Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

ကိုယ့် iPhone,iPad ရဲ့ IP Address ကိုဘယ်လိုကြည့်ကြမလဲ

ကိုယ့် iPhone,iPad ရဲ့ IP Address ကိုဘယ်လိုကြည့်ကြမလဲ

 
iPhone,iPad ကိုင်တဲ့သူတော်တော်များများက သူတို့စက်(iPhone,iPad)ရဲ့ IP address ကို သိချင်တယ် ၊ ဘယ်လိုကြည့်ရမလဲ ဆိုပြီးလာလာမေးကြလို့ပါ။
အဲဒါနဲ့ပဲ ကိုယ့်စက် (iPhone,iPad) ရဲ့ IP address ကြည့်နည်းကိုတင်ပေးဖြစ်ပါတယ်။ မိမိစက်ရဲ့ IP address ကိုသိဖို့အတွက် Wi-Fi ကွန်ရက်ရှိဖို့နဲ့ စက်ကို Wi-Fi ချိတ်ဆက်ထားဖို့တော့လိုအပ်ပါတယ်။
ပထမဦးဆုံး Setting ထဲကိုဝင်ပါ။ Setting ထဲကိုရောက်ရင် Wi-Fi ထဲကိုဝင်ပါ။

Wi-Fi ထဲရောက်ရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ Wi-Fi Network တစ်ခုကိုရွေးပြီး Connect လုပ်လိုက်ပါ။

အဲဒီ Network တစ်ခုကို Connect လုပ်ပြီးသွားရင် Wi-Fi Network name ရဲ့ဘေးမှာရှိတဲ့ မြှားခေါင်းအ၀ိုင်းလေးကိုနှိပ်လိုက်ပါ။

အဲဒီထဲမှာ ကိုယ့် iPad,iPhone ရဲ့ IP address ကိုတွေ့ရပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ဆက်ဖတ်ရန်>>>

iPhone,iPad တွေမှာ Cydia နဲ့သွင်းမှရတဲ့ .deb ဖိုင် application တွေကို အင်တာနက်မချိတ်ဘဲ ကွန်ပျူတာနဲ့တိုက်ရိုက်သွင်းနည်း (၂)

iPhone,iPad တွေမှာ Cydia နဲ့သွင်းမှရတဲ့ .deb ဖိုင် application တွေကို အင်တာနက်မချိတ်ဘဲ ကွန်ပျူတာနဲ့တိုက်ရိုက်သွင်းနည်း (၂)

 
Wifi နဲ့ချိတ်ရမှတို့ အင်တာနက်နဲ့ချိတ်ပြီးမှဘာတို့ ဒုက္ခများနေမှာစိုးလို့ ကွန်ပျူတာနဲ့တိုက်။ရိုက်သွင်းလို့ရတဲ့ နည်းလေးကိုတင်ပေးလိုက်ပါတယ်။
ဥပမာအားဖြင့် Cracked လုပ်ထားတဲ့ application တွေကို run လို့ရအောင်လုပ်ပေးထားနိုင်တဲ့ installeous ဆိုတဲ့ application ဆိုရင် အင်တာနက်ကွန်နက်ရှင်ရှိမှ Cydia ကနေတစ်ဆင့် သွင်းလို့ရတာပါ။ အခုပြောမယ့် နည်းလမ်းနဲ့ဆို သွင်းချင်တဲ့ application file ( .deb ဖိုင်ကိုပြောတာပါ) ရှိဖို့ပဲလိုပါတယ်။အရင်ဆုံး ကွန်ပျူတာနဲ့ချိတ်သွင်းလို့ရဖို့အတွက် ကွန်ပျူတာထဲမှာ software တစ်ခုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ
ဆက်ဖတ်ရန်>>>

Acer Iconia tab A500 ကို Root လုပ်နည်း

Acer Iconia tab A500 ကို Root လုပ်နည်း




ဒေါင်းရန်
GingerBreak Root for Acer Iconia Tab

ဆော့ဝဲလေးကို download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ USB Debugging ကို Enabled ပေးထားပါ။
USB Debugging ကို Enabledလုပ်ချင်ရင် ဖုန်းရဲ့ Setting>Applications>Development ကိုအဆင့်ဆင့်ဝင်သွားလိုက်ရင် USB Debugging ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒါကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ထားတာကိုလည်းဖြုတ်လိုက်ပါ။ ပြီးရင် ခုနကသွင်းထားတဲ့ ဆော့ဝဲလေးကိုrun လိုက်ပါ။
တကယ်လို့ USB Debugging ကို Enabled မလုပ်ရသေးရင် (သို့မဟုတ်) ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ထားတာမဖြုတ်သေးရင် သတိပေးပါလိမ့်မယ်။

