွေကို 1Mobile Market နဲ့ အခြား Free ၀က်ဘ်ဆိုက်တွေပေါ်မှာပဲ ရယူအသုံးပြုခဲ့ကြရပါတယ်။ ခုချိန်မှာတော့ ပြည်တွင်းမှာ Android Market ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Play Store ပေါ်မှာ အသုံးပြုနိုင်မယ့် စနစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံး ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Play Store ဆိုတဲ့စနစ်လေးကို ဖွင့်လိုက်ပါ။ အင်တာနက် ဖွင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Play Store ကို ဖွင့်လိုက်ရင်တော့ ခုလို စတင်မြင်တွေ့ရမှာပါ။

ဒီနေရာမှာ အပေါ်ဆုံး ထိပ်ဘက်ကိုစတင်ပြီး ကြည့်ကြပါမယ်။ Featured ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ Play Store ထဲမှာရှိနေတဲ့ အစိတ်အပိုင်းတွေနဲ့  ထူးခြားချက်လေးတွေကို ဖော်ပြထားတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဘယ်ဘက်ဘေးနားကို ကြည့်မယ်ဆိုရင်တော့ CATEGORIES ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ ဒါကတော့ Play Store ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို စာရင်းပြုစုပြီး ပြသထားတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ Game, Books & Reference, Business, Comics, Communication, Education, Entertainment, Finance, Music & Video etc; အစရှိသဖြင့် အသုံးပြုနိုင်မယ့် စနစ်ပေါင်းများစွာ ရှိနေပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ စနစ်ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

FEATURED ရဲ့ ညာဘက်ဘေးကို ကြည့်လိုက်မယ်ဆိုရင်တော့ Top Free ဆိုတဲ့ စနစ်ကို မြင်တွေ့ ရမှာဖြစ်ပါတယ်။ Top Free ဆိုတာကတော့ Play Store ထဲမှာရှိနေတဲ့ အခမဲ့ ထိပ်တန်း လူသုံးများ ဆော့ဖ်ဝဲအချို့ကို ဖော်ပြပေးထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ ခုလို မြင်ရမှာဖြစ်ပါတယ်။

Top Free ရဲ့ ညာဘက်ဘေးနားကို ဆက်ကြည့်မယ်ဆိုရင်တော့ Top New Free ဆိုတဲ့ စနစ်ကို ဆက်လက်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာကလည်း Play Store ထဲမှာရှိနေတဲ့ အသစ်ထွက် လူကြိုက်များ၊ လူသုံးများနေတဲ့ ထိပ်တန်း အသစ်ထွက်ဆော့ဖ်ဝဲ App တွေကို ဖော်ပြထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ Application ကို ရှာဖွေပြီးတော့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

Top New Free ရဲ့ ညာဘက် ဘေးနားကို ဆက်လက်ကြည့်မယ်ဆိုရင်တော့ Trending ဆိုတဲ့စနစ်ကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း ကိုယ့်စိတ်တိုင်းကျ Application တွေကို ရှာဖွေပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ စနစ်တွေအားလုံးဟာ Play Store ထဲမှာ အခမဲ့ Download ပြုလုပ် ရယူအသုံးပြုနိုင်မယ့် နေရာတွေပဲဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စနစ်တွေအားလုံးထဲမှာ ကိုယ်လိုချင်တဲ့ Application ကို ဆက်လက် ရှာဖွေချင်တယ်ဆိုရင်တော့ အပေါ်ဘက် ညာဘက်ထိပ်နားမှာ Search ဆိုတဲ့ သင်္ကေတလေးရှိပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

ပုံမှာမြင်နေရတဲ့ Search ပုံစံ လေးကို နှိပ်လိုက်မယ်ဆိုရင် ခုလိုမျိုး ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြင်နေရတဲ့ Search ဘားထဲမှာ ကိုယ်ရှာဖွေချင်တဲ့ဆော့ဖ်ဝဲ Application ရဲ့နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တာကို Top  Free ထဲမှာပဲဖြစ်ဖြစ်၊ Top New Free ထဲမှာပဲဖြစ်ဖြစ်၊ Featured ထဲမှာပဲဖြစ်ဖြစ် အထက်မှာ ဖော်ပြခဲ့တဲ့ စနစ်တွေထဲက ကြိုက်နှစ်သက်ရာစနစ်ထဲမှာ ရှာဖွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင်တွေ့နေရတဲ့ထဲမှာ ရှိတာတွေကတော့ My Apps, My Wishlist, Accounts, Settings, Help ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ My Apps ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Install ထည့်သွင်းထားတဲ့ Application တွေကို ဖော်ပြပေးထားတဲ့နေရာပဲဖြစ်ပါတယ်။

သူ့ရဲ့ ညာဘက်ဘေးနားမှာဆိုရင်တော့ All ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ဒီစနစ်ကတော့ ဖုန်းထဲ မှာရှိနေတဲ့ အကောင့်တွေနဲ့ သက်ဆိုင်တဲ့ Application တွေအားလုံးကို စုစည်းဖော်ပြထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့် နဲ့ချိတ်ထားတဲ့ App တွေပဲ ပါဝင်ပါတယ်။ ဒါတွေကတော့ Play Store ထဲမှာ အသုံးပြုနိုင်မယ့် အခြေခံအချက်အလက်တွေပဲဖြစ်ပါတယ်။

ရေးသားသူ - ကိုသက်

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.