USB Debugging Enabled လုပ်ပြီးပြီ ဆိုရင်တော့ Root Device ကိုနှိပ်ပြီး root လုပ်လိုက်ပါ။

  မိနစ်အနည်းငယ်ခန့်ကြာလို့ root လုပ်လို့ ပြီးစီးသွားပြီဆိုရင် Tablet ဟာ အလိုအလျောက် reboot လုပ်ပါလိမ့်မယ်။
ပြန်တက်လာပြီဆိုရင် Acer Iconia tab A500 ဟာ root လုပ်ပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။
ဆက်ဖတ်ရန်>>>

BlackBerry 7 OS သတိပြုစရာ အချက်(၁၀)ချက်

BlackBerry 7 OS သတိပြုစရာ အချက်(၁၀)ချက်


စမတ်ဖုန်း ချစ်သူတွေ အတွက် BlackBerry စမတ် ဖုန်းတွေကို အောင်မြင်စွာ ထုတ်လုပ် ပေးနေတဲ့ RIM ကုမ္ပဏီဟာ အခု တစ်ဖန် သူတို့ရဲ့ Black Berry OS နောက်ဆုံး Version ဖြစ်တဲ့ BlackBerry 7 ကို ထုတ်လုပ်ဖန်တီး ပြန်ပါ တယ်။ အဲဒါကြောင့် ဒီ OS အမျိုးအစားအသစ်ရဲ့ သတိပြုရမယ့် အချက်လေးတွေကို လေ့လာ ကြည့်ရ အောင်ပါ။

(၁) ဟန်းဆက်အဟောင်းတွေနဲ့ အသုံးမပြုနိုင်ဘူး။ အရင်ထွက်ရှိခဲ့တဲ့ Black Berry ဟန်းဆက်တွေနဲ့ ပြန်ပြီးသုံးလို့ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဟန်းဆက်တွေမှာ BlackBerry 7 ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အားနည်းလို့ပါ။

(၂) Processor အကောင်းစား လိုအပ်တယ်။ BlackBerry 7 ကို အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်းရဲ့ Processor ဟာ အမျိုးအစားကောင်းဖြစ်ရမှာပါ။ ဒါကြောင့်မို့ Processor နိမ့်တဲ့ ဟန်းဆက်တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး။
ဆက်ဖတ်ရန်>>>

CDMA 450 MHz ဖုန်း၏ မြန်မာဘာသာပြန်စနစ်များ မှားယွင်းလျှက်ရှိကြောင်း ပညာရှင်များဝေဖန်

CDMA 450 MHz ဖုန်း၏ မြန်မာဘာသာပြန်စနစ်များ မှားယွင်းလျှက်ရှိကြောင်း ပညာရှင်များဝေဖန်


မြန်မာ နိုင်ငံ အတွင်းသို့ မကြာမီလ အတွင်းက တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အသစ် ဝင်ရောက် လာသော CDMA 450 MHz စနစ်သုံး ဖုန်းဟန်းဆက် များတွင် မြန်မာ ဘာသာပြန် စနစ်ဖြင့် ဖုန်းတွင်းရှိ လုပ်ဆောင်ချက် များကို ပြောင်းလဲ နိုင်ရန် အတွက် ထည့်သွင်း လာသော်လည်း ဘာသာပြန် စနစ်များ မှားယွင်း နေမှု များကြောင့် သုံးစွဲသူများ အတွက် ပိုမို အခက်တွေ့ နိုင်သည့်အပြင် ပညာရှင် များကလည်း ဝေဖန်မှုများ ရှိလာကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံရှိ တိပိဋိက စာပေများကို မိုဘိုင်း အဘိဓါန် အဖြစ် စတင် အသုံးပြု နိုင်ရန် အတွက် ကြိုးစား ခဲ့သူ ဦးရဲမြတ်သူက တစ်နေ့က တရုတ်ကနေ လုပ်တဲ့ CDMA 450 MHz တစ်လုံးမှာ မြန်မာလို ပါတယ် ဆိုလို့ ပြောင်းကြည့် မိတာ မြန်မာစာလုံး တွေတော့ ပေါ်လာ ပါတယ်။ ဟင်းလျာစာရင်း ဆိုတာ တွေ့လို့ ကြောင်တောင် သွားတယ်။ နောက်မှ သတိထား မိတာက Menu ကို ဘာသာပြန် ထားမှန်း သိတယ် ဟု CDMA450 အတွင်း မြန်မာ ဘာသာပြန် စနစ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။ ၂၀၁၀ နှစ်လယ်ပိုင်း လောက်မှ စတင်ကာ ပြည်တွင်း မိုဘိုင်း ဟန်းဆက် များတွင် မြန်မာစာ စနစ် ထည့်သွင်း မှုများ ခေတ်စား လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှာလည်း ပြည်တွင်းသို့ မြန်မာ ဘာသာပြန် စနစ် များကို ထည့်သွင်းကာ အသုံးပြု လာကြခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘာသာပြန် စနစ်၏ မှားယွင်းမှု များကြောင့် မလိုအပ်သော အမှတ် မှားမှုများ ဖြစ်လာ နိုင်ကြောင်း ကွန်ပျူတာ မြန်မာစာ စနစ် တိုးတက်ရေး အတွက် ကြိုးပမ်း နေသူ တစ်ဦးက မှတ်ချက် ပေးခဲ့ကြောင်း သိရသည်။
Source : Net Guide Journal
ဆက်ဖတ်ရန်>>>

(Wi Fi) အသုံးပြုရန်မလိုဘဲ အင်တာနက် သုံးစွဲနိုင်မည့် အဆင့်မြှင့်တင်မှုများ (2G or 2.5G)

(Wi Fi) အသုံးပြုရန်မလိုဘဲ အင်တာနက် သုံးစွဲနိုင်မည့် အဆင့်မြှင့်တင်မှုများ

 

လက်ရှိ အချိန်တွင် GSM (Global System for Mobile Communications) ဖုန်းများဖြင့် အင်တာနက်အသုံးပြုလိုပါက ကြိုးမဲ့အင်တာနက်စနစ်(WiFi) ရရှိသည့် ဧရိယာများတွင်သာ အသုံးပြုနိုင်ရာ ဆက်သွယ်ရေးကွန်ရက်ဖြင့် အင် တာနက်သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်း အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မျိုးဆက်သည် 2.5 G မျိုးဆက်ဖြစ်ပြီး ဒုတိယမျိုးဆက် (2G) နှင့် တတိယမျိုးဆက် (3G) ကြား အပြောင်းအလဲအဆင့်ကို အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါစနစ်တွင် အထွေထွေပက်ကတ် ရေဒီယိုစနစ် (GPRS) ကို အသုံးပြုထားပြီး စာသားတိုပေးပို့မှုစနစ် (SMS) စနစ် နှင့်အင်တာနက် Data လွှဲပြောင်းမှု အချို့ကိုသာ ပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် 2.5G ကို 2.75G သို့ အဆင့်မြှင့်တင်မှုများပြုလုပ်ကာ GSM ဖုန်းများတွင် အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် 2.5G အဆင့်မှ 3G အဆင့်သို့ ယခုအချိန်တွင် မြှင့်တင်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း၊ ထို့ကြောင့် လတ်တလောအချိန်တွင် GSM ဖုန်းများ၌ ဖုန်းခေါ်ဆိုမှုအပြင် ရုပ်ပုံများကိုပါ မြင်နိုင်မည့် (Video Call) ခေါ်ဆိုမှုများကို အသုံး ပြုနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။

"လက်ရှိအသုံးပြုနေတဲ့ GSM ဖုန်းတွေကို 2.5G  ဖြစ်အောင် upgrade လုပ်ပြီး (EDGE) လို့ခေါ်တဲ့ အဆင့်မြှင့်ထားတဲ့ အချက်အလက် ထုတ်လွှတ်မှုနှုန်းတွေကို အသုံးပြုလို့ရအောင် စီစဉ်နေတာဖြစ်ပါတယ်။ (EDGE) ရလာရင် GSMဖုန်းတွေ မှာ အင်တာနက် အသုံးပြုနိုင်ဖို့ ရှိပါ တယ်။ လောလောဆယ်မှာတော့ GSM ဖုန်းတွေကို 3G အဆင့်ကိုတိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါကြောင့် 3G မျိုးဆက်တွေမှာမှ အသုံးပြုလို့ရတဲ့ Video call တွေကို အသုံးမပြုနိုင်သေးပါဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် GSM ဖုန်း များကို ၂၀၀၁ ခုနှစ်ဝန်းကျင်၌ စတင်ချထားပေးခဲ့ပြီး လက်ရှိအချိန်တွင် GSM ဖုန်းအလုံးပေါင်း ငါးသိန်းနီးပါးကို ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် GSM ရေဒီယို စခန်း ၃၀ ခုကို ထပ်မံတည်ဆောက်လျက်ရှိပြီး အဆိုပါစခန်းများအပြီး သတ်တည်ဆောက်ပြီးစီးပါက အလုံးရေ ခြောက်သောင်းကျော်ကို ထပ်မံချထားပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအတွင်း စတင်ချထားပေးခဲ့သည့် CDMA 800 MHz  ငါးသိန်းတန်ဖုန်းများမှာ လက်ရှိ၌ သုံးစွဲသူများ ပြားလျက်ရှိခြင်းကြောင့် GSM ဖုန်း များ၏ ၀ယ်လိုအားကျဆင်းနေခဲ့ပြီး လျှောက်ထားမှုမှာလည်း နည်းပါး နေကြောင်း သိရှိရသည်။
ဆက်ဖတ်ရန်>>>

မ၀ယ်သင့်သော Wellcom အမျိုးစား GSM Handset

Wellcom အမျိုးစား တစ်မျိုး မြန်မာနိုင်ငံ ဈေးကွက် ထဲဝင်ရောက် လာပါ ပြီ။Gsm ပါ။ယိုးဒယား က၀င် တာ ဖြစ်ပြီး ဈေးနှုန်း ချိုတာကြောင့် လူကြိုက် များနေ ပါတယ်။ သူတို့ ဖုန်း ကို ၃ ရက် အတွင်းပျက်ရင် သစ် ပြန်လဲ ပေးပါတယ် ။ အပို ပစည်း များ လဲ ရှိ သော်လည်း ဈေး က nokia တို့ ထက် ပိုဈေး ကြီး ပါတယ် ။touch တို့ display တို့ က ၃၀၀၀၀ကျပ် ကနေ ၅၀၀၀၀ကျပ် လောက် ထိရှိပါတယ် ။nokia မှာ ဆို ၁၅၀၀၀ကျပ် က နေ ၄၀၀၀၀ ကျပ် လောက်

ဆက်ဖတ်ရန်>>>

Sony Ericsson Vivaz U5i ဖုန်း ဖြုတ်နည်း

Sony Ericsson Vivaz U5i  ဖုန်း ဖြုတ် ဖို့  လိုအပ်သော ကိရိယာများ

Tools required:

Torx 4 screwdriver,
 



Phillips screwdriver,



















 guitar plectrum










           or

  credit card.







  •  
  • Remove your back cover , battery, sim and memory card. Five screws need to be removed. The three circled in red require a torx 4 screwdriver. The other two require a Phillips screwdriver for removal. The screw circled in blue is shorter than the screw circled in white. Remember this when you put the phone back together.
ဆက်ဖတ်ရန်>>>

လက်ကိုင်ဖုန်းရဲ့ အန္တရာယ်များ


၁. ကလေးများကို အရေးပေါ်ကိစ္စမှ တစ်ပါး အခြားကိစ္စများအတွက် လက်ကိုင်ဖုန်း အသုံးပြုခွင့် မပေးသင့်ပါ။  ကလေးများ၏ ဦးခေါင်းခွံသည် လူကြီးများနှင့်စာလျှင် အလွန်းပါးလွှာပြီး ဦးနှောက်တွင်လည်း လူကြီးထက်စာလျှင် အရည်ပါဝင်မှု ပိုမို များပြားသောကြောင့် လက်ကိုင်ဖုန်းမှ ထုတ်လွှင့်သော လျှပ်စစ်လှိုင်းများမှာ ကလေးများ၏ ဦးနှောက်အတွင်းသို့ အလွယ်တကူ လျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်ပါသည်။ သင်၏ကလေးတွင် လက်ကိုင်ဖုန်း ရှိနေပါကလည်း ၄င်း လက်ကိုင်ဖုန်းကို ခေါင်းအုံးအောက်တွင် ထား၍ အိပ်စက်ခြင်းကို အထူးရှောင်ကျဉ်စေလိုပါသည်။

ဦးနှောက်ကင်ဆာဖြင့် သေဆုံးသူ ကလေးအရေအတွက်သည် အခြားကင်ဆာဖြင့် သေဆုံးသော အရေအတွက်ထက် ပိုမိုမြင့်မားလျှက် ရှိနေပါသည်။ ( Sydney TV News Report)

ဦးနှောက်ကင်ဆာသည် အသက်၁၅နှစ်အောက် ကလေးများနှင့် အသက် ၃၄နှစ်အောက် လူငယ်များအတွက် ဒုတိယ သေနှုန်းအများဆုံး ရောဂါတစ်ခု ဖြစ်လာနေပါသည်။ ( Neurologychannel.com)



၂.ကိုယ်ဝန်ဆောင် မိခင်လောင်းများ (သို့မဟုတ်) ကိုယ်ဝန်ရှိနေသည်ဟု သံသယ ဖြစ်သောသူများ လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏ ကိုယ်တွင်းရှိ ဖွံ့ဖြိုးဆဲ သန္ဓေသားလောင်းသည် အလွန်နူးညံ့ သိမ်မွေ့လွန်းသောကြောင့် လက်ကိုင်ဖုန်းမှ ဖြာထွက်လာသော လျှပ်စစ်သံလိုက်လှိုင်းများသည် ၄င်း ဖွံ့ဖြိုးစ သန္ဓေသားလောင်းအား ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ ကလေးငယ်လေးများကို ပွေ့ပိုက်ထားရင်းဖြင့် သော်လည်းကောင်း၊ လွယ်ပိုးထားရင်းဖြင့်သော်လည်းကောင်း လက်ကိုင်ဖုန်းပြောခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါသည်။ မလွှဲမရှောင်သာသော အရေးပေါ်ကိစ္စများတွင်သာ တိုတိုနှင့်လိုရင်းသာ ပြောဆိုသင့်ပါသည် ။




၃. လက်ကိုင်ဖုန်းကို အချိန်ကန့်သတ်ပြီးမှပြောပါ။ အချိန်ကြာကြာ ပြောခြင်းကို ရှောင်ကျဉ်ပါ။ အချိန်ကြာကြာပြောလေ ဦးနှောက်ကင်ဆာ၊ မျက်စိကင်ဆာ ဖြစ်နိုင်ခြေ ပိုများလေ ဖြစ်သည်ဟု သိရပါသည်။ လက်ကိုင်ဖုန်းဖြင့် စကားပြောလျှင် တိုတိုနှင့် လိုရင်းပြောကျင့် ပြုလုပ်ပါ ။ ဖုန်းပြောချိန် ကန့်သတ်ခြင်းသည် သင်၏ ငွေကြေးကိုသာ အကုန်အကျ သက်သာစေသည်မဟုတ်။ သင်၏ ကျန်းမာရေးကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။


၎. သင်၏လုပ်ငန်းခွင်နှင့် အချိန်ကြာကြာ စကားပြောရသည့် နေရာများအတွက် ရိုးရိုးကြိုးဖုန်းကိုသာ အတတ်နိုင်ဆုံး အသုံးပြုပါ။ ကြိုးမဲ့ cordless ဖုန်းများသည်လည်း လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု အလွန်မြင့်မားပြီး အသုံးမပြုချိန်မှာတွင်ပင် လှိုင်းများ ဖြာထွက်နေဆဲ ဖြစ်ပါသည်။

၅.လက်ကိုင်ဖုန်းကို ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးဝေးထားပါ။  ဖုန်းပြောလျှင်လည်း မိမိဦးခေါင်းနှင့် အနည်းဆုံး ၂လက်မခန့်ခွာ၍ ပြောခြင်းဖြင့် ဦးနှောက်သို့ လျှပ်စစ်သံလိုက်လှိုင်းများ ရောက်ရှိခြင်းကို ၇၅%နှုန့်ခန့် ကာကွယ်ပြီးသား ဖြစ်စေနိုင်ပါသည်။ ဒေါက်တာ ဂျော့ခ်ျကားလို၏ အကြံပေးချက်မှာ လက်ကိုင်ဖုန်းကို မည်သည့်အချိန်တွင်ဖြစ်စေ ကိုယ်ခန္ဓာနှင့် အနည်းဆုံး ၆လက်မ ၇လက်မခန့် ဝေးဝေးထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

၆. အပြင်သွားလျှင် လက်ကိုင်ဖုန်းကို ခါးပတ်တွင် ချိတ်သွားခြင်း၊ လက်တွင်းကိုင်ဆောင်သွားခြင်း၊ အင်္ကျီအိတ်ထောင်များအတွင်း ထည့်သွားခြင်းတို့ကို ရှောင်ကျဉ်သင့်ပါသည်။ ၀မ်းဗိုက်ရှိ ခန္ဓာကိုယ်တစ်ရှူးများသည် ဦးခေါင်းထက်ပို၍ လျှပ်စစ်လှိုင်းများကို ပို၍လျှင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် အမျိုးသားများတွင်လည်း  ကလေးရရှိရန် အခွင့်အရေး နည်းပါးခြင်းမျိုး ဖြစ်နိုင်ပါသည်။ မဖြစ်မနေ အိတ်အတွင်းထည့်ယူသွားဖို့ လိုအပ်လာလျှင် လက်ကိုင်ဖုန်း ကီးပက်( Key Pad) ကို ခန္ဓာကိုယ်နှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ထား၍ သယ်ယူသွားခြင်းက ဖုန်းအဲန်တင်နာနှင့် မျက်နှာချင်းဆိုင် မဖြစ်စေနိုင်တော့ပါ။

၇. လက်ကိုင်ဖုန်းပြောလျှင် နားကြပ်များအသုံးပြုခြင်း၊ လက်ကိုင်ဖုန်းမှ သီချင်းများကို နားကြပ်ဖြင့် အချိန်ကြာမြင့်စွာ နားထောင်ခြင်းတို့သည်လည်း လက်ဖြင့်ကိုင်၍ ဖုန်းပြောခြင်းထက် သုံးဆပိုပြီး နားနှင့် ဦးနှောက်ကို လျှပ်စစ်သံလိုက်လှိုင်းများ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ကိုင်ဖုန်းများအတွက် ထုတ်လုပ်ထားသော နားကြပ်များမှာ အဲန်တင်နာသဖွယ် ဖြစ်စေသောကြောင့်  လျှပ်စစ်လှိုင်းများမှာ နားအတွင်းသို့ တိုက်ရိုက် ၀င်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လက်ကိုင်ဖုန်းဖြင့် နားကြပ်ကိုအသုံးပြု၍ သီချင်းနားထောင်ခြင်းကို ရှောင်ကျဉ်သင့်ပါသည်။

၈. ဖုန်းပြောလျှင် နားနှင့် တိုက်ရိုက်ကပ်ပြောခြင်းထက် စပီကာဖွင့်၍ ပြောခြင်းက သင့်အတွက် ပို၍ အန္တရာယ်ကင်းစေနိုင်ပါသည်။ ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးခြင်းသည် မိမိကျန်းမာရေးအတွက် စိတ်အချရဆုံး အနေအထား ဖြစ်ပါသည်။ ဘလူးတု(ခ်ျ)ကို အသုံးပြု၍ ဖုန်းပြောခြင်းသည် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်ခြင်း အပုံတစ်ရာလျှင် တစ်ပုံသာ ရှိတော့သည်ဟု ဆိုသော်လည်း ဘလူးတုခ်ျကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည် ဟူ၍တော့ မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘလူးတုခ်ျကို အသုံးပြုလျှင် လျှပ်စစ်လှိုင်းများမှာ နားသို့တိုက်ရိုက် ၀င်ရောက်နိုင်သဖြင့် အသုံးပြုသူများ စဉ်းစားဖွယ် ဖြစ်ပါသည်။

၉.သတ္တုဖြင့် ပြုလုပ်ထားသော အလုံပိတ်အခန်းများ ဓာတ်လှေကား၊ လေယာဉ်ပျံ၊ မီးရထား၊ မြေအောက်ရထား၊ စက်ကိရိယာများ အတွင်းစသည်တို့နှင့် အခြား သတ္တုအဆောက်အဦးများတွင် လက်ကိုင်ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ သတ္တုအဆောက်အဦး အလုံပိတ်များသည်  လျှပ်စစ်လှိုင်းများအား ၄င်းတို့ထဲတွင် လှောင်အိမ်သဖွယ် ပိတ်မိနေစေကာ သင်နှင့် အခြားသူများအား ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ၄င်းနေရာများတွင် ရောက်ရှိနေပါက လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။

၁၀.ဆက်သွယ်မှုဧရိယာ ကောင်းမွန်စွာ မိသော နေရာတွင်သာ ဖုန်းပြောသင့်ပါသည်။ လိုင်းကောင်းစွာ မမိသောနေရာ၊ အရှိန်ဖြင့်သွားလာနေသော ကား၊ ရထား၊ လေယာဉ်ပျံ၊ မြေအောက်ရထား တို့ပေါ်တွင် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ ယင်းကဲ့သို့ အမြန်ပြေးလွှားနေသော နေရာများပေါ်မှ ဖုန်းပြောပါက အနီးဆုံး တယ်လီဖုန်းစတေရှင်သို့ ဆက်သွယ်နိုင်ရန် လက်ကိုင်ဖုန်းသည် ပါဝါပို၍ စိုက်ထုတ်ရသောကြောင့် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု ပိုမိုများပြားပါသည်။

၁၁.ညအိပ်ချိန်တွက် လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။ လက်ကိုင်ဖုန်း၊ လျှပ်စစ်နာရီ၊ နိုးစက်နှင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များမှ ဖြာထွက်သော လျှပ်စစ်သံလိုက်လှိုင်းများသည် သင်၏ အိပ်စက်ခြင်းကို အနှောက်အယှက် ပေးနိုင်ပါသည်။ ထို့ကြောင့် အိပ်စက်ချိန်တွင် လက်ကိုင်ဖုန်းကို ပိတ်ထားခြင်း၊ အခြား လျှပ်စစ်ပစ္စည်းများအားလည်း မိမိနှင့်ဝေးရာနေရာ(အနည်းဆုံး ၆ပေခန့်အကွာ)တွင် ထားသင့်ပါသည်။
လက်ကိုင်ဖုန်း အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှု ရှိမရှိဆိုတာ နိုင်ငံအချို့မှာ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်.. တယ်လီဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကတော့ သူတို့ စီးပွားရေးကျဆင်းမှာ စိုးတဲ့အတွက် လက်ကိုင်ဖုန်းဟာ ဘာအန္တရာယ်မှ မရှိကြောင်း ခုခံပြောဆိုနေကြပေမဲ့ အသက်ကို ဥာဏ်စောင့်၍ မိမိကျန်းမာရေးကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ
ဆက်ဖတ်ရန်>>>

ဖုန်းဆိုင် တစ်ဆိုင် လုံး အဖေါက်ခံရခြင်း

အဖေါက်ခံ ရသော ဆိုင် အတွက့်ကျွှန်တော် တို့ Mobile House မှ ၀မ်းနည်းမိပါတယ် ။ကျွှန်တော် တို့ ဖုန်း ဆိုင် ဖွင့် တဲ့ သူ အချင်းချင်း စာနာ သော အားဖြင့် ဒီ က ရှိ တဲ့ သူတွေကို လဲ အကူညီတောင်း ခံချင်ပါတယ် ။ ဒီကြားထဲ လာရောင်းသော ဖုန်း များ ၊Accessories များ လဲ မ၀ယ်မိစေ ရန် သတိပေး လိုက် ပါတယ် ခင်ဗျာ ။

                                                                            အကူညီတောင်းခံခြင်း
                   မန်းလေးမြို့ ၊ မဟာအောင်မြေ မြို့ နယ် ၊ ၇၈လမ်း ၊ ၄၁ - ၄၂လမ်း ကြားရှိ CDMA Mobile ဟန်းဆက်အရောင်းဆိုင်မှ Handset (၈၈) လုံး နှင့် အခြားဆက်စပ် Accessories များ (၁၇-၁၁-၂၀၁၁ ) ရက်နေ့ တွင့် ပျောက်ဆုံး သွားပါသည်။ဖောက်ထွင်းခိုးယူ သွားသော သူအား အမြန်ဖမ်းဆီးနိုင် ရေး အတွက် လူကြီးမင်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ကြစေရန် အကူညီတောင်းခံပါသည် ။
အောက်ပါဖုန်းများ လူကြီး မင်းများ ထံလာရောက် ရောင်းချပါက အမှတ် (၉) ရဲစခန်း ။ဖုန်း - ၀၂-၃၆၉၉၅ နှင့် CDMA Mobile ဖုန်းအရောင်းဆိုင်  ဖုန်း ၀၉-၉၁၀၁၄၅၁၄

(၁) Nokia အမျိုးအစား    Model     6303i               (1)လုံး
                                                X2-O1                (2)လုံး
                                                c2-01                  (2)လုံး
                                                5130                   (2)လုံး
                                                7230                   (1)လုံး
                                                5230                   (1)လုံး
                                                X3-02                  (1)လုံး
                                                2730                    (2)လုံး
                                                c101                     1လုံး
                                                1616                     1လုံး
                                               5800                      1လုံး
                                               5233                      1လုံး
                                               c5                         1လုံး
                                               c7                         1လုံး
                                              5235                      2လုံး
                                              c3-01                     2လုံး
                                              6700                      2လုံး
                                              c6                         1လုံး
                                             X5C                       3လုံး
                                             X.18                       2လုံး

(၂)Sony Ericsson အမျိုးစား   Model   W.150i          1လုံး
                                                 U 5i                      1လုံး
                                                 T.715                    1လုံး
                                                W8                        1လုံး
                                                K.550i c+G            1   လုံး    

(၃)                                   Land Rover                  2       လုံး
(4) Huawei          model      6200                           2လုံး
                                          5730                          3လုံး
                                          5710                          3လုံး
                                        c8800                         2လုံး
                                        c8650                         2လုံး
                                       c8600                          2လုံး
                                       c8500s                        3လုံး
                                        c8500                         2လုံး
                                       c2823                          2လုံး
                                       Cyron                          2လုံး
                                       v.land                          1      လုံး                 
(5)     HTC Hero                                                  (2)လုံး
(6)ZTE                       Model         N 160                 5လုံး
                                                   WP.560              2လုံး
                                                    F.950                 2လုံး
  (7) HTO               model              c8000                2လုံး
 (8) LG                 model                WP 32                2လုံး
(9) Wellcom           Model                3132                 1လုံး
                                                     1003                  1လုံး
                                                    1002                   1လုံး
  (10) TWZ အမျိုးအစား     Model      W.007                 2လုံး
  (11)  Anyc0ll                  model     C.108                 3လုံး
(12 )         BBR                  model           i.531            1လုံး
 (13) BRK                           model        i.520             2လုံး

(14) Mobile Accessories
-Motoroal V3 Charger (ori)                        (90)
-nokia Charger (ori )                                 (50 )
-sony Ericsson Charger (ori )                     (50 )
-ဘူးပါ )china charger  (အစုံ )                       (50 )
-V3 ဘူးပါ အ၀ါရောင် Charger (Charger )          (30)
-Bluetooth   အစုံ                                         (၂၀)
-Fm Radio  စက် ဂစ်တာပုံ စံ                                ၁
-micro sd 4GB                                              20
-micro sd 2 GB                                            30
-battery ကဒ် ပါအစုံ                                       ၈၀
-ဖုန်းအိတ်                                                        ၄၀
- car charger                                                 20
-miti charger                                               50
-multi solar charger                                    10
-ဖုန်းခုံအစုံ                                                     ၂၀

အမှတ်(၉)  ရဲစခန်း    ဖုန်း ၀၂-၃၆၉၉၅   သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် ။
ဆက်ဖတ်ရန်>>>